ရည်းစားနဲ့ ကွဲလို့ ဝမ်းနည်းနေ တဲ့ မိန်းကလေး တစ်ဦးဟာ KFC
ကြက်ကြော် ဆိုင်မှာ တစ်ပတ် လုံးလုံး ကြက်တောင် ပံတွေ ထိုင် စားနေတာကြောင့်
ဒေသတွင်း မီဒီယာတွေကြား မှာ သတင်း ဖြစ်ခဲ့ ရပါတယ်။
Daily Star ရဲ့ဖော်ပြချက် အရ ဒီ မိန်းကလေး ဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် Chengdu မြို့က ဖြစ်ပါတယ်။
လူတွေ က အများကြီးကို လာတာ ပါ။ ပထမတော့ ဘယ်သူ မှ သူ့ကို သတိ မထားမိဟု ဆိုင်ဝန်ထမ်း တစ်ဦးဖြစ်သူ လီလန် ဆိုသူ က “၂၄ နာရီလုံး ဖွင့်တော့ ဒီမှာ ကျွန်တော်တို့ က အဆိုင်း ခွဲဝန်ထမ်းတွေ ဟာ တန်ရှင် ဆိုတဲ့ ဒီ မိန်းကလေး ကို သုံးရက်လောက် ကြာပြီး မှသာ သတိ ထားမိခဲ့ကြတယ် လို့ဆိုပါတယ် ။

ဒါပေမဲ့ ရက် အနည်းငယ်ကြာတော့ သူ့ကို ရင်းနှီးတယ် လို ထင်မိပါတယ်။ အဲ့ဒီ အချိန်မှာ ကျွန်တော် သိလိုက် တာက ပြီးခဲ့တဲ့ သုံးရက် အတွင်း သူဟာ လုံးဝ ထွက်မသွားသေး ဘူး ဆိုတာပါပဲ“ လို့ ပြောကြားခဲ့ပါတယ်။
ဆိုင်ဝန်ထမ်းတွေ က အခြေအနေမေးတော့ မစိုးရိမ်ရန် နဲ့ စဉ်းစားနေ တာဖြစ်ကြောင်းပြော ကြားပြီး ကြက်တောင်ပံကြော် တွေကို သာ မှာစားနေခဲ့တယ် လို့ ဆိုပါတယ်။ တန်ရဲ့အဆို အရ ပြတ် သွားတဲ့ သူ့ရည်းစားနဲ့ ပက်သက်ပြီး အမှတ်ရ စရာတွေ နဲ့ ပြည့်နေတာကြောင့် သူ့ အခန်းကို လည်း ပြန် မသွားချင်ဘူး လို့ဆိုပါတယ်။

သူ့ သတင်းကို ဒေသတွင်း မီဒီယာ အမြောက်အများ က သိရှိ သွားပြီး ဆိုင်ကို လူအမြောက် အများ ရောက်ရှိ လာမှသာ ထွက်သွား ခဲ့တယ် လို့ ဆိုပါတယ်။
www.myanmarlatestnews.com

phothutaw
No comments:
Post a Comment