Monday, January 19, 2015

တံဆိပ်ကပ် မှားတဲ့ ခေါင်းစဉ်



 လောကကြီး မှာ တစ်ခါ တစ်လေ ကိုယ်က လိမ္မာလှ လို့ မဟုတ်ပေမဲ့ မိုက်ဖို့ အခြေအနေပေး မလာတဲ့ အခါ ... ။ ကိုယ့်ရဲ့ လူမိုက် အကြံ ကို ဘယ်သူမှ မသိလိုက် ဘဲ လူလိမ္မာ လို့ အထင်ခံရတဲ့ အခါ...။ အကြောက် လွန်ပြီးတွေဝေနေရာ က စဉ်းစားဥာဏ် ရှိသူလို့ မတော် တဆ အချီးကျူး ခံရပြီးတဲ့ အခါ...။ 

ပတ်ဝန်းကျင် က ကပ်လိုက်တဲ့ တံဆိပ် တစ်ခုအောက် မှာ အလိုက်သင့် အလျားသင့် နေမိတဲ့ သူတစ်ယောက် ကို ဘယ်လို ခေါင်းစဉ် တပ်ရင်ကောင်းမလဲ။

  “ သမီး ကညာ အခါ မလင့်စေနှင့်” တဲ့။ 
ခုပဲ နွယ့် အသက်က သုံးဆယ်နား ကပ်လာပြီ။ အရိုးများ သလေး ချေးခါး သလေးနဲ့ ချေးများ လာခဲ့တာ...။ ကိုယ် ကပဲ မောင်နှမတွေ အားလုံး ထဲမှာ စဉ်းစားဥာဏ် အရှိဆုံး၊ အလိမ်္မာဆုံး၊ အတွေးအခေါ် အမြင့်ဆုံး ဆိုတဲ့ မိဘဆွေမျိုးတွေ ချီးကျူး စကားနဲ့ပဲ ခြေချုပ် မိနေသလိုလို။ 

တကယ်တော့ အခြေအနေက ကို မပေးလို့ အပျိုကြီး ဘ၀နဲ့ သောင်တင် ကျန်ခဲ့ရတာ။ နောက် ကားတွေ က လည်း ကျော်တက် ကုန်တာ တစ်စီးပြီး တစ်စီး။ နောက်ဆုံး အနီးကပ် ဟွန်းဆင့် တီးနေတဲ့ ကား မြီးကောင်ပေါက် ညီမလေး ကပဲ ဆယ့်လေးနှစ် ရှိလာပြီ။ 

အမေ အထိန်း အသိမ်းတော် လို့ နွယ် က ဒီအရွယ်ထိ အပျိုကြီးဖြစ်နေရတယ် လို့များ ထင် ရင်တော့ မှားလိမ့် မပေါ့။ အသက် ဆယ့်ငါးနှစ်လောက် နဲ့  သားသမီးခုနစ်ယောက် သာ မွေးပြီး သွားတယ်။ ထင်ရာစိုင်း ကလေး ဆန်နေ ဆဲ အမေ့ ကို အမေ့ အစ်ကိုကြီး ကဆို ခုချိန်ထိ မာန်မဲနေရတုန်း။


 ယောကျာ်း ကလည်း အသက်ချင်း အရမ်းကွာပြီး အလိုလိုက် လွန်းတော့ အမေက အိမ်မှု ကိစ္စမနိုင်နင်းတဲ့ အပြင် တစ်လုံး၊ နှစ်လုံး၊ သုံးလုံး... လောင်းကစား မှန်သမျှ အကုန် လုပ်တယ်။ စက်ဘီးပေါင်တယ်။ ကက်ဆက်ပေါင် တယ်။ အိမ်ဂရံပေါင် တယ်။ 

ပထမ မြို့ထဲ က အိမ် ရောင်းပြီး မြို့သစ်၊ နောက် မြို့သစ် ကနေ ကွက်သစ်၊ နောက်ဆုံး ကွက်သစ် ကအိမ် အပေါင်ဆုံး ခါနီးလာတော့ မှ အဖေနဲ့ ဦးကြီးတို့ ကလည်း ရာဇ သံပေးရတော့တယ်။ အိမ် စီးပွားရေး ယိုင်နဲ့ လာပြီ ဆိုမှတော့ ဆယ်တန်းနဲ့ ရှစ်တန်းရောက်နေ တဲ့ နွယ် တို့ ရှေ့ဆုံး ကညီ အစ်မနှစ်ယောက် ပဲ ကျောင်း တစ်ပိုင်း တစ်စနဲ့ အလုပ်ထွက်လုပ် ရတော့တာပေါ့။ 

အဲဒီမှာ နွယ် မျက်လုံးချင်း စကားပြောထား တဲ့ အတန်း ထဲက ကောင်ကလေး နဲ့ ဝေးခဲ့ ရတယ်။ ဒီလို နဲ့ ဘယ် သူ မှမသိ တဲ့ အသည်း ကွဲနာ မကျက် တကျက် မှာပဲ အတူ အလုပ်လုပ်နေ တဲ့ ညီမ က အလုပ်ရှင် မုန့်စက် ပိုင်ရှင် ရဲ့ သားနဲ့ လိုက်ပြေး ပါလေရော။ 

