သင့် စိတ်ကူး အိပ်မက်တွေ က ဘာပါလဲ။ ပင်လယ်ကူး သင်္ဘောနဲ့ ကမ္ဘာ ပတ်ချင်တာ၊
ဂုဏ်သရေ ရှိ လူကြီး လူကောင်းများ နဲ့ ဆုံတွေ့ ချင်တာ၊ နိုဘယ်လ်
ဆု ရချင်တာမျိုးတွေလား။ ဘယ်လို စိတ်ကူးယဉ် အိပ်မက်မျိုးဖြစ်ပါစေ
စတင် လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုတာနဲ့ တစ်ဝက်အောင်မြင် ပါပြီ။
၁။ စိတ်ကူး အိပ်မက်တွေ က ဘဝ ကိုပိုပြီး စိတ်ဝင် စားစရာကောင်းစေပါတယ်။
ဆိုးရွား ခက်ခဲ လှတဲ့ နေ့ရက်တွေကြုံတွေ့နေရတာ ဖြစ်ပါစေ၊ သင့် လက်ထဲမှာ ကိုယ်ပိုင် စိတ်ကူး အိပ်မက်တွေ ဆုပ်ကိုင် ထားမယ် ဆိုရင်တော့ ခွန်အားတွေ၊ သတ္တိတွေ သူ့ အလိုလို ရရှိနေပါလိမ့်မယ်။
စိတ်ကူး အိပ်မက်တွေ က နံနက်ခင်းတွေ မှာ အဓိပ္ပာယ် ရှိရှိ ခွန်အားပြည့်ဝ စွာ နိုးထ လာစေတဲ့ အကြောင်းပြချက်ကောင်းတွေ ပါပဲ။ ပိုပြီးကောင်းမွန်စွာ ကြိုးစား အားထုတ်လေလေ ဘဝမှာ ပိုပြီးနေပျော်လာလေလေ ပါပဲ။
၂။ စိတ်ကူး အိပ်မက်တွေ က တစ်ခြားသူတွေ ကို လည်း အားကျ အတုယူစေ ပါတယ်။
သင့် အိပ်မက် စိတ်ကူးတွေ ကို ယုံကြည်ပြီး အကောင် အထည်ဖော်နေခြင်း က တခြားလူတွေ အတွက် နမူနာ ယူစရာ ဖြစ်နေပါတယ်။ ရည်မှန်း ချက်တွေ အပေါ် အရှုံး မပေးတတ်ဖို့၊ အဆက် မပြတ်ကြိုးစားနေ ဖို့ အားအင်တွေလည်း ပေးနိုင်ပါတယ်။
၃။ သင့် စိတ်ကူးယဉ် အိပ်မက်ကို သင်ကိုယ်တိုင် ကလွဲပြီး ဘယ်သူမှ လုပ်ဆောင်နိုင်မှာ မဟုတ်ပါ။
သင့် အိပ်မက်တွေ အပေါ်မှာ သင်ယုံကြည်မှု မရှိဘူးဆိုရင် ဘယ်သူက မှလည်း သင့်အပေါ် ယုံကြည်ချက် ရှိမှာ မဟုတ်ပါဘူး။ ရှေ့ဆက်လျှောက်ပါ။ အိပ်မက်တွေကို အကောင်ထည်ဖော် တည်ဆောက်ပါ။ တစ်နေ့မှာ အောင်မြင်မှု ကို သင်ရရှိ လာပါလိမ့်မယ်။
၎။ စိတ်ကူး အိပ်မက်တွေ က သင့် အပေါ် လှောင်ပြောင် ခဲ့တဲ့သူတွေ အားလုံး မှားခဲ့တယ် ဆိုတာ သက်သေပြခြင်းဖြင့် အောင်မြင်မှု အရသာကို ပေးနိုင်ပါတယ်။
သင့် အိပ်မက်တွေ ကို တစ်ခြား ဘယ်သူ့ကို မှ လှောင်ပြောင်ဝေဖန်ခွင့် မပြုပါနဲ့။ သင့်ကိုယ်သင် ယုံကြည်ပြီး နောက်ဆုံး မှာ သူတို့တွေ အားလုံး မှားတာကို သက်သေပြလိုက်ပါ။
၅။ စိတ်ကူး အိပ်မက်က သင့် အနာဂတ် ကို သင် ကိုယ်တိုင် ဖန်တီးနိုင်ပါတယ်။
