Showing posts with label Stock exchange {မြန်မာ}. Show all posts
Showing posts with label Stock exchange {မြန်မာ}. Show all posts

Sunday, January 10, 2016

ရှယ်ယာဝယ်ဖို့ ဘယ်ကစမလဲ (၄) Stock exchange {သားဝင့်ကျော်}



 
မိမိ ရှယ်ယာ ဝယ်ယူလိုတဲ့ ကုမ္ပဏီကိုအကဲဖြတ်လေ့လာခြင်း ကို ဒီဆောင်းပါး နဲ့ အဆုံးသတ်ကြ ရအောင်စို့။
 
ရှယ်ယာ ဝယ်ဖို့ ဒီလောက်တောင် အကဲဖြတ်ဖို့ လိုသလားကွာ ဆိုပြီးမေးမယ်ဆို မေးလောက်ပါတယ်။
မိမိ ဝယ်ယူ ရင်းနှီးမြှုပ်နှံမယ့် ရှယ်ယာ အမြတ်သေချာဖို့ ဒီလောက်တော့ စိတ်ရှည်ရမှာပေါ့။
 
 
လက်ကျန် ရှင်းတမ်း နဲ့ အရှုံးအမြတ် ရှင်းတမ်းက အချိုးတွေ အပြင် နောက်ထပ်မံလေ့လာ ရမယ့် အချိုးတွေလည်း ရှိပါသေးတယ်။

ပထမ အချိုး က အမြတ်ဝေစု ထုတ်ပေး အချိုး (Pay out ratio) ပါ။
ကုမ္ပဏီတွေ ဟာ သူတို့ရဲ့ အမြတ် ဝင်ငွေ ထဲက တစ်စိတ်တစ်ပိုင်း ကို အမြတ်ဝေစုအဖြစ် ငွေသားနဲ့ထုတ်ပေး တတ်ကြတယ်။ အဲ့ဒီလို ငွေသား နဲ့ထုတ်ပေးလိုက်တဲ့ အမြတ်ဝေစု နဲ့  အသားတင်အမြတ် ထဲက ဦးစား စတော့ရှယ်ယာ အမြတ်ကို နှုတ်ပြီး ကျန်ငွေ နဲ့အချိုး ချတာပါ။

Pay out ratio = (Ordinary shares dividend) / (Net profit - Preferred dividend)

Payout ratio ၁၀% ရှိတဲ့ ကုမ္ပဏီ ဟာ တက်သစ်စ ကုမ္ပဏီဖြစ်နိုင်တယ်။ Pay out ratio ၅၀% အထက် ရှိတဲ့ ကုမ္ပဏီ ကတော့ အောင်မြင်နေတဲ့ ကုမ္ပဏီ လို့ သတ်မှတ်နိုင်တယ်။

ရှယ်ယာဝယ်ဖို့ ဘယ်က စမလဲ (၃) ( Stock exchange) {သားဝင့်ကျော်}





 ဒီတစ်ပတ် လက်ကျန်ရှင်းတမ်း ကျန်တစ်ပိုင်းလေး ဆက်ပြီးဆွေးနွေးကြည့်ရအောင်နော်။
ကုမ္ပဏီ တစ်ခုရဲ့ စုစုပေါင်း ရပိုင်ခွင့်များ (total assets)နဲ့ စုစုပေါင်း ပေးရန် တာဝန်(Total Liabilities) တို့ရဲ့ခြားနားချက် ဟာ အစုရှယ်ယာရှင်များ ရဲ့ ပိုင်ဆိုင်ခွင့်(Shareholder's equity) ဖြစ်ပါတယ်။

အစုရှယ်ယာရှင်များ ၏ ပိုင်ဆိုင်ခွင့်(Shareholder's equity)

 ၁) ဦးစား စတော့ ရှယ်ယာ(Preferred stock share)
၂) သာမန် (သို့မဟုတ်) ဘုံစတော့ ရှယ်ယာ (Ordinary or Common stock shares)
၃) ပြန်သွင်း ရင်းနှီးငွေ (Paid in capital )
၎) ခွဲဝေပြီး အမြတ် လက်ကျန်(retained profit)
ဆိုပြီးလေးမျိုး ပါဝင်ပါတယ်။

စုစုပေါင်း ရင်းနှီးမြှုပ်နှံခြင်း (Total capitalization) ဆိုရင်တော့
အစုရှယ်ယာရှင်များ ပိုင်ဆိုင်မှု့(Shareholder's equity) နဲ့ နှစ်ရှည်ပေးရန် တာဝန် (Non-current Liabilities) ပေါင်းပါတယ်။