ဆယ့်ခြောက်နှစ်တောင် မပြည့်သေး တဲ့ သမီးလေး မို့ အဖေ က စိတ် အဆိုးကြီး ဆိုးပေမဲ့ အမေ ကတော့ သမီးနောက် ကို တိတ်တိတ်လေး လိုက်စုံ စမ်းပြီး အားပေး စကားပြော...၊ လူကြီး စုံရာနဲ့ ပြန်လာ အပ်ခဲ့ ရင် ပြေပြေ လည်လည် ဆက်ဆံဖို့ ယောကျာ်း ကို ဖျောင်းဖျနဲ့...၊ ဗျာများနေရှာ တာပေါ့။ 

ဒါပေမဲ့ ညီမ သွယ် ရဲ့ ယောက်္ခမ ဖက်က ထင်ထား သလို လူကြီး လူကောင်း မဆန်ကြ ပါဘူး။ အလုပ် သမား နဲ့ ယူရကောင်း လား ဆိုပြီး သားကို စိတ်ဆိုးလွန်း လို့ မင်္ဂလာ လည်း ဆောင် မပေးဘူး။ ပြန်လည်း မအပ်နိုင် ဘူးတဲ့။ မတူတန်ဘူး ဆိုတဲ့ သဘောပေါ့လေ။ အဖေက ရှက်လွန်း၊ ဒေါသဖြစ်ရ လွန်းလို့ မျက်ရည်တွေတွေ ကျရှာတယ်။ 

အမေ ကလည်း မျက်ရည်လေး စမ်းစမ်း စမ်းစမ်း နဲ့။ နွယ် ဒီ အရွယ် ထိ အပျိုကြီးဖြစ်နေခဲ့ ရတာ... ညီမသွယ် က နမူနာ ပြလွန်းလို့ လည်းပါတယ်။ သွယ် က နွယ့် လို မဟုတ်ဘူး။ စိတ်ပျော့ညံ့ လွန်းပြီး တိမ်းလွယ် ယိမ်း လွယ် လွန်းတယ်။ ဘယ်သူ မဆို နှစ်ခါ မဆွယ်ရဘူး။ သူ ပါ သွားတာပဲ။ 

ညီမ က စောစော စီးစီး အိမ်ထောင် ကျသွားတော့ ရပ်ကွက် ထဲ၊ သူငယ်ချင်း အပေါင်း အသင်း ထဲက တချို့ က ပြုံးစေ့စေ့  နဲ့ နောက် ကားကျော် တက်သွားပြီ လို့ ပြောင်ချင် စချင်ကြသေးတာ ကိုတော့ နွယ်က မဖြုံပါဘူး။ ဦးကြီးနဲ့ အဖေက “ ငါ့သမီးကြီး ကမှ တည်တည်ကြည်ကြည် ရှိလို့ တော်သေးတယ်...” လို့ ချီးကျူး သလိုလို နဲ့ ခြေချုပ် သလိုလို အပြော ကိုလည်း နွယ်က မတုန်လှုပ် ပါဘူး။ 

 နွယ် စိတ်ဆင်းရဲ ရတာက အိမ်ထောင်ကျပြီး တစ်လ သာသာ မှာပဲ ညီမ သွယ် အိမ်ပြန်ရောက် လာတာပါ။ စိတ်ဆိုးပြီး ကွဲလာကြပြီ တဲ့။ လွယ်လိုက်ကြ တဲ့ အိမ်ထောင်ရေး   ဒဿ         နတွေ..။ ဟင်းရွက် ကန်ဇွန်းရွက် ခူးတာ ကမှ ဟင်းစား တစ်နပ်ရဦးမယ်။ လင်နောက်လိုက်ပြီး တစ်လလောက် နဲ့ အိမ်ပြန်ရောက် လာတော့  လည်း သူ့လောက် ပေါ့ပါး လွတ်လပ်နေတဲ့ လူ မရှိဘူး။ 

သူပဲ အမှား မလုပ်ခဲ့ သလိုနဲ့။ ခေါင်းရင်း အိမ်ကို အသစ်ပြောင်း လာတဲ့ အိမ်ငှားကောင်လေး နဲ့တောင် ပြော ဆို ရယ်မော ရောနှော လွန်းလို့ နွယ် ကပဲ မနေနိုင် မထိုင်နိုင် ဟန့်မိသေးတယ်။ “ မမနွယ် ဟာလေ နေရာ တကာ အပျိုကြီးလေသံ နဲ့၊ သိတ်ရယ် ရတာပဲ။ သွယ်က ကလေး  မဟုတ်တော့ပါဘူး။ စိတ်မပူပါနဲ့..” တဲ့။  

ဒီအချိန် မှာ နွယ်တို့  တစ်ဖက် ရပ်ကွက် က အသက် အစိတ်ကျော် တစ်ခုလပ် ကလေး ကိုအောင် ကလည်း သွယ်နဲ့ ပတ်သက်ပြီး နွယ့် ကို ချဉ်းကပ် လာတယ်။ ရုပ်ရည်ချောမောပြီး မွန်ရည် တာရော၊ ငွေကြေးပြည့်စုံပြီး စီးပွား အရှာကောင်းတာရော၊ မိန်းကလေးတွေ ကျလောက် စရာ အပြော အဆိုရော၊ အရည် အချင်းပြည့်မီ သူမို့ သွယ် က နွယ့် ကို တိုက်တိုက် တွန်းတွန်းအားပေးတယ်။

 “ ငါ့ မကြိုက်လို့...၊ ငါ့ ကိုကြိုက်ရင် နင့် လို မူမနေပေါင်...” လို့တောင် ပြောနေလို့ နွယ် က ဟန့်ရသေး။ တစ်ခါ တလေ နွယ်လည်း သူ့လို ယိမ်းလွယ်ချင် လိုက်တာ။ ကိုအောင် က တစ်ခုလပ် ဆိုတာလေးက လွဲပြီး အား လုံး ပြည့်စုံ ရှာသူပါ။ နွယ့် ကိုလည်း ခခယယ နဲ့ ချစ်အဖြေတောင်း ထားသူ။ 

