
အ၀တ်ဗလာ နဲ့ အပန်းဖြေ ရတဲ့ ကမ်းခြေ မှာ စုံတွဲတွေ နဲ့ အမျိုးသမီးတွေကို တိတ်တခိုး ဗီဒီယို ရိုက်ယူနေတဲ့ အမျိုးသား တစ်ဦးကို လူတစ်စု က သတိထား မိခဲ့ပြီး ရဲ ကို အကြောင်းကြား ဖမ်းဆီးစေခဲ့ပါတယ်။
သြစတြေးလျ နိုင်ငံ ၊ Adelaide’s Maslin ကမ်းခြေ မှာ မျက်မြင် သက်သေတွေ ရဲ့ ပြောကြားချက် အရ မီးခိုးရောင် ဆံပင် ရှိပြီး တက်တူးတွေ ရှိတဲ့ အမျိုးသား တစ်ဦးဟာ သူကိုယ်တိုင် လည်း အ၀တ် ဗလာနဲ့ လာရောက် အပန်းဖြေနေပြီး ရေခဲပုံး တစ်ပုံး ကို ကိုင်ဆောင် ထားပါတယ်။
ထိုရေခဲပုံး ထဲမှာတော့ ကင်မရာ တစ်လုံးကို လျှို့ဝှက် စွာ ထည့် ထားပြီး စုံတွဲတွေ နဲ့ အမျိုးသမီးတွေ ကို ဗီဒီယို ခိုးရိုက်နေခဲ့ ရာ ဒါကို ဖြတ်သန်း သွားတဲ့ အမျိုးသမီး တစ်ယောက် က တွေ့ရှိ သွားပြီး သူမရဲ့ သူငယ်ချင်းတွေ ကို သတင်းပေး ခဲ့တာဖြစ်ပါတယ်။
ထို သြစတြေးလျနိုင်ငံ Adeleaide’s Maslin ကမ်းခြေ ဟာ ၁၉၇၅ ခုနှစ် ကတည်းက သြစတြေးလျ ရဲ့ ပထမဆုံး အ၀တ် ဗလာနဲ့ အပန်းဖြေ ရတဲ့ ကမ်းခြေ အဖြစ် သတ်မှတ် ခဲ့တာဖြစ်ပါတယ်။
Ref:mirror.co.uk
Trend Myanmar
From... Myanmar Forward
No comments:
Post a Comment