Showing posts with label ထူးဆန်း ထွေလာ လေ့လာစ၇ာ. Show all posts
Showing posts with label ထူးဆန်း ထွေလာ လေ့လာစ၇ာ. Show all posts

Tuesday, September 21, 2021

ကုဋေ ပြီးရင် ဘာလာသလဲ

 



မြန်မာ့ ဂဏန်းသင်္ချာမှာ ကုဋေ ပြီးရင် ဘာလာလဲ မသိသေးသူများအတွက်

ကုဋေ ပြီးရင် ဘာလာသလဲ .. 

ခု ၊ ဆယ် ၊ ရာ ၊ ထောင် ၊ သောင်း ၊ သိန်း ၊ သန်း ၊ ကုဋေ ဆိုပြီး ကျွန်တော်တို့ ငယ်ငယ်တုန်းက ဆိုခဲ့ကြဖူးတယ်။ ကုဋေ ပြီးရင် အစဉ်လိုက်လာတဲ့ ဂဏန်းအခေါ်အဝေါ်တွေကို ဗဟုသုတအနေနှင့် ဖော်ပြပေးလိုက်ရပါတယ်။


ငယ်၊ စဉ်၊ကြီး၊ လိုက် ဆိုရသော် -

ခု ၊ ဆယ် ၊ ရာ ၊ ထောင် ၊ သောင်း ၊ သိန်း ၊ သန်း ၊ကုဋေ ၊ ကောဋိ ၊ ပကောဋိ ၊ ကောဋိပကောဋိ ၊ နဟုတံ ၊ နိန္နဟုတံ ၊ အက္ခေဘိဏီ ၊ဗိန္ဒု ၊ အဗ္ဗုဒ ၊ နိရဗ္ဗုဒ ၊ အဗဗ ၊ အဋဋ ၊ သောကန္ဓိက ၊ ဥပ္ပလ ၊ ကုမုဒ ၊ ပဒုမ ၊ ပုဏ္ဍရိက ၊ ကထာန ၊ မဟာကထာန ၊ အသင်္ချေ ဆိုပြီးရှိပါတယ်။

ခု ကနေ ကုဋေ အထိကို သုည တစ်လုံးစီတိုးခြင်းဖြင့် သွားပါတယ်။

ဆယ် = 10

ရာ = 100

ထောင် = 1000

သောင်း = 10000

သိန်း = 100000

သန်း = 1000000

ကုဋေ = 10000000 ဆိုပြီး သုညတစ်လုံးစီ တိုးခြင်းဖြင့် အစဉ်လိုက်သွားပါတယ်။

ကုဋေပြီးလို့ ကောဋိ ကနေ အသင်္ချေ အထိက အဆင့်တစ်ခုတက်တိုင်း သုည (၇) လုံးစီ တိုးရပါတယ်။

ကောဋိ = 1 × 10^14

ပေကာဋိ = 1 × 10^21

ကောဋိပကောဋိ = 1 × 10^28

နဟုတံ = 1 × 10^35

နိန်နဟုတံ = 1 × 10^42

အက်ခဘေိဏီ = 1 × 10^49

ဗိန္ဒု = 1 × 10^56

အဗ္ဗုဒ = 1 × 10^63

နိရဗ္ဗုဒ = 1 × 10^70

အဗဗ = 1 × 10^77

အဋဋ = 1 × 10^84

သောကန္ဓိက = 1 × 10^91

ဥပ်ပလ = 1 × 10^98

ကုမုဒ = 1 × 10^105

ပဒုမ = 1 × 10^112

ပုဏ္ဍရိက = 1 × 10^119

ကထာန = 1 × 10^126

မဟာကထာန = 1 × 10^133

အသေင်္ခ်ျ = 1 × 10^140

ဆိုပြီး အဆင့်တစ်ဆင့် တက်တိုင်း သုည (၇) လုံးစီတိုးပြီး တက်ရပါတယ်။ ဒါကြောင့် တစ်အသချေ င်္ဆိုရင် တန်ဖိုးအားဖြင့် 1 × 10^140 ( ၁ ရဲ့နောက်မှာ သုည အလုံး ၁၄၀ ) နဲ့ ညီမျှပါတယ်။


Saturday, December 29, 2018

၂၀၁၉ ခုနှစ်မှာဖြစ်ပေါ်မယ့် ထူးခြားဖြစ်စဉ်များ



လာမယ့် ၂၀၁၉ ခုနှစ် အတွက် အာကာသ အတွင်းမှာဖြစ်ပေါ်မယ့် အကြောင်းအရာ များစွာထဲက ထူးခြားပြီး သာမန် မျက်စိနဲ့ မြင်နိုင်လောက်တဲ့ ဖြစ်စဉ် အချို့ကို အာကာသနှင့် စကြဝဠာရဲ့ စာဖတ် ပရိတ်သတ်များ အတွက် ရေးသား တင်ဆက်ပေးလိုက်ပါတယ်..။
၂၀၁၉ ခုနှစ်မှာ ထူးထူးခြားခြား နေကြတ်ခြင်း (၃)ကြိမ် နဲ့ လကြတ်ခြင်း (၂) ကြိမ် ဖြစ်ပေါ်ဖို့ ရှိပါတယ်။ နေကြတ်ခြင်းဟာ နေ နဲ့ ကမ္ဘာ အကြား လ ရောက်ရှိခြင်း (တစ်နည်း) လကွယ်နေ့မှာ လဟာ နေရဲ့ အလင်းရောင်ကို ရုတ်တစ်ရက် ဖုံးအုပ် သွားခြင်းကြောင့် ဖြစ်ပေါ်ရပါတယ်။


(ပုံ) ။ လ အရိပ်ကျရောက်တဲ့ နေရာမှာသာ နေကြတ်ခြင်းကို မြင်တွေ့ နိုင်တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် အတွက် နတ်တော် လကွယ်နေ့ (ဇန်နဝါရီ ၆ ရက်)၊ နယုန် လကွယ်နေ့ (ဇူလိုင် ၂ ရက်) နဲ့ (နောက်နှစ်) နတ်တော် လကွယ်နေ့ (ဒီဇင်ဘာ ၂၆) ရက်တို့မှာ နေကြတ်ပါမယ်။

မြန်မာနိုင်ငံကတော့ ၂၀၁၉ ဒီဇင်ဘာ ၂၆ ရက်မှာ ဖြစ်ပေါ်မယ့် နေကြတ်ခြင်းကိုသာ မြင်တွေ့ရမှာဖြစ်ပြီး ၈၀% လောက်ထိ ဖုံးအုပ်သွားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဒီလိုပါပဲ..။ လကြတ်ခြင်းဟာ နေ နဲ့ လ အကြား ကမ္ဘာရောက်ရှိခြင်း (တစ်နည်း) လပြည့် အမှတ် ရောက်ရှိ ချိန်မှာ ဖြစ်ပေါ်တာဖြစ်ပြီး ကမ္ဘာရဲ့ အရိပ်စစ် ကျရောက်တဲ့နေရာမှာ နေရဲ့ အလင်းရောင်ဟာ အနီရောင် သန်းတဲ့ အတွက် ထိုနေရာကို ဖြတ်သန်းရတဲ့ လ ဟာလည်း သွေးနီရောင် သန်းသွားရခြင်း ဖြစ်ပါတယ်။
(ပုံ)။ အင်္ဂလိပ်လိုတော့ Blood Moon လို့ခေါ်ပါတယ်။
ပြာသို လပြည့် (ဇန်နဝါရီ ၂၁) မှာဖြစ်ပေါ်မှာဖြစ်ပြီး မြန်မာနိုင်ငံမှ မြင်တွေ့ရမှာတော့ မဟုတ်ပါ။ ဒါပေမယ့် ဝါဆို လပြည့်နေ့ (ဇူလိုင် ၁၆) မှာဖြစ်မယ့် ရိုးရိုး လကြတ်ခြင်းကိုတော့ နံနက်ခင်း (အာရုံတက်ချိန်) ပိုင်းမှာ မြင်တွေ့ ရနိုင်ပါတယ်။


Friday, March 31, 2017

လော့ အိန်ဂျလိစ် မြို့မှ လူသား နှင့် UFO စစ်ပွဲ



25 February 1942 တွင် လော့အိန်ဂျလိစ် ဖြစ်ပွား ခဲ့သော လူသားနှင့် UFO စစ်ပွဲ သတင်း သည် MSNBC သတ င်းဌာန မှ 65 နှစ်မြောက် လော့အိန်ဂျလိစ် UFOs တိုက်ပွဲ အကြောင်းပြန်လည် ထုတ်လွင့်ခဲ့ရာမှ ယနေ့ခေတ် မှာပြန် လည်ရေပန်း စားလာခဲ့သည်။ (အောက်ဆုံးတွင် ဗီဒီယို တွဲတင်ပေးထားပါသည် )

အမေရိကန် တို့ ပုလဲ ဆိပ်ကမ်း ကို ဂျပန်မှ 7th Dec 1941 တွင် ဗုံးကြဲပြီးနောက် အမေရိကန် တို့ သည် လေကြောင်း ရန်ကို အထူး အလေး ပေး ထောက်လှမ်း နေသည့် ကာလ ဖြစ်ပြီး အချိန်ကား 1942 February 24 ရက် ညည့်နက် ပိုင်းတွင် လော့အိန်ဂျလိစ် မြို့ပေါ်၌ မသင်္ကာဖွယ်ရာလေကြောင်း ကျူးကျော် မှု တစ်ခုကို လေကြောင်းဆိုင်ရာ ထောက်လှ မ်းရေး စက်မှ ဖမ်းမိခဲ့သည်။

