စလုံး သည် နိဗ္ဗာန် မဟုတ်ပါ။ စလုံး သည် အတုအယောင် တို့ဖြင့် မျက်စိ ပသာဒဖြစ်အောင် ဖန်ဆင်း ထားသော မိုနိုပိုလီ ဂိမ်း တစ်ခုသာဖြစ်ချေ၏။
သမိုင်းကြောင်း မရှိပါ၊ ယဉ်ကျေးမှု မရှိပါ၊ သယံဇာတ မရှိပါ၊ ဘာမှ မရှိသော်လည်း စူပါမန်း တစ်ဦး ရှိခဲ့ ပါသည်။ ထိုသူအား မစ္စတာလီ ဟု ခေါ်လေ၏။ မြန်မာပြည် မှ အနှီ ပုဂ္ဂိုလ်အချို့ တို့သည် စလုံး အသံကြား သည်နှင့် တန်း အထင်ကြီး တတ်ကြလေ၏။ အံ့သြဖွယ်ကောင်းလေစွ။
မှုန်ပေပေ စက်ရုပ်လူသား တို့ အကြား သူတို့ မလုပ်ချင်သော အလုပ် များကို အင်မတန် မှ လုပ်ချင်ကြလေ၏။ သဘာဝ မဟုတ်သော အတု အယောင် ဖန်ဆင်းနေရာ များကို ဝင်ကြေးဒေါ်လာ သုံးဆယ်ပေး၍ လူရာဝင် ခံလိုကြ၏။
ဖရေဇာ၊ သိမ်ကြီးဈေးနှင့် ယုဇန ပလာဇာ တို့တွင် ပါးရိုက်ဝယ်၍ ရသော အထည် များကို ဘူဂစ်လမ်း ဟူသော လမ်းကြား ထဲ၌လူ အတိုးခံ ဖင် အနှိုက်ခံ ဝယ်၍ ရွာပြန်ကြွား လိုကြလေ၏။ လက်ထဲ ကိုင်ထားသော ပစ္စည်း ကို စလုံး ပစ္စည်းဟု ပြောမိသည်နှင့် ပြန်ရောင်း ပါလားဟု ကမ်းလှမ်းကြလေ၏။
ရွာမှ ဖိုးခွေး၊ ဘုတ်ဆုံ၊ ချက်ကြီး၊ ဝဲထူမ၊ ကုလား မတို့ သူများ စလုံး ဆိုသောကြောင့် စလုံး ရန် မလည် မဝယ်နှင့် စလုံးရောက်လာကြ၏။ ရွာမှာ ဖုန် အလိမ်းလိမ်း ဗွက် အလိမ်းလိမ်းနှင့် ပေတေလေ ခဲ့သော်လည်း မစ္စတာလီကောင်းမှုဖြင့် အကောင်းစားဖုန်း များကို အကြွေး ဝယ်ခွင့်ရကြ၏။
နံမည်ကြီး တံဆိပ် အဝတ်အစား များ အသုံးအဆောင် များကို ကိုင်ခွင့် ရကြ၏။ မြန်မာပြည် မှာ ပီစီအို ဖုန်း အကြွေးဖြင့် ဆက်ခဲ့သော်လည်း စလုံးရောက်တော့ သရီးဂျီ ဖိုးဂျီဖြင့် အကြွေးဝယ် ထားသော နောက် ဆုံးပေါ်ဖုန်းဖြင့် လေအဆက် မပြတ် တိုက်လေတော့၏။ ရွာ ၌ ဗယာကြော်နှင့်နေ့တိုင်း ဆွဲခဲ့သော်လည်း စလုံးရောက်သော အခါ ပီဇာ၊ ချီပါ၊ တီတီ တာတာ တို့သည် မွေးကတည်းက စားလာ ကုန်သော ဖေးဘရိတ် ဖု ဖြစ်လာ ကုန်တော့၏။
