
Social Action for Women လားရှိုးမြို့ က ကိုရင်တစ်ပါး တရုတ်က လာတဲ့(အသားတု) စားမိပြီး (၁၅.၁.၂၀၁၅)ဆေးရုံတင် ထားခဲ့သည်။
(၁၇.၁.၂၀၁၅) ညနေ(၄း၀၀) ကုသခြင်း မရ သောကြောင့် ပျံလွန် တော် မူခဲ့ကြောင်း သိရှိရပါသည်။ သတင်း တင်ထား သူ က အကြောင်းစုံရေးသားဖေါ်ပြထားခြင်း မရှိပါ၊
အသားတု စားပြီး အဆိပ် တက် ခဲ့ကြောင်း ဖေါ်ပြထား သဖြင့် သတ်သတ်လွတ် သမားများ အတွက် ပြုလုပ် ထားသည့် အသားတု များတွင်း မှ မသန့် ၇ှင်းသော အဆိပ်ဖြစ်စေမည့် ဓါတု ဓါတ်ပေါင်းများ ပါလာ ခြင်းဖြစ်နိုင်သည်။
တရုတ်နိုင်ငံ အတွင်းမှာ ပင် အစိုးရ ခွင့်ပြုချက် မရဘဲ ခိုး၍ ထုတ်လုပ်နေသည့် အသားတု စီးပွား လုပ်ငန်းများ အများ အပြား ၇ှိနေပြီး စံချိန် မမှီခြင်း ပြည်သူများ စားသောက်ပြီးနောက် အဆိပ် တက်ခြင်း တို့ ကြောင့် တရုတ် အစိုးသည် ပင် ၂၀၁၃ ခုနှစ် အတွင် လူပေါင်း ၉၀၀ကျော် ဖမ်းဆီး အရေးယူနေခဲ့ ရပါသည် ။
အဆိုပါ တရားမ၀င် အသားတု ထုတ်နေသည့် စီးပွားရေးသမားများ၏ ဈေးကွက်မှာ နယ်စပ် လမ်းကြောင်း များမှ တဆင့် မြန်မာနိုင်ငံတွင်း သို့  ဈေးနုံး နည်းနည်းဖြင့် ရောင်းချ နေကြခြင်းဖြစ် သည်။
ရောဂါပေါင်းစုံ အတွေ့ အ ကြုံ ရှိနေပြီးဖြစ် သည့် မြန်မာပြည်သား တို့ အဖို့  ဈေးကြီးသော သားငါးများ ၀ယ် မစားနိုင်ကြ သဖြင့် တရုတ် အသားတု များဖြင့်သာ အာသာဖြေနေ ကြရသည် ကို အန္တရယ် မရှိ ဟု ပေါ့ပေါ့ တန်တန် မတွေးကြဘို့ လိုပါသည်။
အသားတု များ အားလုံး အဆိပ် ၇ှိနေသည် မဟုတ်ဘဲ အသားတု တွင်း ဖြစ်ပေါ်နေသည့် မသန့် ရှင်းသော အဆိပ် ဓါတ်ဖြစ်ပေါ်နေသည့် စုံးပြူး အသားတု တွင်း ပါလာတတ်ပါသည်။
ယခုတလော တရုတ်နိုင်ငံ မှဝင်ရောက် လာသော ၀က် အသားများ သည် ပင် တရုတ်နိုင်ငံ တွင် ရော ဂါကြောင့်သေဆုံး သည့် ၀က်များ ကို ရေခဲရိုက် ၍ မြန်မာနိုင်ငံ တွင်းသို့  တင်သွင်းနေသည် ဟု သိရ သဖြင့် စာသုံးသူ များ အနေနှင့် သတိထားကြ ရန် လိုအပ်ပါသည်။
Saihark Hark
No comments:
Post a Comment