လေကြောင်း ဆိုင်ရာ ကျူးကျော်မှု အချက်ပေးသံ ထွက်ပေါ်လာပြီးနောက် မြေပြင် မှ ဝေဟင် ကာကွယ်ရေး တပ်များသည် ပြည်သူ လူထုကို အတက်နိုင်ဆုံးဘေးကင်း ရာသို့ အချိန်တို အတွင်း နေရာချထားပေးပြီး ဝေဟင် ပစ်မှတ် ကိုမြေပြင် မှ အားကောင်းသော မီးဆလိုက် များဖြင့် အဖက်ဖက် မှ ချိန်ရွယ် ကာ ပြစ်မှတ် ကို အတည်ပြုပြီး နောက် (anti-aircraft artillery) လေယာဉ်ပြစ် အမြောက် များဖြင့် စတင်ပြစ်ခတ် တိုက်ခိုက် နေသော်လည်း။

၎င်းယာဉ် ပျံ သည် ကမ္ဘာမြေ မှ မဟုတ် သော ယာဉ်ပျံ ဖြစ်သည်ကို လူ အနည်းငယ်သာ သိရှိပါသည်။ ဝေဟင်ပစ် အမြှောက် များဖြင့် ထို ယာဉ်ပျံ ကို 3:16 A.M – 4:14 AM 25Th Feb 1942 အဆက် မပြတ် ပစ်ခတ် နေသော် လည်း အချည်း အနှီးပင် ဖြစ်ကာ မြေပြင် ပေါ်သို့ ပြစ်ချ နိုင်ခြင်း မရှိသလို အမည် မသိ ယာဉ်ပျံ UFO ကလည်း မြေပြင် သို့ ပြန်လည် ပြစ်ခတ် ခြင်း မရှိခဲ့ပေ။

ထိုပစ်ခတ်မှု ကို မျက်မြင် သက်သေ လူ တစ်သိန်း ကျော် ရှိခဲ့သည်။ တိုက်ပွဲ အပြီးတွင် အမြောက်ကျည် ဆံချော် ထိ မှုေ ကြာင့် ပြည်သူ ၅ ဦးသေဆုံးပြီး ကြောက်လန့်တစ်ကြား မော်တော် ယာဉ်မောင်း နှင် ထွက်ပြေး မှုကြောင့် လူ ၃ ဦး ယာ ဉ် မတော် တဆ မှုဖြစ်ကာ လူ တစ်ဦးသည် နှလုံး ရောဂါ ဖေါက်ပြီး သေဆုံးခဲ့သည်။


Sunday, September 4, 2016

ဂင်းနစ်စံချိန် တင်ခဲ့တဲ့ မြန်မာပြည် က အဆိုးရွားဆုံး မိကျောင်း တိုက်ခိုက်မှု




မြန်မာပြည် မှာ ဂင်းနစ် စံချိန် တင်ခဲ့တဲ့ ဖြစ်ရပ် တစ်ခု ရှိပါသေးတယ်။ ယင်း ကတော့ ကမ္ဘာ့ အဆိုးရွားဆုံး မိကျောင်း တို့ရဲ့ လူသား တို့ အား သတ်ဖြတ် တိုက်ခိုက် စားသုံးမှု တစ်ခု ဖြစ်ပါတယ်။

ဖြစ်ပွား ခဲ့တဲ့ အချိန် နဲ့ နေရာ ကတော့ ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီ၊ ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်း မှာ ဖြစ်ပါတယ်။ အင်္ဂလိပ်လိုတော့ Ramree Island လို့ အမည်ပေးထားပါတယ်။ ဒုတိယ ကမ္ဘာစစ် ကာလ က ဖြစ်ပြီး Burma Campaign ထဲ မှာ စံချိန်တင်တဲ့ သေဆုံး မှု အများဆုံး တိုက်ပွဲ တစ်ခု ဖြစ်ခဲ့ ပါတယ်။ မြန်မာပြည်ဟာလည်း ဒုတိယ ကမ္ဘာစစ်ဒဏ် ခံရတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့ပြီး Burma Campaign တစ်ခုလုံး အရ ခြုံငုံ တဲ့အခါ အရပ်သား သေဆုံးမှုဟာ ၂သိန်းခွဲ နဲ့ ၁သန်းကြားမှာ ရှိကြောင်း စားရင်ထုတ်ပြန်ထားပါတယ်။ 
ရခိုင်ပြည်နယ် Campaign မှာ ဗြိတိန်၊ တရုတ်၊ အိန္ဒိယ နဲ့ ဥရောပ နိုင်ငံများစွာ က တစ်ဖက်၊ ဂျပန် တို့ က တစ်ဖက် အနေ နဲ့ တိုက်ခိုက် ခဲ့ကြတာဖြစ်ပါတယ်။ တစ်ခုလုံးခြုံငုံ ရင်တော့ ဗြိတိန်တို့ ဘက်မှာ အမေရိကန်အပါအဝင် နိုင်ငံ ၁၀ နိုင်ငံ ပါဝင်ပြီး ဂျပန် ဘက်မှာတော့ လေးနိုင်ငံ ပါဝင်ပါတယ်။ ဂျပန်တို့ စစ်ရှုံးချိန် မှာ ပြင်းပြင်း ထန်ထန် ဆက်လက် တိုက်ခိုက် ခဲ့တဲ့ တိုက်ပွဲ ဖြစ်ပါတယ်။
ရမ်းဗြဲကျွန်း တိုက်ပွဲဟာ ဆိုရင်လည်း တစ်ဖက် နဲ့ တစ်ဖက်မှာ စစ်သားပေါင်း ထောင်ချီ ပါဝင်ပြီး စစ်သင်္ဘော၊ တိုက်လေယာဉ်၊ တင့်ကား၊ စစ်ကား ပေါင်း ရာကျော် အသုံးချ တိုက်ခိုက်ခဲ့ကြပါတယ်။ နှစ်ဖက်ပေါင်း စစ်သည် အင်အား ဆိုရင် တစ်သောင်းကျော် မက ရှိပါတယ်။ စစ်ပွဲဟာ ကျွန်းပေါ်မှာ နဲ့ ရခိုင် ကမ်းရိုးတန်းအထိ ဖြစ်ပါတယ်။ 
ရခိုင် ကမ်းရိုးတန်း ဘက်ကို ထွက်ပြေးသွားတဲ့ ဂျပန် စစ်သားဟာ ဆိုရင် တစ်ထောင်ကျော် မက ရှိပါတယ်။ ကမ္ဘာ့ အထူးခြားဆုံး ဖြစ်ရပ် အနေနဲ့ ကုန်းတွင်း ကို ထွက်ပြေး တိမ်းရှောင် သွားတဲ့ ဂျပန် စစ်သား တစ်ထောင်မှာ ဆိုရင် အယောက် ၂၀ ပဲ နောက်နေ့ မနက်မှာ အသက်ရှင် ကျန်ပါတယ်။ ရမ်းဗြဲ နယ် တစ်လျှောက်မှာ အဲ့ဒီ အချိန်တုန်းက ရေငံ မိကျောင်းများ ကျင်လည်တဲ့ နေရာ ဖြစ်ခဲ့လို့ ဖြစ်ပါတယ်။ 
ညဘက် ထွက်ပြေး သွားလာနေတုန်း လမုပင်တွေကြား ကနေ မိကျောင်းများ ထွက်လာပြီး လူတွေ တစ်ယောက်ပြီး တစ်ယောက် ကို တိုက်ခိုက် စားသုံးခဲ့ကြတာ ဖြစ်ပါတယ်။ စစ်သည် အင်အား တစ်ထောင် နီးပါးကို သတ်ဖြတ် စားသုံး ခဲ့တဲ့ ယင်း မိကျောင်း များဟာ ကမ္ဘာ့ သမိုင်း ရာဇဝင်တွင်သွားစေပါတယ်။ ကျန်ခဲ့တဲ့ အယောက် ၂၀ ဟာ နောက်နေ့ မှာ အညံ့ခံ အဖမ်း ခံခဲ့ပြီး သူတို့ဟာ စိတ် အင်မတန် ခြောက်ခြားစွာနဲ့ မိကျောင်း တို့ရဲ့ တိုက်ခိုက် စားသုံးမှု ကို မျှဝေခဲ့ကြပါတယ်။


Monday, August 1, 2016

လူ့ ဦးနှောက် ပုံစံဖြစ်နေသော ကမ္ဘာမြေ ၏ အစိတ်အပိုင်းများ




တစ်ကယ်လို့ တစ်စုံ တစ်ယောက်က လတ်တလော မှတ်ဥာဏ် ချို့ယွင်းသွားတယ် ဆိုရင် သူ့ကို ကူညီဖို့ အဆင်သင့် ပါပဲ ။ Parque National Park ထဲမှာ Track ကားတွေကြောင့် ကုန်းမြေတွေဟာ ပုံစံ အမျိုးမျိုး ဖြစ်လို့ နေပါတယ်။ ဒါပေမယ့် အံ့သြစရာ ကတော့ အပေါ်စီးကနေကြည့်မယ် ဆိုရင် လူ့ဦးနှောက် ပုံစံနဲ့ ဆင်တူနေတာပါပဲ ။


သီးသန့် စစ်ဆေးရေးကောင်စီ မှ ဓါတ်ပုံ ဆရာ Hector Garrido က National Park မှာ ရိုက်ကူး ယူခဲ့တဲ့ ပုံ ဖြစ်ပါတယ် ။ Delta မြစ်ထဲကို စီးဝင်နေတဲ့ လက်တက်ပေါင်း များစွာရဲ့ အံ့သြစရာ ပုံရိပ်တွေပါ ။


 သေချာ ကြည့်မယ် ဆိုရင်တော့ Marshland ထဲမှာ သေးငယ်တဲ့ ကန်လေးကို တွေ့မြင်နိုင်ပြီး အဲဒီ ကန် က ခြောက်သွေ့သွားရာ ကနေ တစ်ဆင့် ထူးဆန်းဖွယ်ကောင်းလောက်အောင် ဦး နှောက် သဏ္ဍာန်နဲ့ တူနေတဲ့ Landscape တစ်ခုဖြစ်ပါတယ် ။