ပထမ အိမ်ထောင် ကလည်း သူက ကြင်ကြင် နာနာပေါင်း လျက်နဲ့ မိန်းကလေး က စပြီး ဖောက်ပြန် သွားတာ ဆိုတော့ သူက အပြစ် လွတ်ရုံ မက သနား စဖွယ် ကျန်ခဲ့ရ သူပေါ့။ ရပ်ကွက် ထဲမှာလည်း သူ့ကို ကြင်နာ သနား ချင်ကြတဲ့ မိန်းမပျိုတွေ က များမှများ။ သူကသာ နွယ်မှနွ ယ် လုပ်နေတာ။ 

 နွယ်က သွယ့်လို မချောပါဘူး။ ဒါပေမဲ့ အနေ တည်တာလေး ကိုပဲ သူက သဘောကျမြတ်နိုး သတဲ့။ က်္ကုနြေ်္ဒရ တာလေး ကိုပဲ ချစ်ခင် စုံမက် သတဲ့။ မိသား ဖသားပီပီ တောင်းရမ်း လက်ထပ် ပါရစေတဲ့။ အမေ ကတော့ “ ဆယ့်ရှစ်၊ ဆယ့်ကိုး ဆိုတာ ငယ်တော့လည်း မငယ် လှပါဘူး။ လူကောင်း သူကောင်းလေးတွေ့တုန်း ငါ့သမီး သဘော...” တဲ့။ 

အဖေ နဲ့ ဦးကြီး ကတော့ “ တစ်ခုလပ် နဲ့ ငါ့သမီး မတန် ပါဘူးကွာ။ သမီးလေး ငယ်သေး တယ်..” တဲ့။ မိဘတွေ ဘေးလူတွေ ဘယ်လိုပြောပြော၊ အဓိက က “ နှလုံးသား ရဲ့ အလိုဆန်္ဒ ” လို့ စာအုပ်တွေ ထဲမှာ ဖတ်ထား ဖူးတော့ နွယ်လည်း ကိုယ့်နှလုံးသား ကို ကိုယ် စမ်းစစ်ကြည့် မိတယ်။ 

 နှလုံးသား က စည်းချက် မှန်မှန် မတုန်လှုပ်ပေ မဲ့ ရည်းစားလေး တစ်ယောက်လောက် ထားကြည့် ချင်စိတ်က ဘယ်ထဲ ကပေါ်လာတဲ့ ဆန်္ဒမှန်း မသိဘူး။ ရေဆာ သလို ဆာနေတယ်။ ဒါပေမဲ့ ကိုအောင့် ရဲ့ ချစ်မေတ်္တာ ဟာ စိမ့်စမ်းရေ လို အေးမြချိုမြိန် မနေဘဲ သောက်လေသောက်လေ ငတ်မပြေ ဆိုတဲ့ ပင်လယ်ရေ လိုဖြစ်နေရင် ဘယ်လို လုပ်မလဲ။ 

 နွယ်က စာလေးပေလေး နည်းနည်း ပါးပါး ဖတ်တော့ စာအုပ်တွေ ထဲ ဖတ်ဖူးသလို ရှာရှာဖွေဖွေတွေ တွေး မိတာပေါ့။ ဒါကြောင့်လည်း သွယ် ကပြောတာ... “ မမနွယ် က အပျိုကြီး ဇာတာကို ပါတာ။ ကြည့်ပါလား ၊  တွေးတာခေါ်တာက အစ ကွေ့ကွေ့ ကောက်ကောက် နဲ့။ ဖြောင့်ဖြောင့်တွေး စမ်းပါ။ ရှင်းရှင်းကြည့် စမ်းပါ။  နေရာတကာ သံသယ ထားနေရတာ ပျင်းစရာကြီး..” ...ဆိုပဲ။

 အဲဒီ လို ပျော်ပျော်နေပြီး ပေါ့ပေါ့တွေး တဲ့ ညီမ သွယ်ကြောင့်ပဲ နွယ့် ရဲ့ ယိမ်းချင်နေတဲ့ စိတ်ကလေးတွေ ပြန် မတ်သွား ခဲ့ရတာပါ။ အိမ်ထောင်ကွဲ တာ တစ်နှစ် မပြည့်သေးဘူး။ အမေနဲ့ ညီမ သွယ်နဲ့ ကြိတ်ကြိတ် ကြိတ်ကြိတ် ဆွေးနွေးကြ။ သုတ်သုတ် သုတ်သုတ် သွားလိုက်ကြ။ ရှုံ့ရှုံ့ ရှုံ့ရှုံ့ နဲ့ ကြိတ်ငို လိုက်ကြ နဲ့။ နွယ်ရိပ် မိတဲ့ အချိန်..၊ အဖေလည်း ရိပ်မိသွားပြီ။ 

ဓားဆွဲပြီး ခေါင်းရင်း အိမ်ပြေးမယ် လုပ်တော့ ခေါင်းရင်း အိမ် က အိမ်သားတွေ က ပြောင်းတောင် သွားတာ တစ်ပတ်လောက် ရှိပြီတဲ့။ ဘာတတ်နိုင် မှာလဲ။ ကိုယ်က မိန်းကလေးရှင်။ တာဝန် မယူချင် လို့မှ ရှောင်ပြေးတဲ့ သူကို သူခိုးဖမ်း သလို အော်ဟစ် လိုက်ဖမ်းလို့ မှ ဖြစ်တဲ့ ကိစ္စလည်း မဟုတ်။ 