အောင်မြင်တဲ့ သူတွေက အောင်မြင်မှုတွေ ကို မတော်တဆ နဲ့ ရရှိခဲ့ကြတာ မဟုတ်ပါဘူး။ တစ်ချိန် တစ်ခါ က အိပ်မက်တွေ မက်ခဲ့ ဖူးကြပါလိမ့်မယ်။ အီလီနော ရုစဗတ် (Eleanor Roosevelt) က ပြောခဲ့တယ် “အိပ်မက်တွေ ရဲ့ လှပ မှုကို ယုံကြည်တဲ့ သူမျိုး လက်ထဲ မှာပဲ အနာဂတ် ရှိပါတယ်။”
၆။ စိတ်ကူး အိပ်မက်တွေ က လူတွေ အတွက် အကောင်းဆုံးတွေ ယူလာပေးပါတယ်။
အာကာသယာဉ်မှူး အိပ်မက် မက်ခဲ့သူ တစ်ဦးဟာ လေယာဉ်မှူးဖြစ်လာ သလို သင့် အနေနဲ့ လည်း ဦးနှောက် ခွဲစိတ် အထူးကု တစ်ယောက်အဖြစ် အိပ်မက် မက်ခဲ့ ဖူးတာကြောင့် သူနာပြု တစ်ယောက်ဖြစ်လာနိုင်ပါတယ်။ သင့် စိတ်ကူး အိပ်မက်တွေ အကုန်လုံး အကောင်အထည် မပေါ် လာနိုင်ပေမယ့် အကောင်းဆုံးတော့ သင်လုပ်နိုင်ပါတယ်။
၇။ စိတ်ကူး အိပ်မက်တွေ တခြား ရည်ရွယ်ချက် တူသူများနဲ့ စုစည်းတွေ့ဆုံစေပါတယ်။
သင့် စိတ်ကူး အိပ်မက်တွေ ကို သင် ယုံကြည်တဲ့ အခါ သင့်ရဲ့ဘေးမှာ စိတ်အား ထက်သန် သူတွေ ယုံကြည်မှု ရှိသူတွေက စိတ်တူ ကိုယ်တူ ဝိုင်းရံ လာပါလိမ့်မယ်။ သင်ဆုံတွေ့ရပါ လိမ့်မယ်၊ စိတ်ကူး အိပ်မက်တွေ ကို အောင်အောင်မြင်မြင် နဲ့ အကောင် အထည်ဖော်နိုင်တဲ့  သူမျိုးတွေကိုပေါ့။ အဲဒီလို လူတွေက သင့် အတွက် ခွန်အားတွေ သင်လိုအပ်နေမယ့် စိတ်ကူး အကြံဥာဏ်တွေ ပေးလာပါလိမ့်မယ်။
၈။ အကောင်းဆုံး လုပ်ဆောင်ခဲ့မယ် ဆိုရင် ဘယ်တော့မှာ နောင်တ ရလိမ့်မယ်မဟုတ်ပါ။
စိတ်ကူး အိပ်မက်တွေ ကို အကောင်အထည် မဖော် ခဲ့ဘူးဆိုရင် မကြိုးစားခဲ့တာတွေနဲ့ ပတ် သက်ပြီး နောင်တတွေ ရလာ ပါလိမ့်မယ်။ အနည်းဆုံးတော့ ကြိုးစား ကြည့်ခဲ့တယ် ဆိုရင် အကောင်းဆုံးလုပ်ခဲ့တယ် ဆိုတာ သင် သိပါလိမ့်မယ်။
၉။ လူတိုင်း ဘဝမှာ တစ်ခါပဲ အသက်ရှင် ရမှာပါ။
တန်ဖိုး မဖြတ်နိုင်တဲ့ အံ့သြပျော်ရွှင်စရာကောင်း တဲ့ ဘဝ ဆိုတာ တစ်ကြိမ် တစ်ခါပဲ ကြုံတွေ့ရ မှာပါ။ အဲဒါကြောင့် သေသေ ချာချာ ဆုံးဖြတ်ပါ။ သင့် စိတ်ကူး အိပ်မက်အပေါ် ယုံကြည်ချက် ထားပြီး အောင်မြင်ဖို့ အတွက် ကြိုးကြိုး စားစား လုပ်ဆောင်ပါ။ ဘယ်သူကြောင့် အတွက်နဲ့မှ သင့် စိတ်ကူး အိပ်မက်တွေကို ဖျက်ဆီး မပစ် မိပါစေနဲ့။
သင့်မှာရော မိမိ စိတ်ကူး အိပ်မက်တွေ ကို ယုံကြည် သင့်တဲ့ အချက်တွေ ရှိပါသေးလား။
Credit: https://www.facebook.com/pages/GandaWin/1628168527322714
From...Search Myanmar

No comments:
Post a Comment