အဓိပ္ပါယ် တိတိ ကျကျ သတ်မှတ် မထားပေမယ့် ပုံစံတွေဟာ အတိအကျ ပွားများ ထားခြင်း မဟုတ် ပဲ သေချာ ရှင်းလင်းတာ တစ်ခု ကတော့ Fractal တစ်ခုခြင်း ဆီကနေ သူ့ဘာသာ ဦးနှောက်ပုံစံ ထပ်နေခြင်း ဖြစ် ပါတယ် ။ 


ပုံတွေ ကတော ဓါတ်ပုံဆရာ က တစ်ခြား စပိန်နိုင်ငံတောင်ပိုင်း မှာ ထူးဆန်းအံ့သြဖွယ် နေရာတွေကို ကျနော်တို့ မမြင်နိုင်တဲ့ ရှုထောင့်တွေ ကနေ မှတ်ထားတင်ထားခြင်း ဖြစ်ပါတယ် ။

 

Thursday, July 14, 2016

နပ်ပကျွန်း ဂြိုဟ် အလွန်တွင် ဂြိုဟ်ငယ်သစ် တစ်စင်း ကို အာကာသ ပညာရှင်များ ရှာဖွေ တွေ့ရှိ




နိုင်ငံတကာ မှ အာကာသ ပညာရှင်များ ပါဝင်သည့် သုတေသန အဖွဲ့သည် နပ်ပကျွန်းဂြိုဟ် အလွန် တွင် အေးခဲနေသည့် သီးခြားဂြိုဟ်များ ၏ ပတ်လမ်း အတွင်း လှည့်ပတ်နေသော ဂြိုဟ်ငယ်သစ် တစ်စင်းကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း ဇူလိုင် ၁၂ ရက် ထုတ်ပြန်ချက်အရ သိရသည်။

အကြမ်းဖျင်း အရွယ် အစား ၇ဝဝ ကီလိုမီတာ ရှိသည့် အဆိုပါ ဂြိုဟ်သစ်တွင် အကြီးဆုံး ဂြိုဟ်ပတ်လမ်းများ အနက် ဂြိုဟ်ပတ်လမ်း တစ်ခု ရှိပြီး ၎င်းကို လက်ရှိ လုပ်ဆောင်လျက် ရှိသော နေ အဖွဲ့အစည်း အပြင်ရှိ ဂြိုဟ် များ၏ သဘာဝ အား စစ်တမ်း ကောက်ယူသည့် အစီအစဉ် ၏ တစ်စိတ် တစ်ပိုင်း အဖြစ် ဟာဝိုင် အီပြည်နယ် Maunakea မီးတောင်၌ အာကာသ အဏုကြည့်မှန်ပြောင်း ကို အသုံးပြု၍ ရှာဖွေတွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။ 
 
RR 245 အမည် ရှိ အဆိုပါ ဂြိုဟ်ငယ်သစ် သည် ဂြိုဟ်ကြီးများ ၏ ဖွဲ့စည်း တည်ဆောက် ပုံနှင့် နေ မှရွေ့ လျားမှုတို့ကို သိရှိနိုင်ရန် အထောက်အကူပြုမည် ဖြစ်ကြောင်း၊ ယင်းဂြိုဟ်မျိုး မှာ ယနေ့ခေတ် တွင် ပလူတိုနှင့် အီရစ်ဂြိုဟ် တို့နှင့် ယှဉ်တွဲ ရပ်တည်လေ့ ရှိကြောင်း သုတေသီများက ပြောကြားသည်။ 
 
 

Wednesday, July 6, 2016

ကမ္ဘာတစ်ဝှမ်း ရှိ ကို့ယို့ ကားယားနိုင်သော ရေချိုးနည်း များ



                                                      မြေကြီး ရေချိုးနည်း


အကယ်၍သင်ဟာ မောပန်းနေခဲ့ပြီး ပုံမှန် မဟုတ်တဲ့ နည်းလမ်း နဲ့ ရေချိုး လိုပါသလား ...။ နို့ရည် နဲ့ ရေချိုး တာကို တော့ ကျွန်တော်တို့ ကြားခဲ့ဖူးတာကြာပါပြီ ။ ဒါပေမယ့် ကျွန်တော်တို့ လုံးဝမကြားဖူးသေး တဲ့ ရေချိုး နည်း သစ်တွေ အများကြီးရှိပါတယ် ။ 

ပုံသဏ္ဍာန် မတူတဲ့ ရေချိုးနည်းတွေဟာ ဒေသ တစ်ခု လူမျိုး တစ်ခုချင်း စီရဲ့ ရိုးရာ ဓလေ့ များဖြစ်ပြီး အဲဒီဒေသတွေ မှာ အချိန်တို အတွင်းမှာပဲ တွင်ကျယ်ခဲ့တာ ဖြစ်ပါတယ် ။

အဲဒီရေချိုးနည်းတွေ ထဲက တစ်ချို့ဟာ တစ်ကယ့်ကိုပဲ ထင်ရှားကျော်ကြားလှပါတယ် ။ ဘာကြောင့်လဲဆို လူရဲ့ ခန္ဓာကိုယ် ကို အကျိုး ရှိစေပြီး ပါဝင် ဆင်နွှဲကြသူတွေဟာ ပျော်ရွှင်ဖွယ်ကောင်းတဲ့ အတွက် ဖြစ်ပါတယ် ။ ဒီလို ကို့ယို့ ကားယားနိုင်တဲ့ ရေချိုးနည်းတွေဟာ ဂျပန်နိုင်ငံ ကနေ အခြေပြု ဆင်းသက်လာတယ် လို့လည်း သိရပါတယ် ။

မြေကြီး ရေချိုးနည်း

ဂျပန်နိုင်ငံ မှာ ရိုးရာ ဓလေ့ အဖြစ် Kyushu ကျွန်းမှာ မြေကြီး ရေချိုးနည်း ကို ဆင်နွှဲလေ့ ရှိကြပါတယ် ။ ဒီရေချိုး နည်း ဟာ ခန္ဓာကိုယ် တစ်ခုလုံးကို အကျိုး ရှိစေပြီး ချွေးထွက်စေပါတယ် ။ စိတ်ကို ပြေလျော့စေပြီး ခန္ဓာ ကိုယ် တောင့် တင်းမှုတွေ ကိုလည်း သက်သာစေတဲ့ အပြင် လန်းဆန်းမှုကိုလည်းပေးပါတယ် ။ ဦးခေါင်း မှ လွဲ၍ တကိုယ်လုံးကို မြေကြီး ထဲ နစ်မြှုပ်ထားခြင်းပဲ ဖြစ်ပါတယ် ။




 


ရေနံနှင့် ရေချိုးနည်း

အန္တရာယ် အများဆုံး ရေချိုးနည်းတွေ ထဲက တစ်ခု ကတော့ ရေနံ နဲ့ ရေချိုးနည်း ပဲ ဖြစ်ပါတယ် ။ ရေချိုးတော့ မယ် ဆိုရင်တော့ သင့် ရဲ့ ပါးစပ် ၊ နှာခေါင်း ၊  တို့ကို လုံခြုံစွာ ဖုံးအုပ် ထားဖို့တော့ လိုပါလိမ့်မယ် ။။ ရေနံ နဲ့ ရေချိုး နေစဉ်မှာ ဆေးလိပ်သောက်ဖို့ မီးမညှိရန် လည်း သတိထားရပါမယ် ။


 ရေနံ နဲ့ ရေချိုးခြင်း ရဲ့ အကျိုးကျေးဇူး ကတော့ အဆစ်ရောင်ရောဂါ နဲ့ အရေပြားရောဂါတွေ ကို ပျောက် ကင်းစေတဲ့ အတွက် ဖြစ်ပါတယ် ။ ဘာကြောင့် လည်း ဆို ရေနံ မှာ sulphur (ဆာလ်ဖာ) ပါဝင်တဲ့ အတွက် ဖြစ်ပါတယ် ။ ဒီရေချိုးနည်း ကို Azerbaijan နိုင်ငံမှ Naftalan မှာ ကျင့်သုံးနေကြပါတယ် ။




Wednesday, June 15, 2016

ဂြိုဟ်သားတွေရဲ့ UFO ယာဉ်ကြီး ကို ဖွက်ထားတယ်လို့ ထင်ရတဲ့ တိမ်တိုက်ကြီး ထွက်ပေါ်လာ


UFO တွေ ကို အရူးအမူးလေ့လာနေသူ တစ်ယောက် ကတော့ UFO ယာဉ်ကြီး တစ်စင်း ကို ဝှက်ထားတယ် လို့ ထင်ရတဲ့ တိမ်တိုက်ကြီး တစ်ခုကို  အမှတ်မထင် ဓာတ်ပုံ ရိုက်ကူးမိခဲ့တယ် လို့ သိရပါတယ်။ 

ဒီ တိမ်တိုက်ကြီး ဟာ ပန်းကန်ပြားပျံ ယာဉ်ကြီး တစ်စင်းကို ကွယ်ဝှက်ထားတယ်လို့ သူက ပြောခဲ့ပြီး
မေလ ၁၂ ရက်နေ့ က ဒီပုံတွေ ကို ရိုက်ကူး ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စကော့ဝဲရင်း လို့ အမည် ရတဲ့ သူဟာ ဘယ်လ်ဂျီယံနိုင်ငံ မှာ အခုလိုမျိုး ကြီးမားပြီး ထူးဆန်းတဲ့ ပန်းကန်ပြား ပျံယာဉ် ကို တွေ့ခဲ့ရတယ် လို့ ဆိုပါတယ်။





ထိုင်ဝမ်နိုင်ငံ မှာ နေထိုင်တဲ့ စကော့ ကတော့ ဂြိုဟ်သားတွေ ဟာ ပန်းကန်ပြားပျံ ယာဉ်ကို ခဏ နားချိန်မှာ သူတို့ ရဲ့ ယာဉ်နားမှာ တိမ်တိုက်တွေ ကို  ဖန်တီး ရပ်နားလေ့ ရှိတယ်လို့ အခိုင်အမာ ဆိုပါတယ်။ 

