Monday, October 6, 2014

ဘာမြူ ဒါ သွားတဲ့ ငြိမ်းချမ်းရေး သမားကို ကယ်တင် လိုက်ရ

အမေရိကန် ပြည်ထောင်စု ဖလောရီဒါ ကမ်းခြေ ကနေ နာမည်ကြီး ဘာမြူ  ဒါတြိဂံဒေသ ကို လေပူပေါင်း နဲ့ ကူးခတ် သွားတဲ့ ငြိမ်းချမ်းရေး တက်ကြွ လှုပ်ရှားသူ တဦးကို အမေရိကန် ကမ်းခြေစောင့် တပ်ဖွဲ့က စနေနေ့က ကယ်တင် လိုက်ရပါတယ်။ 

အောက်တိုဘာလ ၅ ရက်နေ့က ပြည်ပ အခြေစိုက် အီရန်အမျိုးသား Reza Baluchi ကို ဖလော်ရီဒါ ကမ်းခြေ ကနေ မိုင် ၁ဝ၃၃ မိုင်ကွာ ဘာမြူ   တာ ဒေသကို လေပူပေါင်းနဲ့  ဦးတည် ကူးခတ် သွားနေတုန်း  ရေမိုင် ၇ဝ လောက် မှာ အားအင် ချိနဲ့ လာစဉ် ကမ်းခြေစောင့်တပ်ဖွဲ့က ကယ်တင်လိုက် တာဖြစ်တယ်လို့ စကိုင်းနယူးစ်သတင်းတပုဒ် မှာ ဖော်ပြပါတယ်။ 


 
Reza Baluchi က ၃ မီလီမီတာလောက် ထူတဲ့ ပလပ်စတစ် နဲ့ လုပ်ထားသော ပူပေါင်းတခုထဲ ဝင်ကာ ဟမ်းစတားလေးတွေ ပြေးကစားတဲ့ အခါလည်စေတဲ့ ဘီး တခုလို ပုံစနံနဲ့ ပူပေါင်း ကို ရေမှာ ကူးခတ် မျော ရွေ့စေတာပါ။ 
 
 ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ကတည်းက ကမ်းခြေစောင့် တပ်ဖွဲ့ က အန္တရာယ် များတဲ့ ခရီး ကို မသွားဖို့ တားမြစ် ခဲ့တာ ကို Reza Baluchi က ငြင်းဆို ခဲ့တယ် လို့ ဆိုပါတယ်။ ဘာမြူ   တာ တြိဂံဒေသ ဆိုတာ လေယာဉ်တွေ၊ သဘောင်္တွေ ထူးဆန်းစွာ ပျောက်ဆုံး တဲ့ ကိစ္စ နဲ့ နာမည်ကြီး တဲ့ အန္တရာယ် ရပ်ဝန်းတခုပါ။
 
Reza Baluchi က အခုလို လုပ်ဖို့ စီစဉ် တာက အကူအညီ လိုအပ်နေတဲ့ ကလေးတွေ အတွက် ရံပုံငွေ ရှာဖို့ ၊အဲဒီ ကလေးတွေ အနာဂါတ် ဘဝ သာယာ လှပဖို့ အခု လို စွန့်စားပြီး ရံပုံငွေ ရှာရေး အစီအစဉ် ကို လုပ်ခဲ့ တာလို့ သူ့ကြေညာချက် က ဆိုပါတယ်။ 

 
Reza Baluchi ဟာ အီရန်နိုင်ငံ မှာ နေခဲ့စဉ် က အမေရိကန် လိုလားသူ လို့ ကင်ပွန်းတပ် ခံခဲ့ ရပါတယ်။ ဒီအပြင် သူဟာ အစ္စ လမ် ရာမဒမ် ဥပုတ် လရာသီ အတွင်းမှာ အစာစား လို့ ဆိုတဲ့ စွပ်စွဲချက် အပါအဝင် အစ္စလမ် ဘာသာဆန့်ကျင်ရေးတွေ လုပ် တယ်လို့ စွပ်စွဲ ခံခဲ့ရပြီး အီရန် အာဏာပိုင်တွေ ရဲ့ ဖမ်းဆီးထောင် ချ ခံခဲ့ရသူပါ။ 


 
 
ထောင်က ပြန်လွတ် လာပြီး ၂ဝဝ၃ ခုနှစ် မှာတော့ Reza Baluchi ဟာ အမေရိကန်ပြည်ထောင် စု မှာ နိုင်ငံရေး ခိုလှုံခွင့် ရရှိ ကာ ကလေးဆေးရုံ တခု တည်ဆောက်ပေးနိုင် ဖို့ အမေရိကန် တလွှား ရံပုံငွေ ရှာဖွေ တဲ့ ၆ လခရီး အပါအဝင် စံချိန်တင် စက်ဘီးစီးပြတာ၊ တာဝေး ပြေးစံချိန်တင် တာမျိုးတွေ လုပ်ခဲ့လို့ သတင်းခေါင်းကြီးပိုင်းတွေ ကပါ ဖော်ပြ ခံရသူလည်းဖြစ်ပါတယ်။

သူဟာ ၇ နှစ်တာ ကာလ အတွင်း ကမ္ဘာ့ တိုက်ကြီး ၆ တိုက်ပေါ် က နိုင်ငံပေါင်း ၅၅ နိုင်ငံကို စက်ဘီး နဲ့ ဖြတ် သန်းမောင်းနှင် ခဲ့ပြီး ပါပြီ။ 

သူ့ရဲ့ ကိုယ်ပိုင် ရည်မှန်းထားတဲ့ မစ်ရှင် ကတော့ ကမ္ဘာ့ငြိမ်းချမ်းရေး နဲ့ စည်းလုံး ညီညွတ်မှု ကို မြင့်တင်ဖို့ ဖြစ်တယ် လို့ သိရပါတယ်။ 


အိမ့်သံစဉ်

From...ဧရာဝတီ Facebook


No comments:

Post a Comment