♦ နေထွက်နေ၀င် ကိုးဂုဏ်ရှင် နေ့စဉ် ရှိခိုးမယ်....၊
အနန္တငါး၊ ဂုဏ်တော်များ၊ ညွတ်တွားကန်တော့မယ်...။
♦ မျက်နှာသစ်လျှင်၊ ရေကိုမြင်၊ မြင်စဉ်မေတ္တာပွားပါ့မယ်၊
သစ်ရင်းသစ်ရင်း၊ လျော့ယိုယွင်း၊ ရုပ်ဆင်းသတိထားပါ့မယ်။
♦ တန်းတူတွေ့ရင် ၊ မေတ္တာဝင်၊ မ၀င်နိုင်က၊ ပြိုင်တတ်တယ်၊
ပြိုင်မဲ့အစား မေတ္တာပွား၊ စိတ်ထားပြုပြင်ပြောင်းပါမယ်။
♦ ကိုယ့်အောက်တွေ့ရင်၊ ကရုဏာဝင် ၊ မ၀င်နိုင်က နိုင်တတ်တယ်၊
နိုင်မဲ့အစား ၊ ကရုဏာပွား ၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ်။
♦ ကိုယ့်ထက်သာရင် မုဒိတာဝင်၊ မ၀င်ဣဿ ယိုင်တတ်တယ်။
ယိုင်မဲ့အစား၊ မုဒိတာပွား၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ်။
♦ ရုပ်ကိုလည်းပြင် စိတ်လည်းပြင် ပြင်ဆင်တိုင်းရ ပြင်တိုင်းလှ၊
သုခ နိဗ္ဗာန်တိုင်လိမ့်မယ်။ သုခ နိဗ္ဗာန်တိုင်လိမ့်မယ်။ "
- ( မစိုးရိမ် ပဋ္ဌာန်းကျောင်းဆရာတော် အရှင်ဝိသုဒ္ဓါဘိဝံသ )
Photo Credit : wikimedia.org
Dhamma Danã Source ►
www.facebook.com/ youngbuddhistassociation.mm
မောင်{စွယ်စုံကျမ်း} မှမျှဝေဖေါ်ပြသည်......

www.facebook.com/
မောင်{စွယ်စုံကျမ်း} မှမျှဝေဖေါ်ပြသည်......
No comments:
Post a Comment