ရပ်ကွက် ထဲ ကိုယ့်အထုပ် ကိုယ်ဖြေပြ သလိုဖြစ်နေမှာ မို့လို့ အဖေ့ ကို ဦးကြီး က ၀ိုင်းဖျောင်း ဖျပြီး အမေ က ပြဿ         နာကို သိုသို ၀ှက်ဝှက်ဖြေရှင်း ပစ်လိုက်တယ်။ ရပ်ကွက်ထဲ က ရှောင်နေချင် တဲ့ နှစ်ထပ်ကွမ်း အသည်းကွဲ ရှင်လေး ကို အမေက ဆွေရိပ် မျိုးရိပ်မကင်း တဲ့ မြို့ထဲ က ထမင်းဆိုင် တစ်ဆိုင်မှာ အလုပ် အပ်ပေးတော့ အိမ်တွင်း လည်းပုန်းပြီး သားဖြစ်၊ စရိတ်ငြိမ်း လခ လည်းရ။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။ 

ဒါပေမဲ့ နွယ် က ဓားခုတ် ရာ လက်ဝင် မလျှိုပါပဲ နဲ့ အမေ က သုံးချက်ပြတ်အောင် စီမံလိုက်ပုံ များက...၊ သွယ့်  တစ်ယောက်တည်း စိတ်မချ လို့ နွယ်ပါ အတူ လိုက်သွား ပါတဲ့လေ။ ခုတ်ရာ တလွဲ ရှရာ တခြား ဆိုတာ ဒါမျိုး ပဲနေမှာ။ အိမ်တွင်းအောင်းစေချင် လို့မှ မီးဖိုချောင် အလုပ်လုပ် ရအောင် ထမင်းဆိုင် ပို့ပါတယ်။ အလုပ်ရှင် ရဲ့အဒေါ် အပျိုကြီး နဲ့ သွယ် နဲ့ က တစောင်းစေးနဲ့မျက်ချေး။ 

တစ်နေ့ မှ ပြဿ          နာမဖြစ်တဲ့ ရက် မရှိဘူး။ နွယ်နဲ့ ကျတော့လည်း အဆင် ကချောနေပြန်ရော။ ဘယ်သူ မဆို လုပ်ရင်း ကိုင်ရင်း ပစ်္စည်းပြုတ်ကျ တာ၊ ပန်းကန် ကွဲသွား တာတော့ ကြုံရမှာပဲ မဟုတ်လား။ ဒါဆို အဒေါ် အပျိုကြီး က “ ညည်းတို့ မလည်းအေ စိတ်တွေ ဘယ်ရောက်နေမှန်း မှ မသိတာ။ 

လုပ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်း ချည်းပဲ...” လို့များ မမြည်တွန် လိုက်နဲ့။ ညီမ သွယ် ကဆို ပြာပြာ သလဲ.. “ ဘယ်မှ စိတ် မရောက် ပါဘူး ဒေါ်ကြီးရယ်။ စိတ်ပါ လက်ပါ လုပ်တာ ပါပဲ...” လို့ ပြန်ဖာထေး တတ်တယ်။ ဒါဆိုရင် အပျိုကြီး ရဲ့ ပွစိပွစိမြည်တွန် မှု ကနေ ဗျစ်တောက် ဗျစ်တောက် ဆူပူမှု ထိ ပြင်းထန် လာပြီသာ မှတ်ပေရော့။ 

 နွယ်က များ ဒီလို ကြုံလာရင်... “ အို ဟုတ်ပါ ရဲ့ ဒေါ်ကြီးရယ်။ ဒီနေ့   နွယ့်စိတ်တွေ ဘာဖြစ်မှန်း မသိပါဘူး။ ကယောက် ကယက်နဲ့...၊ ခက်လိုက်တာ...” လို့ ပြန်ညည်း လိုက်တာပဲ။ ဒါဆို.. “ အေး ငါက ဒီလို ၀န်ခံ မှကြိုက် တာ။ စိတ်ပျံ့ လွင့်ရင် လွင့် တယ်ပေါ့။ ဘာဖြစ်လဲ လူပဲ..၊ တစ်ခါ တလေတော့ ဖြစ်တတ် တာပဲ...”ဆိုပြီး အပျိုကြီး ရဲ့ မကျေနပ်မှု က ဆုံးခန်း တိုင်သွား ပါလေရော။ 

ဒါနဲ့ပဲ သွယ် က ခဏ ခဏ ငိုလိုက် ယိုလိုက်ဖြစ်ပြီး ပြန် သွားတော့ ထမင်းဆိုင် မှာ တကယ်တမ်း ဆက်နေဖြစ် တာက နွယ်ဖြစ် သွားရတယ်။ မကြာပါဘူး။ သွယ့်အောက်က ညီမ ဆယ်တန်းကျောင်းသူ စပယ်က လင်နောက် လိုက်ပြေးပြန်တယ်။ ဦးကြီး က “ ညည်းတို့ ညီအမ တစ်မတွေတော့ တစ်ယောက်မှ ဆယ့်ခြောက်နှစ်တောင် မကျော်ဘူး.. လို့ ရပ်ကွက်ထဲ မှာ နာမည်ကြီးနေပြီ..” လို့ညည်းတယ်။ 

