Friday, November 8, 2013

ပဌာန်း ၂၄ ပစ္စည်း ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်များ





၁ ။ ဟေတုပစ္စယော .....
( အကုသိုလ် ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား)...

၂ ။ အာရမ္မဏပစ္စယော ....
( မျက်စိနှင့် နား သည် နိဗ္ဗါန်သို့ မျက်မှောက်ပြုရပါစေသား။ )

၃ ။ အဓိပတိပစ္စယော ....
-( ရုပ်နှင့် နာမ် နှစ်ပါးကို စောင့်ရှောက် ထိန်းသိမ်း နိုင်ရပါစေသား။)

၎ ။ အနန္တရပစ္စယော ..
(များလှစွာသော ကုသိုလ် တရားများကို မျက်မှောက်ပြုရပါစေသား။)

၅ ။ သမနန္တရပစ္စယော -

( ရုပ်နှင့်နာမ်အတူရှိသော တရားတို့ ကို မျက်မှောက်ပြုရပါစေသား။)

၆ ။ သဟဇာတပစ္စယော --

( ရုပ် ရုပ်ခြင်း ၊ နာမ် နာမ်ခြင်း၊ ထင်ရှားစွာ သိရပါစေသား။)

၇ ။ အညမညပစ္စယော --
( ရုပ်မှ နာမ်သို့ ၊ နာမ်မှ ရုပ်သို့ ပြောင်းလဲ၍ သိရပါစေသား။)

၈ ။ နိဿ        ယပစ္စယော -
(ရုပ်နာမ် နှစ်ပါး တို့ ၏ တည်ရာကို သိရပါစေသား။)

၉ ။ ဥပနိဿ        ယပစ္စယော -
(ရတနာသုံးပါးကို ဦးထိပ်ထား ရပါစေသား။)

၁၀ ။ ပုရေဇာတပစ္စယော -

( ရှေ့ ကဖြစ်သော အကုသိုလ်ကို ပယ်၍ ကုသိုလ်ကို မျက်မှောက်ပြုရပါစေသား)

၁၁ ။ ပစ္ဆာဇာတပစ္စယော -

( နောက်၌်ဖြစ်သော ကုသိုလ်ကို ပယ်၍ ကုသိုလ်ကို မျက်မှောက်ပြုရပါစေသား)

၁၂ ။ အာသေ၀နပစ္စယော -
(လိုအင်ဆန္ဒမရှိအောင်ပြည့်စုံရပါစေသား)

၁၃ ။ ကမ္မပစ္စယော -
(ကံ သုံးပါးကို ထိန်းသိမ်းနိုင်ရပါစေသား)

၁၄ ။ ၀ိပါကပစ္စယော -
( ဝဋ်ကြွေး သုံးသွယ်ကို ပယ်ဖျက်ရပါစေသား)

၁၅ ။ အာဟာရပစ္စယော -
( လိုရာ ဆန္ဒ ပြည့်စုံစွာ ထောက်ပံ့နိုင်ကြပါစေသား)

၁၆ ။ ဣန္ဒြိယပစ္စယော -
( နာမ်ရုပ်ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရပါစေသား)

၁၇ ။ ဈာနပစ္စယော -

( သူတော်ကောင်းတရား (၇) ပါးနှင့်၊ ဥာဏ်စဉ် (၅) ပါးတို့ နှင့် ပြည့်စုံရပါစေသား။)

၁၈ ။ မဂ္ဂပစ္စယော -
( ဘာဝနာ (၂ ) ပါး အပေါင်း ကို အာရုံပြု၍ အထွတ်အထိပ် ပညာကို ရပါစေသား။)

၁၉ ။ သမ္ပယုတ္တပစ္စယော -
( သူတော်ကောင်းတို့ နှင့်ပေါင်း၍ (၇ )ဖြာသော တရားနှင့် ယှဉ်တွဲရပါစေသား။)

၂၀ ။ ၀ိပ္ပယုတ္တပစ္စယော -
( သူယုတ်မာနှင့်ဝေး၍ အကုသိုလ်နှင့် ကင်းရှင်းရပါစေသား။)

၂၁ ။ အတ္ထိပစ္စယော -
(သမုတိနယ် ၏ အရှိကို ဟုတ်မှန်စွာ သိရပါစေသား။)

၂၂ ။ နတ္ထိပစ္စယော -

(ပရမတ္ထ္တ မရှိ တရား၏ အသိကို မျက်မှောက်ပြုရပါစေသား။)

၂၃ ။ ၀ိဂတပစ္စယော -
( ရှေ့ ၌ ပွင့်ကုန်ပြီးဖြစ်သော ဘုရားတို့ ကို ရှိခိုးပါရစေသား။ )

၂ ၄ ။ အ၀ိဂတပစ္စယောတိ -

( ပွင့်လတ္တံ့ သော ဘုရားတို့ ကို ရှိခိုးပါရစေသား)




Myawady News

From...Facebook




No comments:

Post a Comment