
ရိုးရိုးလေး ပါပဲ
အမေ နေမကောင်းရင် မနက်စာ ငတ်မယ်။
အဖေ အလုပ် မဆင်းနိုင်ရင် ညစာ ငတ်မယ်။
အခု အမေနေမကောင်းဘူး... ဆရာမ။
အသား မည်းမည်း၊ မျက်လုံးပြူးပြူးလေး နဲ့
သိပ် ချစ်စရာကောင်းတဲ့ သမီးမောင်လေး
ဗိုက်ဆာ လို့ ငိုမနေဖို့ အရေး
လမ်းခင်းကျောက် ထု ကျွေးရမယ်။
ဆင်းရဲတာ ပညာမတတ် လို့တဲ့
အဖေက ပြောတယ်။
ကျောင်းတွေပျက် လို့ ကျောင်း မထုတ် ပါနဲ့နော်..
အမေနေကောင်း လို့ ကျောင်းပြန်တက်တဲ့ အခါ
မိဘ ခေါ်ခိုင်းဦး မှာလား ဆရာမရယ်...
အမေလိုက် လာရင် မနက်စာ၊
အဖေ လာရင် ညစာ ငတ်လိမ့်မယ်။
အဲဒီ အခါ သမီးမောင်လေး ထမင်း စားရဖို့ အရေး
ကျောက်ထုကျွေးဖို့ ကျောင်းပျက် ရဦးမယ်။
ဒါဟာ... ဆရာမ ဖတ်ဖို့
ကဗျာထဲ က ဘ၀ မဟုတ်တဲ့
ဘ၀ ထဲက ကဗျာ တစ်ပုဒ်များ ဖြစ်နေမလား....။
2nd edited
Ko Sithu
No comments:
Post a Comment