ဆရာ ဟူသည် “ဆာယာ” ဟူသော ပါဠိသက်ဝေါဟာရ မှလာခြင်းဖြစ်သည်။ ဆာယာ သည် အေးရိပ် ဟု အဓိပ္ပာယ် ရသည်။ တပည့် များ နားခိုစေရန် အေးမြသော အရိပ် ကို ပေးစွမ်းနိုင်သောကြောင့် ဆရာ ဟု ခေါ်သည်။
ဆရာ သည် “ဆ” နှင့် “ရာ” ဟူသော စကားလုံးနှစ်လုံး ပေါင်းစပ် ထားခြင်းဖြစ်သည်။ “ဆ” သည် နှိုင်းဆခြင်း၊ ချိန် ဆခြင်းဖြစ်ပြီး “ရာ” မှာ ရာဖြတ်ခြင်း၊ အကဲဖြတ်ခြင်း၊ တန်ဖိုးဖြတ်ခြင်း သဘောဆောင်သည်။
ထို့ကြောင့် ဆရာ ဟူသည် တပည့် တို့အား နှိုင်းဆ အကဲဖြတ် ပေးတတ်သူ ဟု အဓိပ္ပာယ် ရ ကြောင်းရှေး ပညာရှင် များက ဆိုကြသည်။ လောကနီတိ ပျို့ တွင် ဆရာ တို့၏ အရိပ် သည် အေးချမ်း သာမှုကို ပေးစွမ်းကြောင်း ဖော်ကျူး ခဲ့သည်။
အလွန်တရာ၊ သစ်ရိပ်မှာလျှင်
ချမ်းသာသည်ထက်၊စုံမက်မြတ်နိုး
ဆွေမျိုးမိဘ၊ အရိပ်ရသော
အေးမြသည်ပင်၊ထိုထက်လျှင် လည်း
ပဲ့ပြင် ဆရာ၊ အရိပ်မှာ ကား
ချမ်းသာပွား၏
မြန်မာ့ အဘိဓာန် တွင် ပညာ သင်ကြား ပို့ချပေးသူ၊ သွန်သင် ဆုံးမ နည်းပြသူ၊ အတတ်ပညာ အရပ်ရပ် တွင် ကျွမ်းကျင်သူ ပုဂ္ဂိုလ်ကို ဆရာ ဟူ၍ အဓိပ္ပာယ် ဖွင့်ဆိုထားသည်။
ဆရာ သည် နှိုင်းဆ ချင့်ချိန် ၍ ဆုံးဖြတ် တတ်သော ပညာရှိပင်ဖြစ်သည် ဟုလည်း ဆိုသည်။ မိလိန္ဒ ပညာ ကျမ်းတွင် ဆရာ့ဂုဏ် အင်္ဂါ၂၅ ပါး ပြဆို ထားရာတွင်
မုတာစရိယ- သင် ဆရာ၊
ဒိဋ္ဌာစရိယ- မြင်ဆရာ၊
သုတ စရိယ- ကြားဆရာ ဟူ၍ ဆရာ သုံးပါးရှိ ကြောင်း၊ သင်ကြားပြသ ပေးသူ သည် အာစရိယ ဆရာဖြစ်ပြီး ပဲ့ပြင် ဆုံးမပေး သူသည် ဥပဇ္ဈာယ် ဆရာဟု မှတ်ယူရ မည်ဖြစ်ကြောင်း ဖော်ပြ ပါရှိပေသည်။
မာဃဒေဝ လင်္ကာ သစ်တွင် မန်လည် ဆရာတော် ဘုရားက ” ရှေးရှုမေတ္တာ၊ ကရု ဏာဖြင့်၊ နာနာကျင် ကျင်၊ အပြစ်မြင် တိုင်းဝမ်းတွင် မလို၊ဟုတ်တိုင်းဆို၍ ကျိုး လိုစိတ်က ဆုံး မတတ်သူ၊ ဆရာဟူလော့” ဟူ၍ ချဉ်းကပ်သင်ယူရမည့် ဆရာစစ်ကို ပြထားခဲ့သည်။
ဆရာ၊ တပည့် ဆက်ဆံရေးအတွက် ဆရာ့ကျင့်ဝတ်ဖြစ်သည့် ” အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပ မချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ဖို့ ဆရာတို့၊ ကျင့်ဖို့ဝတ်ငါးဖြာ” နှင့်အတူ “ညီညာ ထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ် တပည့်ဝတ်၊ မချွတ်ငါးခုသာ ” ဟူ ၍ တပည့်ဝတ် ငါးပါး တို့ကို သင်္ဂဇာ ဆရာတော် ၏ ဆုံးမစာ သည် ဆရာ တပည့် တိုင်း၏ အသည်းတွင် စွဲ အောင် ကျက်မှတ် ခဲ့ သည် မှာ နှစ်ပရိစ္ဆေဒ များစွာ ကပင် တည်ရှိနေခဲ့သည်။
