ဓမ္မစေတီခေါင်း လောင်းကြီး အား သံလျင် ရေနံချက် စက်ရုံ အနီး တွင် ဆက်လက် ရှာဖွေခွင့် ရရန် စွမ်း အင် ဝန်ကြီးဌာန သို့ တင်ပြထားပြီး ဌာန မှ ခွင့်ပြုသည့် အခါမှသာ လုပ်ငန်းများ ပြန် လည်စတင်မည် ဟု ခေါင်းလောင်း ရှာဖွေနေ သူ ဦးကျော်ဝင်း က ပြောသည်။
''လောလောဆယ်တော့
ခွင့်ပြု မိန့် စောင့်နေတယ်။ သူတို့ အထက် ကို တင် ထားတယ်ပေါ့လေ။
စွမ်းအင် ဝန်ကြီး အထိ တင်ရတယ်။ Security Pass ရ မှ ဆက်လုပ် လို့ရ မှာ''ဟု
ယင်း က ပြောသည်။
၎င်းရှာဖွေမည့် ရေနံချက် စက် ရုံ အနီးတွင် ပုဒ်မ ၁၄၄ ထုတ်ပြန် ကန့်သတ် ထားသည့် အတွက် ယင်းနေရာ တွင် ရှာဖွေ မှု များ ဆက်လက်ဆောင်ရွက်နိုင်ရန် စွမ်း အင်ဝန်ကြီးဌာန သို့ ဇန်နဝါရီ ဒုတိယပတ် က ခွင့်ပြု ချက် တင်ထားခြင်းဖြစ်သည်။
သမိုင်း မှတ်တမ်းများ အရ ရေ အောက် တွင် နှစ်ပေါင်း ၄ဝဝ ကျော်ပျောက် ဆုံးနေသည့် ဓမ္မစေတီခေါင်းလောင်း ကြီး အား ၂ဝ၁၄ ခုနှစ် တွင် ဦးစံလင်း ဆိုသူက ရှာဖွေရာ မအောင်မြင် ခဲ့ဘဲ သင်္ဘော အရာ ရှိဟောင်း တစ်ဦးဖြစ်သူ ဦးကျော်ဝင်း က ၄င်း ၏ အိပ်မက် အရ ခေါင်းလောင်း ရှာဖွေရန် တဖန် ဆောင် ရွက်နေခြင်းသည်။
ခေါင်းလောင်း အား အင်တာနက် မှ တစ်ဆင့် ရှာဖွေနေပြီး အင်တာနက် ဓာတ် ပုံများ မှ တစ်ဆင့် သံလျင်ရေနံချက် စက်ရုံ အနီးတွင် ခေါင်းလောင်း အား တွေ့ရှိသည် ဟု ဦးကျော်ဝင်း က ပြောသည်။
ဦးကျော်ဝင်း ရှာဖွေသည့်နေရာ မှာ သမိုင်း မှတ်တမ်း တချို့နှင့် ကိုက်ညီ မှု မရှိ သော်လည်း ၄င်းတွေ့ရှိသည့် ပုံရိပ်နှင့် ခေါင်း လောင်း ၏ အတိုင်းအထွာ များ ကိုက်ညီ သည် ဟု ၄င်းက ယူဆထားပြီး ရေအောက်သို့ကြည့် ရှုနိုင် ရန် ဖန်တီး ထားသည့် ကင်မရာဖြင့် ဆက် လက်ရှာဖွေ ရန် ပြင်ဆင်နေသည်ဟု ၄င်း ကဆိုသည်။
ဗိုလ်တစ်ထောင် ဆိပ်ကမ်းတွင် စက်လှေမောင်းသူ ဦးကျော်ယ က ''ခေါင်း လောင်းတွေ့မယ်၊ မတွေ့ဘူး ကတော့ တပ် အပ် မခန့်မှန်း ဝံ့ဘူး။ ကျွန်တော်တို့ ဗုဒ္ဓဘာ သာတွေ အယူအဆ အရ ဆိုရင်တော့ ဖြစ် ချင် ဖြစ်နိုင် တာပေါ့''ဟု ပြောသည်။
ဦးကျော်ဝင်း အား ခေါင်းလောင်း ရှာဖွေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က တဖန် ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ဇန်နဝါ ရီ ၁၂ ရက် မှ စတင်ကာ ၁၉ ရက် အထိ လေး ကြိမ် ရှာဖွေခဲ့သည်။
လင်းမြတ်
ရန်ကုန်၊ ဇန်နဝါရီ ၂၄

No comments:
Post a Comment