သင့်ရဲ့ကျောင်းသား ဘ၀နေ့ရက်တွေ ကုန်ဆုံး သွားတဲ့ အခါ သင့်ရဲ့
ရင့်ကျက်စ အရွယ် ကိုရောက် လာခဲ့ပါတယ်။ အဲဒီ အခါမှာ သင်ဟာ ဘ၀တစ်ခု ရဲ့ အစ
ဖြစ်နေတဲ့ ကိုယ့်အား ကိုယ်ကိုး စ အသက် အရွယ်မှာ အထက်တန်းကျောင်းသား
ဘ၀တုန်း ကလို ပြုမူနေထိုင်နေလို့ မရတော့ပါဘူး၊။
ဦးနှောက် ကို သုံးပြီး စဉ်းစား ဖို့ လိုအပ် လာပါပြီ။ အသက် ၂၀ ကျော် အရွယ်မှာ အမျိုးသားတွေ မလုပ်သင့် တာလေးတွေ ရှိပါတယ်။
၁။ အသင့် စား အစားအစာတွေ ကို မစွဲလန်း ပါစေနဲ့
**************************************
သင်ဟာ အမေချက်ကျွေးတဲ့ ထမင်း၊ ဟင်းတွေ ကို စားသုံး ဖို့ မဖြစ်နိုင်တော့ပါဘူး။ သင်ဟာ သင့် အလုပ် နဲ့ပဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နေပါပြီ။ အဲဒီ အခါမှာ ပီဇာ လိုမျိုး အသင့် စား အစားအစာတွေ ကို မမှီခို ပါနဲ့။ အဲဒီ အစားအစာတွေ က သင့် ကို အာဟာရ လုံးဝ မဖြစ်စေ ပါဘူး။
၂။ ပါတီ ပွဲတိုင်းကို မသွားပါနဲ့
***********************
သင့် ကို ဖိတ်ကြား ထားလို့ ပဲဖြစ်ဖြစ် ၊သူငယ်ချင်းတွေ စုံလို့ပဲ ဖြစ်ဖြစ် သင့်ရဲ့ အားလပ်ရက် တိုင်း မှာ ပါတီပွဲတွေ ကို အမြဲတမ်း မသွားပါနဲ့။ သင့် ရဲ့ အားလပ်ရက်တွေ မှာ အပြည့်အ၀ အနားယူ သင့်ပါတယ်။
၃။အားလပ်ရက် စနေနေ့ မျိုးမှာ နေ့လည် တစ်နာရီ ထိ မအိပ် ပါနဲ့
************************************************
သင်ဟာ သောကြာနေ့ မှာ အလုပ်တွေ ပြီးဆုံးတဲ့ အထိမ်းအမှတ် နဲ့ ပျော်ပါး ခဲ့ပြီးတဲ့နောက် စနေနေ့ မှာ အသားကုန် အိပ်မယ် ဆိုတဲ့ စိတ်ရှိနေမှာ သေချာပါတယ်။ ဒါပေမယ့် သင့်ရဲ့ အားလပ် ရက်ဟာ သင့် အတွက် တန်ဖိုး ရှိပါတယ်။
အဲဒီနေ့ မှာ သင့် ရဲ့ သူငယ်ချင်းတွေ နဲ့တွေ့တာပဲဖြစ်ဖြစ်၊ သင် သွားချင်တဲ့ တစ်နေရာရာ ကို သွား တာပဲဖြစ်ဖြစ် တန်ဖိုးရှိ စွာ အသုံးချသင့် ပါတယ်။
၎။ တစ်ယောက်ထဲဖြစ်နေမှာ ကို မကြောက် ပါနဲ့
***********************************
ချစ်သူ ရည်းစား မရှိပဲ တစ်ယောက်တည်းဖြစ်နေတယ် ဆိုတာ ဘ၀ကြီး ဆုံးခန်းတိုင် သွားတာ မဟုတ်ပါဘူး။ သင်ဟာ တစ်ယောက်တည်းဖြစ်နေတဲ့ အတွက် သင် အတွေ့အကြုံအသစ်တွေ သင်ယူလို့ရပါတယ်။
သင် သူငယ်ချင်း အသစ်တွေ နဲ့ ခင်မင်ခွင့် ရနိုင်ပါတယ်။ သင် တစ်ယောက်တည်း ဘ၀မှာ ပျော် စရာကောင်း တာတွေ အားလုံး ကို ခံစားကြည့် လိုက်ပါ။
Ref:mensxp.com
Trend Myanmar

No comments:
Post a Comment