Wednesday, October 8, 2014
သံသ၇ာ ဟူသည် အဘယ်နည်း
" အ၇ှင် နာဂသေန ဘု၇ား ၊ သံသ၇ာ ဟူသည် အဘယ်ပါနည်း "
" မင်းမြတ် .. ဤအ၇ပ် ဤဘုံ၌ မွေးဖွား၍ သေဆုံးပြီးလျှင် .. အခြားအ၇ပ် အခြားဘုံ၌
မွေးဖွား၍ သေဆုံး၏ ။ ထိုမှတစ်ဖန် အခြားအ၇ပ် .. အခြားဘုံ၌ မွေးဖွားပြန်၏ ။ ဤသည်ပင်
လျှင် သံသ၇ာပေတည်း ။
" အ၇ှင်ဘု၇ား .. ဥပမာပြု တော်မူပါဦး "
" မင်းမြတ် .. ယောင်္ကျားတစ်ယောက်သည် .. သ၇က်သီးကို စားကာ သ၇က်စေ့ကို စိုက်ပျိုး၇ာ၏ ။
ထိုသ၇က်စေ့မှ အပင်ပေါက်ကာ အသီး သီးလာ၏ ။ ထို အသီးမှည့်ကို စားကာ အစေ့ကို စိုက်ပျိုးပြန်၇ာ၏ ။ ထို အစေ့မှ အပင်ပေါက်ကာ အသီးသီး ပြန်၇ာ၏ ။
ဤသို့ ဆက်ကာ ဆက်ကာ စိုက်ပျိုးလတ်သော် သ၇က်ပင်၏ အဆုံးကို မမြင်နိုင်ပေ ။ မင်းမြတ် .. ဤအတူသာပင် ဘ၀ မဆုံးနိုင်အောင် ကျင်လည်နေခြင်းသည် သံသ၇ာ ပေတည်း "
" အ၇ှင်ဘု၇ား .. သင့်လျှော်လှပါပေ၏ "
မိလိန္ဒ မင်းကြီး နှင့် အ၇ှင်နာဂသိန် အမေး .. အဖြေ
မာဏ၀ ပြုစုသည်
{ လ၇ိပ်ချို }
Subscribe to:
Post Comments (Atom)
No comments:
Post a Comment