ငယ်စဉ် က အဖေ ဟာ သားသမီးတွေ ကို ကျောမှာ ထမ်းပြီး ကျောင်းလိုက် ပို့ခဲ့ ပေမယ့် အဖေ လမ်း မလျောက်နိုင် တော့ တဲ့ အခါ အဖေ့ ကို ဘယ်သူမှ မချီကြဘူးနော်။
အဖေဟာ သားသမီးတွေ ကို ချွေလေး တစ်ပေါက်ကျ တာတောင် ကြည့်ရက်တာ မဟုတ်ဘူး။
ဒါကြောင့် အဖေ ဟာ သူ့ကျောမှာ ပိုးပြီး သားသမီးတွေ ကို မပင်ပန်းအောင် ထားခဲ့တယ်။
ဒါကြောင့် အဖေ ဟာ သူ့ကျောမှာ ပိုးပြီး သားသမီးတွေ ကို မပင်ပန်းအောင် ထားခဲ့တယ်။
တကယ်တော့ အဖေ ဆိုတာ ကျွန်တော် တို့ အိမ်အတွက် အုတ်နံရံကြီး ဆိုလည်း ဟုတ်တယ်။ ကျွန်တော့်တို့ အိမ် အတွက် မိုးလုံအောင် နေ မပူအောင် ကာရံပေးတဲ့ ခေါင်းမိုးကြီး တစ်ခုဆိုလည်း ဟုတ် တယ်။
တစ်ခါ တစ်ရံ အဖေ ဟာ အိမ်ထဲမှာ စိုက်ပျိုး ထားတဲ့ သစ်ပင်တစ်ပင် လည်း ဟုတ်ပါပေတယ်။
အခုတော့ အဖေ့ အသက်ကြီး လို့ သွားပြီ။ အဖေ မသန်တော့ဘူး။ အဖေ ကျွန်တော် တို့ ကို မထမ်းနိုင်တော့ ဘူး။
အဖေ့ သွားတွေ ကျိုးလို့ မဝါးနိုင်တော့ဘူး။
အဖေ ခြေ လက်တွေ တုန်နေတယ်။
အဖေ ကျွန်တော်တို့ အတွက် အလုပ် လုပ် လာတာ အရမ်းပင်ပန်း လို့ သွားပါပြီ။
အဖေ့ မျက်နှာ တစ်ချက်ကြည့်ပြီး ပြန်လည် လုပ်ကျွေးနိုင်ကြပါစေ။
No comments:
Post a Comment