အခုလိုတိုးတက်နေသော ခေတ်ကြီးတွင် နာနာဘာဝတို့ ရှိသည် မရှိသည်ကို မယုံသူတို့အား မငြင်းခုံလိုပါ။ သို့သော် GLZ ကိုယ်တိုင်ကြုံဖူးသော အကြောင်းအရာများစွာ ရှိနေပါသည်။ မယုံကြလျှင်လည်း ပုံပြင်ဟုသာမှတ် ...
လွန်ခဲ့သော ဆယ့်ငါးနှစ်ကျော်လောက်က မိမိအသက်၂၀ ၀န်းကျင်ခန့် အမရပူရမြို့တွင် အကြောင်းတစ်ခုဖြင့် နံကပ်အိမ်လေးတွင် ငှားရမ်းနေထိုင်ခဲ့စဉ် က ဖြစ်သည်။
ဂျောင်ကျသော လမ်းသွယ်လေး၏ အနောက်ဖက်ခြမ်းရှိ ထိုအိမ်လေးသို့ စရောက်ရောက်ခြင်း စိတ်ထဲတွင် ကျောချမ်းသလိုတော့ ခံစားမိသည်။ သို့သော် နေရာသစ်မို့ စိတ်ထဲ မပျော်ပိုက်သေး ၍ ဖြစ်လိမ့်မည်ဟုသာ တွေးပြီး ၆လ ငှားရမ်းဖို့ သဘောတူခဲ့သည်။ ဈေးအားဖြင့် မကြီးလှပါ။
ထိုစဉ်ခါက ယောက်ဖဖြစ်သူနှင့် အတူနေဖြစ်သည်။ ယောက်ဖမှာ အဖိတ် ဥပုသ်ရောက်တိုင်း မုံရွာသို့ ပြန်သည်။ ခန့်မှန်းခြေအားဖြင့် ကျွန်တော်မှာ ၇ ရက်တစ်ကြိမ်ခန့် မိမိဖာသာ တစ်ယောက်တည်း ဖြစ်နေခဲ့သည်။ ထိုစဉ်အခါတုန်းက ယခုကာလများလို မီးခဏခဏမလာပါ။ ထိုစဉ်က လျှပ်စစ်သည် နှုတ်မဆက်ပဲ ထွက်ထွက်သွားသည်က တစ်နေ့လုံးလိုလိုဖြစ်ပါသည်။ ထို့ကြောင့် လက်နှိပ်ဓိုမီး(ဓာတ်မီး)နှင့် ဖယောင်းတိုင်အထုတ်ကို အမြဲဆောင်ထားခဲ့ ရပါ သည်။ နေစတွင် ကျောနည်းနည်းချမ်းသည်ကလွဲလို့ ကာလအနည်းငယ် အထိ အေးအေး ချမ်းချမ်း ရှိနေခဲ့သည်။
ယောက်ဖ မုံရွာပြန်သည့်ည ... မီးက မလာပါ။ စားပွဲလေးပေါ်တွင်
ဖယောင်းတိုင်လေးထွန်း၊ ဓိုမီးလေးထောင်ထားပြီး ငှားထားသော ရုပ်ပြစာအုပ်ကို ဖတ်နေခိုက်၊ အပေါ်ထပ်ကြမ်းပြင်နေရာမှ ကျွီ ..... ဆိုသော အသံကြားလိုက်ရသည်။ မိမိ ရုပ်ပြထိုင် ဖတ်နေသောနေရာနှင့်တွ က်လျှင် ၄၅ဒီဂရီ အမြင့် ၁၁ ပေခန့်ဖြစ်သည်။ ကြားရသည့်နေရာနှင့် ၁၂ ပေခန့်ဖြစ်၍ မဝေးလှပါ။ ဖယောင်းတိုင်မီးအားဖြင့် မရှင်းလင်း သည်ကြောင့် ဓိုမီးနှင့် ကြမ်းပြင်ကို အောက်ကနေထိုးကြည့်သည်။ တကယ်တော့ မဆီမဆိုင် ထိုးခြင်းသာဖြစ်သည်။ ထိုအခါ ....
မိမိထိုးထားသော ဓိုမီးရောင်အောက်တွင် ကြမ်းပြင်သည် နိမ့်ဆင်းလာသည်ကို တွေ့လိုက် ရတော့သည်။ ကျွီလို့ အသံကြားတိုင်း ကြမ်းပြင်သည် နိမ့်ဆင်းလာသည်။ နောက် ချက်ချင်း ပြန် တက်သွားသည်။ တကယ်တော့ ကြမ်းပြင်သည် ဆင့်အပေါ်မှာရှိသည်။ ဆင့်အောက်မှာမှ ထုတ် ရှိသည်။ ထုတ်ကို တိုင်ဖြင့်နတ်စွဲထားသည်။ ယခုမှာ အပေါ်တွင် တစ်ယောက်ယောက်က နင်းလိုက်၍ သံမရိုက် နတ်မစွဲထားသော ကြမ်းကျွံသည်နှင့် အလားသဏ္ဍာန် တူနေ သည်။ သေချာအောင် အောက်မှ တည့်တည့် ဓိုမီးနှင့် ထိုးကြည့်သောအခါ ..... ကြမ်းနှင့် ဆင့်သည့် ထုတ်နှင့်နတ်စွဲထားသည့်တိုင်အော င် ကျွီ ကျွီ ကနဲမြည်၍ ကျွံကျွံကျသည်။ ၃ လက်မ ခန့်ဖြစ်ပါသည်။ ကျွံကျနေချိန်တွင် နတ်စွဲထားကြောင်း သတိမထား မိပေ။ ဖြစ်သည့်နေ ရာလေး မှာ ၃ ပေပတ်လည်အတွင်းတွင်သာဖြစ်သည်။ ထူးခြားမှုဟု ချက်ခြင်းသိလိုက်ပြီးနောက် အိမ်ပေါ်သို့ တက်၍ ကြည့်ချင်သော်လည်း မကြည့်ရဲခဲ့။ ထိုကျွံသည့်နေရာ၏ အထက်ပိုင်းတွင် အခန်းတစ်ခန်းရှိသည်။ ထိုအခန်းတွင် ကျွန်တော့်ယောက်ဖ အိပ်သည်။ အောက်ထပ်အခန်းတွင် ကျွန်တော်အိပ်သည်။
ထိုအချိန် အိမ်ပေါ်သို့ သူခိုးများတက်လေသလားဟူသော အတွေးကလည်း ၀င်လာသည်။ သို့သော် သူခိုးသည်လည်း ကြမ်းကျွံကျလောက်အောင် နင်းမည်မဟုတ်။ အသံတစ်စုံတစ်ရာ သူ့ကြောင့် မြည်သွားသည်ထားဦး နောက်အသံမမြည်အောင် သူဂရုပြုတော့ မည်မှာ သေချာ သည်။ စဉ်းစားပြန်သည်က အိမ်နီးချင်း၏ ခွေးငယ်လေးသည် ကျွန်တော်တို့ဆီသို့ ၀င်ထွက်သွား လာတတ်သောကြောင့် ထိုခွေးလေးများလား .... ။ မဖြစ်နိုင် ... ခွေးသည် ထိုမျှလောက် ကြမ်း ကျွံအောင် အလေးချိန်မစီးနိုင်ပါချေ။ သို့နှင့် ကြမ်းပြင်၏ ကျွံကျသံကြားနေလျက်က အိမ်ပြင်သို့ ထွက်၍ ဘေးအိမ်သို့အကူအညီတောင်းရပါတော့ သည်။
အိမ်ပေါ်သို့ တက်ကြည့်မည်။ လူလား ဘာလား မသိဟု မိမိမှ ပြောသောအခါ ဘေးအိမ်က မျက်စေ့မျက်နှာ ပျက်နေတာ နောက်မှ ပြန်သတိထားမိသည်။( ယခုအိမ်ပိုင်ရှင်သည် ထိုအိမ်နီးချင်း၏ အမျိုးဖြစ်သည်)။ သူတို့ကိုခေါ်ပြီး အိမ်ထဲသို့ ပြန်ဝင်သောအခါ ကြမ်းသည် မူလအတိုင်းဖြစ်နေသည်။ အသံလည်း ပျောက်သွားသည်။ အိမ်ပေါ်တက်ကြည့်သောအခါ ဘာမှ မရှိပါချေ။ အပေါ်ထပ်အခန်းထဲရှိ ကြမ်းကျွံသောနေရာတွင် သံသေတ္တာတစ်လုံးသာရှိသည်။ သံသေတ္တာသည် ထိုနေရာတွင်ပဲ အမြဲထားထားပြီး ထိုသေတ္တာရှိနေသောနေရာ၏ သစ်သားကြမ်းပြင်ကျွံကျခြင်းမှာ လူနင်း၍ မည်သို့မျှ မဖြစ်နိုင်ကြောင်း သေချာလှပါသည်။
သို့နှင့် ကျွန်တော့်မှာ အောက်ထပ်တွင် တစ်ယောက်တည်း အိပ်ခဲ့ရပါသည်။ အိပ်၍ ကား တော်တော်နှင့်မပျော်ချေ .....
မူလငှားရမ်းနေထိုင်စဉ် ကတည်းက ကျောချမ်းခဲ့သော ထိုအိမ်ကြီးတွင် တစ်စုံတစ်ရာ ထူးခြားမှုရှိနေသည်က သေချာနေပါပြီ။ နောက်နေ့ ဥပုသ်နေ့တွင် ကျွန်တော့်ယောက်ဖ၏ သူငယ်ချင်းဖြစ်သူ ကို ပြောပြမိသည်။ ထိုသူမှ မင်းစိတ်ထင်လို့ နေမှာပါကွာလို့ စိတ်ဖြေ သာအောင် ပြောသည်။
``ကျွန်တော် စိတ်ထင်တာမဟုတ်ဘူးဗျ။ ဒါထက် စိတ်ထင်တာ မထင်တာအသာထား၊ ဒီည ကျွန်တော့်ဆီလာအိပ်ဗျာ´´ ဟု ကျွန်တော်မှ ဖိတ်ခေါ်အကူအညီတောင်းမိသည်။ ထိုသူမှ ပြန်လည်ပြောကြား သည်ကတော့ အတော်ပင် အားတက်ဖွယ်ကောင်းလှပါသည်။ ``ည ၉ နာရီကျော်လို့ မလာဖြစ်ရင် မလာတော့ဘူးမှတ်ကွာ ´´ တဲ့ ။ ကိုင်း ကောင်းကြရောလား။ ဟိုနေ့က ကြမ်းကျွံတာက ည ၈ နာရီနှင့် ၉ နာရီကြား လူခြေသိပ်မတိတ်သေးသောအချိန်တွင် ဖြစ်ခဲ့သည်။ ထိုသူမှ အကြောင်းသိ၍လား မအားလို့လား သေချာမပြောတတ်။ ထိုသူ လာမည် မဟုတ်ကြောင်း ကျွန်တော် ၉၀ ရာခိုင်နှုန်းလောက် ယုံကြည်မိပါ၏။
သို့နှင့် ထုံးစံအတိုင်းမှောင်နေသော ထိုညတွင် ရုပ်ပြမဖတ်ဖြစ်တော့ပဲ အောက်ထပ်ရှိ မိမိအခန်း ထဲတွင် ပုတီးစိတ်နေခဲ့ပါသည်။ မအိပ်ခင် ပုတီး၉ပတ်ပြည့်အောင် စိတ်မည်ဟု အဓိဌာန်သည်။ ပုတီး ၃ ပတ်လောက်အချိန်တွင် အိမ်ရှေ့တံခါးမကြီးကို ဘုန်း ဘုန်းနဲ့ ခေါက်သည့်အသံကြား လိုက်ရသည်။ ကျွန်တော်သည် ပုတီးစိတ်နေလျက်က ချက်ချင်း စဉ်းစားမိသည်။ အိမ်ရှေ့ဝင်း တံခါးကို သော့ခတ်ထားသည်။ အိမ်ရှေ့ဝင်းတံခါးနှင့် အိမ်တံခါးသည် အနည်းဆုံး ၅ ပေမှ ၆ ပေခန့် ကွာဝေးသည်။
ဝင်းတံခါးကို သော့ခတ်ထားပါလျက် အပြင်ဖက်မှနေ၍ သာမာန်အားဖြင့် အိမ်တံခါးကို မည်သို့ခေါက်မည်နည်း။ လက်၏ အရှည်သည် အလွန်ဆုံး ၃ ပေခန့်ကို လှမ်းနိုင်လိမ့်မည် မဟုတ် လား။ တခါးခေါက်သည်ဟုသာဆိုခဲ့ပါသည်။ အမှန်တော့ ခေါက်သည်မဟုတ် ပုတ်ခြင်း သာဖြစ် သည်။ ကျွန်တော်မှ အဖော်ခေါ်အိပ်သည့်လူကြီးက ၀ါးလုံးနှင့်ထိုးခြင်းလား ... ဒါလည်း မဖြစ်နိုင် ... ကြားရသည့်အသံနှင့် ၀ါးလုံးနှင့်ထိုးလျှင် မြည်မည့်အသံက ကွာခြားလိမ့်မည်ဟု တွေးမိသည်။ ထိုလူကြီးက သူလာလျှင် ပေနှစ်ဆယ်ခန့်အကွာက အော်ခေါ်တတ်သော အကျင့်ရှိသည်ကိုလည်း တစ်ဆက်တည်း တွေးမိလေသော် ...