သစ်စဝမ်း အစ် သယ် လိုက်သစ် သယ်နှင့် ပတ်ချာ ရိုက်နေသာ တလားလားနှင့် အရပ် ပျက်မ အင်္ဂလိပ်စကား ကို လို မန်းတစ်၊ ဂျီးရိုး ဟု အသံ ထွက်သော ဆင်ကာပူ လီးရမ်း တို့နှင့် အပြိုင်ပြော ဆိုနိုင်ခြင်းကို ကိုယ့်ကိုယ့် ကို အဟုတ်ကြီး ထင် ကမ္ဘာသုံး အင်္ဂလိပ်စကား ဟု ထင်မှတ် ကုန်ကြလေတော့၏။
ဘုတ်ဆုံ၊ ဝဲထူမ၊ ကုလားမ တို့ကား ရွာက နာမည်ရင်း ကို ဖျောက်၍ စလုံးတော တိုးရန်ကြံဆောင်ကြလေ၏။ ဆန်ဒီ၊ ဟန်နီ၊ မီချီ၊ ဘီကနီ ဟူသော ဘိုနာမည် များကို အပြိုင်အဆိုင် ပေးကြပြီး သကာလ ပေါင်မှ ဝဲကွက် များကို ဖော်ပြသော အဝတ်အစား များကို ဝတ်ဆင်ကြပြီး လျှင် အပတ်စဉ် ပင်နီဆူလာ ပလာဇာ တလွှား မျက်စိနောက်အောင် လမ်း သလားကြလေတော့၏။
ဖိုးခွေး တို့ကိုမြင်လျှင် ရွာသားချင်း မသိချင်ယောင်ဆောင်ပြီး သကာလ စလုံး တရုတ် ပစ္စည်းမှ အထင်ကြီး တွဲ ခုတ်ချင်ကြလေ၏။ မဲပေနေသော ဒီဇိုင်း များသည် ခေတ်သစ် ကင်မရာ များ၏ အစွမ်း၊ စေတနာ့ရှင် ကင်မရာ မန်း တို့၏ အစွမ်းဖြင့် ဖေ့ဘွခ်ထက် ၌ လန်းလာကြလေ၏။
ဖိုးခွေး တို့ ချက်ကြီး တို့မှာ မူကား ရွာမှာ ဇေယျဝတီ နဲ့ အမြဲနှစ်ပါး သွားခဲ့ရသည် ဖြစ် ရလေကား ရောက် တုန်းရောက်ခိုက် ချီးဖက်၊ မာတဲလ်၊ အိတ်စ်အို၊ ဂျော်နီ မျိုးစုံ မထပ်အောင် မျိုဆို့ရင်း နိုင်ငံရေး၊ စစ်ရေးနှင့် ကမ္ဘာ့ရေးရာ အဖြာဖြာ တို့ကို နေ့စဉ် သုံးသပ် မုန်တိုင်း ထန်လေတော့၏။
မြင်းခေါင်း စွပ်ကျယ် နပ်မမှန် ခဲ့ကြသော်လည်း ဒစ်စကောင့် မျိုးစုံကောင်းမှုဖြင့် မော်ဒယ် ဘွိုင်းများ အလား ဘဝမေ့ကုန်ကြလေ၏။
အလုပ် ထဲ၌ ကိုယ်ရွှေ ကိုယ်မျိုး တို့သည် စလုံး သူဌေး ၏ မျက်နှာသာပေးမှု ကို ခံ၇လို ရငြား တင်းမ်းဝေါ့ခ်ဖြင့် မကစား၊ ဆိုလို ပလေးကြလေကုန်၏။ တစ်ယောက်ကောင်း ကစား သဖြင့် လုပ်ဖော် ကိုင်ဖက် ကစားဖော် ဖား အသင်း ၏ အတက်ကင်အောက် ၌ ခြေစွမ်း မပြနိုင်သူတို့ မှာ ပြားပြားမှောက်ရကုန်တော့၏။
စလုံး ဘော မရင်း ဘော မရင်းဖြင့် ဘောပိနေသူတွေ လဲ ဒုနဲ့ဒေး ရှိလေ၏။ လက်ထဲ ကိုင်ထားသော ပီအာ၊ အီးပီ၊ အက်စ်ပက်၊ ဒဗလျူ ပီလေး ရုတ်သိမ်း ခံရမှာ စိုးသောကြောင့် တွေသမျှ သတ္တဝါ ဘော့စ်ခေါ်ကာ ကြိတ်ခံနေသော ကိုယ်ရွှေ ကိုယ်မျိုးတို့များ လဲ ရှိသေး၏။
