ရှေး ကတည်း က အဆင့်ဆင့် လက်ဆင့်ကမ်း ခဲ့တဲ့ အစွမ်း ထက်ဖျော်ရည် တစ်မျိုးဖြစ်ပါတယ်။
ယုံကြည်စွာသောက်သုံးကြည့် ပါ။ ခန္ဓာကိုယ် ကို ဘေးမဖြစ်စေ ပါဘူး။ကောင်းကျိုးသာ ရစေတဲ့ အစွမ်း ထက်ဖျော်ရည်ဖြစ်ပါတယ်။
ဒီဖျော်ရည် ကို အာလူး တစ်လုံး ( တစ်ချိုတွေ ကတော့ Beetrootလို့ခေါ်တဲ့ ဥ တစ်မျိုးနဲ့ လည်း အာ လူးနေရာ မှာ အစားထိုး သုံးပါတယ် )၊ မုန်လာဥ နီ တစ်တောင့်၊ ပန်းသီး တစ်လုံးပေါင်း စပ်ပြီး ဖော်စပ်ရတာပါ။
သစ်သီး အားလုံး ကိုဆေးကြောသန့်စင် ပါ။ အခွံ ခွာပါ။ ပြီးရင်ဖျော်စက် ထဲ ထည့်ကြိတ်ပြီးသည်နှင့် ချက်ခြင်း သောက် သုံးနိုင်ပါပြီ။ သံပုရာသီး ၊ ရှောက်သီး၊ သံပရိုသီး တို့ကိုလည်း လိုအပ်ရင် ထည့်သောက်နိုင် ပါတယ်။
ဒီဖျော်ရည် ရဲ့ အစွမ်း ထက်ပုံတွေ ကတော့......
( ၁ ) ကင်ဆာ ဆဲလ် တွေကြီးထွားပြန့်ပွားခြင်း ကို တားဆီးပေးပါတယ်။
( ၂ ) အသည်းကြီးထွားခြင်း၊ ကျောက်ကပ်ကြီးထွားခြင်း၊ကပါယ် အိတ်ကြီးထွားခြင်း ကိုလည်း တားဆီးပေးပါ တယ်။ပြည်တည်နာဖြစ်ခြင်း ကို လည်း ကုစားနိုင်ပါတယ်။
( ၃ ) အဆုတ် ကို အားတိုးစေပြီး၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ တို့ကို လည်းကာကွယ်ပေးပါတယ်။
( ၄ ) ခုခံအား စနစ် ကိုလည်း အားကောင်းစေပါတယ်။
( ၅ ) မျက်စိအာရုံ ကို ပိုကောင်းစေ သလို၊ မျက်လုံးနီခြင်း၊ မျက်စိညောင်းခြင်း တို့ကိုလည်း သက်သာစေ ပါတယ်။
( ၆ ) ကြွက်သား နာ ခြင်း၊ ကြွက်သား ဒဏ်ဖြစ်ခြင်း ကိုလည်းပျောက်ကင်းစေပါတယ်။
( ၇ ) အသား ကို လှပစေပြီး ရွှန်းလဲ့တောက်ပစေပါတယ်။ ပို မိုနုပျိုစေပါတယ်။
( ၈ ) အစာ ကိုကြေညက်စေနိုင်ပြီး အစာခြေ စနစ်ပိုကို ပိုမိုကောင်းမွန်စေပါတယ်။
( ၉ ) အမျိုးသမီးများ မီယပ်သွေးပေါ်ချိန်တွင်ဖြစ်တတ်သောနာကျင်ခြင်းကိုလည်းလျှော့နည်းသက် သာစေပါတယ်။
( ၁၀ ) ဖျားနာခြင်း ကိုလည်း သက်သာပျောက်ကင်းစေ ပါတယ်။
( ၁၁ ) ဥာဏ်ရည်ကို တိုးတက်စေပြီး ဦးနှောက် ကို ပိုမိုကောင်းမွန်စေပါတယ်။
( ၁၂ ) ကိုယ် အလေးချိန်လျှော့ချနေသူများ အနေနှင့် လည်းသောက် သုံးနိုင်ပါတယ်။ ဒီဖျော်ရည်ဟာ အားအင် ကို တိုးစေသလို ကယ်လိုရီ ပါဝင်မှု ကလည်း အနည်းဆုံးသောဖျော်ရည်ဖြစ်ပါတယ်။
( ၁၃ ) ကိုယ် ခန္ဓာအတွင်း က ကလီစာ များပြန်လည် တည်ဆောက်ခြင်းကို အထောက် အပံ့ပေးပါတယ်။
ရောဂါတော်တော်များများ ကိုသက်သာအောင် အထူး အစွမ်းထက်သောဖျော်ရည်ဖြစ်ပါတယ်။
သောက်သုံးနည်း ကတော့.......
ဖျော်ပြီးသားဖျော်ရည်အား မနက်စာမစားခင် ၁နာရီ အလို ဗိုက်ထဲတွင် အစာမရှိ ချိန်မှာ သောက်သုံး ရပါမယ်။
ပိုပြီး အာနိသင် သက်ရောက်ချင်သူများ အနေနဲ့ တစ်နေ့ ၂ကြိမ် မနက် တစ်ကြိမ်နှင့် ညနေ ၅နာရီတွင် ၁ ကြိမ် သောက်သုံးနိုင်ပါတယ်။
၂ပတ် အတွင်းခုခံအား စနစ် ထူးခြား သိသာပြောင်းလဲ လာပါလိမ့်မယ်။
ကျန်းမာရေး ဆိုင်ရာ ဗဟုသုတ များ
From...http://www.searchmyanmar.com/click/search/category/featured?lang=mm#content-46046
No comments:
Post a Comment