 ပြောလည်းပြော စရာပဲ။ ဒုတိယ ညီမ လည်း မကြာခင် မှာအိမ်ထောင် ကွဲပြီး အိမ်ပြန်ရောက်နေပြန်ပြီ တဲ့။ သွယ် နဲ့ စပယ် အတူတူ မုန့်ထုပ်နေကြပြန် သတဲ့။ နွယ် ကတော့ ရှက်လည်းရှက်၊ စိတ်လည်း ကုန်တာနဲ့ အိမ်ကိုတောင် သိတ်မပြန်ဖြစ်တော့ဘူး။ ဆိုင် ကို ခဏခဏ လာလည် တတ်တဲ့ ကိုအောင့် ကိုလည်း အပြတ်ငြင်း လိုက်တော့တယ်။

 ဟုတ်တယ်လေ။ ကြိုးရှည်ရှည် နဲ့ လှန်ထား ရအောင် နွယ့် နှလုံးသား ကမှ ဘယ်လောက်ကြာကြာ မတုန် လှုပ်တာ။ ဦးနှောက် နဲ့ စဉ်းစားကြည့်တော့ လည်း ညီမတွေ ကိုမြင်ပြီး ရှေ့ကို စမ်းသပ်ပြီးတော့တောင် ခြေ မလှမ်း ရဲတော့ဘူး။

အပြင် မထွက်ရလေ ကောင်းလေ မို့ ထမင်းဆိုင် မှာပဲ နေလာ လိုက်တာ...။ လေး ငါး ခြောက်နှစ် မက ကြာ လာတော့ နွယ် က လုပ်သက် အရင့်ဆုံး၊ ဆိုင်က အလုပ်သမားတွေ ကို စီမံ ခန့်ခွဲ အုပ်ချုပ်ရတဲ့ လူယုံ တစ်ယောက်ဖြစ် လာတယ်။ အဲဒီ မှာတင် နောက်ဆုံးရောက် လာတဲ့ စားပွဲထိုး အသစ်လေးမောင်မောင် က လူလည် ကျပြီး နွယ့်ကို အတင်း ၀င်ပေါင်းတော့တာလေ။

 “ မမနွယ် ၊ မမနွယ်.. ” နဲ့ သူ့ အလုပ်တွေ အားတာ နဲ့ ချက်ရေးပြုတ်ရေး မှာ ငရုတ်သီး ပဲ ၀င်ထောင်းပေး ရ မလား။ ကြက်သွန် ပဲ ၀င်လှီး ပေးရ မလား၊ နွယ် လိုတာ အကုန် ၀င်ကူတာပဲ။ နွယ် က ခပ်တည်တည် နဲ့ “မလို ပါဘူး” ပြောလည်း မျက်နှာငယ်လေး လုပ်ပြီး အိမ်က သူ့အစ်မတွေ ကို လွမ်းလို့ မမနွယ် ကို ကူညီချင် တာပါ လို့ ချွဲတတ်သေးတယ်။

 မမနားနေရရင် အစ်မတွေ ကို လွမ်းစိတ်ပြေ သတဲ့။ မိတ ဆိုးလေး မောင် က အစ်မလေးယောက် ရဲ့ အချစ်တော် မို့ အိမ်မှာဘော်ကြော့နေရ သူလေး ဆိုတာ သိရပြန်တော့ နွယ့် မှာ အသနား ပိုသွားရတယ်။ အမှန်တော့ မောင်မောင့် အသက်က နွယ့်မောင်လေး ထက်တောင် ငယ်သေးတယ်။ 

ရှစ်တန်းရောက်ခါ မှ ကျောင်းဆက် မထားနိုင်တော့ လို့ စားပွဲထိုး ၀င်လုပ်ရတဲ့ အကြောင်း...၊ အပြင်ကနေ ရှစ်တန်း ကို ကြိုးစားဖြေမယ့် အကြောင်း...၊ အားရင် စာအုပ် ကလေး တကိုင်ကိုင် နဲ့ ဟန်ရေးပြပြီး သနားအောင် လည်း လုပ်တတ်သေးတာ။ 

ပထမတော့ မောင်လေး တစ်ယောက် လို သနားမိ သွားတာ ရယ်ပါ။ နောက်တော့ မျက်နှာသာ နည်း နည်းပေး မိတာ နဲ့ လူလစ်ရင် လစ်သလို နွယ့်နား တိုးကပ်ပြီး ခေါင်း တိုး ချွဲနွဲ့ ချင် လာတယ်။ ခါးဖက်၊ ပုခုံးကိုင် လုပ်ချင် လာတယ်။ ဒီ ကနေ တစ်ဆင့် တက်လို့ တွန်းလား ထိုးလား ငြင်းခုန် ရင်း ခိုးနမ်း လာပြန် တယ်။ 

မမ သီချင်း မျိုးစုံ ကိုလည်း မရိုးနိုင်အောင် သူစောင်း ဆိုတယ်။ နွယ်နေထိုင် မကောင်းရင် ပြာပြာ သလဲ ဂရု စိုက်တတ် သလို၊ သူနေ မကောင်းရင် လည်း အင်မတန် ချွဲနွဲ့ပလီတတ် လွန်းပြန်တယ်။ 