အဲ့ဒီ ကနေ အချိုး ၃ ခု တွက်နိုင်ပါတယ်။
ပထမ - ငွေချေး စာချုပ် အချိုး (Bond ratio) ငွေချေး စာချုပ် တန်ဖိုး ကို စုစုပေါင်း ရင်းနှီးမြှုပ်နှံခြင်း (Total capitalization) နဲ့စားတာ။
Bond ratio = (Bonds÷Total capitalization)×100

ရှယ်ယာဝယ်ဖို့ ဘယ်ကစမလဲ (၂) - Stock exchange {သားဝင့်ကျော်}



 
 
ပြီးခဲ့တဲ့ ဆောင်းပါးစဉ် မှာ အစုရှယ်ယာ ဝယ်ယူလိုတဲ့ ကုမ္ပဏီ အကြောင်းကို ရှင်းပြရင်း စာရင်းကိုင် အယူ အဆတွေကို အကြမ်းဖျင်းပြောပြ ခဲ့ပြီးပြီ ။ ဒီစာစု မှာ ကုမ္ပဏီတွေရဲ့ လက်ကျန် ရှင်းတမ်း အကြောင်းလေး ဆက်ကြည့်ရအောင်စို့။

လက်ကျန် ရှင်းတမ်း ဆိုတာ နေ့တစ်နေ့မှာ ရှိတဲ့ လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံ ထားတဲ့ ရင်းနှီးငွေ တန်ဖိုး စုစုပေါင်း နဲ့ အဲ့ဒီငွေတွေ နဲ့ ဝယ်ယူ ပိုင်ဆိုင် ထားတဲ့ ပိုင်ဆိုင်ပစ္စည်း အရပ်ရပ်စုစုပေါင်း တူညီကြောင်း ရှင်းပြ ထားတဲ့ ရှင်းတမ်း တစ်ခုပါပဲ။


အဲ့ဒီ ရှင်းတမ်း ထဲမှာပါတဲ့ အသေးစိတ် ကို အောက်မှာကြည့်ရအောင်..................
ပထမတစ်ပိုင်း အနေနဲ့

မြှုပ်နှံထားသော ရင်းနှီးငွေ (Capital employed) မှာ ပိုင်ဆိုင်ခွင့် နဲ့ ချေးငွေများ ဆိုပြီးပါတယ်။
ပိုင်ဆိုင်ခွင့်(Equity)
---------------------------
ရှယ်ယာရှင်များ ၏ ရင်းနှီးငွေ(Shareholder's Fund)
မခွဲဝေရသေးသော အမြတ်( Retained profit)
သီးသန့်ရန်ပုံငွေများ(Reserve)
ရှယ်ယာ အပိုကြေး (Share premium)
ချေးငွေများ (Loams)
-----------------------------

ကြွေးစာချုပ်(Debenture)
နှစ်ရှည်ချေးငွေ(Long-term loan)

ရှယ်ယာဝယ်ဖို့ ဘယ်က စမလဲ Stock exchange {သားဝင့်ကျော်}



 
ရှယ်ယာ ဝယ်ယူရင်းနှီးမြှုပ်နှံမယ့် သူဟာ မိမိ ဝယ်ယူလိုတဲ့ ရှယ်ယာ ထုတ်ဝေရောင်းချတဲ့ ကုမ္ပဏီရဲ့အခြေ အနေ ကို အကဲဖြတ်ဖို့ လိုပါတယ်။ လေ့လာတဲ့အခါ အဲဒီ ကုမ္ပဏီရဲ့ နှစ်ဆုံး ဘဏ္ဍာရေး ရှင်းတမ်းတွေက တဆင့် လေ့လာ အကဲဖြတ်ကြရပါ့မယ်။
ဒီလိုဆိုပြန်တော့ စတော့ဈေးကွက်(Stock exchange) မှာ စာရင်းဝင်(listed) ထားတဲ့ကုမ္ပဏီတွေဟာ အများပြည်သူထံ သို့ ၃လ တစ်ကြိမ် သို့မဟုတ် ၆လ တစ်ကြိမ် သို့မဟုတ် တစ်နှစ်တစ်ကြိမ် ပွင့်လင်း မြင်သာမှု့ ရှိသော ဘဏ္ဍာရေး အစီရင်ခံစာ များကို သက်ဆိုင်၇ာ အကျိုးဆောင် လုပ်ငန်းများမှ တဆင့် လည်းကောင်း စီးပွားရေး စာစောင်များမှ တဆင့် လည်းကောင်း အသိပေးထုတ်ပြန်ရပါမည်။
 
ဘဏ္ဍာရေးရှင်းတမ်းဟု ဆိုရာဝယ် ကုမ္ပဏီ ၏ ပုံရိပ် အစစ်အမှန် ကိုဖေါ်ပြနိုင်သော အရှုံးအမြတ် စာရင်း (Statement of profit and loss) နှင့် လက်ကျန် ရှင်းတမ်း(Balance sheet or statement of financial position) တို့ဖြစ်ပါသည်။
 
စာရင်းရှင်းတမ်း များကို လေ့လာသောအခါ ရှင်းတမ်းအောက်ခြေ တွင် ရေးသားဖေါ်ပြတဲ့ ရှင်းလင်းချက် (note to the account) ကို လေ့လာ ဖတ်ရှု့ရပါလိမ့်မည်။ သို့မှသာ စာရင်းရှင်းတမ်းမှာ ဖေါ်ပြထားသော ကိန်းဂဏန်းများ၏ အဓိပ္ပါယ် ကို မှန်မှန်ကန်ကန် ဖေါ်ထုတ်နိုင်မည်ဖြစ်သည်။


ဘာတွေဝယ်လို့ ဘာတွေရောင်းမှာလဲ Stock exchange {သားဝင့်ကျော်}




Stock exvhange စတော့ဈေးကွက်မှာ ဝယ်ကြ ရောင်းကြမယ် ဆိုတော့ ဘယ်လိုလဲ ဘာတွေလဲပေါ့
တကယ်တော့ ငွေပိုငွေလျှံ ကို ရင်းနှီးမြှုပ်နှံကြတာပါပဲ။ စီးပွားရေး ဖွံဖြိုးပြီးနိုင်ငံတွေမှာတော့ ရင်းနှီး မြှုပ်နှံနိုင်မည့် လုပ်ကွက် များစွာ ရှိပါသည်။

အများနှင့် သက်ဆိုင်သော၊ ပေးရန် တာဝန် ကန့်သတ်ထားသော ကုမ္ပဏီ များ၏ အစု ရှယ်ယာများ(shares) ..
ရှယ်ယာစုများ (Stock) ကို ရောင်းဝယ်ဖလှယ်နိုင်သော (Stock exchange).. ငွေချေး စာချုပ် များကို ရောင်းဝယ် ဖလှယ်နိုင်သော (Bond market) ...ကုန်ပစ္စည်း များကို ကြိုရောင်း ကြိုဝယ် စာချုပ်များ ဖလှယ်ရောင်းဝယ်နိုင်သော (Future market) ဆို၍ များစွာရှိပါသည်။

ယင်းတို့ အနက်မှ ကျနော်တို့နိုင်ငံမှာ စတင်နေတဲ့ စတော့ဈေးကွက် (Stock exchange) အကြောင်း သိသမျှ ဖေါက်သည်ချကြည့်ပါမည်။

စတော့ဈေးကွက်တွင် ရောင်းချသော ကုန်စည်မှာ အများနှင့် သက်ဆိုင်သော၊ ပေးရန် တာဝန်ကန့်သတ်ထားသော ကုမ္ပဏီ များ၏ အစုရှယ်ယာ များ ရှယ်ယာစုများဖြစ်သည်။

အစုရှယ်ယာများ ဝယ်ယူရင်းနှီးမြှုပ်နှံ ထားသူသည် ထို အစုရှယ်ယာများကို ဝယ်ယူကိုင်ဆောင် ထားချိန် တွင် ကုမ္ပဏီမှ ခွဲဝေပေးသော အမြတ်ဝေစုကို နှစ်စဉ် ခံစားနိုင်ပြီး အကယ်၍ ယင်း ကုမ္ပဏီ၏ အမြတ်ရ ရှိနိုင်စွမ်း အခြေအနေ ငွေဖြစ်လွယ်မှု့အခြေအနေ ပိုမိုတိုးတက်ကောင်းမွန်ခြင်းကြောင့် ယင်း ကုမ္ပဏီ၏ အစုရှယ်ယာများ သည် စတော့ဈေးကွက်တွင် ဈေးတက်လာပါက လက်ဝယ်ကိုင်ဆောင်ထားသူက မိမိ ဝယ်ယူထားသော အစုရှယ်ယာများ ကို စတော့ဈေးကွက်တွင် ပြန်လည်ရောင်းချခြင်း ဖြင့် အမြတ် ရရှိနိုင်ပါသည်။