ဓာတ်ပုံ − ရိုက်တာ
‘‘ဒီမြန်မာတွေ ဟာ လူသတ် သမား အစစ်တွေ လို့ သင်ထင် ပါသလား’’
၉၅ ရာခိုင်နှုန်းကျော် က ‘‘မထင်ဘူး’’ ဟု ဖြေဆိုကြပြီး ၄ ရာခိုင်နှုန်းကျော် က ‘‘ထင်တယ်’’ ဟု ဖြေဆို ထားသည်။
ယင်း စစ်တမ်း ကို ထိုင်း ရဲတပ်ဖွဲ့ နှင့် သဘောထားချင်း မတူညီ သည့် ထိုင်း ပြည်သူများ တည်ထောင်ထားသော ‘‘CSI LA’’ အဖွဲ့က ကောက်ယူနေခြင်း ဖြစ်သည်။အောက်တိုဘာ ၄ ရက်တွင် ယင်း စစ်တမ်း ကို Survey Planet မှတစ်ဆင့် ကောက်ယူ ခဲ့ရာ ခေတ္တမျှ အတွင်း လူ တစ်ထောင်ခန့် က ၀င်ရောက်ဖြေဆို ခဲ့ ကြသည်။
CSI LA ၏ ဖေ့စ်ဘွတ်ခ် စာ မျက်နှာတွင် လည်း ဤ အမှု အ ကြောင်းကို စဉ်ဆက် မပြတ် တင် ပြနေပြီး ရဲ တပ်ဖွဲ့သို့ မေးခွန်းများ မေးမြန်းနေကာ ရဲတပ်ဖွဲ့ အနေ ဖြင့် ပွင့်လင်းမြင်သာမှု ရှိရန် တိုက် တွန်းနေသည်။
ယင်း စာမျက်နှာ ကို အားပေးစောင့်ကြည့်ဖတ်ရှု သူ ပေါင်း မူလက သောင်းဂဏန်း မျှ သာ ရှိခဲ့ ရာမှ အောက်တိုဘာ ၄ ရက် တစ်ရက်တည်း တွင် တစ် သိန်းကိုးထောင်ကျော် သို့ရောက် ရှိ သွားကြောင်း တွေ့ရသည်။
ဗြိတိန် စုံတွဲ အသတ်ခံရမှု ၏ တရားခံ များမှာ မြန်မာ အလုပ်သ မားများဖြစ်ကြောင်း ထိုင်း ရဲတပ် ဖွဲ့က သတင်း ထုတ်ပြန်ပြီးနောက် တွင် ယင်းကြေညာချက် အပေါ် မယုံကြည် သည့် ဝေ ဖန် မှု များ ထိုင်းနိုင်ငံပြည်သူများ ကိုယ်တိုင် အပါအ၀င် ကမ္ဘာ့နိုင်ငံ အသီးသီး မှ ပြည်သူများ က အင်တာနက်စာ မျက်နှာများတွင် ဖော်ပြလာကြသည်။ DNA ကို ဗြိတိန်နိုင်ငံမှ စစ်ဆေး ရန် တောင်းဆိုသည့် လှုပ်ရှားမှုများ၊ အမှုစစ်ဆေးရာတွင် တရားမျှတမှုရရှိရေးတောင်းဆိုမှုများ ထွက်ပေါ်လာနေသည်။
ထိုင်းနိုင်ငံ ၏ အလုပ်သမား ဆက်ဆံရေးနိုင်ငံတော် စီမံကိန်း အဖွဲ့(SERC) နှင့် ထိုင်းနိုင်ငံ အခြေစိုက်ရွှေ့ပြောင်း အလုပ်သမား များ အတွက် အခွင့် အရေးကွန် ရက်(MWRN)တို့ကလည်း သံသ ယတရားခံ များကို အကူအညီပေး ရန်အတွက် ရှေ့နေများ ၊ ရွှေ့ ပြောင်း တက်ကြွ လှုပ် ရှား သူများ၊ ဘာသာပြန်များ ပါဝင်သည့် ၎င်း တို့၏ လွတ်လပ်သော အဖွဲ့တစ် ဖွဲ့ကို အောက် တိုဘာ ၅ ရက်တွင် Ko Samui အကျဉ်းထောင်နှင့် တရားရုံး သို့ စေလွှတ်မည် ဟု ပြောကြား သည်။ ယင်းနေရာ မှာ သံသ ယ တရားခံမြန်မာများ အား ထိန်း သိမ်းထားရာဖြစ်သည်။
‘‘ဒီ အမှုကို စုံစမ်း စစ်ဆေးမေး မြန်းနေစဉ် အတွင်းမှာ ရွှေ့ပြောင်း အလုပ် သမားတွေအပေါ် ရုပ်ပိုင်း ဆိုင်ရာနှိပ်စက် ညှဉ်းပန်းမှု ရှိတယ် ဆိုတဲ့ သတင်းပို့ အစီရင်ခံမှု အများအပြားရှိ တာကြောင့် ကျွန်တော် တို့ သံသယဖြစ်မိပြီး စိုးရိမ်ပူပန်နေ ပါတယ်။
စွပ်စွဲ ခံရသူတွေဟာ တရားမျှတ တဲ့ အမှု စစ်ဆေးမှု ရရှိရဲ့လား၊ မရရှိဘူးလား ဆိုတာ ကို ကျွန်တော်တို့ သေချာအောင် လုပ်ချင်တယ်’’ဟု SERC ၏ အပြည်ပြည် ဆိုင်ရာရေးရာ အကြံ ပေးဖြစ်ပြီး၊ MWRN ၏ အကြံ ပေးလည်းဖြစ်သည့် မစ္စတာ အန် ဒီဟောလ်ကပြောကြား သည်။
‘‘ကျွန်တော်တို့ အခု ရဲတွေနဲ့ ဆက်သွယ် ခဲ့ပါတယ်။ စွပ်စွဲခံရ သူတွေဆီ ကနေပြီး ဘယ် လို တောင်း ခံချက် မျိုးမှ ကျွန်တော်တို့ မရခဲ့ပါဘူး။ သူတို့(စွပ်စွဲခံရ သူ တွေ) က ရှေ့နေတွေ ဆီ က ဘယ် လိုအကူအညီမှ မတောင်းခဲ့ဘူးလို့ ရဲတွေကပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဆီ ကနေ ရှေ့နေ အကူအညီ ယူဖို့ သူတို့ သဘောတူအောင်ကျွန်တော်တို့ ကြိုးစားမှာပါ’’ ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဘန်ကောက် တွင် အခြေ စိုက်ပြီး ထိုင်းနိုင်ငံနှင့် အရှေ့ တောင်အာရှ အကြောင်း လေ့လာ သူ၊ ဗြိတိသျှ လွတ်လပ်သော သတင်းသမား လည်းဖြစ်၊ တီဗီ မှတ်တမ်း ရုပ်ရှင်ဖန်တီးသူ လည်း ဖြစ် သည့် နာမည်ကျော် Andrew Drummpond ကလည်း ဤအမှု ဖြစ်စဉ် ကို ၎င်း၏ ၀က်ဘ်ဆိုက် တွင် ဖော်ပြခဲ့ရာ ယင်းကိုဖြန့်ဝေ သူများစွာရှိခဲ့သည်။
၎င်းတို့ တရားခံဟု စွပ်စွဲသည့် မြန်မာ အလုပ် သမားနှစ်ဦးကို ခိုတောင်ကျွန်း တွင် ပြစ်မှုကျူးလွန် ခဲ့ပုံကို ပြန်လည် သရုပ်ပြ ခိုင်းမှုအား အင်ဒရူး က ဓာတ်ပုံ များနှင့်တကွ ဖော်ပြထားသည်။
အောက်တိုဘာ ၄ရက်က ပြုလုပ်သည့် မှုခင်းဖြစ်စဉ်ပြန် လည် သရုပ်ဖော်မှု အရ ရဲများ သည် ၎င်းတို့ ၏ အမိန့် အတိုင်း လုပ်သည့် မသင်္ကာဖွယ်ဖြစ်သူ များကို အဓိက ဦးဆောင်နေမှန်း ထင်ရှားကြောင်း Andrew Dru mmpond ကဆိုသည်။
အကယ်၍သာ ၎င်းမြန်မာ အလုပ်သမားနှစ်ဦး သည် အပြစ် ရှိကြပါက ဘာကြောင့် ၎င်းတို့ အရင် ကတည်း က ကျွန်းမှ ထွက် ပြေးမှုမပြုခဲ့ကြသနည်း။ (အသတ်ခံရသူ ဗြိတိန်အမျိုးသမီး ဟန်နာ ၏ ဖုန်း ကို ၎င်းတို့ ၏ အခန်းနား တွင် တွေ့ရကြောင်း ရဲတပ်ဖွဲ့က ဆိုသည့် အတွက်) တစ်ကမ္ဘာလုံး ညာသံပေးနေသည့် အချိန်၌ ဘာ ကြောင့် ဟန်နာ ၏ ဖုန်း ကို သူတို့ က သိမ်း ထား မည်နည်း (အခန်း အနီး အနား ကိုပဲ လွှင့်ပစ်မယ် တဲ့လား)၊ သူတို့ က မေ့မယ်တဲ့လား . . . အစ ရှိသည့် မေးခွန်း တို့ကိုလည်း ၎င်းက မေးခွန်းထုတ်ထားသည်။
ထို့အပြင် လူသတ် တရားခံ များ ပါဟု မီဒီယာ များသို့ ထုတ် ပြန်ချိန် တွင် စွပ်စွဲခံရသူ တစ်ဦး ၏ အင်္ကျီမှာ အခင်းဖြစ်ပွားသည့် ညက ၀တ်ဆင် ထားသည့် အင်္ကျီ ပင်ဖြစ်နေသည်။ ယင်းမှာ လျှော် ဖွတ်ပြီး သားဖြစ်ကြောင်း သိသာ ထင်ရှားနေ၏။ ထို အချက်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့သည် ၎င်း၏ အင်္ကျီကို ချက်ချင်း ချွတ်ယူ၍ မှုခင်းဆေး ပညာ စစ်ဆေးရေးဆီ သို့ ပေးပို့ခြင်း ဘာကြောင့် မပြုခဲ့ ပါသနည်းဟု Andrew က မေး ခွန်း ထုတ်ထားသေးသည်။
ထိုင်းနိုင်ငံ သို့ လာရောက် လည်ပတ်သော အသက် (၂၄) နှစ် အရွယ် ဗြိတိသျှနိုင်ငံသား ဒေး ဗစ်မီလာနှင့် အသက် (၂၃) နှစ် အရွယ် ဟန်နာယီသာရစ်ခ်ျ တို့ သည် စက်တင်ဘာ ၁၄ ရက် ညဥ့် သန်းခေါင်တွင် ထိုင်းနိုင်ငံ တောင် ပိုင်း၊ ဆူရတ်ဌာနီခရိုင်၊ ခိုတောင် ကျွန်း(လိပ်ကျွန်း)၌ အသတ် ခံခဲ့ရ ခြင်းဖြစ်ပြီး စက်တင်ဘာ ၁၅ ရက် တွင် ၎င်းတို့၏ အလောင်းများ တွေ့ရှိ ခဲ့ခြင်းဖြစ် သည်။ ခိုတောင် ကျွန်းတွင် ရွှေ့ပြောင်းမြန်မာ လုပ်သား ၄၀၀၀ ၀န်းကျင်ရှိပြီး အလုပ် သမားအများစု မှာ ထို ကျွန်းရှိ ဟိုတယ်နှင့် စားသောက်ဆိုင် များ၌ လုပ်ကိုင်နေကြခြင်းဖြစ် သည်။
ထိုင်း ရဲတပ်ဖွဲ့ သည် အခင်း ဖြစ်ပွားပြီးနောက်နေ့တွင် ထို ကျွန်းရှိ ရွှေ့ပြောင်းမြန်မာ လုပ်သား နှစ် ဦး (ယခု ၀န်ခံထားသူများ) ကို ဖမ်းဆီး စစ်ဆေး ခဲ့ပြီး တရားခံ မဟုတ်ဟု ဆိုကာ ပြန် လွှတ်ပေးခဲ့ သည်။ နောက်ပိုင်းတွင် ထိုကျွန်း ရှိ ရွှေ့ပြောင်းမြန်မာ လုပ်သားများ ကို ရိုက်နှက် စစ်ဆေးမှုများ ထပ်မံ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိ သည်။
ထို့နောက်ဗြိတိန် စုံတွဲနှင့် အဖော် အဖြ စ် ပါလာသည့် သူ တစ်ဦးကို စစ်ဆေးမှုများပြုလုပ်ခဲ့ ပြီး ထိုင်းနိုင်ငံသား နှစ်ဦး ကိုလည်း ထပ်မံစစ်ဆေးမှု များပြုလုပ်ခဲ့ သည်။
ဗြိတိန် စုံတွဲ အသတ် ခံရမှုနှင့် ပတ်သက်၍ ထိုင်း ရဲတပ်ဖွဲ့က မြန် မာ လုပ်သားသုံးဦး ကို အောက်တို ဘာ ၁ ရက်တွင် ဖမ်းဆီးခဲ့သည်။ ဖမ်းဆီး ခံရသည့် မြန်မာလုပ်သား သုံးဦး အနက် နှစ်ဦးသည် လူသတ် တရားခံ များဖြစ်သည်ဟု ထိုင်းရဲ တပ်ဖွဲ့ထံ အောက်တိုဘာ ၂ ရက် တွင် ဝန်ခံခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ဝန်ခံခဲ့သော မြန်မာလုပ်သားနှစ်ဦးသည် ဗြိတိန်စုံတွဲ အသတ်ခံရမှုနှင့် ပတ်သက် ၍ ထိုင်းရဲ တပ် ဖွဲ့က အခင်းဖြစ်ပွား ပြီး နောက်တစ်နေ့ဖြစ်သော စက် တင်ဘာ ၁၆ ရက်တွင် ဖမ်းဆီး၍ စစ်ဆေးမေးမြန်းခဲ့ပြီး တရားခံများ မဟုတ်ဟုဆိုကာ ထိုနေ့၌ပင် ပြန် လွှတ်ပေးခဲ့သော သူနှစ် ဦး ဖြစ် သည်။
ဝန်ခံ သည့် မြန်မာ လုပ်သား နှစ်ဦး ထံမှ DNA ကို အောက်တို ဘာ ၂ ရက်တွင် စစ်ဆေး ရာ သေ ဆုံးသူ ကိုယ်ပေါ်မှ နမူနာနှင့် ကိုက်ညီနေ ၍ လူသတ် တရားခံဖြစ် ကြောင်း ထိုင်းရဲ တပ်ဖွဲ့က အောက်တိုဘာ ၃ ရက်၌ အတည်ပြုလိုက် သည်။
အောက်တိုဘာ ၃ ရက်ည တွင် ဝန်ကြီးချုပ် ပရာယွတ်ချန်အို ချာ က ရဲတပ်ဖွဲ့ ကို ၎င်းတို့၏ စုံစမ်း မေးမြန်းမှုနှင့် ပတ်သက် ၍ ချီးကျူးခဲ့ပြီး ဆုချီးမြှင့်မည့် အကြောင်း ပြောကြားခဲ့သည် ။ ပြစ်မှု ကျူးလွန်ကြောင်း စွပ် စွဲခံရသူ အသက်(၂၁)နှစ်အရွယ် ဝင်းကျော်ထွန်းသည် ပြစ်မှုကျူး လွန်ကြောင်း ဝန်ခံခြင်းမရှိသေး ပေ။
အခြားစွပ်စွဲခံရသူနှစ်ဦးဖြစ် သော အသက်(၂၃)နှစ်အရွယ် မောင်မောင်နှင့် အသက်(၂၁)နှစ် အရွယ် ဇော်လင်းတို့သည် DNA စစ်ချက်နှင့် ကိုက်ညီနေသူများဖြစ် ပြီး ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံ ထားသူများဖြစ်သည်။ ၎င်းတို့နှစ် ဦးကို ထိုင်းရဲတပ်ဖွဲ့က အောက် တိုဘာ ၃ ရက်တွင် အခင်းဖြစ်ပွား သည့်နေရာ၌ သရုပ်ပြမှုများ ပြု လုပ်ခိုင်းခဲ့သည်။
Kansas City တွင် နေထိုင် သည့် နိုဘဲလ်ကော့ဇ် အမည်ရှိ အမျိုးသမီး က ၎င်းအနေဖြင့် အမေရိကန်ပြည်ထောင်စု ရှိ ယူကေသံ ရုံးသို့ စာပို့ထားပြီး DNA တိုက်စစ် ရန် တောင်းဆို ထားသည်ဟု ဆို သည်။ ထို့အပြင် ၎င်း ၏ ကမ်ပိန်း ၌ ပါဝင်ရန် လည်း ဖိတ်ခေါ်ထား ပြီး နိုင်ငံတကာ ရှိ ယူကေ သံရုံးများ သို့ တောင်းဆို စာပေးပို့ရန် တိုက် တွန်းထားကြောင်း တွေ့ ရသည်။
‘‘အခုထိ မလေးရှား၊ ဂျာမ နီ နဲ့ ထိုင်းက အဆက်အသွယ် တွေ ကျွန်မ ရတယ်။ တချို့လူတွေ ကတော့ ဘယ်ကလဲ ဆိုတာ မသေချာဘူး။ ဒီကမ်ပိန်း ကို အမေရိကား၊ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ဂျာမနီနဲ့ မြန်မာ မှာ ကျွန်မ လုပ်ချင်တယ်။ မျှော်လင့် စရာကောင်းတာ က ဒီကမ်ပိန်း မှာ လူတွေ အများကြီး မှ အများကြီး ပါဝင်လာတာ ပါပဲ။
ကျွန်မ ရဲ့ တစ်ခု တည်းသော မျှော်လင့်ချက်က ဒီ အမှုမှာဗြိတိသျှ သံရုံးက ကူညီ ပါဝင်ရေး တိုက်တွန်း ဖို့ လူများနိုင် သမျှ များများ ရဖို့ပါ’’ဟု နိုဘဲလ်ကော့ဇ် က ဆိုသည်။
7Day Daily
From...Myanmar Online News
No comments:
Post a Comment