ထိုစဉ်ခါက ယောက်ဖဖြစ်သူနှင့် အတူနေဖြစ်သည်။ ယောက်ဖမှာ အဖိတ် ဥပုသ်ရောက်တိုင်း မုံရွာသို့ ပြန်သည်။ ခန့်မှန်းခြေအားဖြင့် ကျွန်တော်မှာ ၇ ရက်တစ်ကြိမ်ခန့် မိမိဖာသာ တစ်ယောက်တည်း ဖြစ်နေခဲ့သည်။ ထိုစဉ်အခါတုန်းက ယခုကာလများလို မီးခဏခဏမလာပါ။ ထိုစဉ်က လျှပ်စစ်သည် နှုတ်မဆက်ပဲ ထွက်ထွက်သွားသည်က တစ်နေ့လုံးလိုလိုဖြစ်ပါသည်။ ထို့ကြောင့် လက်နှိပ်ဓိုမီး(ဓာတ်မီး)နှင့် ဖယောင်းတိုင်အထုတ်ကို အမြဲဆောင်ထားခဲ့ ရပါ သည်။ နေစတွင် ကျောနည်းနည်းချမ်းသည်ကလွဲလို့ ကာလအနည်းငယ် အထိ အေးအေး ချမ်းချမ်း ရှိနေခဲ့သည်။
ယောက်ဖ မုံရွာပြန်သည့်ည ... မီးက မလာပါ။ စားပွဲလေးပေါ်တွင်
ဖယောင်းတိုင်လေးထွန်း၊ ဓိုမီးလေးထောင်ထားပြီး ငှားထားသော ရုပ်ပြစာအုပ်ကို ဖတ်နေခိုက်၊ အပေါ်ထပ်ကြမ်းပြင်နေရာမှ ကျွီ ..... ဆိုသော အသံကြားလိုက်ရသည်။ မိမိ ရုပ်ပြထိုင် ဖတ်နေသောနေရာနှင့်တွ
မိမိထိုးထားသော ဓိုမီးရောင်အောက်တွင် ကြမ်းပြင်သည် နိမ့်ဆင်းလာသည်ကို တွေ့လိုက် ရတော့သည်။ ကျွီလို့ အသံကြားတိုင်း ကြမ်းပြင်သည် နိမ့်ဆင်းလာသည်။ နောက် ချက်ချင်း ပြန် တက်သွားသည်။ တကယ်တော့ ကြမ်းပြင်သည် ဆင့်အပေါ်မှာရှိသည်။ ဆင့်အောက်မှာမှ ထုတ် ရှိသည်။ ထုတ်ကို တိုင်ဖြင့်နတ်စွဲထားသည်။ ယခုမှာ အပေါ်တွင် တစ်ယောက်ယောက်က နင်းလိုက်၍ သံမရိုက် နတ်မစွဲထားသော ကြမ်းကျွံသည်နှင့် အလားသဏ္ဍာန် တူနေ သည်။ သေချာအောင် အောက်မှ တည့်တည့် ဓိုမီးနှင့် ထိုးကြည့်သောအခါ ..... ကြမ်းနှင့် ဆင့်သည့် ထုတ်နှင့်နတ်စွဲထားသည့်တိုင်အော
ထိုအချိန် အိမ်ပေါ်သို့ သူခိုးများတက်လေသလားဟူသော အတွေးကလည်း ၀င်လာသည်။ သို့သော် သူခိုးသည်လည်း ကြမ်းကျွံကျလောက်အောင် နင်းမည်မဟုတ်။ အသံတစ်စုံတစ်ရာ သူ့ကြောင့် မြည်သွားသည်ထားဦး နောက်အသံမမြည်အောင် သူဂရုပြုတော့ မည်မှာ သေချာ သည်။ စဉ်းစားပြန်သည်က အိမ်နီးချင်း၏ ခွေးငယ်လေးသည် ကျွန်တော်တို့ဆီသို့ ၀င်ထွက်သွား လာတတ်သောကြောင့် ထိုခွေးလေးများလား .... ။ မဖြစ်နိုင် ... ခွေးသည် ထိုမျှလောက် ကြမ်း ကျွံအောင် အလေးချိန်မစီးနိုင်ပါချေ။ သို့နှင့် ကြမ်းပြင်၏ ကျွံကျသံကြားနေလျက်က အိမ်ပြင်သို့ ထွက်၍ ဘေးအိမ်သို့အကူအညီတောင်းရပါတော့
အိမ်ပေါ်သို့ တက်ကြည့်မည်။ လူလား ဘာလား မသိဟု မိမိမှ ပြောသောအခါ ဘေးအိမ်က မျက်စေ့မျက်နှာ ပျက်နေတာ နောက်မှ ပြန်သတိထားမိသည်။( ယခုအိမ်ပိုင်ရှင်သည် ထိုအိမ်နီးချင်း၏ အမျိုးဖြစ်သည်)။ သူတို့ကိုခေါ်ပြီး အိမ်ထဲသို့ ပြန်ဝင်သောအခါ ကြမ်းသည် မူလအတိုင်းဖြစ်နေသည်။ အသံလည်း ပျောက်သွားသည်။ အိမ်ပေါ်တက်ကြည့်သောအခါ ဘာမှ မရှိပါချေ။ အပေါ်ထပ်အခန်းထဲရှိ ကြမ်းကျွံသောနေရာတွင် သံသေတ္တာတစ်လုံးသာရှိသည်။ သံသေတ္တာသည် ထိုနေရာတွင်ပဲ အမြဲထားထားပြီး ထိုသေတ္တာရှိနေသောနေရာ၏ သစ်သားကြမ်းပြင်ကျွံကျခြင်းမှာ လူနင်း၍ မည်သို့မျှ မဖြစ်နိုင်ကြောင်း သေချာလှပါသည်။
သို့နှင့် ကျွန်တော့်မှာ အောက်ထပ်တွင် တစ်ယောက်တည်း အိပ်ခဲ့ရပါသည်။ အိပ်၍ ကား တော်တော်နှင့်မပျော်ချေ .....
မူလငှားရမ်းနေထိုင်စဉ် ကတည်းက ကျောချမ်းခဲ့သော ထိုအိမ်ကြီးတွင် တစ်စုံတစ်ရာ ထူးခြားမှုရှိနေသည်က သေချာနေပါပြီ။ နောက်နေ့ ဥပုသ်နေ့တွင် ကျွန်တော့်ယောက်ဖ၏ သူငယ်ချင်းဖြစ်သူ ကို ပြောပြမိသည်။ ထိုသူမှ မင်းစိတ်ထင်လို့ နေမှာပါကွာလို့ စိတ်ဖြေ သာအောင် ပြောသည်။
``ကျွန်တော် စိတ်ထင်တာမဟုတ်ဘူးဗျ။ ဒါထက် စိတ်ထင်တာ မထင်တာအသာထား၊ ဒီည ကျွန်တော့်ဆီလာအိပ်ဗျာ´´ ဟု ကျွန်တော်မှ ဖိတ်ခေါ်အကူအညီတောင်းမိသည်။ ထိုသူမှ ပြန်လည်ပြောကြား သည်ကတော့ အတော်ပင် အားတက်ဖွယ်ကောင်းလှပါသည်။ ``ည ၉ နာရီကျော်လို့ မလာဖြစ်ရင် မလာတော့ဘူးမှတ်ကွာ ´´ တဲ့ ။ ကိုင်း ကောင်းကြရောလား။ ဟိုနေ့က ကြမ်းကျွံတာက ည ၈ နာရီနှင့် ၉ နာရီကြား လူခြေသိပ်မတိတ်သေးသောအချိန်တွင်
သို့နှင့် ထုံးစံအတိုင်းမှောင်နေသော ထိုညတွင် ရုပ်ပြမဖတ်ဖြစ်တော့ပဲ အောက်ထပ်ရှိ မိမိအခန်း ထဲတွင် ပုတီးစိတ်နေခဲ့ပါသည်။ မအိပ်ခင် ပုတီး၉ပတ်ပြည့်အောင် စိတ်မည်ဟု အဓိဌာန်သည်။ ပုတီး ၃ ပတ်လောက်အချိန်တွင် အိမ်ရှေ့တံခါးမကြီးကို ဘုန်း ဘုန်းနဲ့ ခေါက်သည့်အသံကြား လိုက်ရသည်။ ကျွန်တော်သည် ပုတီးစိတ်နေလျက်က ချက်ချင်း စဉ်းစားမိသည်။ အိမ်ရှေ့ဝင်း တံခါးကို သော့ခတ်ထားသည်။ အိမ်ရှေ့ဝင်းတံခါးနှင့် အိမ်တံခါးသည် အနည်းဆုံး ၅ ပေမှ ၆ ပေခန့် ကွာဝေးသည်။
ဝင်းတံခါးကို သော့ခတ်ထားပါလျက် အပြင်ဖက်မှနေ၍ သာမာန်အားဖြင့် အိမ်တံခါးကို မည်သို့ခေါက်မည်နည်း။ လက်၏ အရှည်သည် အလွန်ဆုံး ၃ ပေခန့်ကို လှမ်းနိုင်လိမ့်မည် မဟုတ် လား။ တခါးခေါက်သည်ဟုသာဆိုခဲ့ပါသည်။ အမှန်တော့ ခေါက်သည်မဟုတ် ပုတ်ခြင်း သာဖြစ် သည်။ ကျွန်တော်မှ အဖော်ခေါ်အိပ်သည့်လူကြီးက ၀ါးလုံးနှင့်ထိုးခြင်းလား ... ဒါလည်း မဖြစ်နိုင် ... ကြားရသည့်အသံနှင့် ၀ါးလုံးနှင့်ထိုးလျှင် မြည်မည့်အသံက ကွာခြားလိမ့်မည်ဟု တွေးမိသည်။ ထိုလူကြီးက သူလာလျှင် ပေနှစ်ဆယ်ခန့်အကွာက အော်ခေါ်တတ်သော အကျင့်ရှိသည်ကိုလည်း တစ်ဆက်တည်း တွေးမိလေသော် ...
မိမိလုပ်နေသည့် ပုတီးစိတ်သည့်အလုပ်လေးကို စိတ်အားဖြည့်ပြီး ဆက်လုပ်နေလိုက်တာ ပိုကောင်းမည် ၊ ထိုသူ အမှန်တကယ်လာလျှင်လည်း စောင့်နိုင်လျှင် စောင့်လိမ့်မည်။ ကြာကြာမစောင့်နိုင်လျှင် အသံပြုအော်ခေါ်လိမ့်မည်ဟု တွေးတောလျက် ကြားရသည့် ဘုန်း ... ဘုန်း .... ဆိုသည့်အသံကို ဥပေက္ခာပြုလျက် ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေလိုက် ပါတော့ သည်။ အသံတို့ တိတ်ဆိတ်သွားကြသည်။
မိမိပုတီးစိတ်သည့်ကြာချိန်မှာ တစ်နာရီခန့်ဖြစ်လိမ့်မည်။ ပြီးသော် ဘာအသံမှ မကြားရ၍လည်း အိမ်ရှေ့သို့လည်း ထွက်မကြည့်တော့ပါ။ ကြောက်စိတ်က ရှိနေဆဲ ဖြစ်သည်။ လူ မဟုတ်သည် ကတော့ သေချာနေပါပြီ။ ထိုညတွင်လည်း အိပ်လို့ရအောင် မနည်းအိပ်ခဲ့ရပါသည်။ မနက်လင်း သည်နှင့် ထိုသူ့ထံသို့ သွား၍ မေးရန်မလိုသည့်မေးခွန်း `` မနေ့ညက ခင်ဗျားလာသေးလား´´ ဟု မေးမိသည်။ `` ဟ မင်း နောက်နေတာလား၊ ငါဖြင့် မနေ့ညက အလုပ်များနေလို့ကွ ´´ တဲ့ ။ ထိုသို့ကြားရမည်ဟု ကြိုတင်တွေးပြီးသားဖြစ်ပါသည်။ ခက်နေပါပြီ ။ ယခုမှ ငှားထားတာ သိပ်မကြာသေး။ လပိုင်းမျှပဲ ရှိသေးသည်။ နောက်ထပ် မည်သို့မည်ပုံ ကြုံရဦးမည်လဲ ......