အပျိုကြီးလောင်း နွယ် တစ်ယောက် မောင်လေး တရော် ပက်ကျိနဲ့ ကျမှ အရည်ပျော် ကျရတော့ မလို ဖြစ်နေပြီ ကွယ်။ အသက်က ဆယ်နှစ်ကျော်လောက် ကွာရုံ မက၊ သူက ခေတ်ရှေ့ပြေး တက်ကြွ လွန်ပြီး ဆံပင်ထောင်ထောင် ၊ နားမှာ လည်း နားကပ်တွေရော၊ လက်မှာ လည်း ဟမ်းချိန်းတွေရော၊ ရှုပ်ထွေးပွေလီ သလောက်၊ နွယ် က နဂိုနေ ရိုးအေးပြီး တည်ကြည်ငြိမ်သက် လွန်းတော့ အရွယ် က ပိုကွာ သလို ထင်နေရတယ်။ 

ဆိုင်က လုပ်ဖော် ကိုင်ဘက်တွေ က နောက်ကွယ် မှာ တိုးတိုး တိတ်တိတ် တစ်မျိုး၊ ရှေ့မှာ ပေါ်တင် တစ်မျိုး ၊  နွယ်တို့နှစ်ယောက် ကို မြေးအဘွား လို့ စနောက် တတ်ကြတယ်။ “ အလကား၊ မောင်က သူတို့ကို မကြိုက် လို့ မမ ကို မနာလိုဖြစ်နေကြတာ...”လို့ မောင်မောင် ကတော့ နွယ့် ဖက်က စိတ်ဆိုးပြတာပေါ့။ 

ဘာပဲဖြစ်ဖြစ် အတူနေ သံယောဇဉ် ဟာ ရုန်းရ ခက်အောင် တွယ်နှောင်ရစ်ပတ်နိုင် မှန်း အချိန်ကြာ လာတာနဲ့ အမျှ နွယ် သိလာ ရပြီ။ ကိုယ့်ရဲ့လုပ်ပိုင်ခွင့် ထဲကနေ ဟင်းခွဲပေးရင် သူ့ကို သာသာ ထိုးထိုးလေး ပိုထည့်ပေး မိတာ၊ သူ ကြိုက်တတ်တဲ့ ဟင်း ချက်တဲ့နေ့ ဆိုရင် ကိုယ့်ဝေ စုထဲက သူ့ အတွက်ချန် ထားပေးမိ တာ၊ 

သူ မကြိုက်တဲ့ ဟင်း ချက်တဲ့နေ့ ဆိုလည်း ရောင်းတဲ့ ဟင်းခွက် ထဲက သူ နှိုက်စားတာ သိရက်နဲ့ မသိ ချင်ယောင် ဆောင်နေ မိတာ။ အမှန်က ဆိုင်ရှင်တွေ နွယ့် ကို ယုံကြည်ပြီး မီးဖိုချောင် ကိစ္စမှန်သမျှ ပုံအပ် ထားမှန်း သိနေတော့ မောင်မောင် ကလည်း အခွင့်အရေး ယူချင်တယ်။ 

စည်းကမ်းကြီး တဲ့ ဖြောင့်မှ န် တဲ့ နွယ့် ကို ဘယ် အလုပ်သမား မှ ကလန် ကဆန် မလုပ်ရဲ၊ လက်တည့်မစမ်း ရဲ၊ ခိုးမစားရဲကြပေမဲ့ မောင်မောင် က တခြား သူတွေရှေ့မှာတောင် ခပ်တည် တည် နှိုက်စားချင် လာတယ် ။ နွယ် လည်း အခက်ကြုံရပြီလေ။ အသက်ကြီး ခါမှ ရတဲ့ ရည်းစား ငယ်ငယ်လေး မို့ နွဲ့ဆိုး တင်မကတော့ဘဲ အနိုင်ကျင့် ဆိုးလေးတွေပါ ကြိတ်မှိတ်သည်းခံနေရပြီ။ 

သူ မထီမဲ့မြင် လုပ်တာများ လာတော့ ကျန်တဲ့ အလုပ်သမားတွေ ကလည်း နွယ့် စကား ဆို အရင်လို မီး မသေတော့ ဘူး။ နောက်ကွယ် ကနေ မကြား တကြား လည်း ပြောကုန်ကြပြီ။ ကြာတော့ နွယ် ရှက်လာ တယ်။ အလုပ်ရှင်တွေ ကလည်း ရိပ်မိ လာပြီး နွယ့် ကို ဆုံးမ စကားတွေ ခေါ်ပြောတာ ခဏခဏ ပဲ။

 နွယ့် မိဘတွေ ဆီ နားပေါက် သွားတော့လည်း အဖေနဲ့ ဦးကြီး က အပြေးပေါက်ချ လာရှာတယ်။ “ငါ့သမီး က မောင်နှမတွေ ထဲမှာ စဉ်းစားဥာဏ် အရှိဆုံး၊ ရှေ့ဆောင် လမ်းပြ ပါကွယ်။ အဖေ က အငယ်တွေကို ဆုံးမ တိုင်း သမီးကြီး ကို အတုယူ ဖို့ အမြဲပြောနေရတာ။ 

ငါ့သမီး မျက်လုံး ကို တိမ် မဖုံးပါစေနဲ့ ကွယ်..” လို့ မျက်ရည် တလည်လည် နဲ့ တောင်းပန်ရှာ တယ်။ နွယ့် မျက် လုံး ကို အချစ် တိမ်တွေ တကယ် ဖုံးနေပြီ ထင်တယ်။ မောင်မောင် လုပ်သမျှ  မကောင်းမှန်း သိလျက်နဲ့ မမြင် ချင်ယောင်ဆောင် နေရတယ်။ ရေ ငုံနှုတ်ပိတ်နေရ တယ်။ ဒီလိုမှ မဟုတ်ရင် လည်း နွယ် ကမှ မောင့်ကို မမုန်းနိုင် ဘဲ။ အချစ်နွံ ကို ရုန်းမှ မရုန်းနိုင်ဘဲကွယ်။ 

