Friday, November 8, 2013

မိန်းမအိမ်သာရှေ့က CCTV ပြန်ဖြုတ်ပေးလို့ ဆန္ဒပြမှုရပ်ဆိုင်းပြီ

 
အလုပ်သမားအခွင့်အရေး အပြည့်အ၀ရရှိစေရန် သပိတ်စခန်း ဖွင့်ဆန္ဒပြကာအချက်လေး ချက် တောင်းဆို ခဲ့ကြသော ဒဂုံမြို့သစ် အရှေ့ပိုင်းစက်မှု ဇုန်ရှိ Myanmar Handsome   အထည်ချုပ်စက်ရုံမှ အလုပ်သမားများ ၏တောင်းဆို ချက်များကို လိုက်လျောခဲ့သဖြင့် နိုဝင်ဘာလ (၄) ရက်နေ့တွင် သပိတ်စခန်းဖွင့်ဆန္ဒပြမှုအားရပ် ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရ သည်။
 

အဆိုပါသပိတ်စခန်းဖွင့် ဆန္ဒ ပြမှုခြင်းကို အောက်တိုဘာလ ၃၁ ရက်နေ့မှစတင်ပြုလုပ်ခဲ့ပြီး တောင်းဆို ခဲ့သောအချက်လေး ချက်ဖြစ်သည့်အလုပ်ဖြုတ်ခံထား  ရသော အလုပ်သမား ကိုစည်သူ မင်းကို အလုပ်ပြန် ခန့်ရေး၊ မိန်းမ အိမ်သာရှေ့တွင်တပ်ဆင်ထားသော CCTV   အားဖြုတ်ပေးရေး၊ ဆန္ဒ ပြကာလတွင် လုပ်ခ လစာမဖြတ် ရေး၊ ယခင်စာချုပ်ပါအချက်များ  ကို လိုက်နာရေး စသည်တို့အား အလုပ်ရှင်ကလိုက်လျော ခဲ့သဖြင့် ဆန္ဒပြမှုအားရပ်ဆိုင်း လိုက်ပြီဖြစ် ကြောင်း ဆန္ဒပြတောင်းဆိုရာတွင်  ပါဝင်သောအလုပ်သမ ရှင်းသန့် ဖြူစင်ကပြောခဲ့သည်။


အဆိုပါကိစ္စနှင့် ပတ်သက်၍ Myanmar Handsome အထည် ချုပ်စက်ရုံမှ အထွေထွေမန်နေဂျာ  ဦးမောင်မောင်ညို က “အခုလို ဖြေရှင်းလိုက်တော့လည်းပြီးသွား တာပဲ”ဟုပြောခဲ့သည်။ ယင်းစက် ရုံတွင် ယခင်အောက်တိုဘာလ အတွင်းကလည်း အလုပ်သမား ဆန္ဒပြမှုများရှိခဲ့ပြီး မြို့နယ်ညိုနှိုင်း ဖျန်ဖြေရေး အဖွဲ့ရှေ့တွင် အချက် ၁၉ ချက်အား စာချုပ်ချုပ်ဆိုခဲ့ ကြောင်း အဆိုပါအချက် ၁၉ ချက်  မှ သန့်ရှင်းရေး ၀န်ထမ်းတိုးမြှင့် ခန့်ထားပေးရေး OT   အချိန်ပိုလုပ် အားခနှင့် အချိန်ပိုအလုပ်ဆင်းချိန် တိတိကျကျ သတ်မှတ်ပေးရေး၊ ဖယ်ရီကားကိစ္စအဆင်ပြေအောင် ဆောင်ရွက်ပေးရေး၊ အလုပ်ရှင်မှ အလုပ်သမားများ အား ဆဲဆိုခြင်း မပြုရေးစသည့်အချက်များအား မလိုက်နာခဲ့သဖြင့် ယခုကဲ့သို့သပိတ်  စခန်းဖွင့်ဆန္ဒပြ ရခြင်းဖြစ်ကြောင်း သိရသည်။



နောင်နောင်၊ကျော်မာဃ

From: The Hot News Weekly

www.mmdailystar.com မှမျှဝေဖေါ်ပြသည်...

No comments:

Post a Comment