ဆရာ တို့၏ အနစ်နာ ခံမှု၊ အရေး ပါသော အခန်း ကဏ္ဍ ကို ဂုဏ်ယူလို၊ အလေးထားကြ လို သည်ကြောင့် ဆရာ များကို ဥယျာဉ်မှူး၊ ပန်းပုဆရာ၊ အိုးဖုတ်သ မား၊ ကျောက်သွေး သူ၊ ခြေနင်း တုံး စသည်ဖြင့် ရှေးအခါကစပြီး ယနေ့ ခေတ်တိုင်အောင် တင်စားခဲ့ကြသည်။ တင်စား ဆိုနေ ကြ ဆဲ ဖြစ်သည်။ မြန်မာ တို့က ဤသို့နှစ်ပေါင်းများစွာ ကပင် ဆရာ့ဂုဏ်၊ဆရာ့ကျေးဇူး အထူး အလေးထား ခဲ့ကြသည်။
ဆရာတို့ ကဏ္ဍ အဓိက ကျ အရေး ပါလှပုံ ကို ကမ္ဘာတစ်လွှား ကလည်း သတိပြု အသိ အမှတ်ပြု လာကြသည်။ အေးချမ်း သာယာ သည့် ကမ္ဘာ့ရွာကြီး တည် ဆောက်ရေးတွင် ပညာ အလင်းတံခါး ဖွင့်ပေးကြသည့် ဆရာများ အဓိက ကျမှုကို သတိပြု အသိ အမှတ်ပြုလာကြသည်။
ကုလသမဂ္ဂ အဖွဲ့ခွဲဖြစ်သော ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO)၊ ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် (UNDP) ၊နိုင်ငံတကာ အလုပ်သမား အဖွဲ့ (ILO)၊ ကုလသမဂ္ဂ ကလေး များ ရန်ပုံငွေ (UNICEF) တို့သည် ၂ဝဝ၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ ဆရာများနေ့ (World Teacher’s Day) အဖြစ် သတ်မှတ် ဂုဏ်ပြုခဲ့ကြသည်။
လူ့ဘောင် အဖွဲ့အစည်း တွင် ဆရာ တို့၏ အခန်း ကဏ္ဍ သည် အဓိက ကျ အရေးပါလှ သည်ကို မီးမောင်းထိုး ဂုဏ် ပြုလိုက်ခြင်းပင်ဖြစ်သည်။
ကမ္ဘာ့နိုင်ငံ အသီးအသီး အဖွဲ့အစည်း အသီးသီးက ဆရာများနေ့ ကို ကျင်းပ ရန်ကြေညာချက် ထုတ်ပြန် ခဲ့သည်။
ရှေးပဝေသဏီ ကပင် ဆရာများ ၏ ဂုဏ်ကျေးဇူးကို သိတတ် ခဲ့ကြသော မြန်မာများ သည် နှစ် စဉ် လိုပင် ကျောင်း အလိုက် အာစရိယ ပူဇော်ပွဲဖြင့် ဆရာများ ပူဇော်ပွဲကျင်း ပ ဂုဏ်ပြုကြသည့် အလျောက် ကမ္ဘာ့ ဆရာများနေ့တွင် လည်း ဝမ်းမြောက် စွာပင် နိုင်ငံ အသီးသီး တို့ထက် နိမ့်ကျ မှု မရှိသော ကမ္ဘာ့ ဆရာများနေ့ကိုပါဝင် ဆင် နွှဲကျင်းပကြ သည်။
ဟောပြောပွဲများ၊ တေး သရုပ်ဖော်ပြပွဲ၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲ များကို ခြိမ့်ခြိမ့်သဲ ကျင်းပ ကြသည်။ ရေဒီယို ဇာတ်လမ်း၊ ရုပ်မြင်သံ ကြားဇာတ်လမ်း များဖြင့် ဆရာတို့ အခန်း ကဏ္ဍ တန်ဖိုးကြီးမားပုံ၊ဆရာ့ ဂုဏ်ကျေး ဇူးကြီးမားပုံ၊ဆရာကောင်း၊ ဆရာမြတ် တို့ ၏ အနှစ် သာရ ကို ဖော်ထုတ် ဂုဏ်ပြုအလေး ဂရုပြုကြ သည်။
အနန္တော၊ အနန္တ ငါးပါးဂိုဏ်းဝင် ဆရာ တို့၏ ကျေးဇူးအား တစ်နှစ်လျှင် တစ်ရက် သာမဟုတ် ၊ နေ့စဉ်နှင့် အမျှ အောက်မေ့ နေကြမည့် မြန်မာလူ မျိုးများ အဖို့ ဆရာ များနေ့ကို ရင်ထဲ က နေ့ စဉ် ကျင်းပနေကြမည်ဖြစ်ပေသည်။
မြတ်မင်းလှိုင်
Popular Myanmar
From...Myanmar Online News
No comments:
Post a Comment