ဖြစ်စဉ်များမှာ ထိုအိမ်မှာ တစ်ယောက်တည်းရှိနေချိန်များ တွင် ဖြစ်တတ်သည်။ သို့နှင့် ယောက်ဖအား ထိုဖြစ်စဉ်နှစ်ခုကို ပြောပြမိသည်။ ယောက်ဖမှ မိမိလည်း စိတ်မ လုံကြောင်း ဘုရားစာရွတ် လို့လည်း မရသလို ဖြစ်ကြောင်းပြောပြရာ ကျွန်တော်မှာ အထူး သတိထားနေရတော့သည်။ အထူးသဖြင့် နှစ်ယောက်ရှိနေချိန်များမှာ ထူးခြားမှု မဖြစ်ခြင်းပင်။
ကျွန်တော်မှာ အိမ်လည်သော အကျင့်မရှိရကား အပေါင်းအသင်းလည်း နည်းလှသည်။ ထိုသို့သော သူအဖို့ တနယ်တကျေးတွင်း ယောက်ဖပြန်သောနေ့( အဖိတ် ဥပုသ်ရက်နီး လာလေလေ) မိမိစိတ်သည် အလိုလို သိမ်ငယ်လာရသည်။ ကြာလာတော့ ထိုအိမ်ကြီးတွင် မနေ လိုတော့ပါ။ ယောက်ဖလည်း တစ်လကို ၂ ကြိမ်လောက်ပဲ ပြန်တော့သည်။ ထိုသို့ နေလာ ရင်း နေလာရင်းနှင့် ၃ လလောက်ပင်ရှိတော့မည်ဖြစ်ပါသည်။ ထိုကြား ထဲတော့ ကျောချမ်း ရုံကလွဲလို့ အခြားထူးခြားဖြစ်စဉ်မဖြစ်ခဲ့ပါ။
ကျွန်တော်ကြောက်သော အဖိတ်ဥပုသ်ရက် သို့ ရောက်လာပြန်ပါသည်။ အဖိတ်နေ့ ညနေ တွင် ယောက်ဖပြန်သွားသည်။ ထိုညတွင် ကျွန်တော် စောစောအိပ်ဖြစ်သည်။ မသိတာလား မထူးခြားတာလား သေချာမပြောတတ်ပါ။ မိုးလင်းသည်အထိ ဘာမှမဖြစ်ပါ။ သို့သော် ကြောက် စိတ်တို့က ကြီးစိုးဆဲမို့ ကျွန်တော့်ယောက်ဖ၏သူငယ်ချင်းဖြစ်သူ၏ သားကို ဥပုသ်ညတွင် အဖော်အဖြစ် အိမ်ခေါ်ဖို့ စိတ်ကူးမိသည်။
မိမိပုတီးစိတ်သည့်ကြာချိန်မှာ တစ်နာရီခန့်ဖြစ်လိမ့်မည်။ ပြီးသော် ဘာအသံမှ မကြားရ၍လည်း အိမ်ရှေ့သို့လည်း ထွက်မကြည့်တော့ပါ။ ကြောက်စိတ်က ရှိနေဆဲ ဖြစ်သည်။ လူ မဟုတ်သည် ကတော့ သေချာနေပါပြီ။ ထိုညတွင်လည်း အိပ်လို့ရအောင် မနည်းအိပ်ခဲ့ရပါသည်။ မနက်လင်း သည်နှင့် ထိုသူ့ထံသို့ သွား၍ မေးရန်မလိုသည့်မေးခွန်း `` မနေ့ညက ခင်ဗျားလာသေးလား´´ ဟု မေးမိသည်။ `` ဟ မင်း နောက်နေတာလား၊ ငါဖြင့် မနေ့ညက အလုပ်များနေလို့ကွ ´´ တဲ့ ။ ထိုသို့ကြားရမည်ဟု ကြိုတင်တွေးပြီးသားဖြစ်ပါသည်။ ခက်နေပါပြီ ။ ယခုမှ ငှားထားတာ သိပ်မကြာသေး။ လပိုင်းမျှပဲ ရှိသေးသည်။ နောက်ထပ် မည်သို့မည်ပုံ ကြုံရဦးမည်လဲ ......
ဖြစ်စဉ်များမှာ ထိုအိမ်မှာ တစ်ယောက်တည်းရှိနေချိန်များ တွင် ဖြစ်တတ်သည်။ သို့နှင့် ယောက်ဖအား ထိုဖြစ်စဉ်နှစ်ခုကို ပြောပြမိသည်။ ယောက်ဖမှ မိမိလည်း စိတ်မ လုံကြောင်း ဘုရားစာရွတ် လို့လည်း မရသလို ဖြစ်ကြောင်းပြောပြရာ ကျွန်တော်မှာ အထူး သတိထားနေရတော့သည်။ အထူးသဖြင့် နှစ်ယောက်ရှိနေချိန်များမှာ ထူးခြားမှု မဖြစ်ခြင်းပင်။
ကျွန်တော်မှာ အိမ်လည်သော အကျင့်မရှိရကား အပေါင်
ကျွန်တော်ကြောက်သော အဖိတ်ဥပုသ်ရက် သို့ ရောက်လာပြန်ပါသည်။ အဖိတ်နေ့ ညနေ တွင် ယောက်ဖပြန်သွားသည်။ ထိုညတွင် ကျွန်တော် စောစောအိပ်ဖြစ်သည်။ မသိတာလား မထူးခြားတာလား သေချာမပြောတတ်ပါ။ မိုးလင်းသည်အထိ ဘာမှမဖြစ်ပါ။ သို့သော် ကြောက် စိတ်တို့က ကြီးစိုးဆဲမို့ ကျွန်တော့်ယောက်ဖ၏သူငယ်ချင်းဖြစ
သို့နှင့် သူ့အိမ်သို့သွား၍ ပြောကြားရာ ထိုသူမှ အပြင်းအထန် ငြင်းဆန်ပါတော့သည်။ ဘာလို့လဲ လို့ မေးရာ မဖြေ။ ကျွန်တော်အတန်တန် ပြောတော့မှ လာခဲ့ပါမည်ဆိုသော ကတိကိုရပါသည်။ ညနေပိုင်းတွင် သူရောက်လာခဲ့ပါသည်။ အိပ်ချိန်ရောက်သောအခါ သူ့ကို အပေါ်ထပ်ရှိ အခန်း တွင် အိပ်ဖို့ပြောပြီးနောက် ကျွန်တော်က အောက်ထပ်အခန်းထဲတွင် မူလအတိုင်း ကိုယ့်နေရာ မှာပဲ အိပ်လိုက်ပါတော့သည်။ တော်တော်နှင့် အိပ်မပျော်ပါ။ သို့သော်အချိန်နာရီ မမှတ်မိသည့် အချိန်တွင် အိပ်ပျော်သွားခဲ့ပါလိမ့်မည်။
မိုးလင်းတော့ ထိုသူ မရှိတော့ပါ။ အိမ်တံခါးက ဂျက်ထိုးထားသည်ကို အသာဖွင့်ပြီး သော့ခတ် ထားတဲ့ ၀င်းတံခါးကို ကျော်တတ်ပြီး ပြန်သွားခဲ့သည်ဟု ယူဆပါသည်။ ထူးခြားသည် ကတော့ နောက်အဖိတ် ဥပုသ်ရက်များတွင် သူ့အား လုံးဝ ခေါ်လို့ကို မရတော့ကြောင်းပါခင်ဗျား ။ `` ကဲပါကွာ ဒါဆိုလည်း မခေါ်ဘူး၊ ဘာဖြစ်လို့ မလာချင်ရတာလဲ ´´ ဟု ထပ်ခါ ထပ်ခါ မေးတော့မှာ `` ငါက မင်း ကြောက်နေမှာစိုးလို့ ´´ ဟု သာဖြေသည်။ အမှန်တော့ ကျွန်တော်မှာ ကြောက်သော်လည်း `` ပြောမယ့်သာပြောပါကွ ´´ ဟုဆိုမှ သူက ဇာတ်လမ်းအစုံ ခင်းပြပါတော့သည်။
အဲဒီညက ငါလည်း အိပ်ခန်းထဲဝင်ပြီး အိပ်ရော မကြာခင်ကွာ ၊ ဂျက်ချထားတဲ့ အခန်းတံခါးက ဂလောက်ဆို ပွင့်သွားတယ်။ ကျွီဆိုပြီးမြည်တယ်။ ငါလည်း ကတင်းပေါက်(ပြတင်းပေါက်)က ဖွင့်ထားတော့ လရောင်လေးနည်းနည်းနဲ့ ၀ိုးတ၀ါးပေါ့။ သူက ဆက်မပြောသေးပဲ တံတွေး ကို မြိုချသည်။ ထို့နောက် ဘာမှ တွေနေသလိုလို စဉ်းစားနေသလိုလို ဖြစ်နေ၍ ကျွန်တော်မှ `` ဈေးကိုင်မနေနဲ့ကွာ ပြောစမ်းပါ´´ ဟုဆိုမှ `` ငါဈေးကိုင်တာမဟုတ်ဘူး ကြောက်နေတာဟ ´´ ..... တိန် ....
`` ငါလည်း တံခါးဝကို ကြည့်လိုက်တော့ မိန်းမကြီးတစ်ယောက်ကွာ ဆံပင်ကြီးဖားလျားချပြီး ၀င်လာတာ။ အ၀တ်အစား လည်း မပါဘူး တစ်ကိုယ်လုံး အမွှေးတွေနဲ့ မျောက်ဝံမကြီးအတိုင်းပဲ ´´ `` ဟကောင် ဟကောင် မနောက်နဲ့ ´´ ..... `` ငါ မနောက်ဘူး၊ ငါက အစတကည်းက သိနေလို့ မင်းခေါ်တာ ချက်ချင်းမလိုက်တာပေါ့ကွ၊ ငါ့သူငယ်ချင်း အဲဒီအိမ်မှာ ငှားနေတုန်း က ဖြစ်ဖူးတာ ငါသိတယ် ´´ `` အင်း ၊ မင်းသူငယ်ချင်းက ယောကျာ်းလေးလား မိန်းကလေး လား ´´ `` အာ ... မင်းမေးတာနဲ့ စောစောက စကားတောင် ဘယ်ရောက်သွားလဲမသိဘူး .. မိန်းကလေးကွ၊ ငါ ၇ တန်းလောက်က ´´
`` အင်း ဆက်ပါဦး ၀င်လာတော့ ´´ `` ဟား ဘာပြောကောင်းမလဲကွာ ငါလည်း ကြောက်ကြောက်နဲ့ ကြောင်ကြည့်နေတာပေါ့ ၊ ငါ့ဘေးနား လာထိုင်တယ် ကွာ၊ ပြောရင်းနဲ့ ကြက်သီးတောင်ထတယ်၊ ´´ `` ဟကောင် ပြောလက်စနဲ့ ဆက်သာပြောတော့၊ မင်းဘေးလာထိုင်တော့ ဘာဖြစ်တုန်း ´´ အမှန်တော့ ကျွန်တော်လည်းပဲ အလွန်ကြောက်နေပါသည်။ အဟီး ...