ကိုယ့်ပညာ ကိုယ့်ခွန် အားဖြင့် အလုပ် လာလုပ်သည် မှာ အလုပ် သမားဖြစ်သော်လည်း ကိုယ့်ကို ကိုယ် ကျွန် ဟု ထင်နေသော အလိုတော်ရိကျွန်များ လဲရှိကြ၏။ ထိုကျွန် များမှာ စလုံးနှင့် မြန်မာ ဘောလုံးကန် လျှင် စလုံး ဘက်မှ အားပေးကြ၏။
စလုံး မိုက်ရိုင်းလျှင် မသိချင်ယောင်ဆောင်ကြသော်လည်း မြန်မာပြန်ဆဲလျှင် မူ ယဉ်ကျေးသော အပြုအမူ မဟုတ် ဟု သခင် အားရ ကျွန်ပါးဝဟောင်ကြလေ၏။ ဤသို့ လုပ်ပေးခြင်းဖြင့် သူတို့ အက်စ်ပတ် ၇ယူသော အခါ အမ်အိုအမ်/အိုင်စီအေ မှ သခင်ကြီး တို့က ကူညီလိမ့်မည်ဟု ထင်မြင်ကြလေ၏။
ရွာမှာ ဒေါ်ခွေးမနှင့် ဒေါ် တရုတ်မ ရန်ဖြစ်စဉ်က ကဲ့သို့ ဝင်ထောက်ခံ ပါက ဟင်းစားပေး သကဲ့သို့ ဆင် လီးခွေးမျှော်ကြလေ၏။
မြန်မာ လိုရေးသော စတေးတပ်၊ ကွန်မန့် များကို ဘာသာပြန် ၍ သခင်ကြီး တို့ကို သံတော်ဦး တင်ကြသူများ လဲ ရှိလေ၏။ မွေးစားသား အသင်းဟု မြန်မာ တို့ကပြောသည် ကို မခံနိုင်၍ သခင်ကြီး တို့ဘက်မှ မွေးစား သား မဟုတ်ကြောင်း ကို ပြန်ချေပပေးသည့် ရူးကြောင် မူးကြောင် ကျွန်များ လဲ ရှိကြလေ၏။
ကိုယ့်ဘာသာ ကိုယ် အမှိုက်ကောက်သည် ကို ဘာမှ မပြောလိုသော်လည်း တကယ်တမ်း က အမှိုက်မပစ် ရန်သာ လိုချေ၏။
အလုပ်သမား လိုနေရ မည်ဖြစ်သော်လည်း အလုပ်ခွင်ပြင်ပ ၌ တန်းတူ အခွင့်အရေး ရှိသည်ကို သိရန် လိုချေ ၏။
အလုပ်သမား သည် ကျွန် မဟုတ် ဆိုတာ စလုံး မှ အင်ဂျင်နီယာ အလိုတော်ရိ များ နားလည် သင့်ချေ၏။
ကျွန်ုပ် သူငယ်ချင်း အနောက်နိုင်ငံများ မှာ နေထိုင် ရောက်ဖူးသူ တို့သည် စလုံးရောက်လျှင် ဟားကြ၏။
"အဘယ့်ကြောင့် ဆိုသော် စင်္ကာပူ သည် ရုပ်ဝတ္တု ခုံမင် လူတန်းစား ကိုယ်ရွှေ ကိုယ်မျိုး ဇနပုဒ်သား(အချို့) တို့ အတွက် ပါရာဒိုက်စ် ဖြစ်သော်ငြား လဲ လူ့အခွင့်အရေး ကို မြတ်နိုးသူ အတွေး အခေါ်မြင့်မားသူ တို့အတွက် ပရစ်ဇင် တစ်ခုမျှ သာဖြစ်ခြင်းကြောင့်ပင်တည်း။"
credit to SM ℠
Empat Mata
No comments:
Post a Comment