ပထစ အစိုးရ လက်ထက် (၁၉၆၁ ခုနှစ် သြဂုတ်လ ၂၆ ရက်) ၁၃၂၃ ခု ၀ါခေါင် လပြည့်နေ့တွင် လွှတ်တော်နှစ်ရပ် တွဲဖက်ညီလာခံ အစည်းအဝေးက ထောက်ခံမဲ ၃၂၄ မဲ၊ ကန့်ကွက်မဲ ၂၈ မဲဖြင့် ဗုဒ္ဓဘာသာ သည် မြန်မာနိုင်ငံ ၏ နိုင်ငံတော် ဘာသာအဖြစ် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။
ထိုနေ့ နေ့လည် ၁ နာရီ တိတိတွင် နိုင်ငံတော် သမ္မတ အိမ်တော် တွင် သမ္မတ ဦးဝင်းမောင်က အခမ်းအနားဖြင့် လက်မှတ်ရေးထိုး အတည်ပြုပြဋ္ဌာန်းခဲ့သည်။
ထို တိမ်မြုပ်နေသော ဂုဏ်ယူ ဖွယ် သမိုင်းကြောင်း ကို ယခု အခါ ပြန်လည်ဖော် ထုတ် ရန် အမျိုး ဘာသာ သာသနာ ချစ်မြတ်နိုး သူများ ၏ တာဝန် တစ်ရပ်ဖြစ် လာခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ယခု ၂၆၊၈၊၂၀၁၃ နေ့တွင် ကျရောက်မည့် ၅၂ နှစ်မြောက် နိုင်ငံတော် ဘာသာနေ့ အထိမ်း အမှတ် အခမ်းအနား များကို မြန်မာတစ်နိုင်ငံလုံးတွင် ညီညွတ်စွာကျင်းပကြရန် ဆရာတော် သံဃာတော်များနှင့် သာသနာရေး လူမှုရေး အသင်း အဖွဲ့ များကနှိုးဆော် လျက် ရှိကြပါသည်။
၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ အခမ်းအနားများကို မြို့တိုင်း
ရွာတိုင်း ရပ်ကွက်တိုင်းတွင် ကျင်းပရန် အစီအစဉ်များ။
၁။ ၂၅၊၈၊၂၀၁၃ တနင်္ဂနွေနေ့ နံက်ပိုင်းတွင် သာသနာ့ အလံတော် များကို စတင်လွှင့် ထူကြ ရပါမည်။
၂။ ၂၆၊၈၊၂၀၁၃ တနင်္လာနေ့ တွင် ဥပုသ် သီတင်း ဆောက်တည်ခြင်း၊ အလှူဒါနများပြုလုပ်ခြင်း၊ တိရစ္ဆာန်များ ကို ဘေးမဲ့လွှတ်ခြင်း၊ ပရိတ် ပဋ္ဌာန်း မေတ္တာပို့ စသည်များ စုပေါင်းရွတ်ဆိုခြင်း၊ တရားပွဲ များ ဟောပြောပွဲ များ ကျင်းပခြင်း တို့ကို (မိမိတို့ စွမ်းနိုင်သမျှ) ဆောင်ရွက်ကြရပါမည်။
(နိုင်ငံတော် ဘာသာ ပြဋ္ဌာန်းခဲ့သည့်နေ့ ကလည်း ရဟန်းရှင်လူ များသည် ထိုသို့ပင် ဆောင် ရွက်ခဲ့ကြပါသည်။)
၃။ ၂၇၊ဂ၊၂၀၁၃ အင်္ဂါနေ့ ညနေ တွင် သာသနာ့ အလံတော်များကို ပြန်လည် သိမ်း ဆည်းနိုင်ကြ ပါသည်။
(နိုင်ငံတော်ဘာသာ ၅၂ နှစ်မြောက်နေ့တွင် မြန်မာနိုင်ငံ တစ်ဝှမ်း မြတ်စွာ ဘုရား၏
ရာင်ခြည်တော် ခြောက် သွယ် သာသနာ့ အလံတော်များ လွှမ်းကာ ဓမ္မရွတ်ပွားသံများ လွှမ်း ခြုံစေခြင်းဖြင့် ဗုဒ္ဓဘာသာဝင် များ၏ စည်းလုံး ညီညွတ်မှုကို ဖော်ဆောင်ကာ သာသနာတော် စည်ပင် ထွန်းကားခြင်းနှင့် ကုသိုလ် တရားများလည်း တိုးပွားစေပါ လိမ့်မည်။)
(အိမ်တိုင်း၊ လမ်းတိုင်း၊ ဓမ္မာရုံတိုင်းတွင် သာသနာ့ အလံတော် များ လွှင့်ထူခြင်းဖြင့် အမျိုး ဘာသာ သာသနာကို မြှင့်တင်ကြပါစို့။)
အထူးဖိတ်ကြားချက်
၅၂ နှစ်မြောက် နိုင်ငံတော် ဘာသာနေ့ကို ဂုဏ်ပြု ကြိုဆိုသော အခမ်းအနား တစ်ရပ် ကို မြန်မာ တစ်နိုင်ငံလုံး မှ ဘာသာရေး လူမှုရေး ပရဟိတ အသင်း အဖွဲ့များ ကို ဖိတ်ကြားကာ စုပေါင်းတွေ့ ဆုံ ဆွေးနွေးပွဲကြီး တစ်ရပ်ကို ထေရ၀ါဒ ဓမ္မကွန်ရက် က အောက်ပါ အစီအစဉ် အတိုင်း ကျင်းပမည်ဖြစ်ရာ ဗုဒ္ဓဘာသာဝင် ရဟန်း ရှင် လူ သီလရှင် များပါမကျန် လေးမြတ်စွာ ဖိတ်ကြား အပ်ပါသည်။
နေ့ရက် ။ ။ ၂၅.၈.၂၀၁၃ တနင်္ဂနွေနေ့
(၁၃၇၅ ခုနှစ် ၀ါခေါင်လပြည်ကျော် ၅ ရက်)
အချိန် ။ ။ နံနက် ၇ နာရီမှ ၁၁ နာရီ = တက်ရောက် လာသော အသင်း အဖွဲ့များ၏ အလုပ် ရုံဆွေးနွေးပွဲ)
မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီ = သြ၀ါဒ ခံယူပွဲနှင့် နိုင်ငံတော်ဘာသာနေ့ အခမ်းအနား
နေရာ ။ ။ ပိဋကသုံးပုံ နိကာယ်စာသင်တိုက်
၂၆ ရပ်ကွက်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်။ (ပန်းခြံမှတ်တိုင်)
စုံစမ်းရန် ဖုန်း ။ ။ 09 5142167 - 09 5127330 - 09 4500 59582
(အလံတော် စည်းကမ်းနှင့် အညီ ချုပ်လုပ် ထားသော သာသနာ့ အလံတော် များကို မူရင်း သက်သာသောဈေးနှုန်းဖြင့် မှာယူနို င်ပါသည်။)
အမျိုး ဘာသာ သာသနာတော် အတွက် = ထေရ၀ါဒ ဓမ္မကွန်ရက်
https://www.facebook.com/
No comments:
Post a Comment