၁၉၅၇ ခုနှစ်တုန်း ကလည်း အခုလိုဖြစ်ရပ်မျိုး ကို စစ်သား တစ်ယောက်က ဓာတ်ပုံတွေ ရိုက်ကူးနိုင်ခဲ့ပြီး
ဗာဂျီးနီးယားပြည်နယ် မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီတုန်းကတော့ လက်စွပ်ပုံစံ ကနေ CD ပြား ပုံစံကို တစ်ဖြည်းဖြည်းပြောင်းလဲ သွားခဲ့တြာ ဖစ်တယ်လို့ သိရပါတယ်။






Saturday, April 9, 2016

ဂျပန် နည်းပညာကုမ္ပဏီ တစ်ခုမှ ထုတ်လုပ်သော လေပေါ်ကြွပျံနေမယ့် အလှထား သစ်ပင်



ဒီ အလှ သစ်ပင်လေးတွေ ဟာ အလွန် အမင်း စိတ်ဝင်စားဖွယ်ကောင်းလို့ နေပါတယ်။ လေထဲ ကြွပျံနိုင်တဲ့ ဒီ အလှ သစ်ပင်လေးတွေ ဟာ ကြည့်လိုက်ရင် သူတို့ ဘာသာ မျောပျံနေသလို ထင်မှတ်စေဖို့ ဂျပန် နည်း ပညာ ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Air Bonsai မှ တီထွင် ဖန်တီးပြုလုပ် ခဲ့တာဖြစ်ပါတယ်။

အမှန်တော့ အောက်ခြေ အထိုင်နဲ့ သစ်ပင် နှစ်ခုလုံး မှာ တပ်ဆင် ထားတဲ့ သံလိုက်နှစ်ခုကြောင့် ဒီ အပင် ဟာ လေပေါ် ချောချောမောမော အခု လို ကြွပျံပြီး လည်နေနိုင်ခြင်း ဖြစ်ပါတယ်။ 


 အောက် အထိုင် နဲ့ ၂ စင်တီမီတာ အကွာမှာ ရစ်ဝဲနေတဲ့ ဒီ အပင်ဟာ ရေလောင်းပေးဖို့ လိုအပ်တယ် ဆိုပေမယ့် ဂရုစိုက်စောင့်ရှောက်မှု အနည်းကျဉ်း သာ လိုအပ်ပါတယ်။



Saturday, September 19, 2015

၁၉၄၃ - ကမ္ဘာကျော် စမ်းသပ်မှု တစ်ခု အကြောင်း( ဖြစ်ရပ်မှန်)



 

ယုံကြည်ရန် ခက်ခဲ လာသော ခေတ်ပေါ် နည်းပညာများ

အမေရိကန်ပြည်ထောင်စု တပ်မတော်တွင် အသုံးပြုရန်ရည် ရွယ်၍ ထုတ်လုပ်နေသော ကိုယ်ပျောက် ၀တ်စုံသည် အောင်မြင်လု နီးပါးရှိနေပြီ ဟု သိရသည်။ တစ်စ တစ်စ တိုးတက် လာသော သိပ္မံနည်း ပညာများ သည် ယုံကြည်ရန် ခက်ခဲလာသည်။


 ရေဒီယို၊ တီဗီ၊ ဂြိုလ်တု၊ မောင်းသူမဲ့လေယာဉ်၊ ကွန်ပြူတာ အစရှိသည့် ခေတ်ပေါ် ကိရိယာများသည် အံ့ဖွယ် များပင်ဖြစ်သည်။ ယင်း ကိရိယာများ မပေါ်ခင် ယင်း ကိရိယာများ၏ အလုပ်လုပ်ပုံ ကိုပြောပြလျှင် မည်သူမျှ ယုံမည်မဟုတ်ပေ။ 

ကမ္ဘာတစ်ခြမ်း တစ်နေရာမှ ဖြစ်ပျက်နေသည် တို့ကို ရုပ်ရော အသံရော တစ်ပြိုင်နက်ကြားနိုင်မြင်နိုင် ရခြင်းသည် ရှေးယခင် ခေတ်က ဆိုလျှင် သဘာဝလွန် စွမ်းအင် များကို ပိုင်ဆိုင်မှ သာလျှင် ဖြစ်နိုင်မည် ဟုယူ ဆကြလိမ့်မည်။ 

ယခု အမေရိကန်တို့ စမ်းသပ်နေသော ကိုယ်ပျောက်ကား များနှင့် ကိုယ်ပျောက် ၀တ်စုံ တို့မှာ ဆန်းသည်ဟု ထင်ရသော်လည်း မဆန်းပါ။

လွန်ခဲ့သည် နှစ်ပေါင်း ၆၀ ခန့် ကပင် သင်္ဘောကြီး တစ်စီးလုံးကို ပျောက်အောင် ဖျောက်နိုင်ခဲ့သည် မှာလဲ အမှန်ပင်ဖြစ်သည်။




၁၉၄၃ - ကမ္ဘာကျော် စမ်းသပ်မှု ၏ အစ  Philadephia Experiment

ထူးဆန်းသော ပညာရှင်ကြီး တက်စလာ သည် ၁၉၄၃ ခုနှစ်တွင် စမ်းသပ်မှု တစ်ခုကိုပြုလုပ်ခဲ့သည်။ ထို စမ်းသပ်မှု ကို အစ က လျို့ဝှက်ပြုလုပ်ခဲ့သော်လဲ စမ်းသပ်မှု တွင် ကိုယ်တိုင် ပါဝင်ခဲ့သူများ မှ ပေါက်ကြားကာ ကမ္ဘာကျော် ခဲ့သော စမ်းသပ်မှု တစ်ခုဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် Philadephia Experiment အမည်နှင့်ပင် ရုပ်ရှင်ကား တစ်ကား ထွက်ရှိခဲ့သည်။

Experiment စပြီ

မူလ အစ ၁၉၃၆ ခုနှစ်ပိုင်း ကတည်းက ဤ စမ်းသပ်မှု ကို တိရိစ္ဆာန် များဖြင့်စမ်းသပ်နေခဲ့သည်။ ၁၉၄၃ ခုနှစ် သြဂုတ်လ (၁၂) ရက်နေ့တွင်ကား ကမ္ဘာကျော် Philadephia Experiment ကို သင်္ဘောသား အစုံ အလင်ဖြင့် USS Eldrige သင်္ဘောပေါ်တွင် စမ်းသပ်ခဲ့သည်။ 


Monday, September 14, 2015

နှစ်ပေါင်း (၉၀) ကျော် နစ်မြုပ်ပျောက်ဆုံးနေသည့် သင်္ဘော ဘာမြူ ဒါ ပင်လယ်ကွေ့တွင် ပြန်ပေါ်လာ

 Shwe Su's photo.


နှစ်ပေါင်း (၉၀) ကျော် နစ်မြုပ်ပျောက်ဆုံးနေသည့် သင်္ဘော ဘာမြူ  ဒါ  ပင်လယ်ကွေ့တွင် ပြန်ပေါ်လာ
၁၁.၉.၂၀၁၅ ကမ္ဘာ ပေါ် မှာ လေယာဉ် နဲ့ သင်္ဘော များ အပျောက် အများဆုံး Bermuda Triangle ဘာမြူဒါ တြိဂံဒေသ ပိုင် ပင်လယ်ပြင်တွင် ယနေ့ နံနက်ပိုင်း ၌ သင်္ဘောပျက် တစ်စီး ရေပေါ်တွင် မျောပါနေကြောင်း ကမ်းခြေစောင့်တွေက သတင်းပို့ခဲ့ကြပါတယ်...

အဆိုပါ သင်္ဘောပျက် မှာ SS Cotopaxi ဖြစ်ပြီး ၊ ၁၉၂၅ ခုနှစ် နိုဝင်ဘာလ(၂၉)ရက်နေ့တွင် သင်္ဘောသား (၃၂)ယောက် နဲ့ အတူ ကျောက်မီးသွေး များ တင်ဆောင်သွားခဲ့ပြီး တောင် ကာလိုလိုင်းနားပြည်နယ်မှ ကျူးဘားနိုင်ငံ ဟာဘာနာမြို့သို့ ခုတ်မောင်းသွားခဲ့ ရာ ပင်လယ်ပြင် ၌ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပါတယ်။


Saturday, August 29, 2015

ကင်းမြီးကောက် ဘုရင်မ


         


ထိုင်းနိုင်ငံမှာ ရှိတဲ့ အမျိုးသမီး တစ်ဦးဟာ အဆိပ်ပြင်း တဲ့ ကင်းမြီးကောက်တွေ ကို ကိုင်တွယ်ပြခဲ့ တာကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့လှည့် ခရီးသွားတွေ  လာရောက် လည်ပတ် တဲ့ ပတ္တရားမြို့ရှိ Tiger Zoo မှာ ချောမော လှပတဲ့ အမျိုးသမီးတစ်ဦး ဟာ လာရောက် တဲ့ ဧည့်သည်တွေ ကို ကင်းမြီးကောက်တွေ ကို သေ ချာ ရှင်းပြမှု ပြုလုပ်ခဲ့ သလို ရင်းနှီးစွာ ကိုင်တွယ် ပြခဲ့တာကြောင့် အံ့အားသင့် စရာဖြစ်ခဲ့ရတာပါ။ 

သူ့ကို ကင်းမြီးကောက် ဘုရင်မ အဖြစ် လူသိများ ကြပါတယ်။ သူဟာ နာမည် နဲ့ လိုက်အောင် ကင်မြီးကောက်တွေ ကို ပုံစံ အမျိုးမျိုး နဲ့ ကိုင်တွယ်ပြခဲ့ပါတယ်။ 

ကင်းမြီးကောက် အကောင်ကြီးတွေ ကို အ၀တ်အစား မှာ ချိတ်တွယ်ပြခဲ့ ပါတယ်။ ကမ္ဘာလှည့် ခရီးသွား တွေ ဟာ ကင်းမြီးကောက် ဘုရင်မ နဲ့ တွဲဖက်ပြီး အမှတ်တရ ဓာတ်ပုံ ရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ ပါတယ်။ ဒါကို ဗီဒီယို ရိုက်ကူးပြီး လူမှုကွန်ရက် မှာ တင်ရှိ ထားတာ ဖြစ်ပါတယ်။


Saturday, May 16, 2015

ပုံစံဟောင်း ခွက်ထဲ က ဖောက်ထွက်သူ


လုပ်သားပြည်သူ The Working People's photo.
 


