သေပြီးစ အချိန်တွင်ပင် လူ၏ ခန္ဓာကိုယ်၌
အသိတရား ဆက်ရှိ နေသည်ဟု သိပ္ပံ ပညာရှင်များ ယခု လက်ခံ လိုက်ပြီ ဖြစ်သည်။
သေခါနီး အခြေအနေကို သုတေသန ပြုချက် အရ ဦးဏှောက် လုပ်ငန်း ရပ် ဆိုင်း
သွားသည့် အခါမှာပင် ခံစားမှု ဆက်လက် ရှိနေ သေးသည်ဟု သုတေသ နပြု တွေ့ ရှိ
ခဲ့သည်။
သုတေသန ကို ဆောက်တမ်တန် တက္ကသိုလ် မှ သိပ္ပံပညာ ရှင် များက ဗြိတိန်၊ အမေရိကန်နှင့် သြစတြေးလျ နိုင်ငံများ ရှိ ဆေးရုံ ၁၅ ခုတွင် ပြုလုပ် ခဲ့ခြင်း ဖြစ် သည်။ နှလုံးဖောက် ကာ သေ ငယ်ဇော ရှိသည့် လူနာများဖြင့် စမ်းသပ် ခဲ့ခြင်း ဖြစ်ပြီး ထိုလူနာများ မြောသွားသည့် အချိန်တွင် မည်သို့ ရှိမည် ဆိုသည်ကို စမ်းသပ် ခဲ့ခြင်း ဖြစ်သည်။
“ဒီ သုတေသန အရ သိရ တာက အသက်ဓာတ် မဲ့သွားချိန် မိနစ်ပိုင်း အတွင်းမှာ အာရုံ အသိ စိတ် လုံးလုံး ပျောက်ကွယ် သွားခြင်း မရှိသေးဘူး ဆိုတာကို တွေ့ ရ တယ်။ တကယ် အသက် ဇီဝ ဓာတ် ပျောက်ကွယ် သွားချိန်မှာ အသိအာရုံ မချုပ်ငြိမ်း သေးဘူး ဆိုတာပါပဲ”ဟု ဒေါက်တာ ဆမ်ပါနီယာ ကပြောသည်။
သုတေသန တစ်ရပ်တွင် အသက် ၅၇ နှစ်ရှိ လူနာ သေဆုံးချိန် မြောနေသည်ကို စောင့်ကြည့် စမ်းသပ်သည်။ ၎င်းပုဂ္ဂိုလ် အသက်ဝိညာဉ် လွင့်မျော သွားစဉ် အချိန် သုံးမိနစ် အကြာတွင် သူနာပြု များ၏ လှုပ်ရှား မှုများ၊ ဆေးဝါး စက်ပစ္စည်း များ၏ အသံများကို ထိတွေ့ ခံစားမှု ရှိဆဲ ဖြစ်သည်ဟု တွေ့ ရှိ ရသည်။
“နှလုံးခုန် ရပ်သွားတဲ့ အခါမှာ ဦးဏှောက် အလုပ်လုပ် တာပါ ရပ်သွားတယ် လို့ ကျွန်တော် တို့ သိထား တာပါ။ ဒါပေမယ့် ခုသိရ တာက နှလုံးခုန် ရပ်သွားပြီး သုံးမိနစ် ထိ အာရုံ အသိစိတ် ဆက်ရှိနေဆဲ ဆိုတာ သိရတယ်။ နှလုံးခုန် ရပ်သွားတာနဲ့ စက္ကန့် ၂၀၊ ၃၀အတွင်း ဦးနှောဏ် အလုပ် မလုပ်တော့ဘူး ဆိုတာတောင် ခုလိုဆက်ပြီး အသိအာရုံ ရှိနေတာကို သိရှိရ တာပါ” ဟု ဒေါက်တာဆမ် က ပြောသည်။
ယခု သုတေသန ကို နှလုံးသေခါနီး လူနာ ၂၀၆၀ဦးဖြင့် စမ်းသပ် သုတေသန ပြုခဲ့ခြင်း ဖြစ် သည်။ ထိုကဲ့သို့ သေလုမြောပါး မြောသွား ခဲ့သည့် လူနာများတွင် ပြန် လည် ရှင်သန်သူ ၃၃၀ ရှိရာတွင် ၁၄၀ ဦးက မြောနေ ချိန်တွင် အာရုံခံစား နိုင်စွမ်း ရှိနေဆဲ ဖြစ်ကြောင်း ပြောကြသည်။
mizzima
From...Search Myanmar
No comments:
Post a Comment