အပျိုစင်ပြန်ဖြစ်ရန် အမျိုးသမီး လိင်အင်္ဂါ ခွဲစိတ် တဲ့ ကြော်ငြာတွေ ကို ရပ်နား ဖို့ ဆေးရုံကို ကမ္ဘောဒီးယား အစိုးရ က တားမြစ်လိုက်ပါတယ်။
ဇန်န၀ါရီ ၂၃ ရက်နေ့ က တပ်ထား တဲ့ ပြန်ကြားရေး ၀န်ကြီးရဲ့ တားမြစ်စာမှာတော့ လူ့ အဖွဲ့အစည်း ရဲ့ အကျင့် စာရိတ္တ ကို ထိခိုက် ပျက်ပြားစေတယ် လို့ အေအက်ဖ်ပီ သတင်းက ရေးပါတယ်။
ဆေးရုံ ကို လာတဲ့ တခြား လူနာတွေ ရဲ့ ဂုဏ်သိက္ခာ ဟာလည်း ကြော်ငြာကြောင့် ပျက်ပြားစေ သလို နိုင်ငံ တွင်း က မီဒီယာတွေ ကို လည်း ဒါကို မကြော်ငြာဖို့ တားမြစ်စာ မှာ ပါရှိတယ် လို့ သတင်းက ရေးပါတယ်။
ဒီ ခွဲစိတ် ကုသမှု ကို ကျွမ်းကျွမ်း ကျင်ကျင် မလုပ်တတ်ဘူး ဆိုရင်တော့ အမျိုးသမီးတွေ ရဲ့ မျိုးပွားမှု ကို ထိခိုက်နိုင် တဲ့ အတွက် အာဏာပိုင်တွေက ဆေးရုံတွေမှာ ခွဲစိတ်မှု အတွက် ကျွမ်းကျင်တဲ့ ဆရာဝန်ရှိ မရှိ စစ်ဆေးသင့်တယ်လို့ အမျိုးသမီးဆိုင်ရာ ၀န်ကြီးဟောင်း က ပြောတယ်လို့ ဆိုပါတယ်။