`` ငါလည်း အဲအဖွားကြီး ဘေးလာထိုင်တော့ ငါလည်း ဟိုဖက်လှည့် သူ့ကျောပေးပြီး စောင်ခေါင်းမြီးခြုံအိပ်တော့တာေ ပါ့၊ ဘုရားစာတွေလည်း ရွတ်တာ အစ မေ့လို့မေ့ တစ်ဝက်ကစလို့စ ကဗြောင်းကပြန်တွေဖြစ်နေရော၊ ဘယ်လိုမေ့ကုန် လည်းမသိဘူး ၊ ခဏနေတော့ ကျွိ ဆိုတဲ့အသံကြားပြန်ရော ဒါနဲ့ ထွက်သွားပြီလို့ ၀မ်းသာသွားတာပေါ့´´ .... `` တော်သေးတာပေါ့ကွာ ထွက်သွားလို့ ´´ ... `` ဘယ်ကလာ ခြေရင်းက သံသေတ္တာကြီးက လေပေါ်ကြွတက်လာတာ ကောင်ရေ၊ အဖွားကြီးတော့ မတွေ့တော့ဘူး၊ သေတ္တာကြီးက မြောက်လာတာ လေထဲ တစ်ပေလောက်မြင့် တယ်၊ အဲအတိုင်းမြောက်လာပြီးတော့ ငါ့ ခေါင်းနားလေး ၊ ဘုန်း ဆို ပစ်ချပြတယ်ကွာ အဟီး ငါလည်း တွေးတာက ဒီတစ်ခါတော့ ကိစ္စချောပြီးပေါ့ ဟီးဟီးဟီး မင်းနဲ့ အခုတွေ့ရတာ ငါကံကောင်းသေးတယ်မှတ် ´´ `` အင်း ဘာဆက်ဖြစ်သေးတုန်း ´´ `` မင်းဒလောက်မေးနေ တာ မင်းမကြောက်ဘူးလား ´´ `` ငါလား ... ကြောက်တော့ ကြောက်တာပေါ့ကွ မင်းကလဲ၊ မင်းရောမကြောက်လို့လား ´´ `` သြ ကြောက်ပါတယ်ဆို ´´ `` ကြောက်ရင် ဆက်ပြော ´´ `` အန် ..... အဲဒီမှာ ငါလည်း စောစောက ပြောသလို ဟိုဖက်ပြန်လှည့်ပြီး ဘုရားစာရွတ် တာပေါ့ကွ၊ ´´ `` ရွတ်လို့ရလား ´´ `` မေ့ကုန်လို့ ဘာမှ မရွတ်လိုက်ရဘူး ကြောက်တာလေ ´´
`` အင်း မင်း မိုးလင်းတော့ ဘာလို့ အစောကြီးပြန်သွားတာတုန်း ´´ `` အာ .. မင်းကလဲ ... မနက်လင်းတော့ ငါ ခင်းအိပ်တဲ့ မွေ့ယာရယ် ခြုံတဲ့ ဂွမ်းကပ်စောင်ရယ် သံသေတ္တာပေါ်ကို သေသေချာချာကို ခေါက်တင်ထားပေးတယ်ဗျာ ... ´´ `` သံသေတ္တာက နဂိုနေရာမှာပဲလား ´´ `` အေး နဂိုနေရာမှာပဲ ၊ တကယ်လို့ ငါ အိပ်ရေးကြမ်း ရင် မွေ့ယာတွေ စောင်တွေက ငါ့အနားမကပ်ရုံပဲရှိမှာလေကွာ၊ အခုဟာက တစ်ပေလောက်မြင့်တဲ့ သေတ္တာပေါ် ခေါက်လျက်သားလေးခင်ဗျာ၊ ငါလည်း နိုးတဲ့အချိန် အဲတာတွေ့တာနဲ့ နောက်ပြီး လူသံတွေလည်း ကြားနေရတော့ ခြံကျော် လစ်တော့တာပဲ ´´ `` ဒါဆို အဲအဖွားကြီးက မင်း ကြိုက်နေလို့ နေမယ်၊ မင်းစိတ်ကူးမလွဲနဲ့ ´´ `` XX o XX ´´
`` မင်းသူငယ်ချင်းကိစ္စကရော ဘယ်လိုတုန်း ´´ `` ဘာလဲ ´´ `` မင်းသူငယ် ချင်း ကောင်မလေးလေ ၇ တန်းတုန်းက ´´ `` သြော် သူတို့လည်း အဲမှာ ငှားနေတုန်းကပေါ့ ၊ အဲကောင်မလေးကတော့ ၇ ရက်လောက် ဖျားသွားတာ ´´ `` အင်း ´´ `` သူ မှန်ကြည့်နေတုန်း မှန်ထဲမှာ ပေါ်လာလို့တဲ့ ´´ `` အင်း ဖြစ်နိုင်ပါတယ် ´´ `` မင်းရော ကြုံပြီးပလား ´´ `` ဆိုပါတော့ ပြောပြရမလား ´´ `` တော်ပါပြီး ငါ့အကြောင်းပြန်ပြောတာတောင် ငါ ကျောမလုံဘူး ´´
ထိုအရာများသည် နာနာဘာဝများနှင့် ပတ်သက်၍ GLZ ကြုံတွေ့ဖူးသော အကြောင်းအရာဖြစ်စဉ်အမှန်များ ဖြစ်ပါသည်။ ယခုဇာတ်လမ်း ထိုမျှနှင့် မပြီးသေးပါ။ ထိုအိမ်နှင့်ပတ်သက်၍ ဆက်ရန် ကျန်ပါသေးသည်။
ထိုဖြစ်ရပ်များ ဖြစ်ခဲ့ပြီးနောက် ကျွန်တော်မှာ ထိုအိမ်ကြီးကို အတော်ပင်ကြောက် လန့်၍ သာ နေတော့သည်။ ည အိပ်တိုင်း စိတ်နွမ်းရသည်။ မိုးလင်းလာလျှင် အလွန်ပျော်ပါသည်။ သို့တိုင် အခြေအနေအရ အခြားထိခိုက်အောင် လုပ်ခြင်းမျိုး မကြုံသေး၍ တော်သေးသည်ဟု ကြိတ်မှိတ်ပြီး စိတ်ဖြေခဲ့ရသည်။
စိတ်ဖြေခဲ့ရပေမယ့် စိတ်မပြေပါ။ ဘေးအိမ်မှ ကျွန်တော့်ထက် အသက် ၅ နှစ်ခန့်ကြီးသော ဟဲဗီးရော့ခ်ဂစ်တာသမားကြီးကို မေးကြည့်သည်။ သူက ညည ဂီတာကြီးကိုင်လို့ တော်တော်နှင့် မအိပ်သူတည်း။ ထို့ကြောင့် သိတော့ သိရမည်ဟု စိတ်အထင်နှင့် မေးရသည်။ ထိုအိမ်ကြီး၏ လက်ရှိ ပိုင်ရှင်နှင့် ရော့ကာကြီးမှာ တူ တော်သည်။ ပထမတော့ ဘာမှ မပြော၊ မေးဖန်များတော့ ကြုံဖူးသည်တဲ့ သူ ညည ဂီတာကိုင်၍ (ထိုအချိန်က ဇော်ဝင်းထွဋ်ဖြစ်မည်) ဟဲချိန် တခါတခါ များမှာ အပေါ်ထပ်အခန်းဆီမှ ရှေးသီချင်းကြီးများ ဆိုသံကို ကြားရတတ်သည်တဲ့။ ( ရော့ကာလေး ဟင်းဟင်း မင်းလောက်ကတော့ ငါလည်း ဆိုတတ်တယ်ပေါ့ကွယ် )
ထိုသူမှ ကျွန်တော်ကြောက်အောင် ပြောနေခြင်းမဟုတ်မှန်း သိပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်မှာ သူ့အဒေါ်၏ အိမ်မှာ ငှားရမ်းနေသူမဟုတ်လား။ ထို့ကြောင့် သူတို့ မိသားစုသည် ကျွန်တော်မေးမြန်းသော ထင်မြင်ချက်များကို ဖုံးကွယ်လိုသည်ဖြစ်လိမ့်မည်။ သို့သော် မကြာခဏ မေးမြန်းပြန် ကြာရှည်လည်း ဖုံးကွယ်၍မရတော့သည့် လက်တွေ့သာဓက များကို ပြောပြခြင်းကြောင့် ပြောပြရခြင်း ဖြစ်လိမ့်မည်ဟု ပြန်လည် သုံးသပ်မိပါသည်။
ထို့ကြောင့် ကျွန်တော်သည် သတိဖြင့် နေနေခဲ့ရသည်။ ယုတ်စွအဆုံး အိမ်နောက်ဖေး မှာ ရေချိုး၊ ရေအိမ်တတ်တာ ကအစ မြန်မြန်ချိုး မြန်မြန်တက်ရသည်။ ၀မ်းမချုပ်ဖို့လည်း ဂရုစိုက်ရသည်။ အဟီး ... ဗန္ဓုလသွေးဖြစ်မည် ...
ထူးခြားချက်မှာ လူစုံရှိနေလျှင် ဘာမှ မဖြစ်ခြင်းနှင့် တစ်ယောက်တည်းဖြစ်နေချိန် အဖိတ် ဥပုသ်ရက် အထူးသဖြင့် လပြည့် လကွယ်ရက်များတွင် ထင်ရှားသည် ကို နောက်မှ ပြန်တွေး မိရပါသည်။ ကျွန်တော်နှင့် ပတ်သက်၍ နောက်ထပ် ဖြစ်ပျက်သော အဖြစ်တစ်ခုရှိပါသေးသည်။ ထိုဖြစ်ရပ် ဖြစ်ခဲ့ချိန်သည် ထိုအိမ်ကို ငှားသည့် ကာလ ၄ လ၀န်းကျင်ခန့် ဖြစ်ပါသည်။ ထိုဖြစ်ရပ် ဖြစ်ခဲ့ပြီးနောက် ထိုရက်မှစ၍ ကျွန်တော်မှာ ထိုအိမ်မှာ လုံးဝ မနေ၀ံ့တော့သည်ကို ရိုးသားစွာ ၀န်ခံရပေမည်။ (စာကြွင်း အဖိတ် ဥပုသ်တိုင်းကြုံရသည်တော့ မဟုတ်ပါ၊ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်သည်လည်း မိမိ၏ ဇာတိ ချက်ကြွေ မြစ်သားမြို့သို့ ပြန်ဖြစ် ခဲ့သောကြောင့်ဖြစ်သည် ။ ကျွန်တော်မရှိလျှင် ယောက်ဖလည်း မနေပါ )
ကျွန်တော်နောက်ဆုံးကြုံသည့် ထိုနေ့ ... ဥပုသ် လပြည့်ဖြစ်သည့်နေ့ သိကြသည့်အတိုင်း ကျွန်တော် တစ်ယောက်တည်း ဖြစ်ပါသည်။ နည်းနည်း ချမ်းစိမ့်စိမ့်ဖြစ်သောကြောင့် အခန်းတံခါးများ ပြတင်းပေါက်များ ပိတ်ထားသည်။ ထို့ကြောင့် နေ့ခင်းဖြစ်နေသော်လည်း အိမ်အတွင်းပိုင်းမှာ မှောင်လျက်ရှိနေသည်။ လျှပ်စစ်က ထုံးစံအတိုင်းဖြစ်၍ ဖယောင်းတိုင် အတုတ်ကြီးကို ဧည့်ခန်းတွင် ထွန်းထားသည်။ တစ်ယောက်တည်း အိမ်ခန်းအတွင်းဝယ် လုပ်ရန်ရှိသော အလုပ်ကိစ္စများနှင့် ပစ္စည်းအချို့ကို လုပ်လျက်နေသည်။
အလုပ်လုပ်လျက်က ဖယောင်းတိုင်ကို စောင်းမစောင်း မြဲမမြဲ ကြည့်ဖြစ်ပါသည်။ ဖယောင်းတိုင်သည် အတုတ်ဖြစ်၍ လက်မထက်ပင် တုတ်ခိုင်သည်။ အရှည်တစ်ထွာနီးပါးခန့် ရှိသည်။ ထိုဖယောင်းတိုင်ကို တည်ပြီး ထွန်းထားသည်မှာလည်း အုတ်နံရံတွင် သံရိုက်ထားသောသံပြားကို L ပုံစံချိုးထားပြီး ထိုမှတဖန် ဖယောင်းတိုင်စိုက်ထူရန် သွပ်နန်းကြိုးအတုတ်ကို ဖယောင်းတိုင်၏လုံးပတ်အတိုင်း အ၀ိုင်းလေးလုပ်ပြီး ပလိုင်ယာဖြင့် သေချာစွာ ချည်နှောင်ထားသော အနေအထား( ဥပမာ မိုးပျံပူဘောင်းပုံ)ကို နံရံတွင်ပင် သံရိုက်ထားသည်။
မိုးလင်းတော့ ထိုသူ မရှိတော့ပါ။ အိမ်တံခါးက ဂျက်ထိုးထားသည်ကို အသာဖွင့်ပြီး သော့ခတ် ထားတဲ့ ၀င်းတံခါးကို ကျော်တတ်ပြီး ပြန်သွားခဲ့သည်ဟု ယူဆပါသည်။ ထူးခြားသည် ကတော့ နောက်အဖိတ် ဥပုသ်ရက်များတွင် သူ့အား လုံးဝ ခေါ်လို့ကို မရတော့ကြောင်းပါခင်ဗျား ။ `` ကဲပါကွာ ဒါဆိုလည်း မခေါ်ဘူး၊ ဘာဖြစ်လို့ မလာချင်ရတာလဲ ´´ ဟု ထပ်ခါ ထပ်ခါ မေးတော့မှာ `` ငါက မင်း ကြောက်နေမှာစိုးလို့ ´´ ဟု သာဖြေသည်။ အမှန်တော့ ကျွန်တော်မှာ ကြောက်သော်လည်း `` ပြောမယ့်သာပြောပါကွ ´´ ဟုဆိုမှ သူက ဇာတ်လမ်းအစုံ ခင်းပြပါတော့သည်။
အဲဒီညက ငါလည်း အိပ်ခန်းထဲဝင်ပြီး အိပ်ရော မကြာခင်ကွာ ၊ ဂျက်ချထားတဲ့ အခန်းတံခါးက ဂလောက်ဆို ပွင့်သွားတယ်။ ကျွီဆိုပြီးမြည်တယ်။ ငါလည်း ကတင်းပေါက်(ပြတင်းပေါက်)က ဖွင့်ထားတော့ လရောင်လေးနည်းနည်းနဲ့ ၀ိုးတ၀ါးပေါ့။ သူက ဆက်မပြောသေးပဲ တံတွေး ကို မြိုချသည်။ ထို့နောက် ဘာမှ တွေနေသလိုလို စဉ်းစားနေသလိုလို ဖြစ်နေ၍ ကျွန်တော်မှ `` ဈေးကိုင်မနေနဲ့ကွာ ပြောစမ်းပါ´´ ဟုဆိုမှ `` ငါဈေးကိုင်တာမဟုတ်ဘူး ကြောက်နေတာဟ ´´ ..... တိန် ....
`` ငါလည်း တံခါးဝကို ကြည့်လိုက်တော့ မိန်းမကြီးတစ်ယောက်ကွာ ဆံပင်ကြီးဖားလျားချပြီး ၀င်လာတာ။ အ၀တ်အစား လည်း မပါဘူး တစ်ကိုယ်လုံး အမွှေးတွေနဲ့ မျောက်ဝံမကြီးအတိုင်းပဲ ´´ `` ဟကောင် ဟကောင် မနောက်နဲ့ ´´ ..... `` ငါ မနောက်ဘူး၊ ငါက အစတကည်းက သိနေလို့ မင်းခေါ်တာ ချက်ချင်းမလိုက်တာပေါ့ကွ၊ ငါ့သူငယ်ချင်း အဲဒီအိမ်မှာ ငှားနေတုန်း က ဖြစ်ဖူးတာ ငါသိတယ် ´´ `` အင်း ၊ မင်းသူငယ်ချင်းက ယောကျာ်းလေးလား မိန်းကလေး လား ´´ `` အာ ... မင်းမေးတာနဲ့ စောစောက စကားတောင် ဘယ်ရောက်သွားလဲမသိဘူး .. မိန်းကလေးကွ၊ ငါ ၇ တန်းလောက်က ´´
`` အင်း ဆက်ပါဦး ၀င်လာတော့ ´´ `` ဟား ဘာပြောကောင်းမလဲကွာ ငါလည်း ကြောက်ကြောက်နဲ့ ကြောင်ကြည့်နေတာပေါ့ ၊ ငါ့ဘေးနား လာထိုင်တယ် ကွာ၊ ပြောရင်းနဲ့ ကြက်သီးတောင်ထတယ်၊ ´´ `` ဟကောင် ပြောလက်စနဲ့ ဆက်သာပြောတော့၊ မင်းဘေးလာထိုင်တော့ ဘာဖြစ်တုန်း ´´ အမှန်တော့ ကျွန်တော်လည်းပဲ အလွန်ကြောက်နေပါသည်။ အဟီး ...
`` ငါလည်း အဲအဖွားကြီး ဘေးလာထိုင်တော့ ငါလည်း ဟိုဖက်လှည့် သူ့ကျောပေးပြီး စောင်ခေါင်းမြီးခြုံအိပ်တော့တာေ
`` အင်း မင်း မိုးလင်းတော့ ဘာလို့ အစောကြီးပြန်သွားတာတုန်း ´´ `` အာ .. မင်းကလဲ ... မနက်လင်းတော့ ငါ ခင်းအိပ်တဲ့ မွေ့ယာရယ် ခြုံတဲ့ ဂွမ်းကပ်စောင်ရယ် သံသေတ္တာပေါ်ကို သေသေချာချာကို ခေါက်တင်ထားပေးတယ်ဗျာ ... ´´ `` သံသေတ္တာက နဂိုနေရာမှာပဲလား ´´ `` အေး နဂိုနေရာမှာပဲ ၊ တကယ်လို့ ငါ အိပ်ရေးကြမ်း ရင် မွေ့ယာတွေ စောင်တွေက ငါ့အနားမကပ်ရုံပဲရှိမှာလေကွာ၊ အခုဟာက တစ်ပေလောက်မြင့်တဲ့ သေတ္တာပေါ် ခေါက်လျက်သားလေးခင်ဗျာ၊ ငါလည်း နိုးတဲ့အချိန် အဲတာတွေ့တာနဲ့ နောက်ပြီး လူသံတွေလည်း ကြားနေရတော့ ခြံကျော် လစ်တော့တာပဲ ´´ `` ဒါဆို အဲအဖွားကြီးက မင်း ကြိုက်နေလို့ နေမယ်၊ မင်းစိတ်ကူးမလွဲနဲ့ ´´ `` XX o XX ´´
`` မင်းသူငယ်ချင်းကိစ္စကရော ဘယ်လိုတုန်း ´´ `` ဘာလဲ ´´ `` မင်းသူငယ် ချင်း ကောင်မလေးလေ ၇ တန်းတုန်းက ´´ `` သြော် သူတို့လည်း အဲမှာ ငှားနေတုန်းကပေါ့ ၊ အဲကောင်မလေးကတော့ ၇ ရက်လောက် ဖျားသွားတာ ´´ `` အင်း ´´ `` သူ မှန်ကြည့်နေတုန်း မှန်ထဲမှာ ပေါ်လာလို့တဲ့ ´´ `` အင်း ဖြစ်နိုင်ပါတယ် ´´ `` မင်းရော ကြုံပြီးပလား ´´ `` ဆိုပါတော့ ပြောပြရမလား ´´ `` တော်ပါပြီး ငါ့အကြောင်းပြန်ပြောတာတောင် ငါ ကျောမလုံဘူး ´´
ထိုအရာများသည် နာနာဘာဝများနှင့် ပတ်သက်၍ GLZ ကြုံတွေ့ဖူးသော အကြောင်းအရာဖြစ်စဉ်အမှန်များ ဖြစ်ပါသည်။ ယခုဇာတ်လမ်း ထိုမျှနှင့် မပြီးသေးပါ။ ထိုအိမ်နှင့်ပတ်သက်၍ ဆက်ရန် ကျန်ပါသေးသည်။
ထိုဖြစ်ရပ်များ ဖြစ်ခဲ့ပြီးနောက် ကျွန်တော်မှာ ထိုအိမ်ကြီးကို အတော်ပင်ကြောက် လန့်၍ သာ နေတော့သည်။ ည အိပ်တိုင်း စိတ်နွမ်းရသည်။ မိုးလင်းလာလျှင် အလွန်ပျော်ပါသည်။ သို့တိုင် အခြေအနေအရ အခြားထိခိုက်အောင် လုပ်ခြင်းမျိုး မကြုံသေး၍ တော်သေးသည်ဟု ကြိတ်မှိတ်ပြီး စိတ်ဖြေခဲ့ရသည်။
စိတ်ဖြေခဲ့ရပေမယ့် စိတ်မပြေပါ။ ဘေးအိမ်မှ ကျွန်တော့်ထက် အသက် ၅ နှစ်ခန့်ကြီးသော ဟဲဗီးရော့ခ်ဂစ်တာသမားကြီးကို မေးကြည့်သည်။ သူက ညည ဂီတာကြီးကိုင်လို့ တော်တော်နှင့် မအိပ်သူတည်း။ ထို့ကြောင့် သိတော့ သိရမည်ဟု စိတ်အထင်နှင့် မေးရသည်။ ထိုအိမ်ကြီး၏ လက်ရှိ ပိုင်ရှင်နှင့် ရော့ကာကြီးမှာ တူ တော်သည်။ ပထမတော့ ဘာမှ မပြော၊ မေးဖန်များတော့ ကြုံဖူးသည်တဲ့ သူ ညည ဂီတာကိုင်၍ (ထိုအချိန်က ဇော်ဝင်းထွဋ်ဖြစ်မည်) ဟဲချိန် တခါတခါ များမှာ အပေါ်ထပ်အခန်းဆီမှ ရှေးသီချင်းကြီးများ ဆိုသံကို ကြားရတတ်သည်တဲ့။ ( ရော့ကာလေး ဟင်းဟင်း မင်းလောက်ကတော့ ငါလည်း ဆိုတတ်တယ်ပေါ့ကွယ် )
ထိုသူမှ ကျွန်တော်ကြောက်အောင် ပြောနေခြင်းမဟုတ်မှန်း သိပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်မှာ သူ့အဒေါ်၏ အိမ်မှာ ငှားရမ်းနေသူမဟုတ်လား။ ထို့ကြောင့် သူတို့ မိသားစုသည် ကျွန်တော်မေးမြန်းသော ထင်မြင်ချက်များကို ဖုံးကွယ်လိုသည်ဖြစ်လိမ့်မည်။ သို့သော် မကြာခဏ မေးမြန်းပြန် ကြာရှည်လည်း ဖုံးကွယ်၍မရတော့သည့် လက်တွေ့သာဓက များကို ပြောပြခြင်းကြောင့် ပြောပြရခြင်း ဖြစ်လိမ့်မည်ဟု ပြန်လည် သုံးသပ်မိပါသည်။
ထို့ကြောင့် ကျွန်တော်သည် သတိဖြင့် နေနေခဲ့ရသည်။ ယုတ်စွအဆုံး အိမ်နောက်ဖေး မှာ ရေချိုး၊ ရေအိမ်တတ်တာ ကအစ မြန်မြန်ချိုး မြန်မြန်တက်ရသည်။ ၀မ်းမချုပ်ဖို့လည်း ဂရုစိုက်ရသည်။ အဟီး ... ဗန္ဓုလသွေးဖြစ်မည် ...
ထူးခြားချက်မှာ လူစုံရှိနေလျှင် ဘာမှ မဖြစ်ခြင်းနှင့် တစ်ယောက်တည်းဖြစ်နေချိန် အဖိတ် ဥပုသ်ရက် အထူးသဖြင့် လပြည့် လကွယ်ရက်များတွင် ထင်ရှားသည် ကို နောက်မှ ပြန်တွေး မိရပါသည်။ ကျွန်တော်နှင့် ပတ်သက်၍ နောက်ထပ် ဖြစ်ပျက်သော အဖြစ်တစ်ခုရှိပါသေးသည်။ ထိုဖြစ်ရပ် ဖြစ်ခဲ့ချိန်သည် ထိုအိမ်ကို ငှားသည့် ကာလ ၄ လ၀န်းကျင်ခန့် ဖြစ်ပါသည်။ ထိုဖြစ်ရပ် ဖြစ်ခဲ့ပြီးနောက် ထိုရက်မှစ၍ ကျွန်တော်မှာ ထိုအိမ်မှာ လုံးဝ မနေ၀ံ့တော့သည်ကို ရိုးသားစွာ ၀န်ခံရပေမည်။ (စာကြွင်း အဖိတ် ဥပုသ်တိုင်းကြုံရသည်တော့ မဟုတ်ပါ၊ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်သည်လည်း မိမိ၏ ဇာတိ ချက်ကြွေ မြစ်သားမြို့သို့ ပြန်ဖြစ် ခဲ့သောကြောင့်ဖြစ်သည် ။ ကျွန်တော်မရှိလျှင် ယောက်ဖလည်း မနေပါ )
ကျွန်တော်နောက်ဆုံးကြုံသည့် ထိုနေ့ ... ဥပုသ် လပြည့်ဖြစ်သည့်နေ့ သိကြသည့်အတိုင်း ကျွန်တော် တစ်ယောက်တည်း ဖြစ်ပါသည်။ နည်းနည်း ချမ်းစိမ့်စိမ့်ဖြစ်သောကြောင့် အခန်းတံခါးများ ပြတင်းပေါက်များ ပိတ်ထားသည်။ ထို့ကြောင့် နေ့ခင်းဖြစ်နေသော်လည်း အိမ်အတွင်းပိုင်းမှာ မှောင်လျက်ရှိနေသည်။ လျှပ်စစ်က ထုံးစံအတိုင်းဖြစ်၍ ဖယောင်းတိုင် အတုတ်ကြီးကို ဧည့်ခန်းတွင် ထွန်းထားသည်။ တစ်ယောက်တည်း အိမ်ခန်းအတွင်းဝယ် လုပ်ရန်ရှိသော အလုပ်ကိစ္စများနှင့် ပစ္စည်းအချို့ကို လုပ်လျက်နေသည်။
အလုပ်လုပ်လျက်က ဖယောင်းတိုင်ကို စောင်းမစောင်း မြဲမမြဲ ကြည့်ဖြစ်ပါသည်။ ဖယောင်းတိုင်သည် အတုတ်ဖြစ်၍ လက်မထက်ပင် တုတ်ခိုင်သည်။ အရှည်တစ်ထွာနီးပါးခန့် ရှိသည်။ ထိုဖယောင်းတိုင်ကို တည်ပြီး ထွန်းထားသည်မှာလည်း အုတ်နံရံတွင် သံရိုက်ထားသောသံပြားကို L ပုံစံချိုးထားပြီး ထိုမှတဖန် ဖယောင်းတိုင်စိုက်ထူရန် သွပ်နန်းကြိုးအတုတ်ကို ဖယောင်းတိုင်၏လုံးပတ်အတိုင်း အ၀ိုင်းလေးလုပ်ပြီး ပလိုင်ယာဖြင့် သေချာစွာ ချည်နှောင်ထားသော အနေအထား( ဥပမာ မိုးပျံပူဘောင်းပုံ)ကို နံရံတွင်ပင် သံရိုက်ထားသည်။
ထိုသို့ဝိုင်းထားသော သွပ်နန်းကြိုးကြီး ၂ ခုဖြင့် ဖယောင်းတိုင်၏ ခါးလည်မှ တစ်ခု အောက်ခြေ ပိုင်းနားလေးမှ တစ်ခုဖြင့် ထိန်းထားသောကြောင့် စိတ်ချရသည်။ သံပြားပေါ်တွင် ဖယောင်းစက် ချပြီး မထွန်းလျှင်တောင်မှ သံပြားကို သာမာန်ရိုက်ပုတ်လိုက်လျှင် ဖယောင်းတိုင်ပြုတ်မကျသော အနေအထားတွင်ပင် ဖယောင်းကို အစက်ချ ထွန်းညှိခဲ့ပါသည်။ သွပ်နန်းကြိုးအ၀ိုင်းလေး၏ ထိန်းနိုင်အားမှာ ဖယောင်းတိုင်ကို ထုတ်ယူလျှင်တောင်မှ အံကျလေးဝိုင်းထားသောကြောင့် ကြပ်တပ်တပ် ရှိပါသည်။ ထိုအရာကို ကျွန်တော်ကိုယ်တိုင် ပြုလုပ်ထားခဲ့သည်။ မီးအလာ ကျဲသောကာလတွင် ဖယောင်းတိုင်ကို အားကိုးရသောကြောင့် လုံခြုံရအောင်ဟူ၍ပင်။
ကျွန်တော်မှာ နေ့ခင်းကြီး ဖယောင်းတိုင်ထွန်းထား သည့်အဖြစ်ကို ရယ်လည်းရယ် ချင်နေမိ သည်။ ခဏအကြာတွင် အိပ်ချင်သလိုဖြစ်လာ၍ ဖယောင်းတိုင်ကို မီးငြိမ်းသတ်ခြင်း မပြုခဲ့ပဲ အိပ်ခန်းတွင်းဝင်၍ အိပ်စက်ခဲ့သည်ကို ဖြစ်ရပ်တစ်ခု ကြုံပြီးနောက် နောင်တ ကြီးစွာရမိပါသည်။
ကျွန်တော်သည် ရုတ်တရက် ထွက်ပြေးရသည်။ ပတ်ဝန်းကျင်တွင် မြူခိုးများလိုလို မီးခိုးငွေ့များလိုလို နေရာတိုင်းတွင် ပျံ့လွင့်နေသည်ဟု စိတ်က ခံစားမိသည်။ နောက်မှလည်း မမြင်ရသော တစ်စုံတစ်ရာလိုက်လာနေသည်ဟု ခံစားရသည်။ သို့နှင့် အားကုန် ခွန်စိုက် ပို၍ပို၍ ဝေးသွားစေရန် ထပ်၍ထပ်၍ ခြေလှမ်းကို သွက်သွက်ပြေးသည်။ သို့သော် နေရာ က ရွေ့သည်ဟုမထင်။ ကြာတော့ ကျွန်တော်မှာ မောဟိုက်လွန်းအားကြီး၍ အသက်ရှူကြပ် လာပါသည်။ မှန်ပါသည် တကယ်ကို အသက်ရှူကြပ်နေပါသည်။ ထိုစဉ် ကျွန်တော်၏နာမည် ကို ခေါ်သံကို ၀ိုးတ၀ါးကြားလိုက်ရသည်။
ပထမဆုံးသိလိုက်ရသည်က ကျွန်တော်ဘာဖြစ်နေပြီလဲ၊ ဘယ်ရောက်နေသလဲ ဆိုသည့် အတွေး ကို တွေးခြင်းဖြစ်သည်။ ဟုတ်သည်။ သို့သော် ကျွန်တော်မသိပါ။ အတွေးတို့၏ အဖြေကို မသိပါ။ မျက်လုံးဖွင့်ကြည့်သည် ဘာမှ မမြင်ရ။ မှောင်နေသော အရိပ်မည်းကြီး သာ မြင်ရ သည်။ စောစောကတော့ မြူခိုးလိုလိုတွေ တွေ့သေးသည်။ အသက်ရှုလည်း လွန်စွာကျပ်နေ ပါသည်။ ရှူလို့ နည်းနည်းလေးမှ မရတော့ပါ။ စောစောကလို ထွက်ပြေးရန်ခွန်အားတို့လည်း ကုန်ခန်းနေပါသည်။ ကျွန်တော်လွန်စွာ ကြောက်လန့်တုန်လှုပ်မိပါတော့သည် ။
```............... ´´´ နာမည်ခေါ်သံကို ကြားရပြန်ပါသည်။ ပြန်ထူးရန် လည်ပင်းတို့ အစ်နေသည်။ ပြန်ထူးရမည့် ၀ါကျမှာ တိုတောင်းလှသော်လည်း စိတ်ထဲမှသာ ထူးဖြစ်နေသည်။ အသံအိုးထဲတွင် ပြန်ထူးသည့်စိတ်များ စုပြုံကျသော်လည်း အသံထွက်ခြင်းငှာ မစွမ်းနိုင်ခဲ့။
``` ဒုန်းးးးးးးးး ´´´ ကြားရသည့် အသံတို့ ကျယ်လောင်လာပါသည်။ စောစောက ဘာမှ မမြင်ရသော်လည်း ယခုတော့ မြူခိုးလေးလိုလို မီးခိုးငွေ့လေးလိုလိုတို့ကို မြင်ရပြန်သည်။ ကျွန်တော်သည် စောစောက ပြေးနေလျက်က ပက်လက်အနေအထား သို့ ရောက်နေပြန် ပါသည်။ အံ့သြဖို့ ကောင်းလှသည်။ သို့သော် ကြာရှည်မအံ့သြနိုင်ပါ။ ခါတိုင်းရှူသွင်းခွင့် ရနေသော လေထဲမှာပါဝင်သော အောက်ဆီဂျင်တို့သည် ဤကမ္ဘာမြေကြီး၏ ပတ်လည်တွင် မရှိတော့သည်လား။ ဒါမှမဟုတ် ကျွန်တော် သေများ သေသွားပြီလား။ ကျွန်တော်၏ ရင်ဘတ်ကြီးတစ်ခုလုံးမှာ ပန်းပဲဖိုတွင် မီးအားကောင်းစေရန် အသုံးပြုသော ဖားဖိုကြီးကဲ့သို့ မြင့် တက်လာလိုက် နိမ့်ကျသွားလိုက် ဖြစ်နေသော်လည်း ကျွန်တော်လုံးဝ အသက်ရှုလို့မရတော့ပါ။
သတိကို စုစည်းသည်။ အသိကို လက်ရှိအနေအထားသို့ထား၍ ပြန်သုံးသပ်ကြည့်သည်။ မိမိနောက်ဆုံးမှတ်မိသည်က အိပ်ခန်းတွင်းသို့ ၀င်သည်။ ထို့နောက် ... ထပ်သိသည်က အိမ်တံခါး ပြတင်းတံခါးတွေကို ပိတ်ခဲ့သည်။ ထပ်စဉ်းစားမိတော့ ဖယောင်းတိုင် ထွန်း ..... ဟုတ်ပြီ။
``` ................ ဒုန်း ဒုန်း ဒုန်း ......... ဒုတ် ဒုတ် ´´´
``` လာပြီး ´´´ ရုတ်တရက် ကျွန်တော့်အသံထွက်လို့ရလာသည်။ အားယူပြီး ထပြေးမိသည်။ `` ၀ုန်း ´´ ပြုတ်ကျပါတော့သည်။ ထိုအချိန်တွင် စူးရှရှအနံ့တို့ ရသည်။
``` .......... ´´´ အသံလာရာဖက်သို့ ရုန်းထပြေးမိပြန်သည် ။ ``` ဒုန်း ´´´ နဖူးတွင် ပြင်းထန်သော ဝေဒနာကို ခံစားရပြန်သည်။ သို့သော် ငွေ့ငွေ့လေးတွေဘေးမှာ ရှိနေ သည်ဟု ထင်သည်ကလွဲလို့ ဘာမှလည်း မမြင်ရသေးသလို အသက်ရှူလို့လည်း မရသေးပါ။ မကြာမီတွင် ပြုတ်ကျတဲ့ ဝေဒနာနှင့် ၀င်တိုက်မိသော ဝေဒနာတို့က ကျွန်တော့်အား အခြေအနေ မှန်ကိုသိရန် ပိုဆောင်ပေးပါသည်။ မမြင်မကန်းနှင့် တံခါးဘောင်ကို စမ်းမိတော့မှ အိပ်ခန်းတံခါး ဂျက်ထိုးထားသည်ကို လည်း အသိဝင်လာရပါတော့သည်။
အိပ်ခန်းတံခါးကို ဖွင့်ပြီး၊ ပြေးထွက်မိသည်။ အိပ်ခန်းအပြင်သို့ရောက်သော် အခြေအနေမှန်ကို လုံးဝ သိလိုက်ရပါတော့သည်။ အိမ်အတွင်း မီးလောင်နေခြင်းတည်း။ သို့နှင့် အိမ်ရှေ့တံခါးကို ဖွင့်လိုက်သည်တွင် အိမ်ပြင်မှ ရောက်နေကြသော တံခါးဖျက်နေကြသော အိမ်နီးချင်း များအား တွေ့လိုက် ရပါတော့သည်။ ထို့အတူ အိမ်ခန်းအတွင်း မီးတောက်မတွေ့ပဲ မီးခိုးချည်း အူပြီး လှိုက်လောင်နေခြင်းကိုလည်း သိလိုက်ရပါတော့သည်။ မီးကို ရေအနည်း ငယ်လောက် မျှဖြင့် ငြှိမ်းသတ်ပြီးနောက် အိမ်နီးချင်းများနှင့် စကားစမြည်ပြောဆို၍ စဉ်းစားခန်း ဖွင့်မိပါတော့ သည်။
ငါ နောက်နေ့ ဒီအိမ်မှာ မနေတော့ဘူးဟူ၍ ..... ထိုဖြစ်ရပ်ကို ပြန်သုံးသပ်မိလျှင် ဖယောင်းတိုင် ကို မငြိမ်းသတ်မိပဲ အိပ်မိသည်ကတော့ ကျွန်တော့်ချွတ်ယွင်းချက်ဖြစ်ပါ သည်။ သို့သော် ဖယောင်းတိုင်တင်ထွန်းရန် လုပ်ထားသော အရာများသည် တိကျသေချာစွာလုပ်ထားခဲ့သည်။ လူကိုယ်တိုင်ပင် ဖယောင်းတိုင်ကို ထည့်ထားလျက်က ပြန်နှုတ်ချင်လျှင်တောင် လက်နှစ်ဖက်နှင့် ထုတ်ယူမှ ယူခွင့်ရအောင် သွပ်နန်းကြိုးများက ကြပ်ညှပ်တုတ်ခိုင် လှသည်။ ဖယောင်းတိုင် တိုသွားသည့်တိုင်အောင် အောက်ခြေတွင်လည်း သွပ်နန်းကြိုးနောက်တစ်ချောင်းက ထိန်းထားသေးသည်။
ကျွန်တော်မှာ နေ့ခင်းကြီး ဖယောင်းတိုင်ထွန်းထား သည့်အဖြစ်က
ကျွန်တော်သည် ရုတ်တရက် ထွက်ပြေးရသည်။ ပတ်ဝန်းကျင်တွင် မြူခိုးများလိုလို မီးခိုးငွေ့များလိုလို နေရာတိုင်းတွင် ပျံ့လွင့်နေသည်ဟု စိတ်က ခံစားမိသည်။ နောက်မှလည်း မမြင်ရသော တစ်စုံတစ်ရာလိုက်လာနေသည်ဟု ခံစားရသည်။ သို့နှင့် အားကုန် ခွန်စိုက် ပို၍ပို၍ ဝေးသွားစေရန် ထပ်၍ထပ်၍ ခြေလှမ်းကို သွက်သွက်ပြေးသည်။ သို့သော် နေရာ က ရွေ့သည်ဟုမထင်။ ကြာတော့ ကျွန်တော်မှာ မောဟိုက်လွန်းအားကြီး၍ အသက်ရှူကြပ် လာပါသည်။ မှန်ပါသည် တကယ်ကို အသက်ရှူကြပ်နေပါသည်။ ထိုစဉ် ကျွန်တော်၏နာမည် ကို ခေါ်သံကို ၀ိုးတ၀ါးကြားလိုက်ရသည်။
ပထမဆုံးသိလိုက်ရသည်က ကျွန်တော်ဘာဖြစ်နေပြီလဲ၊ ဘယ်ရောက်နေသလဲ ဆိုသည့် အတွေး ကို တွေးခြင်းဖြစ်သည်။ ဟုတ်သည်။ သို့သော် ကျွန်တော်မသိပါ။ အတွေးတို့၏ အဖြေကို မသိပါ။ မျက်လုံးဖွင့်ကြည့်သည် ဘာမှ မမြင်ရ။ မှောင်နေသော အရိပ်မည်းကြီး သာ မြင်ရ သည်။ စောစောကတော့ မြူခိုးလိုလိုတွေ တွေ့သေးသည်။ အသက်ရှုလည်း လွန်စွာကျပ်နေ ပါသည်။ ရှူလို့ နည်းနည်းလေးမှ မရတော့ပါ။ စောစောကလို ထွက်ပြေးရန်ခွန်အားတို့လည်း ကုန်ခန်းနေပါသည်။ ကျွန်တော်လွန်စွာ ကြောက်လန့်တုန်လှုပ်မိပါတော့သည်
```............... ´´´ နာမည်ခေါ်သံကို ကြားရပြန်ပါသည်။ ပြန်ထူးရန် လည်ပင်းတို့ အစ်နေသည်။ ပြန်ထူးရမည့် ၀ါကျမှာ တိုတောင်းလှသော်လည်း စိတ်ထဲမှသာ ထူးဖြစ်နေသည်။ အသံအိုးထဲတွင် ပြန်ထူးသည့်စိတ်များ စုပြုံကျသော်လည်း အသံထွက်ခြင်းငှာ မစွမ်းနိုင်ခဲ့။
``` ဒုန်းးးးးးးးး ´´´ ကြားရသည့် အသံတို့ ကျယ်လောင်လာပါသည်။ စောစောက ဘာမှ မမြင်ရသော်လည်း ယခုတော့ မြူခိုးလေးလိုလို မီးခိုးငွေ့လေးလိုလိုတို့ကို မြင်ရပြန်သည်။ ကျွန်တော်သည် စောစောက ပြေးနေလျက်က ပက်လက်အနေအထား သို့ ရောက်နေပြန် ပါသည်။ အံ့သြဖို့ ကောင်းလှသည်။ သို့သော် ကြာရှည်မအံ့သြနိုင်ပါ။ ခါတိုင်းရှူသွင်းခွင့် ရနေသော လေထဲမှာပါဝင်သော အောက်ဆီဂျင်တို့သည် ဤကမ္ဘာမြေကြီး၏ ပတ်လည်တွင် မရှိတော့သည်လား။ ဒါမှမဟုတ် ကျွန်တော် သေများ သေသွားပြီလား။ ကျွန်တော်၏ ရင်ဘတ်ကြီးတစ်ခုလုံးမှာ ပန်းပဲဖိုတွင် မီးအားကောင်းစေရန် အသုံးပြုသော ဖားဖိုကြီးကဲ့သို့ မြင့် တက်လာလိုက် နိမ့်ကျသွားလိုက် ဖြစ်နေသော်လည်း ကျွန်တော်လုံးဝ အသက်ရှုလို့မရတော့ပါ။
သတိကို စုစည်းသည်။ အသိကို လက်ရှိအနေအထားသို့ထား၍ ပြန်သုံးသပ်ကြည့်သည်။ မိမိနောက်ဆုံးမှတ်မိသည်က အိပ်ခန်းတွင်းသို့ ၀င်သည်။ ထို့နောက် ... ထပ်သိသည်က အိမ်တံခါး ပြတင်းတံခါးတွေကို ပိတ်ခဲ့သည်။ ထပ်စဉ်းစားမိတော့ ဖယောင်းတိုင် ထွန်း ..... ဟုတ်ပြီ။
``` ................ ဒုန်း ဒုန်း ဒုန်း ......... ဒုတ် ဒုတ် ´´´
``` လာပြီး ´´´ ရုတ်တရက် ကျွန်တော့်အသံထွက်လို့ရလာသည်။ အားယူပြီး ထပြေးမိသည်။ `` ၀ုန်း ´´ ပြုတ်ကျပါတော့သည်။ ထိုအချိန်တွင် စူးရှရှအနံ့တို့ ရသည်။
``` .......... ´´´ အသံလာရာဖက်သို့ ရုန်းထပြေးမိပြန်သည် ။ ``` ဒုန်း ´´´ နဖူးတွင် ပြင်းထန်သော ဝေဒနာကို ခံစားရပြန်သည်။ သို့သော် ငွေ့ငွေ့လေးတွေဘေးမှာ ရှိနေ သည်ဟု ထင်သည်ကလွဲလို့ ဘာမှလည်း မမြင်ရသေးသလို အသက်ရှူလို့လည်း မရသေးပါ။ မကြာမီတွင် ပြုတ်ကျတဲ့ ဝေဒနာနှင့် ၀င်တိုက်မိသော ဝေဒနာတို့က ကျွန်တော့်အား အခြေအနေ မှန်ကိုသိရန် ပိုဆောင်ပေးပါသည်။ မမြင်မကန်းနှင့် တံခါးဘောင်ကို စမ်းမိတော့မှ အိပ်ခန်းတံခါး ဂျက်ထိုးထားသည်ကို
အိပ်ခန်းတံခါးကို ဖွင့်ပြီး၊ ပြေးထွက်မိသည်။ အိပ်ခန်းအပြင်သို့ရောက်သော် အခြေအနေမှန်ကို လုံးဝ သိလိုက်ရပါတော့သည်။ အိမ်အတွင်း မီးလောင်နေခြင်းတည်း။ သို့နှင့် အိမ်ရှေ့တံခါးကို ဖွင့်လိုက်သည်တွင် အိမ်ပြင်မှ ရောက်နေကြသော တံခါးဖျက်နေကြသော အိမ်နီးချင်း များအား တွေ့လိုက် ရပါတော့သည်။ ထို့အတူ အိမ်ခန်းအတွင်း မီးတောက်မတွေ့ပဲ မီးခိုးချည်း အူပြီး လှိုက်လောင်နေခြင်းကိုလည်း သိလိုက်ရပါတော့သည်။ မီးကို ရေအနည်း ငယ်လောက် မျှဖြင့် ငြှိမ်းသတ်ပြီးနောက် အိမ်နီးချင်းများနှင့် စကားစမြည်ပြောဆို၍ စဉ်းစားခန်း ဖွင့်မိပါတော့ သည်။
ငါ နောက်နေ့ ဒီအိမ်မှာ မနေတော့ဘူးဟူ၍ ..... ထိုဖြစ်ရပ်ကို ပြန်သုံးသပ်မိလျှင် ဖယောင်းတိုင် ကို မငြိမ်းသတ်မိပဲ အိပ်မိသည်ကတော့ ကျွန်တော့်ချွတ်ယွင်းချက်ဖြစ်ပါ
ယခုမူကား ဖယောင်းတိုင်သည် လေလည်းမတိုက်( အခန်းအလုံပိတ် ထား၍) ၊ အခြားတိရိစ္ဆာန် များ ၀င်တိုက်၍ လဲရအောင်လည်း စားပွဲပေါ်မှာမဟုတ် အုတ်နံရံမှာ၊ သို့တိုင်အောင် ဖယောင်းတိုင်သည် တစ်ခုခုကြောင့် လဲကျပြီးနောက် သံပြားပေါ်တွင် မတင်ရစ်ပဲ အောက်ရှိ ပစ္စည်းများကို လောင်ကျွမ်းခဲ့ခြင်းကို ကျွန်တော်မှ မူလကတည်းက စိုးရွံ့ခဲ့သော ကြောက် လန့်စရာ ထိုအိမ်ကြီး၏ မကောင်းဆိုးဝါး၏ လက်ချက် ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့သည်မှာ မလွန် ပါချေ။ ကျွန်တော်မှ ထိုဖယောင်းတိုင်လဲကျခြင်းကို နမူနာပြသ၍ ဘေးအိမ်သို့ ရှင်းပြခဲ့ပါ၏။ သို့သော် သူတို့သည် ကျွန်တော့်အား အပြစ်မတင်ပါချေ။ အဘယ့်ကြောင့်နည်း။
ဤအကြောင်းအရာသည် ကျွန်တော်နှင့် ထိုအိမ်ကြီး နောက်ဆုံးပတ်သက်ခဲ့သမျှ အကြောင်းဖြစ် ပါသည်။
ယခုအကြောင်းအရာသည် ကိုယ်တွေ့တော့မဟုတ်ပါ။ သို့သော် အမှန်ဖြစ်ပါသည်။
ကျွန်တော်မှာ ယခင်ဆိုခဲ့သည့်အတိုင်း မိမိအသက်ကိုပါ ရန်ရှာခဲ့သည်ဟု ယုံကြည်လာ သည့်နောက် ထိုအိမ်ကြီးတွင် ဆက်လက် နေထိုင်လိုစိတ်နှင့် နေထိုင်ရဲသည့်သတ္တိတို့ ကုန်ခန်း သွားသည်။ အိမ်ပေါက်ဝနားတွင်ပင် ရပ်နေလိုစိတ်မရှိ၊ သို့နှင့် ထိုသို့ စိတ်ပျက်ကြောက်ရွံ့နေခိုက် မိမိအတွက် ကံအသာပေးသည့်အကြောင်းက ဇာတိချက်ကြွေသို့ ပြန်နေရန် အကြောင်းပေါ် လာသည်။ ငှားခဲ့သည့် ၆ လကာလတွင် ၄ လကျော်သာ နေခဲ့ရသည်။ ထိုအိမ်ကြီးကို ကျွန်တော် မနေသည့်နောက် ယောက်ဖလည်း မနေ၊ သော့ခတ်ထားခဲ့သည်။ သို့သော် ၆ လပြည့်ခါနီး ရက်ပိုင်းမျှအလို ......
မုံရွာမှ အစ်မဖြစ်သူသည် ကလေးငယ်နှစ်ယောက်နှင့် အတူ ထိုအိမ်သို့ လာတည်းဖြစ်ပါသည်။ အမှန်မှာ ထိုအိမ်ရှိ ပစ္စည်းများကို ပြောင်းရွှေ့ရန်အတွက်သာ ဖြစ်သည်။ အစ်မနှင့်အတူ အစ်ကိုကြီး လည်း လိုက်ပါ၍ တည်းခိုဖြစ်သည်။ စုစုပေါင်း အစ်မ၊ အစ်ကို၊ တူနှစ်ယောက် ဖြစ် သည်။ ကျွန်တော်မှလည်း မိမိကြုံရသည့် အကြောင်းအရာများ ကို ပြောပြ ထားဖူးသည်။ မူလက သူတို့ သိပ်မယုံကြသော်လည်း ခဏခဏ ပြောဖြစ်သည်ကတစ်ကြောင်း၊ အမှန်ကို အမှန် အတိုင်း ပြောသည်ဟု အစ်မမှ လက်ခံလာသည်ကတစ်ကြောင်း ယုံကြည်သွားပါသည်။ အစ်မသည် ကျွန်တော်ကြုံရသည့် အထဲမှ အိမ်တံခါးကို ပုတ်ခြင်းကို အစွဲ ဥပါဒါန်အကပ် ဆုံးဖြစ်သည်။
သူတို့ ၄ ယောက်သည် ယောက်ဖ ယခင်အိပ်ခဲ့သော အခန်း၊ ကျွန်တော့်သူငယ်ချင်း အိပ်နေစဉ် အ၀တ်မပါ မိန်းမကြီးတစ်ယောက်က တံခါးကို ဂျလောက်ကနဲဖွင့်ကာ ၀င်လာခဲ့တဲ့အခန်း၊ သူ့အား သံသေတ္တာကြီးဖြင့် ဦးခေါင်းကို ပေါက်မလိုဖြစ်ခဲ့ပြီး နံနက်လင်းသော အခါ စောင်တွေ မွှေ့ယာတွေ ကို ခေါက်ပေးခဲ့ သည့်အခန်း၊ ရော့ကာကြီး မှ ရှေးသီချင်း သံကြားခဲ့ရသောအခန်း၊ ကျွန်တော့်အား ကြမ်းကျွံပြသခဲ့သော အခန်း၊ အပေါ်ထပ်က အခန်းလေးအတွင်းဝယ် အစ်မနှင့် အစ်ကိုတို့က ကလေးနှစ်ယောက်ကို ဘေးမှ ၀န်းရံလျက် အိပ်ခဲ့သည်ဟုဆိုသည်။ ယခုနောက်ပိုင်းရေးသားချက်များသည် အစ်မမှ ပြန်လည်ပြောပြ ချက်များဖြစ်ပါသည် ။
ဤအကြောင်းအရာသည် ကျွန်တော်နှင့် ထိုအိမ်ကြီး နောက်ဆုံးပတ်သက်ခဲ့သမျှ အကြောင်းဖြစ် ပါသည်။
ယခုအကြောင်းအရာသည် ကိုယ်တွေ့တော့မဟုတ်ပါ။ သို့သော် အမှန်ဖြစ်ပါသည်။
ကျွန်တော်မှာ ယခင်ဆိုခဲ့သည့်အတိုင်း မိမိအသက်ကိုပါ ရန်ရှာခဲ့သည်ဟု ယုံကြည်လာ သည့်နောက် ထိုအိမ်ကြီးတွင် ဆက်လက် နေထိုင်လိုစိတ်နှင့် နေထိုင်ရဲသည့်သတ္တိတို့ ကုန်ခန်း သွားသည်။ အိမ်ပေါက်ဝနားတွင်ပင် ရပ်နေလိုစိတ်မရှိ၊ သို့နှင့် ထိုသို့ စိတ်ပျက်ကြောက်ရွံ့နေခိုက် မိမိအတွက် ကံအသာပေးသည့်အကြောင်းက ဇာတိချက်ကြွေသို့ ပြန်နေရန် အကြောင်းပေါ် လာသည်။ ငှားခဲ့သည့် ၆ လကာလတွင် ၄ လကျော်သာ နေခဲ့ရသည်။ ထိုအိမ်ကြီးကို ကျွန်တော် မနေသည့်နောက် ယောက်ဖလည်း မနေ၊ သော့ခတ်ထားခဲ့သည်။ သို့သော် ၆ လပြည့်ခါနီး ရက်ပိုင်းမျှအလို ......
မုံရွာမှ အစ်မဖြစ်သူသည် ကလေးငယ်နှစ်ယောက်နှင့် အတူ ထိုအိမ်သို့ လာတည်းဖြစ်ပါသည်။ အမှန်မှာ ထိုအိမ်ရှိ ပစ္စည်းများကို ပြောင်းရွှေ့ရန်အတွက်သာ ဖြစ်သည်။ အစ်မနှင့်အတူ အစ်ကိုကြီး လည်း လိုက်ပါ၍ တည်းခိုဖြစ်သည်။ စုစုပေါင်း အစ်မ၊ အစ်ကို၊ တူနှစ်ယောက် ဖြစ် သည်။ ကျွန်တော်မှလည်း မိမိကြုံရသည့် အကြောင်းအရာများ ကို ပြောပြ ထားဖူးသည်။ မူလက သူတို့ သိပ်မယုံကြသော်လည်း ခဏခဏ ပြောဖြစ်သည်ကတစ်ကြောင်း၊ အမှန်ကို အမှန် အတိုင်း ပြောသည်ဟု အစ်မမှ လက်ခံလာသည်ကတစ်ကြောင်း ယုံကြည်သွားပါသည်။ အစ်မသည် ကျွန်တော်ကြုံရသည့် အထဲမှ အိမ်တံခါးကို ပုတ်ခြင်းကို အစွဲ ဥပါဒါန်အကပ် ဆုံးဖြစ်သည်။
သူတို့ ၄ ယောက်သည် ယောက်ဖ ယခင်အိပ်ခဲ့သော အခန်း၊ ကျွန်တော့်သူငယ်ချင်း အိပ်နေစဉ် အ၀တ်မပါ မိန်းမကြီးတစ်ယောက်က တံခါးကို ဂျလောက်ကနဲဖွင့်ကာ ၀င်လာခဲ့တဲ့အခန်း၊ သူ့အား သံသေတ္တာကြီးဖြင့် ဦးခေါင်းကို ပေါက်မလိုဖြစ်ခဲ့ပြီး နံနက်လင်းသော အခါ စောင်တွေ မွှေ့ယာတွေ ကို ခေါက်ပေးခဲ့ သည့်အခန်း၊ ရော့ကာကြီး မှ ရှေးသီချင်း သံကြားခဲ့ရသောအခန်း၊
`` ဟယ်လို ´´
``ငါလေ အရင်က နင်ပြောပြထားလို့ ရောက်ကတည်းက ကြောက်ကို နေတာ ဒါပေမယ့် ဒီမှာ မနေလို့ အခြားမှာ အိပ်လို့မှ မဖြစ်တာ။ တစ်ရက်နှစ်ရက်နဲ့ ဆိုတော့ ဘာမှ မဖြစ်ပါဘူး လို့ တွေး တာဟာ၊ ´´ `` အင်း ၊ ခု တွေ့ပြီလား အဲဒီအိမ်က ´´ .... `` မနေဘူးဟေ့ .... ဒီနေ့ အပြီးပြောင်းမယ် .... ´´ `` မဟုတ်လည်း နောက်နေ့ကျတော့ ၆ လပြည့်မှာပဲကို အဲနေ့ကျ .... ´´ `` အာ .... မဖြစ်ပါဘူး ခုပြောင်းမယ် ´´ `` အင်း ... ပြောပြဦးလေ ´´ ...
ည ပိုင်း လူခြေတိတ်ချိန် ..... ကျွန်မ၏ မောင်ငယ်ပြောပြထားသော အကြောင်းအရာများသည် ကျွန်မကို နေ့ခင်းကတည်းက ခြောက်လှန့်လျက်ရှိနေသည်။ ထိုအိမ်ကြီးသည် တကယ့် မကောင်းဆိုးဝါး မကြီး ရှိနေသည်ဟုလည်း ယုံကြည်မိသည်။ နေ့ခင်းက ရှင်းလင်းစရာရှိ သည်များကို အတက်နိုင်ဆုံးလုပ်ပြီးနောက် ညပိုင်းရောက်တော့ အတော်ပင် နွမ်းချိနေပြီ။
သို့သော် စိတ်က ခြောက်လှန့်လျက်ရှိနေခြင်းကြောင့် ကြောက်စိတ်ကြောင့်လားမသိ အိပ်၍ အတော်နှင့်မပျော်ပါချေ။ မောင် အလတ်သည် အနောက်ဖက်ဆုံးတွင် အိပ်ရန်နေရာယူသည်။ လူကြီးများကြားထဲမှ ကလေးနှစ်ယောက်ကို သိပ်ထားသည်။ အကယ်၍များ အကယ်၍များ ဤည ဤအိမ်ကြီးမှာ ```.... အောင်မယ်လေး ...... ဂတ် .. ဂတ် .. ဂတ် ... ´´ `` အဲဗျာ ပြောရင်းနဲ့ကို မေးတုန်အောင် ဖြစ်ရသလားဟ ´´ `` အေး ငါ နင်ပြောတာကို အပြည့်ယုံပြီဟေ့ .... ´´ `` အင်း … ဆက်ပြောပါဦး ´´
ဂျစ်စ်စ် ၊ ဂျစ်စ်စ် ...... ကြောက်စိတ်ကြောင့် အိပ်မပျော်နိုင်သူမှာ အသံတစ်ခုကြောင့် ပိုမို လန့်သွားသည်။ တံခါးကို လက်သည်းနှင့် လာခြစ်သည်ဟုထင်သည် ။ ကြောင်လည်း မဟုတ်နိုင်ပေ။ ခြစ်သည့် လက်ချောင်းမှာလည်း တစ်ချောင်းတည်းနှင့် ခြစ်နေ သည်ဟုတွေး မိသည်။
`` အီး .... ဂတ် ဂတ် .... ဂတ် ....´´
ကြောက်လွန်း၍ မေးတစ်ဆတ်ဆတ် တုန်ကာ ဟိုဖက်လှည့်အိပ်သည်။ ခေါင်းမြီးခြုံသည်။ ရသမျှ ဘုရားစာတို့ကို ရွတ်ဖို့ ပြင်သည်။ သို့သော်လည်း ဘုရားစာ ဘုရားစာဟုသာ စိတ်တို့ မှ တွေးတော မိရုံမှ ဘာမှ မရ၊ အားလုံးမေ့ကုန်သည်။ အချိန်အတန်ကြာသည် အထိ ဂျစ်စ်စ် အသံကြီးကို ကြားနေရသည်။ ကြားရသည့် အသံ၏စည်းချက်မှာ မှန်ကန်လှသည်။ ရည်ရွယ်ချက် တစ်ခုခုဖြင့် လုပ်နေခြင်းဟုလည်း ကြောက်နေရင်းမှ သိပြန်ပါသည်။
`` ငါ့မောင်ရေ ၊ ငါ ဒီလိုမှန်း သိရင် ငါဒီည ဒီမှာလာမအိပ်ပါဘူးဟ ´´ `` အင်းပေါ့´´
အဲ ... ဟိုအကောင် ငါကြောက်မှန်းသိလို့ နောက်နေသလားပဲ ..... ကြည့်လိုက်တော့ မောင် အလတ်က နှစ်ခြိုက်စွာ အိပ်မောကျလျက်ရှိနေသည်။ အသံကတော့ တိတ်ဆိတ်လှသော ညအချိန်ဝယ် ပုံမှန် မြည်နေစဲ။ သို့သော် အခန်းအပြင်က ခြစ်နေခြင်းကြောင့် တော်ပါသေးသည်။ အခန်းထဲ မ၀င်ရဲလို့များလား .... ကြံဖန်ပြီး စိတ်ရဲအောင်တွေး လိုက်ပြန်သေးသည် ။ သို့သော်လည်း စိတ်ကတော့ မရဲ။
ထိုသို့ ကျောပေးနေရင်းက မည်သည့်အချိန်တွင် အိပ်ပျော်သွားမှန်း မသိပါ။ ည သန်းခေါင်ကျော်လောက် ဖြစ်လိမ့်မည်။ ဖျက်ဆို နိုးလာသည်။ အကျင့်ပါနေကျအတိုင်း ကလေးများ စောင်လွတ်နေသည်လား သိရန် လက်ဖြင့် စမ်းကြည့်လိုက်သောအခါ .......... (မီးများလည်း မှောင်နေ၍လည်းကောင်း ကြောက်လွန်း၍ ပြတင်းတံခါးများပိတ်ထား သည်ကြောင့်လည်းကောင်း ဘာမှ မမြင်ရပါ။ လက်ဖြင့်သာ စမ်းရသည်။ )
ရင်ဘက်မှ ဒုန်းကနဲ ဆောင့်တက်သည်။ အိုး …. လက်ပြတ်ကြီး တစ်ဖက်ပါလား .... စွတ်စိုစေးပြစ်သော အရည်များဖြင့် လက်ဝါးကြီးတစ်ဖက် ကလေးများ၏ ကိုယ်ပေါ်တွင် ကန့်လန့်ဖြတ်တင်ထားသည်။ သွေးတွေများလား …. `` အား ... ´´ အသံအတော် ကျယ်လောင်စွာဖြင့် စိတ်ထဲမှ အော်ပြီး လက်ကို ရုတ်မိသည်။ မူလ စမ်းမိခါစက မိမိ၏ ကလေးတစ်ယောက် လက်ပဲဟုသာ ထင်မိခဲ့သည်။ သို့သော် ယခုလက်မှာ ကြီးသည်။ သွေး အရည်များသဖွယ်လည်း တွေ့ရသည်။ မိမိလက်ဖြင့် ကိုင်တွယ်ပွတ်သပ်ကြည့်သောအခါတွင် အမွှေးအမျှင်များရှိကြောင်း ခံစားထိ သိရသည်။ ပွတ်သပ်ကြည့်နေစဉ်အတွင်း လက်ကြီးမှာ ဆွဲလျှင် ဆွဲသလောက်ရှည်လာသလို သိရပြန်သေးသည်။ သို့သော် မိမိ၏လက် မှာတော့ စေးပြစ်သောအရည်များ ကပ်မလာပါချေ။
`` ဟာ ….. ဒ ... ဒ .. ဒါဆို ဟိုဟာမကြီးလား .... လက်ကြီးက ချွဲကျိကျိကြီးပဲ၊ ဟုတ်တယ်၊ အား ...... ´´ ဟိုဖက်လှည့်ပြီးတော့သာ ခေါင်းမြီးခြုံနေဖြစ်ခဲ့ပါသည်။ မိမိ၏ ကျောဖက်သို့ ယောင်လို့တောင်မှ မကြည့်ရဲလောက်အောင် ကြောက်ရွံ့တုန်လှုပ် မိပါသည်။ ထိုလက်ကြီးသည် နောက်ထပ် ဘာများ လုပ်ဦးမှာလဲ … လက်ကြီး၏ အနေအထား သည် ကလေးများ၏ ကိုယ်အပေါ်တွင် လက်ပက်လက်အနေအထားဖြင့် တစ်ခုခုတောင်းနေ သည့် သဘောမျိုးဆောင်နေသည်။ မှောင်နှင့်မည်းမည်းမို့ ဘာမှတော့ မမြင်ရပါ။ ကလေးတွေ ကိုများ ဒီလက်ကြီးက ဘာလုပ်မှာလဲ။ လဲပေါင်းများစွာ တွေးရင်းက ဘယ်တော့မိုးလင်းမှာလဲ ….
ဂျစ် အသံတို့လည်း တိတ်ဆိတ်ခဲ့ပြီ။ ရောင်နီလည်း သန်းလုပြီ။ ကျေးငှက်ကလေး တို့ အော်မြည်သံတို့ ကြားလာရတော့မှ သက်ပြင်းကို အားရပါးရ ချနိုင်တော့သည်။ နံနက်ခင်း လင်းပြပြရှိသောအချိန်တွင် ကလေးများကို ကြည့်မိလိုက်တော့ အကြီးကောင်လေး ကတော့ ဘေးနားမှာ ခွေခွေလေးအိပ်နေသည်။ အငယ်ကောင်လေးကိုကား မတွေ့ရချေ။ စိုးရိမ်ပူပန်စိတ်တို့က ကြီးစွာ တိုးလာပြန်ပါသည်။ အငယ်လေးရော …. ဟို လက်ပြတ်ကြီးကများ … ဟား …။ ထိုသို့ဖြင့် မိုးလည်း သိပ်မလင်းသေးလို့ ကောင်းကောင်းလည်း မမြင်ရ၊ ကလေးငယ် ကို ရှာလို့လည်း မတွေ့သည့် ကျွန်မအဖြစ်ကို တွေးကြည့်လှည့်ပါ။ ထိုလက်ပြတ်ကြီးနှင့် တွေ့စဉ် က ဘာကြောင့်များ သူသေကိုယ်သေ ရိုက်ပုတ် ခုတ်ထစ်ရဲသော သတ္တိများက ဘာလို့မဖြစ်ခဲ့ တာလဲဟု ကိုယ့်ကိုယ်ကို အပြစ်တင်မိသည်။
`` ