မလေးရှားနိုင်ငံ ၏ အကျယ် အ၀န်းမှာ စတုရန်းမိုင် (၁၂၇၃၁၆) ဖြစ်ပြီး။နိုင်ငံ ၏မြို့တော် မှာ “ကွာလာလမ်ပူ”ဖြစ် သည်။ ၁၉၉၂ ခုနှစ် ဇူလိုင်လ တွင် ကောက်ခံ ထားသည့် မှတ်တမ်းများ အရ
လူဦးရေ ၂၂.၂ သန်း ရှိသည်။
မလေးရှားနိုင်ငံ၏ နောက်ခံ သမိုင်း မှာ တရုတ်နွယ်ဖွား များမှ ဆင်းသက် လာကြခြင်း
ဖြစ်သည်။ B.C,1500,2000 .ခန့် တွင် မွန်ဂိုနွယ်ဖွား တရုတ်များ သည်
မလေးကျွန်းဆွယ် ရှိ ကျွန်းစု များ သို့ ရောက်ရှိ အခြေချ ခဲ့သည်မှ မလေးနိုင်ငံ စတင် ခဲ့ခြင်းဖြစ်သည်။
ထို မွန်ဂို တရုတ် များသည် မလေးကျွန်းဆွယ် ကို မလက္ကာမြို့ပြ တည်ထောင် ၍ အုပ်
ချုပ်ခဲ့ကြသည်။ ထိုသို့ မလက္ကာမြိုပြ တည်ထောင် ၍ အုပ်ချုပ်ခဲ့ကြသည့်
ဘုရင်တို့ အားလည်း မလ က္ကာ ဘုရင်များ ဟု ခေါ်ဆိုခဲ့ကြ ၏။
ထိုအချိန် ကာလ ၌
မလေးကျွန်းဆွယ် သည် “မလ္လာယုနိုင်ငံတော်”ဟု အမည်တွ င်ခဲ့၏။
မလ္လာယုနိုင်ငံခေါ် မလေးရှားနိုင်ငံ သို့ ဗုဒ္ဓသာသနာတော် သည် B.C, 309,
ဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော် မူပြီးနှစ်ပေါင်း (၂၅၀) အကြာ
တတိယ သင်္ဂါယနာ တင်ပြီးချိန် မှ စတင်၍ ရောက်ရှိ ခဲ့ပြီး ထို မလေးကျွန်းဆွယ် ကို လည်း
သုဝဏ္ဏဘူမိဒေသ တွင်ပါဝင်ကြောင်း ကို ပညာရှင်တို့ က ယူဆခဲ့ကြလေသည်။
တိကျ ခိုင်လုံသော သမိုင်း အထောက်အထားများ အရ မလေးရှားနိုင်ငံ တွင် သာသနာနှစ်
(၉၀၀) နှင် (၁၀၀၀) အတွင်း ခရစ်နှစ် ၄-ရာစုနှင့် ၅-ရာစု တွင်း
အိန္ဒိယ ၌ အသုံးပြုသော သက္ကတ ဘာသာဖြင့်ရေးထိုး
သည့်သော ဗုဒ္ဓဘာသာ ကျမ်းစာကျောက်ချပ် များစွာ တို့ကို
မလေးရှားနိုင်ငံ အနှံ့တွင်တွေ့ရှိရ ပါသည်။
ထို့အပြင် အဘိဓမ္မာ ကျမ်းမှ
ဂါထာတော် သုံးပုဒ် အား ရေးထိုး ထားသည့် ရွှံ့အုတ်ချပ် ကိုလည်း တွေ့ရှိရပြီး၊
အုတ်ကျောင်းတိုက် ၃-တိုက်နှင့် စေတီတော် (၅) ဆူ ကို ဘုရင်နှင့်
သံဃာတော် များကြီးမှုး ၍
ပြည်သူ ၊ပြည်သား ၊ဒကာ၊ ဒကာမ အများ စုပေါင်းကာလှုဒါန်းတည်ဆောက်ထား ခဲ့ကြကြောင်း
ရေးထိုး ထားသည့် ကမ္ဗည်းမော်ကွန်း ကိုလည်းတွေ့ရှိခဲ့ကြပါသည်။