Friday, October 10, 2014

Facebook အကောင့် Lock မကျအောင် ဒီလို ကာကွယ် ထားပါ





Facebook ဟာ ဒီရက်ပိုင်း အတွင်း  ပြဿ     နာ   တော်တော်ရှာ လာတယ် လို့ ပြောရ မလောက် ပါပဲ ။ တကယ်တော့ သူ့ရဲ့ လုံခြုံရေး အတွက် Policy တွေ ပြောင်းထား တာပါ
ဘာကြောင့်လဲ ဆိုတော့ Facebook ကို အသုံးပြုပြီး ဘဏ် အကောင့်တွေ ခိုးတယ် .. နိုင်ငံရေး အမြတ် ထုတ်မှုတွေ လုပ်တယ် .. Cyber Attack တွေ ကြံစည် လာတယ် .. စသည်ဖြင့် အများကြီးပဲဗျာ .. 


တစ်ကမ္ဘာလုံး နဲ့ ဆက်ဆံနေရတာ ဆိုတော့ Facebook ကိုလည်း အပြစ်ပြော လို့ မရပါဘူး ...
အသုံးပြုနေတဲ့ User တွေ ကသာ သတိလေးနဲ့ သုံးစွဲ ရုံပေါ့ ။

Facebook ဟာ သူ့ဆီ ကို Log in ၀င်လိုက်ပြီ ဆိုတာနဲ့ သက်ဆိုင်ရာ Browser ရဲ့
Date  ..  Cookies .. History .. Proxy .. စတာတွေ ကို အရင် ဖတ်ပါတယ်
( ဒါ ကတော့ ဘယ် ဆိုက်ကို ၀င်ဝင်ပါ )




ပြီးရင် email and password တွေ သိုလှောင်ထား တဲ့ php နဲ့ ချိတ် ဆက်ပြီး Log in အချက် အလက် မှန်ကန်မှု ရှိမရှိ စစ်ဆေးပြီး ပြဿ     နာ  မရှိဘူး ဆိုရင် အကောင့် ပွင့်သွားပါတယ် ။
 



အဲဒီတော့ .. မကြာသေးမီ ကမှ ကိုယ့်ရဲ့ အကောင့် ကို ဖုန်း နဲ့ ၀င်လိုက်တယ် ..
အကြောင်းကြောင်းကြောင့် စနစ် တကျ Log out မထွက်လိုက် ရပဲ ပိတ်လိုက်တယ်  နောက် .. ခဏနေတော့ ကွန်ပျူတာ နဲ့ ကိုယ့် အကောင့်ကို ပြန်ဝင်ပြန်တယ် ..



အဲဒီမှာ Check လုပ်တဲ့ အဆင့် မှာတင် Facebook အတွက် သံသယဖြစ်စရာတွေ ရှိသွား ပါပြီ .. ပထမ Log in က Log out မထွက်သေးပဲ နောက်ထပ် စက် တစ်လုံးက Log in ၀င် လာပြန် ပြီပေါ့ ...
 

 Facebook account တွေ လော့ကျတတ်တာ ရဲ့ အဓိက ပြဿ      နာက အဲဒါပါပဲ  နောက် ထပ် လော့ ကျနိုင်တဲ့ အခြေ အနေတွေ အများကြီး ရှိ ပါသေးတယ် ။

 Password အမှား ကြီး နဲ့ ခဏခဏ Log in ၀င်ဖို့ကြိုးစား တာမျိုး Friend Request တွေ အများကြီး ပို့နေတာမျိုး ။ တခြား လူတွေရဲ့ Wall တွေပေါ် မှာ လင့် ပါတဲ့ စာသားတွေ သွားသွား တင်တတ် တာမျိုး facebook က Ban ထားတဲ့ ၀က်ဆိုက်တွေ ထဲကို Facebook ကို Log in ၀င်ထားရင်း  သွားလည် မိတာမျိုး .. ( ဥပမာ .. http://zamal-tkj.blogspot.com ဆိုတဲ့ လိပ်စာ ကို Facebook ရဲ့ တစ်နေရာရာ မှာ ရေးကြည့်ပါ. .. လက်မခံတာတွေ့ရပါလိမ့်မယ် )
 

 ကဲ .. အဲဒီတော့ ကျွန်တော် တို့ရဲ့ Facebook အကောင့်ဟာ လော့ကျနိုင်ခြေတွေ
အများကြီး လို့ ဆိုရမှာဖြစ်ပါ တယ် ။  လော့ကျပြီးသွား ရင်တော့ အကောင့်ပြန်ရဖို့ ( Unlock လုပ်ဖို့ ) တော်တော်ကို ခက်ခဲသွားပါပြီ ။ 


ဒီတော့ .. ကာကွယ်ခြင်း ဟာ ကုသခြင်း ထက် ပိုကောင်းတယ် ဆိုသလိုပဲ ကျွန်တော်တို့ ရဲ့ အကောင့်လေး လော့မကျခင် ကတည်းက လော့ကျဖို့ ခက်ခဲအောင် ကြိုတင်ကာကွယ် ထားနိုင် မယ့် နည်းလမ်းလေး တစ်ခုကို မျှဝေပေးချင်ပါတယ် ။ 



ကျွန်တော် တို့ရဲ့ အကောင့် ဟာ ကြောငြာ အကောင့် ( Spam အကောင့် ) မဟုတ်တဲ့ အကြောင်း တခြား အကောင့်ပိုင်ရှင်တွေ ကို စိတ်အနှောက် အယှက်မပေးတဲ့ အပြင် Facebook User အချို့ အတွက် ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေ က အကူ အညီတောင်ပေးသေး တယ် လို့ Facebook ကို အသိပေးထားနိုင်မယ် ဆိုရင် ကျွန်တော်တို့ ရဲ့အကောင့်တွေဟာ တော်ရုံ တန်ရုံ နဲ့ လော့မကျနိုင်တော့ပါဘူး ..



အဲဒါ ဆိုရင် ဘယ်လို လုပ်မှာလဲ .. ဟုတ်ကဲ့ .. လွယ်ပါတယ် တစ်ကယ်ကိုလွယ်ပါတယ် ..
ပထမဆုံး ကိုယ့်ရဲ့ Facebook အကောင့် ကိုတော့ Log in ၀င်ထား ရပါမယ်


ပြီးပြီ ဆိုရင် ဒီနေရာ ကိုသွား လိုက်ပါ ။


အဲဒီ Page ကိုရောက်ပြီ ဆိုရင် .. အောက်ဆုံး ကို ဆင်းကြည့်လိုက် ရင် စာရေးစရာနေရာလေး နဲ့ Add Answer ဆိုတာလေးကို တွေ့ပါလိမ့်မယ် ။





အဲဒီ ထဲမှာ အင်္ဂလိပ် လို တစ်ခု ခုရေးပြီး Add Answer ကို နှိပ်လိုက်ပါ ။  ဘာရေး ရမှာ မှန်း မ သိရင်လည်း သူများရေးထား တာတွေ ကို ကော်ပီ ကူးပြီး ထည့်ပေး လို့ ရပါတယ်
(တော်တော် များများလည်း အဲဒီလို ကော်ပီ ကူးပြီး ပြန်ထည့်ထားကြတာကို တွေ့ရပါလိမ့်မယ် )
 

တစ်ခု ရှိတာက အဲဒီ ထဲမှာ ဘာလင့် ကိုမှ မထည့်မိ ဖို့ပါပဲ ..
ကိုယ်ရေး လိုက်တဲ့ Answer လေး တက်သွားပြီ ဆိုရင် Address bar မှာရှိတဲ့ လင့်လေး ကို ကော်ပီ ကူး ယူလာပြီး ကိုယ့်ရဲ့ Friend တွေကို ပေးပါ .. သူတို့ကို ကိုယ့်ရဲ့ Answer ရဲ့အောက်က Helpful ဆိုတာလေးကို  နှိပ်ပေး ဖို့ အကူ အညီတောင်းပါ Helpful အရေ အတွက် များလေကောင်းလေ ပါပဲ ..
( ဒါပဲနော် .. နည်းလမ်းပြောပြ တဲ့ ကျွန်တော့် Answer ကိုလည်း Helpful နှိပ်ပေးထားခဲ့ ရမယ် .. မစိမ်းကားကြေး)
 

တခြားသူတွေ ကိုလည်း သူတို့ရေးထားတဲ့ Answer လေးတွေ ကို Helpful နှိပ်ပြီး အကူ အညီပေးပါ ဒီ Feature လေးက Facebook အကောင့်ကို အသစ်ဖွင့် ဖွင့်ခြင်း မှာ လော့ကျ တာမျိုး မဟုတ်ပဲ အသုံးပြုနေရာကနေ လော့ ကျတာမျိုးဆိုရင်တောင် အဲဒီ Page မှာ Helpful များများရအောင် လုပ်နိုင်ရင် အဲဒီ အကောင့် ပြန်ရပါတယ် ..
 

ကဲ . အဆင်ပြေကြပါစေဗျာ
နည်းပညာ လမ်းကြောင်းပေါ် က သူငယ်ချင်း အားလုံး ကို လေးစား ခင်မင်လျှက်....
အိုင်တီမုဆိုး 


 From.... မြန်မာ IT လူငယ်များ


1 comment: