ရန်ကုန် သုဝဏ္ဏကွင်း မှာ ဒီနေ့ ညနေ ယှဉ်ပြိုင် ကစားကြတဲ့ အာရှ ယူ၁၉ လူငယ် အားကစားပြိုင် ပွဲ ကွာတားဖိုင်နယ် ပွဲစဉ် မှာ အိမ်ရှင် မြန်မာ အသင်းက ယူအေအီး အသင်းကို ၁ ဂိုး .. ဂိုးမရှိ နဲ့ အနိုင် ရ ပြီး ဆီမီးဖိုင်နယ် ကို တက်ရောက် သွားပါတယ်။
ပထမပိုင်း မှာ တဖက်နဲ့ တဖက် ဂိုးသွင်းနိုင်ခြင်း မရှိပေမယ့် ဒုတိယ ပိုင်း ၅၂ မိနစ် မှာ ငြိမ်းချမ်းအောင် ချပေးတဲ့ ဘောလုံးကို သန်းပိုင် က အနီးကပ် ကန်သွင်းပြီး မြန်မာ အသင်း အတွက် အနိုင် ဂိုးကို သွင်းယူပေးသွား ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် မြန်မာလူငယ် အသင်း အနေနဲ့ ဆီမီးဖိုင်နယ် ကို တက်ရောက် သွားပြီဖြစ်သလို နယူးဇီလန်နိုင်ငံ မှာ လာမယ့်နှစ် ကျင်းပမယ့် ယူ၂၀ ကမ္ဘာ့ ဖလား လူငယ်ဘောလုံး ပြိုင်ပွဲ ကို ၀င်ရောက်ခွင့် ရသွားပြီဖြစ်ပါတယ်။
မြန်မာ အသင်း ဟာ အုပ်စုပွဲစဉ်တွေ မှာ တုန်းက ယီမင်နဲ့ သရေ၊ ထိုင်း ကို ၃-၀ ဂိုး၊ အီရန် ကို ၂-၀ ဂိုးနဲ့ ရှုံးပြီးနောက် ကွာတားဖိုင်နယ် ကို တက်ရောက် ခဲ့တာပါ။
ကွာတား ဖိုင်နယ် မှာတော့ ယူအေအီး ကို ၁-၀ ဂိုး နဲ့ အနိုင်ရပြီး ဆီးမီးဖိုင်နယ် ကို တက်ရောက် သွားတာပါ။
From...Search Myanmar
No comments:
Post a Comment