
၁။ သဗ္ဗညုတ ဘုရားရှင်များ တို့၏ အပေါ်၌ လည်းကောင်း။
၂။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်များ အပေါ်၌ လည်းကောင်း။
၃။ အဂ္ဂသာဝက အရှင်မြတ်များ အပေါ်၌ လည်းကောင်း။
၎။ ရဟန္တာ အရှင်မြတ်များတို့ အပေါ်၌ လည်းကောင်း။
၅။ ပစ္စုပ္ပန် ၌ တော်စပ်သော မိခင်ကြီးနှင့် သံသရာ၌ တော်စပ်ခဲ့သော မိခင်များ အပေါ်၌ လည်းကောင်း။
၆။ ပစ္စုပ္ပန် ၌ တော်စပ်သော ဖခင်ကြီးနှင့် သံသရာ၌ တော်စပ်ခဲ့သော ဖခင်များ အပေါ်၌ လည်းကောင်း။
၇။ တရား အသိထူး ရအောင် ဟောပြောပေးကြသော လောကုတ္တရာ ဆရာသမားများ အပေါ်၌ လည်းကောင်း။
၈။ သီလ၀န္တ သူတော်စင် အပေါင်းတို့ အပေါ်၌ လည်းကောင်း။
၉။ လောကီပညာ များကို သင်ပေးကြကုန်သော ဆရာသမား များ အပေါ်၌လည်းကောင်း။
၁၀။ မိမိတို့ အခက်အခဲ ရှိစဉ်က စားဝတ်နေရေး စောင့်ရှောက်ပေးဖူးကြ ကုန်သော ကျေးဇူးရှင် အပေါင်း တို့အား လည်းကောင်း။
ဤ ခင်ပွန်းကြီး ဆယ်ပါး တို့ အပေါ်၌ ဘုရားတပည့်တော် သည်
ပစ္စုပ္ပန်ဘ၀ ၌ လည်းကောင်း၊
သံသရာ ဘ၀၌ လည်းကောင်း၊
သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ၊
ကာယကံ၊ ၀စီကံ၊ မနောကံ တို့တွင်
တစ်ပါးပါးသော ကံ တို့ဖြင့်
ပြစ်မှား၊ ကျူးလွန်၊ ကြံစည်ပြုလုပ် မိခြင်း ကို သိရှိ နားလည်စွာဖြင့် ၀န်ခံပါ၏။
ဝန်ချ ပါ၏။ တောင်းပန် ပါ၏။ ကန်တော့ ပါ၏။
ဤ ကုသိုလ်စေတနာကြောင့် ....
ဆိုးကျိုးပေးဆဲ၊ ဆိုးကျိုးပေး လတ္တံ့သော
အကုသိုလ် မှန်သမျှ အနန္တ တို့သည် ပိန်းကြာဖက် တွင် ရေမတင် လျှောကျဘိ သကဲ့သို့
ကင်းစင်လွင့်ပျောက် မထိရောက်တော့ဘဲ ကောင်းကျိုး အနန္တ ဖြစ် ထွန်းရပါလို၏ အရှင်မြတ်ကြီးတို့ ဘုရား။
{ မြောက်ဦး ဆရာတော် ၀န၀ါသီ အရှင်ဝါယာမိန္ဒ ၏ ၁၃၇၅-၁၃၇၆ ခုနှစ်၊ ၇.၄.၂၀၁၄ တနင်္လာနေ့ ညနေ မှ ၂၀.၄.၂၀၁၄ တနင်္ဂနွေနေ့ နေ့လည် အထိ (၃၅)ကြိမ်မြောက်၊ သင်္ကြန် အထူး (၁၄) ရက် စခန်း လက်ကမ်း စာစောင် မှ ကူးယူရေးသား ပူဇော် ပါသည်။ }
(မှားယွင်းမှု့များ ရှိသော် အစဉ်သနားသော အားဖြင့် သည်းခံ ခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက် ထား ပါသည် ဆရာတော် အရှင်သူမြတ် ဘုရား)
Myanmar Kaung Lay
No comments:
Post a Comment