စည်ပင် က ဇောတိက ဦးခင်လှိုင် ကို ရွှေတိဂုံ စေတီတော်ကြီး အနီး က ဆောက်လုပ် မယ့် Dagon City စီမံကိန်း တားမြစ်ရာ ကနေ စပြီး သူ့ အကြောင်း ကို သတိပြုခဲ့မိတယ်။ အဲ့ဒါ ကြောင့် သူလုပ် ခဲ့တဲ့ လုပ် ငန်းတွေ ကို ပြန်ကြည့်လိုက်တော့ အားပါးပါး တကယ့် ကို နိုင်ငံတွက် မရှိ မဖြစ် ပုဂ္ဂိုလ် တစ်ယောက် ဆိုရင် မှားမယ် မထင်ပါဘူး။

တကယ့် ကို လူတော် လူကောင်း တစ်ယောက်ဖြစ်သလို လုပ်ရဲ ကိုင်ရဲ ပြောရဲ ဆိုရဲ တဲ့ သူတစ်ဦးပါ။ သူ့  ကိုယ်ပိုင် လုပ်ငန်း ဇောတိက သင်္ကန်းတိုက် ကို သားသမီးတွေ နဲ့ လွဲအပ်ပြီး နိုင်ငံ အကျိုးတွက် ကျရာနေရာ ကနေ တိုင်းပြည် ကို အမှောင်လမ်း ကနေ အလင်းထဲ တွန်းတင်နေတဲ့သူပါ။

  ငွေကြေး ဥစ္စာကို ရိုးသားစွာ ရှာပြီး ချမ်းသာ လာတဲ့ သူတစ်ဦး ရဲ့ အရေး ၊ အပြော၊ သူ့   လုပ်ရပ်တွေက တကယ့် ကို ပြတ်သား တည်ကြည်လွန်းတယ်။

ယခု  ရွှေတိဂုံ စေတီတော်ကြီး ကိစ္စ မဖြစ်ခင် အေးရှားဝေါလ် က အာဏာပိုင်တွေ နဲ့ လက်ဝါးချင်း ရိုက်ပြီး ကျပ်သန်း ဘီလျံ  ချီမယ့် မြေနေရာ ကို ဆီတိုင်ကီကြီးတွေ ဆောက်ဖို့ ယူထား ရာက သူ့ တာဝန် ယူတဲ့ အချိန် မှ အချိန်မှီလေး ပြန် ရယူပေးခဲ့တယ်။

သူနေ့ ရာမှာ တခြားသူ တစ်ယောက်သာ ဆို ကုမ္ပဏီတွေက ဆွယ်တဲ့ လက်သိပ်ထိုး လဘ်ငွေကို ကိုယ်ကျိုး တွက်ပဲ ယူပြီး မသိချင်ယောင်ဆောင်နေကြ မှာကျိန်းသေ တယ်။ ခုလို အေးရှားဝေါလ် တို့ ရွှေတိဂုံစေတီတော် ကြီး တို့ လို ကျနော် တို့  မသိတဲ့ တစ်တိုင်းပြည်လုံး က လုပ်ကွက်တွေကို အာဏာရှင်တွေ နဲ့ ပေါင်းပြီး ခရိုနီ တစ်စု ဘယ်လောက်တောင် တိုင်းပြည် ဘဏ္ဍာ အဆီအနှစ်တွေ စားမြိုထားပြီးပြီလဲ။

Wednesday, March 4, 2015

ကိုကာကိုလာ အချိုရည် နဲ့ ရေချိုး ခဲ့သူ


ဂျပန်နိုင်ငံသား တစ်ဦး ဟာ ကိုကာကိုလာတွေ နဲ့ ရေချိုးမှု ပြုလုပ်ခဲ့ပြီး ဒီဖြစ်ရပ် ကို ဗီဒီယို မှတ်တမ်း တင်ပြီး  YouTube မှာ တင်ခဲ့ရာ စိတ်ဝင် တစား ကြည့်ရှုခဲ့ကြ တယ် လို့ သိရပါတယ်။ ဒေးလီးမေးလ် သတင်းစာ ရဲ့ ဖော်ပြ ချက်အရ  ကိုကာကိုလာ နဲ့ ရေချိုးမှု ကို ကြည့်ရှုတဲ့ အရေအတွက် က (၆) သန်းကျော် အထိ ရှိခဲ့ပါ တယ်။

 နောက်ပြောင်ပြောင် လုပ်တတ် တဲ့ ဂျပန်နိုင်ငံသား ဟာ ဇီးရိုး ကိုကာကိုလာတွေ ကို ရေချိုးကန် ထဲ ဖောက် ထည့် လိုက် ပါတယ်။ ဇီးရိုး ကိုကာကိုလာ တွေဟာ ရေချိုးကန် ထဲ အပြည့် ထည့်ရ တာကြောင့် ဘူးအများ အပြား အသုံးပြုခဲ့ရ ပါတယ်။ 

ကိုကာကိုလာတွေ ဟာ ရေချိုးကန် ထဲ ရောက် သွားချိန်မှာ အမြှုပ်တွေ ဆူတက် လာခဲ့ ပါတယ်။ ဒီနောက် ဂျပန်နိုင်ငံသား ဟာ ပူရှိန်းတွေ ကို ရေချိုးကန် ထဲမှာ ထပ်ထည့် ခဲ့ ပါတယ်။ ကိုကာကိုလာ နဲ့ ပူရှိန်းတွေ ဓာတ်ပြု လာပြီး အမြှုပ်တွေ မတရားထွက် လာခဲ့ ပါတယ်။ 

Thursday, February 19, 2015

ကမ္ဘာကျော်ပျောက်ဆုံးမှု များနှင့် ဘုရားရှင် လက်ထက် က ပျောက်ဆုံးမှု များ

"•
     ကမ္ဘာကျော်ပျောက်ဆုံးမှုများနှင့် 
ဘုရားရှင်လက်ထပ်က ပျောက်ဆုံးမှုများ
~*~*~*~~*~*~*~*~*~*~*~

အမေရိကန်နိုင်ငံမှာ ၁၉၄၅ ခုနှစ်က ဖလော်ရီဒါ လေတပ်စခန်းမှာ လေ့ကျင့်ခန်းဆင်းနေတဲ့ ဗုံးကြဲလေယာဉ် စုစုပေါင်း အစင်း - ၂၀ ခန့် ပျောပ်ဆုံးသွားတယ်။ စုံစမ်းဖို့ လေယာဉ် - ၅ စင်း ထပ်လွတ်လိုက်တယ်။ ၅ - မိနစ်အတွင်း ထပ်ပျောက်သွားကြတယ်။ ယနေအချိန်ထိ ပေါ်မလာခဲ့ကြပေ။

၁၉၇၀ ခုနှစ်က သံမဏိတန်ချိန် - ၂ သောင်းကျော်တင်လာတဲ့ သင်္ဘောတစ်စင်း သမုဒ္ဒရာထဲမှာ ပျောက်ဆုံးခဲ့တယ်။ 

အီတလီနိုင်ငံ ဘိုလော့နာမြို့မှာ ရထားတစင်းဟာ လူ - ၁၃၇ ယောက်တင်ပြီး ၁၅ - မိနစ်သာ ဖြတ်သန်းသွားရတဲ့ လှိုဏ်ခေါင်းထဲဝင်သွားတာ ပျောက်ဆုံးသွားပြီး ၄၂ - နှစ်ကြာမှ ပြန်ပေါ်လာခဲ့တယ်။ ရထားပေါ်က ပါသွားသူတွေဟာ အသက်ကြီးမသွားပဲ ရထားပေါ် လိုက်ပါသွားတဲ့အချိန်ကအရွယ်ပဲ၊ သူတို့ကိုမေးတော့လည်း ဘာမှ မေးလို့မရဘူး။ သိပ္ပံပညာရှင်တွေက time wamp တဲ့ မအို၊ မနာ၊ မသေ၊ အချိန်မဲ့သော နေရာတဲ့။

၁၉၅၅ ခုနှစ်က အမေရိကန် ဖလော်ရီဒါက ခရီးသည်လေယာဉ်တစ်စင်းဟာ ပျံတက်ပြီး ပျောက်ဆုံးသွားခဲ့ကာ၊ ၁၉၉၀ခုနှစ်မှာ ဗင်နီဇွဲလား နိုင်ငံမှာ ပြန်ပေါ်လာခဲ့တယ်။ သူလည်း ၃၅ - နှစ်ကြာ ပျောက်ဆုံးသွားခဲ့တယ်။ သိပ္ပံပညာရှင်တွေက ခရီးသည်တွေရဲ့ ဒီအန်အေကို စစ်ကြည့်တော့ မအိုကြောင်း အတည်ပြု ထောက်ခံပေးခဲ့တယ်။ သူတို့ကိုမေးတော့ သူတို့ ဘာမှ မသိပါဘူးတဲ့။ 

ဒုတိယကမ္ဘာစစ်တုန်းက မြန်မာနိုင်ငံ ရခိုင် ရိုးမတောကြီးထဲမှာ မဟာမိတ်တပ်ကြီး တစ်တပ်လုံး ပျောက်သွားခဲ့တယ်။ အင်္ဂလိပ်ဝန်ကြီးချုပ် ချာချီကိုယ်တိုင် ကမ္ဘာ့စစ်ရေးမှာ မကြုံဘူးသော ထူးဆန်းသည့် အကြောင်းအရာတခုဟု မှတ်ချက်ပြုပေးခဲ့တယ်။ သူတို့လည်း ခုချိန်ထိ ပေါ်မလာကြသေးဘူး။