 ခု တလော နွယ် စိတ်တွေလေး တာ အရမ်းပဲ။ မောင်မောင် စားပွဲ ထိုးရင်း ဘတ် လာတဲ့ ငွေ စက်္ကူတွေ နွယ့် ကို လာအပ် တဲ့နေ့ က စပြီး နွယ်နဲ့မောင် လည်း စကားမပြောဖြစ်တော့ ဘူး။ နွယ်ဆုံး မတာ ကို လည်း မောင်မောင် က လုံးဝ လက်မခံဘူး။

 “ မမ နဲ့ ကျွန်တော် မြန်မြန် နီးရဖို့ ကျွန်တော် တို့နှစ်ယောက်ပေါင်းပြီး ငွေစု ရအောင်..” လို့ မောင်မောင်ပြောတာ ကိုလည်း နွယ်က လက်မခံနိုင် ဘူး။ လုပ်အားခ ရတဲ့ငွေ ကို စုတာမှ မဟုတ်တာ။ ဆိုင်ရှင် မသိအောင် ခိုးဝှက် လာတဲ့ငွေ ကို စုမယ် ဆိုတဲ့ ကိစ်္စ၊ နွယ် ဘယ်လို သဘော တူရ မလဲ။ 

တကယ်ဆို နွယ် တို့နှစ်ယောက် ရတဲ့ လခတွေ စုကြရအောင် လို့ နွယ် ဖျောင်းဖျ  တာကို သူ လက်ခံ လိုက်ရင် ဘယ်လောက် ကောင်း မလဲ။ ခုတော့ နွယ် သဘောမတူ ရကောင်းလား လို့ မောင်မောင် က စိတ်ကောက်ပြီး အလုပ်ထဲ က တခြားကောင်မလေး တစ်ယောက် နဲ့ ပလူးပလဲ လုပ်ပြီး အရွဲ့တိုက်ပြတယ်။

 နွယ့် မှာ ဆုပ်လည်း စူး၊ စားလည်း ရူး ဘ၀၊ တကယ်ရောက်နေပြီ။ မောင်မောင့် ကိုလည်း လက်လွှတ် မခံနိုင် ဘူး။ မကောင်းမှု ကိုလည်း အား မပေးချင်ဘူး။ တစ်သက် လုံး ထိန်းသိမ်း လာခဲ့တဲ့ ကိုယ်ကျင့် တရားနဲ့ သံယောဇဉ် အချစ်မီးကြားမှာ ဗျာများနေရပြီ။ အားလည်း မပေး၊ ကိုယ်တိုင်လည်း မကျူးလွန်ပေမဲ့ ချစ်သူ့ လုပ် ရပ်တွေကို ဖွင့်ဟပြီးလည်း မတိုင် ရက်ဘူး။ 

 မောင်မောင် ကလည်း ဒီချက်ကောင်း ကို အပိုင် ကိုင်ပြီး စားဝိုင်းတွေ က ရှင်းတဲ့ငွေတင် မကဘဲ ပိုက်ဆံ အံဆွဲ ထဲကပါ အလစ်သုတ် တဲ့ အထိ ရဲတင်း လာတယ်။ မပြောရက်တဲ့ နွယ့် မှာသာ တံတွေးတွေ ပဲ ကြိတ် ကြိတ်မြို  ချနေရ။ မျက်ရည်တွေပဲ အဖော်လုပ်နေရတာပေါ့။ 

ဒါပေမဲ့ မကောင်းမှု ဟာ ဆိတ်ကွယ်ရာ မရှိဘူး ဆိုတဲ့ လောကနီတိ စကားက အလကား ရှိနေတာမှ မဟုတ် တာ။ မကြာ ပါဘူး။ မောင်မောင် လည်း အလုပ်ထုတ် ခံရ။ နွယ်လည်း အသည်း ကွဲပြီး ငိုကြွေးရ။ ကျန်တဲ့ အလုပ် သမားတွေလည်း ဆူပူကြိမ်းမောင်း ခံရ။ အို.. ရှက်စရာကောင်းလိုက် တာ။ 

 နွယ့် အပေါ် အလုပ်ရှင်တွေ က နားလည်ပေးပေမဲ့ နွယ် ကတော့ မျက်နှာ မထားတတ်တော့ဘူး။ လူဆိုးလေး မောင့် ကိုလည်း မခွဲနိုင်ဘူး။ ချစ်သူ မရှိတဲ့ အရပ် မှာလည်း မနေပျော်တော့ဘူး။ တစ်သက်နဲ့ တစ်ကိုယ် နွယ် တစ်ခါလောက်တော့ မိုက်ကြည့်ချင် လာတယ်။ အလုပ်ရှင် ကို အိမ် မပြန်ရတာကြာပြီမို့ ခဏပြန်ဦးမယ် လို့ ခွင့်တောင်းပြီး မောင်မောင်ပေးထား ဖူးတဲ့ သူ့ အိမ်လိပ်စာ အတိုင်း လိုက်လာခဲ့မိတယ်။ 

တစ်ခါ မှ မလုပ်ဖူးတဲ့ အလုပ်ကို လုပ်ရ လို့ နွယ့်မျက်နှာ တစ်ခုလုံး ထူပူနေပေမဲ့ ရင်ထဲ မှာ သတ်္တိတွေမွေး ထား မိတယ်။ “ လူဆိုး အားပေး အလုပ် သာ မမက မလုပ်ရဲ တာပါ။ မောင့် ကိုတော့ ခွင့်လွှတ်ပြီး ချစ်နေရ တုန်းပဲ..” ဆိုတာ မောင်သိအောင် ပြောပြ ချင်လှပြီ။

