
စင်ကာပူနိုင်ငံ မှ ငါးဖမ်းသမား တစ်ဦး သည် ဆန်တိုဆာ ကျွန်းဆွယ် ၌ ငါးဖမ်းနေစဉ် ထူးခြား ဆန်းကြယ် လှသည့် ဂြိုဟ်သားနှင့် အသွင် တူသော ရေသတ္တဝါ တစ်ကောင် ကို ဖမ်းဆီး ရမိ ခဲ့ကြောင်း သိရသည်။
အဆိုပါ ထူးဆန်း သည့် ရေသတ္တဝါသည် ရေလက်ဝါး၊ ရေဘဝဲနှင့် ဂြိုဟ်သား တို့၏ ပုံစံနှင့် အနည်း ငယ်စီ တူညီပြီး စမ်းလက်တံ ကဲ့သို့သော လက်တံပေါင်း ၁ဝဝ ကျော် ရှိ သည်ဟု သိရသည်။
မိမိ ငါးဖမ်း ခဲ့သည့် သက်တမ်း တစ်လျှောက် တွင် သမုဒ္ဒရာ အတွင်းမှ ထူးဆန်းသည့် သတ္တဝါ အချို့ကို တွေ့မြင် ခဲ့ဖူးကြောင်း၊ သို့ရာတွင် ယခု ကဲ့သို့သော ထူးဆန်း သည့် ရေ သတ္တဝါ မျိုးကို ပထမဆုံး အကြိမ်တွေ့ဖူးခြင်း ဖြစ်ကြောင်း၊ အဆိုပါ ရေသတ္တဝါ ၏ ပုံစံမှာ ဂြိုလ်သား တစ်ကောင် သို့မဟုတ် သန္ဓေ ပြောင်း သတ္တဝါ တစ်ကောင်နှင့် တူသည်ဟု မိမိအနေဖြင့် ထင်မြင် မိကြောင်း အဆိုပါ ရေသတ္တဝါကို ဖမ်းဆီးရမိခဲ့သူ အွန်ဟန်ဘွန်းက ပြောကြားသည်။
အဆိုပါ ရေသတ္တဝါ သည် မည်သည့် ရေ သတ္တဝါဖြစ်သည် ဆိုခြင်းကို သိရှိနိုင်ရန် အတွက် မိတ်ဆွေ အားလုံးကို မေးမြန်းခဲ့ကြောင်း၊ အင်တာနက် ပေါ်တွင် လည်း အဆိုပါ သတ္တဝါမှာ မည်သည့် သတ္တဝါ အမျိုးအစား ဖြစ်သည် ဆိုခြင်းကို ရှာဖွေ ခဲ့ ရကြောင်း၊ သို့ရာတွင် တစ်စုံ တစ်ဦး ကမျှ ဖြေဆိုနိုင်ခဲ့ခြင်း မရှိကြောင်း ဘွန်းက ပြောကြားသည်။
မြ၀တီ
From...Thit Htoo Lwin
No comments:
Post a Comment