ဘုရားရှင်လက်ထပ်က ပျောက်ဆုံးမှုများ

ဘုရားရှင်မပွင့်မီ နှစ်ပေါင်း - ၇၀၀ အလိုက ပြိတ္တာတစ်ဦးဟာ လူယောင်ဖန်ဆင်းပြီး၊ သူ့ ရဲ့မယားဟောင်းကို ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားတွေပေးကာ မိဘတွေဆီက တောင်ယူပြီး ခေါ်သွားခဲ့တယ်။ ၇ - နှစ်လောက်ကြာတော့ မယားက ပြန်ချင်တယ်ပြောတော့ ပြိတ္တာက ပြန်ဖို့ မဖြစ်နိုင်ကြောင်း၊ လူ့အသက်နဲ့ဆို နှစ်ပေါင်း - ၇၀၀ ကြာမြင့်သွားပြီဖြစ်ကြောင်း ပြောပြတော့၊ မယုံကြည်တဲ့အတွက် အတင်းပြန်ပို့ခိုင်တယ်။ ပြိတ္တာလည်း ပြန်ပို့ တဲ့အခါမှာ သူနေခဲ့တဲ့နေရာတွေဟာ မမှတ်မိတော့ပဲ ဘုရားရှင်ပွင့်ထွန်းတဲ့ အချိန်ဖြစ်နေတော့ အမျိုးသမီးလည်း ဘုရားရှင်ကို လျှောက်ထားတော့ ထွက်သွားချိန်ဟာ နှစ်ပေါင်း - ၇၀၀ ကြာသွားတာ ဟုတ်မှန်ကြောင်းဖြေကြားပြီး၊  ပြိတ္တာဘုံနဲ့ လူဘုံရဲ့ အချိန်ကွာခြားမှုကြောင့်ဆိုတာကို ဟောကြားတော်မှုခဲ့တယ်။ အမျိုးသမီးလည်း ကြောက်လန့် တုန်လှုပ်ပြီ မိမိဝတ်ဆင်ထားသော လက်ဝတ်ရတနားများကို ရောင်းချကာ ဘုရားရှင်အား ကျောင်းဆောက်လှူတန်းလိုက်တယ်။ သေလွန်တော့ အထက်နတ်ပြည်ကို ရောက်သွားခဲ့တယ်။ 

နောက်တစ်ခုကတော့ ဗာရာဏသီမင်းကြီးသည် ပြိတ္တာမတွေ ဖျားယောင်းပြီး ရေထဲမျောလိုက်တဲ့ သရက်သီးကိုလိုချင်လို့ လိုက်သွားခဲ့ရာမှ ပြိတ္တာမတွေနဲ့ ပေါင်းသင်းနေထိုင်လိုက်တာ နှစ်ပေါင်း - ၁၅၀ ကြာသွားခဲ့တယ်။ 

နောက်တခါ ကုန်သည်တစ်ရောက်ဟာ အခြားကုန်သည်တွေနဲ့ ကုန်ကူးသွားတုန်း မယားက ပြိတ္တာအာနုဘော်နဲ့ လှေကိုတားထားပြီး မဲနှိုက်တဲ့အခါမှာ သုံးခါစလုံး သူချည်းကျတဲ့အတွက် ရေထဲကိုပစ်ချခံခဲ့ရတယ်။ ရေထဲသို့မကျမီမှာ ပြိတ္တာက ခေါ်ယူသွားပြီး ပေါင်းသင်းနေထိုင်လိုက်တာ နှစ်ပေါင်း - ၅၀ ကျော် ကြာသွားခဲ့တယ်။ မြန်မာပြည်က ဦးရှင်ကြီးဝတ္တူကလည်း အဲဒီသဘောမျိုးပါပဲ။ 

တကယ်တော့ ကမ္ဘာက အဖြေမထုပ်နိုင်ဘူးဆိုတာဟာ ဗုဒ္ဓဘာသာဝင် မဟုတ်တာလည်း တစ်ကြောင်း၊ နောက်တခါ ဖြစ်တဲ့အကြောင်းအရာဟာ ဘုရားရှင်တို့မှသာလျှင် ဖြေရှင်းနိုင်တဲ့ အရာဖြစ်လို့ အဖြေမထုတ်နိုင်ကြတာပါ။ 

ဘုရားရှင်က ကိစ္စတစ်ခုကို ယုံကြည်ဖို့ရန် အကြောင်း သုံးချက်နဲ့ ညှိရမယ်တဲ့။ ထိုအချက် သုံးချက်ကတော့ -

၁။ မျက်မြင်ကိုယ်တွေ့အားဖြင့်၎င်း၊
၂။ ဝေဖန်ဆင်ခြင်ဉာဏ်အားဖြင့်၎င်း၊
၃။ဘုရားရှင်တို့၏ ဟောပြောမှုကြောင့်၎င်း၊
   ယုံကြည်ရမယ်တဲ့။

ဒီဖြစ်စဉ်တွေက သက်သေပြချက်မရှိဘူး။ စဉ်းစားဝေဖန်လို့လဲ မရဘူး။ ဘုရားရှင်တို့၏ ဉာဏ်တော်အရာသာ ဖြစ်တဲ့အတွက်ကြောင့်မို့ အဖြေမရှိကြတာပါ။

ဒါ့ကြောင့်လည်း အိုင်းစတိုင်းက ပြောခဲ့တာပေါ့။ သိပ္ပံပညာရှင်တွေ မဖြေရှင်းနိုင်တဲ့အရာကို ဗုဒ္ဓဘာသာက ဖြေရှင်းပေးလိမ့်မယ် တဲ့။ တကယ်တော့ ဘုရားရှင်ရဲ့ ဂုဏ်တော်ကိုးပါးထဲက ‘လောကဝိဒူ’ဆိုတဲ့ ဂုဏ်တော်ဟာ လောကအကြောင်း အကုန်သိတယ်လို့ ပြောတာပါ။ ဗုဒ္ဓဘာသာဝင်များလည်း မိမိတို့ဘာသာ၏ တန်ဘိုးကို နားလည်နိုင်ကြပါစေခင်ဗျာ . . .

ရှဲပေးကြပါဦးဗျာ။ လိုက်လိုချင်လို့ မဟုတ်ပါဘူး။ လူတွေကို ပိုသိစေချင်လို့ပါ။

ကောင်းသန့် စာပေ's fb wall"

အမေရိကန်နိုင်ငံ မှာ ၁၉၄၅ ခုနှစ်က ဖလော်ရီဒါ လေတပ် စခန်းမှာ လေ့ကျင့်ခန်း ဆင်းနေတဲ့ ဗုံးကြဲလေ ယာဉ် စုစုပေါင်း အစင်း - ၂၀ ခန့် ပျောက် ဆုံးသွားတယ်။ စုံစမ်းဖို့ လေယာဉ် - ၅ စင်း ထပ်လွတ် လိုက်တယ်။ ၅ - မိနစ်အတွင်း ထပ်ပျောက်သွားကြတယ်။ ယနေ့ အချိန်ထိ ပေါ်မလာခဲ့ကြပေ။

၁၉၇၀ ခုနှစ်က သံမဏိ တန်ချိန် - ၂ သောင်းကျော် တင်လာတဲ့ သင်္ဘောတစ်စင်း သမုဒ္ဒရာ ထဲမှာ ပျောက်ဆုံး ခဲ့တယ်။ အီတလီနိုင်ငံ ဘိုလော့နာမြို့မှာ ရထား တစ်စင်း ဟာ လူ - ၁၃၇ ယောက် တင်ပြီး ၁၅ - မိနစ် သာ ဖြတ် သန်းသွား ရတဲ့ လှိုဏ်ခေါင်းထဲ ဝင်သွားတာ ပျောက်ဆုံး သွားပြီး ၄၂ - နှစ်ကြာ မှ ပြန်ပေါ်လာ ခဲ့တယ်။ 

ရထားပေါ် က ပါသွားသူတွေ ဟာ အသက်ကြီး မသွားပဲ ရထားပေါ် လိုက်ပါသွားတဲ့ အချိန်က အရွယ်ပဲ၊ သူတို့ ကိုမေးတော့လည်း ဘာမှ မေးလို့ မရဘူး။ သိပ္ပံပညာရှင်တွေက time wamp တဲ့ မအို၊ မနာ၊ မသေ၊ အချိန် မဲ့သော နေ ရာတဲ့။


၁၉၅၅ ခုနှစ်က အမေရိကန် ဖလော်ရီဒါ က ခရီးသည်လေယာဉ် တစ်စင်း ဟာ ပျံတက်ပြီး ပျောက်ဆုံး သွားခဲ့ ကာ၊ ၁၉၉၀ခုနှစ်မှာ ဗင်နီဇွဲလား နိုင်ငံမှာ ပြန်ပေါ်လာခဲ့တယ်။ သူလည်း ၃၅ - နှစ်ကြာ ပျောက်ဆုံးသွား ခဲ့တယ်။ 

Thursday, February 5, 2015

ဆိပ်ဖူးတောင် မှ ဖြစ်၇ပ်ဆန်းများ { ၁ }

Image and video hosting by TinyPic

စာရေးသူ၏ “ဘိုးမင်းခေါင်နှင့်ဘုန်းကြီးလူထွက်” “ဘိုးတော် အောင်မင်းခေါင်နှင့် စကားပြော ခဲ့ရ သူ”ဆောင်းပါး များတွင် ဆိပ်ဖူးတောင်နှင့် ပတ်သက်သော အကြောင်းအရာ အနည်းငယ် ကိုဖော်ပြခဲ့ ဘူးပေပြီ။ 

ယခုမူ ဆိပ်ဖူးတောင် တွင် ကြုံတွေ့ ခဲ့ရသော တကယ့်ဖြစ်ရပ် အချို့ ကိုပြန်လည်ရေးသား တင် ပြမည်ဖြစ်ပါ သည်။ 

စန္ဒာဝင်း စာပေတိုက် သည် ပြည်သူ့ကောင်စီ လက်ထက် ကတည်းက ၀တ္ထု  စာအုပ်ပေါင်း များစွာ ကို ထုတ်ဝေသော စာအုပ်တိုက်ဖြစ်ပါသည်။ ပြား ၆၀တန်ခေတ် မှ သည် မဆလခေတ် အထိ သက်တမ်း ကြာ ရှည်သော အစဉ် အလာ ရှိသည့် စာအုပ်တိုက် ပင်ဖြစ်သည်။

စာအုပ်တိုက် ကို ထူထောင် သူမှာ ဆရာ ကြီး ဦးဘိုးကြွယ် ပင်ဖြစ်၏။ဆရာကြီး ဟုခေါ်နေကြသည် မှာ ဆရာကြီး က ကျောင်းအုပ် ဆရာကြီးဟောင်း တယောက်ဖြစ်သောကြောင့်ပင် ။ ထို စာအုပ်တိုက် မှ ပင်တိုင် စာရေးဆရာ များမှာ တက္ကသိုလ် ယဉ်ယဉ်လဲ့ မောင်သက်အောင်နှင့်မောင်သာပြည့် တို့ပင်ဖြစ်ပေသည်။

Friday, January 16, 2015

တွားသွား သတ္တ၀ါ တစ်ကောင် အမှတ် နဲ့ မိခင်ကို ခေါင်းဖြတ် ခဲ့သူ


အမျိုးသား တစ်ဦး က သူ့ မိခင်ဖြစ်သူ ကို တွားသွား သတ္တဝါ တစ်ကောင်လို့ မှတ်ယူ ထား တာကြောင့် ခေါင်းဖြတ် ခဲ့ကြောင်း တရားသူကြီးမှ သိရပါတယ်။

James Dunleavy ဆိုသူက သူမိခင် Philomena ကို ခေါင်းဖြတ် သတ်ပြီး မြေတိမ် တိမ်လေးမြုပ်ကာ ပစ်သွား ခဲ့ပါတယ်။

အသက် ၆၆ နှစ် ရှိပြီဖြစ် တဲ့ သူ့ မိခင် ရဲ့ လက် နဲ့ ခြေထောက်တွေ ကို ခုတ်ဖြတ် ခဲ့ကြောင်း ဂျူရီလူကြီး အဖွဲ့ သိရှိတဲ့ အခါ Dunleavy အသက် ၄၁ နှစ် ကို ထောင်ဒဏ် (၉) နှစ်ချမှတ် ခဲ့ပါတယ်။

Dunleavy ဟာ မိခင်ဖြစ် သူ လူ စစ်စစ် ဟုတ် မဟုတ် ခန္ဓာကိုယ် အတွင်းပိုင်း ကို ကြည့်ချင်မြင်ချင် တဲ့ စိတ် ကြမ်း စိတ်ရိုင်း ဝင်နေသော စိတ္တဇဝေဒနာရှင် တစ်ဦးဖြစ်ကြောင်း တရားရုံးက သိရှိခဲ့ပါတယ်။


Sunday, January 11, 2015

ဘီလ်ဂိတ်သောက်နေသော လူ့မစင် က ထုတ်လုပ် ထားတဲ့ရေသန့်



မိုက်ခရိုဆော့အား ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်(ဓာတ်ပုံ - google)
 
 ဘီလျံနာ တစ်ဦးလည်းဖြစ်၊ စည်းရုံးလှုံ့ဆော်သူ တစ်ဦးလည်းဖြစ်သူ ဘီလ်ဂိတ် တစ်ယောက် သူဟာ လူ့မစင် ကနေရေသန့် အဖြစ် ပြောင်းလဲ ထားတဲ့ရေ ကိုသောက်သုံးနေတာပါ လို့ ပြောပြီးသူ့ရဲ့ စည်းရုံး လှုံ့ဆော်မှုတစ်ခုကိုစတင်ခဲ့ပါတယ်။
 


“ကျွန်တော်သောက်နေတဲ့ရေတွေ ဟာ ရေသန့်ဗူး ထဲက လာတဲ့ရေတွေ အတိုင်း သောက်လို့ကောင်း ပါ တယ်”လို့ သူ့ရဲ့ ဘလော့ခ် မှာရေးသားဖော်ပြ ခဲ့ပါတယ်။ “ ဒီရေကို ထုတ်လုပ်တဲ့ နောက်ကွယ်က စက်မှု ပညာကိုလည်း လေ့လာခဲ့ပြီးပါပြီ၊ 

 ကျွန်တော် ကတော့ ဒီရေ ကို နေ့တိုင်းပျော်ပျော် ရွှင်ရွှင် သောက် သုံးဖြစ်တော့ မှာပါ၊ ဘာ ဘေးဥပါဒ်မှ မရှိပါ ဘူး”လို့လည်း ဆက်လက် ရေးသားထား ပါသေးတယ်။
 

မိုက်ခရိုဆော့ အား ပူးတွဲ တည်ထောင်သူ ဘီလ်ဂိတ် ဟာ သန်းနှင့် ချီသောလူများ အတွက် သန့်ရှင်းသော သောက် သုံးရေ ရရှိဖို့ရန် ကာလကြာရှည်စွာ ကြိုးပမ်း ခဲ့ပြီးနောက် အခု တီထွင်ဆန်း သစ်ခြင်း ကတော့ အဲဒီပြသနာ ကို ဖြေရှင်းလိုက်နိုင် တဲ့ အဓိကသော့ချက်ပဲ ဖြစ်ပါတယ်။
 

Friday, January 2, 2015

ဘာမျူဒါ တြိဂံ နှင့် ကမ္ဘာ့ရေ သင်္ချိုင်းကြီး များ

ဘာမျူဒါတြိဂံ နှင့် ကမ္ဘာ့ရေသင်္ချိုင်းကြီးများ
------------------------------------------------

ဘာမျူဒါတြိဂံဒေသသည် ကမ္ဘာ့ရေသင်္ချိုင်းများအနက် ကြောက်မက်ဖွယ် အကောင်းဆုံးဖြစ်ရုံမျှမက လျို့ဝှက်ဆန်းကြယ်၍ အသိရခက်လှသော ရေပြင်ကြီးလည်း ဖြစ်သည်။ ယင်းဒေသတွင် ရေပြင်၌ သာသင်္ဘောနှင့်လူတို့ ပျောက်ကြရသည် မဟုတ်၊ ထိုရေပြင်အထက်မှ ကောင်းကင်ပြင်တွင် ဖြတ်ကျော်ပျံသန်း သွားသော လေယာဉ်များပင် ထူးဆန်းစွာ ပျောက်ခဲ့ကြရသည်။ ထို့ကြောင့် ဗာမျူဒါတြိဂံ ဒေသကို မရဏလမ်းဆုံဟူ၍ တင်စားကြသည်။

ဘာမျူဒါတြိဂံဟူသော ပထဝီဝင်ဝေါဟာရကို ပထဝီဝင် သုသေသီတစ်ဦးဖြစ်သည့် ဗင်ဆင့် အိတ်ခ်ျဂါဒစ် ဆိုသူ က ၁၉၆၄ ခုနှစ်တွင် သူ၏ဆောင်းပါးတစ်ပုဒ်၌ အမှတ်မထင် သုံးစွဲလိုက်ရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုတြိဂံဒေသသည် အမေရိကန်ပြည် ဖလော်ရစ်ဒါ ကမ်းခြေမှ ပွာတိုရီကိုသို့ မျဉ်းကြောင်းဆွဲ၍ ယင်းမှ မြောက်ဘက်ရှိ ဘာမျူဒါကျွန်းသို့ဆက်လက်၍ ဆွဲသွားပြီးထိုမှတစ်ဖန် မူလ ဖလော်ရစ်ဒါ ကမ်းခြေသို့ပြန်ဆွဲ သည့် စိတ်ကူးထဲမှတြိဂံ တစ်ခုသာဖြစ်သည်။

ယင်းဖိုခနောက်သုံးပွင့်ဆိုင်အတွင်း သက်ဆင်းမိသော ရေယာဉ်၊ လေယာဉ်ဟူသမျှ မည်သည့် သတင်းမျှ နောက်ထပ်မကြားသိရတော့ဘဲ စုပ်စမြုပ်စ ပျောက်ကွယ်ရသည်ချည်း ဖြစ်နေသည်မှာ ယခုကဲ့သို့ သိပ္ပံပညာထွန်းကားမှု အားကောင်းနေသော ခေတ်ကြီးတွင် ခေါင်းရှုပ်စရာပြဿနာတစ်ရပ်ဖြစ်နေလေသည်။
ပင်လယ်တွင်း၌ သင်္ဘောပျက်သည်ဆိုလျှင် သာမန်အားဖြင့် သင်္ဘောပေါ်မှ ဖိတ်အန်ကျလာသော ဆီကွက်ကြီးများသည် ရေပြင်တစ်ကြော၌ မိုင်ပေါင်းများစွာအထိ ပျံ့နှံ့နေတတ်သည်။ သင်္ဘောပေါ်ရှိအသုံးအဆောင် ပစ္စည်းတို့သည်လည်း ရေပေါ်တွင် ပေါလောမျောနေနိုင်ကြသည်။ နောက်ဆုံးတွင် လူသေလောင်း များပင်ရေစီး အတိုင်း ပါလာနိုင်ကြသည်။

ဘာမျူဒါတြိဂံဒေသ အတွင်း၌ ပျောက်သွားသော သင်္ဘောများကမူ သဲလွန်စဟူ၍ ဘာမျှမတွေ့ရတော့ချေ။ အလွန့်အလွန်ကံကြီး လွန်းသူများသာလျှင် မိမိတို့၏ သဲထိတ်ရင်ဖို အတွေ့အကြုံကို ပြန်လည်ပြောနိုင်ခဲ့ကြ သည်။ ထိုသူတို့၏ ပြောပြချက်များအရ ထိုဒေသတွင် ဖြတ် သန်းမိသော လေယာဉ်များသည် ကောင်းကင်၌ နိမ့်ချည် မြင့်ချည်နှင့် လှိုင်းပေါ်မှ လှေကဲ့သို့ ခံစားကြရသည်ဟု သိရ၏။ လေယာဉ်မှူးတို့သည်လည်း ရှေ့တူရူ ဆီတွင်ဘာကိုမျှမမြင်ရဘဲ ပတ်ဝန်းကျင် မြင်ကွင်းအားလုံးပျောက်ကွယ်၍ နေကြသည်။

မိမိတို့လေယာဉ်မည်သည့် ဒေသရောက်နေသည်ကို မသိနိုင်ကြတော့ဟု ဆိုလေသည်။ လေယာဉ်စက်ခန်းထဲရှိ စက်ခလုတ် ခုံပေါ် တွင်ကိရိယာအားလုံး ရပ်ဆိုင်းနေသည်ကိုသာ တွေ့ရတတ်ကြ သည်။ ယင်းသည် ဘာမျူဒါတြိဂံဒေသတွင် အချိန် နှင့် နေရာတို့ ပျောက်နေခြင်း သဘောပင်ဖြစ်လေသည်။ ထိုမျှမက ရေဒီယို အဆက်အသွယ်လည်း လုံးဝပျောက်ကွယ်သွားကာ အသံတိတ် ကမ္ဘာလေးတစ်ခုအဖြစ် ဖန်တီးဖြစ်ပေါ်လာတတ်လေ့ရှိသည်။

ဘာမျူဒါတြိဂံကဲ့သို့ အုတ်အော် သောင်းနင်းမဖြစ်သော်လည်း အလားတူ ကြောက်မက်ဖွယ် ကောင်း သော ရေသင်္ချိုင်းကြီး တစ်ခုလည်း ရှိပေသေးသည်။ ယင်းမှာ ပစိဖိတ်သမုဒ္ဒရာတွင်းမှ ဗိုနင်ကျွန်းစု၏ အရှေ့ ဘက်တွင်ရှိ သည်။ ဂျပန်ပြည်မှဆိုလျှင် တောင်ဘက်ကျသည်။ ထို့ကြောင့် ယင်းရေသင်္ချိုင်းထဲတွင် ဂျပန်ငါးဖမ်း သင်္ဘောများ အများဆုံး ပျောက်ဆုံးခဲ့ကြရသည်။

ဒုတိယကမ္ဘာစစ်ပြီးဆုံးသောအခါ အမေရိကန် လေတပ် အခြေစိုက်စခန်း ထားရှိရာ ဂူအမ်ကျွန်း နှင့် ဂျပန်ပြည်တို့အကြား ကူးလူးပျံသန်းကြသော အမေရိကန် စစ်လေ ယာဉ်တို့ပါ ထပ်မံပျောက်ဆုံးကြရပြန်သည်။

သိပ္ပံပညာဖြင့် ဖြေရှင်း၍ မရသေးသော ကိစ္စရပ်များ လေ့လာရေး အသင်းကြီးကို တည် ထောင်ခဲ့သော အိုင်ဗန်တီဆင်ဒါ့ဆန် ဆိုသူ သုတေသီ၏အလိုအရ ကမ္ဘာ့သမုဒ္ဒရာခုနစ်စင်းတို့တွင် အန္တရာယ်ကြီးသော ရေသင်္ချိုင်း ကြီးပေါင်း ၁၂ ခုရှိသည်ဟု သိရသည်။ ထိုစာရင်းမှ အထက် ပါ ရေသင်္ချိုင်းကြီး နှစ်ခု ကိုနုတ်လိုက်သော် ဆယ်ခုကျန် သည်။ ယင်းတို့သည် ကမ္ဘာ့မြောက်ဘက်ခြမ်း၌ငါးခု၊ တောင် ဘက်ခြမ်း၌ငါးခု စီရှိကြသည်။ မြောက်ဘက်မှ ရေသင်္ချိုင်းကြီး များသည် လောင်ဂျီတွဒ် ၇၂ ဒီဂရီခန့်တွင် ဗဟိုပြုလျက် ရှိသည်။

အချို့သော သိပ္ပံပညာရှင်တို့ကမူ ထိုရေသင်္ချိုင်းများရှိရာ ဒေသတစ်ဝိုက်၌ သံလိုက်ဆွဲအားများ ပြင်း ထန်စွာကျရောက် နေလိမ့်မည်ဟု ထင်မြင်ကြသည်။ အချို့ကလည်း အာကာသ ထဲမှ ကော့စမစ်ရောင်ခြည်တို့က စုပ်ယူလိုက်သဖြင့် အငွေ့ဖြစ် ပြီး ပျောက်ကွယ်သွားခြင်းဖြစ်သည်ဟု ယူဆကြသည်။
အမှန်ဆိုသော် အာကာသထဲမှ ကျလာသော ဓာတ်မှုန် တို့ကား မျိုးမည်မခွဲခြား နိုင်လောက်အောင်ပင် များပြားရှုပ်ထွေး ကြပါပေ၏။ ထိုဓာတ်မှုန်တို့သည် အချိန်နှင့်အမျှ လူတို့နေရာ ဤကမ္ဘာကို ထိမှန်ကျရောက် လျက်ရှိသည်။ ယင်းတို့အနက် အချို့မှာ အလွန်ထူးခြားဆန်းကြယ်သော ဂုဏ်သတ္တိရှိကြလေသည်။

နျူထရီနိုခေါ် ဓာတ်မှုန်သည် ယင်းဓာတ်မှုန်ကျရောက်ရာ နယ်ပယ်တွင် မြေဆွဲအားမရှိဘဲပျောက်နေ တတ်သည်။ လျှပ်စစ် ဓာတ် အဖိုအမတို့လည်းမရှိပေ။ ဒြဗ်ကိုလည်း အကောင်အထည် ပျောက်သွားစေနိုင်သည်။ အချုပ်အားဖြင့် ရူပဗေဒ ဂုဏ်သတ္တိ အားလုံးပင် ယင်းနျူထရီနိုစက်ကွင်း နယ်ပယ်တွင် ပျောက်ကွယ်နေနိုင်ပေသည်။ ဘာမျူဒါတြိဂံရေပြင်တစ်ဝိုက်၌ နျူထရီနိုစက်ဝန်း ဖြစ်ပေါ်နိုင်သလောဟု အချို့သိပ္ပံပညာရှင်တို့က ယူဆကြသည်။

Ref: Bermuda Triangle

Credit to ကမ္ဘာ့အံ့ဖွယ်နေရာများ
ဘာမျူဒါ တြိဂံဒေသ သည် ကမ္ဘာ့ရေ သင်္ချိုင်းများ အနက် ကြောက်မက်ဖွယ် အကောင်းဆုံးဖြစ်ရုံ မျှမက လျို့ဝှက် ဆန်းကြယ် ၍ အသိရခက် လှသော ရေပြင်ကြီး လည်း ဖြစ်သည်။ 

ယင်းဒေသ တွင် ရေပြင် ၌ သာသင်္ဘောနှင့် လူ တို့ ပျောက်ကြရသည် မဟုတ်၊ ထိုရေပြင် အထက် မှ ကောင်း ကင်ပြင် တွင် ဖြတ်ကျော် ပျံသန်း သွားသော လေယာဉ် များပင် ထူးဆန်း စွာ ပျောက်ခဲ့ကြရသည်။ ထို့ကြောင့် ဗာမျူဒါတြိဂံ ဒေသ ကို မရဏလမ်းဆုံ ဟူ၍ တင်စားကြသည်။

ဘာမျူဒါ တြိဂံ ဟူသော ပထဝီဝင်ဝေါဟာရ ကို ပထဝီဝင် သုသေသီ တစ်ဦးဖြစ်သည့် ဗင်ဆင့် အိတ်ခ်ျဂါဒစ် ဆိုသူ က ၁၉၆၄ ခုနှစ်တွင် သူ၏ဆောင်းပါးတစ်ပုဒ် ၌ အမှတ်မထင် သုံးစွဲလိုက်ရာ မှ ပေါ်ပေါက် လာခြင်းဖြစ် သည်။ 

Friday, December 26, 2014

သေရွာ က ပြန်လာ တဲ့ အဘိုးအို



အိနိ္ဒယနိုင်ငံ၊ အနောက်မြောက်ပိုင်း၊ ရာဂျာစတန် ပြည်နယ်၊ ဘီဝါဒါမြို့မှာ နေထိုင်တဲ့ အဘိုးအို တစ်ဦး ကို သေ ဆုံး သွားပြီ လို့ ဆွေမျိုး သားချင်း တွေက ထင်မှတ်ခဲ့ပြီး မီးသဂြိုဟ် ဖို့ ပြုလုပ် နေစဉ် မှာ ပြန် လည် နိုး ထ လာ လို့ အားလုံး တုန်လှုပ်ခဲ့ကြ ပါတယ်။

 အသက် (၇၂)နှစ် ရှိနေပြီး ဖြစ် တဲ့ ဆင်းဟာ နေအိမ် မှာ နွားတွေ ကို အစာကျွေးပြီးတဲ့ နောက် ရုတ်တရက် လဲကျ သွားခဲ့ ပါတယ်။ ဒီနောက် နှလုံးခုန်သံ လည်း မကြားရတော့ တာမို့ အိမ်သူ အိမ်သား တွေက သေဆုံး ခဲ့ပြီးလို့ ထင်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

 ဒေသတွင်းမှာ ရှိတဲ့ ဆရာဝန် ကို လည်း ခေါ်ပြ ခဲ့ ရာမှာ သေဆုံး သွား ပြီ လို့ အတည်ပြုခဲ့ ပါတယ်။ ဆွေ မျိုး သားချင်းတွေ နဲ့ အိမ်နီးချင်းတွေ ဟာ မီးသဂြိုဟ် ဖို့ စီစဉ်ခဲ့ကြ ပါတယ်။