 “ မောင့် ကို မညှာမတာ အလုပ် ထုတ်ပစ်တဲ့ အလုပ်ရှင် ကို မကျေနပ် လို့ မမလည်း အလုပ်ထွက်မယ်။ မပြန်တော့ဘူး..” လို့လည်း ပြောလိုက်မယ်။ မောင် ကသာ အရင် ကလို “ မမ နဲ့ မခွဲနိုင်တော့ဘူး။ အတူနေရအောင်...” လို့ ပြော လာရင် နွယ် ချက်ချင်း ခေါင်းညိတ် လိုက်တော့မယ်။ မောင့်ရဲ့ မကောင်းတဲ့ စရိုက်တွေ ကိုတော့ နောက်မှ တဖြေးဖြေး ချော့မော့ပြုပြင်ယူ ရမှာပေါ့။ 

ကိုယ့် အတွေးနဲ့ ကိုယ် နွယ် ရင်တွေ ခုန်လွန်းလို့ ခလုတ်တွေတောင် တိုက်လား တိုက်မိ ရဲ့။  မောင်မောင့် အိမ်ကို ရှာတွေ့တော့လည်း မောင်မောင် က ဘိလိယက်ခုံ မှာတဲ့။ အစ်မ တစ်ယောက်က လိုက်ခေါ်ပေးနေ တုန်း တခြား အစ်မတွေ က သူတို့မောင် ဘယ်လောက် ဆိုးကြောင်း၊ လောင်းကစား ဘယ်လောက် မက်ကြောင်း၊ မိန်းကလေးတွေ ဘယ်လိုပွေကြောင်း၊ ရပ်ကွက်ထဲမှာ ရန်ပွဲတွေ ဆက်တိုက်နွှဲကြောင်း...။ ဘုရား ဘုရား...။

 နွယ် ဒါတွေ တစ်ခု မှ မသိ ခဲ့ပါလား။ နွယ် သိတာက မောင်ဟာ မမနဲ့မြန်မြန် နီးချင် လို့သာ အချစ်စိတ်တွေ မွှန်ပြီး လုပ်မိ လုပ်ရာ ပိုက်ဆံ ခိုးစုနေရ ရှာတာ.. လို့။ ဒီ အချိန်မှာ ပဲ ပွဲကောင်းနေတုန်း လာ အခေါ်ခံရလို့ စိတ်ဆိုးပြီး လိုက်လာ တဲ့ မှုန်တေတေ မျက်နှာနဲ့ မောင့် စကားကို ကြားရပြန်တော့ နွယ့် ရင်ထဲ က ပြောဖို့ ရည်ရွယ် ခဲ့တဲ့ စကားတွေဟာ ဆွံ့အကုန်ရပြီ။

 “ ဘယ်လို လဲ သစ္စာ ရှင် အပျိုကြီး ရဲ့။ ကျွန်တော့် ကို ဘာတွေ များ ဆုံးမ ချ င်သေးလို့ လိုက်လာ တာလဲ.. ” မောင်မောင့် စကား ကြားရတာ ခေါင်းထဲ မှာတောင် မိုက် ကနဲဖြစ်သွားရတယ်။ မင်းသားခေါင်းဆောင်း ချွတ် လိုက်ခါမှ ဘီလူးစွယ် က အဖွေးသား ပါလား။ 

 အံကိုသာ တင်းတင်းကြိတ်ပြီး လာလမ်း အတိုင်း နွယ် တပ်ဆုပ် လာတော့ အခါလွန်မှစွေတဲ့ မိုးလို မျက်ရည်တွေက အဆက် မပြတ် စီးကျလာတာကြောင့် ကိုယ့် ကိုယ်ကိုပဲ ဒေါသ ထွက်မိရတယ်။ ခုလောလောဆယ်တော့ ဆိုင် ကို မပြန်ချင်သေးဘူး။ ဘယ်မှ လည်း သွားစရာမရှိ။ ဘာမှလည်း လုပ်ချင်စိတ် မရှိတာမို့ အမေ့အိမ်လေး ကိုပဲ ခြေဦးလှည့်လိုက်မိတော့တယ်။ 

တစ်ပတ်လောက် အမေ့ ရင်ခွင်ရိပ်မှာ ဝေဒနာဖြေပြီး ခါမှ ရှေ့ဆက် ရမယ့် နွယ့် ဘ၀ ခရီးကို ဘယ်လို ဆက်လျှောက် ရမလဲ စဉ်းစားတော့မယ်။ ပထမဦးဆုံး နွယ့် ကို ချီးကျူးကြမယ့် အဖေနဲ့ ဦးကြီးရဲ့ စကား ကို ပြုံးပြုံးလေး ခံယူနိုင်ဖို့ ကြိုးစား ရဦးမယ်။ “ ငါ့သမီးကြီး ကမှ စဉ်းစားဥာဏ် ရှိတဲ့၊ အမျိုးဂုဏ် တက်စေမယ့် သူ... ” ဆိုပြီး တံဆိပ်ကပ် ဦးမယ့် ခေါင်းစဉ်ကြီး ကိုလေ...။


 ဝေ ( စီးပွားရေး တက္ကသိုလ် )

 March, 2013... 
Chic Magazine
From... လူဗိုလ်ဟူသည်
 

No comments:

Post a Comment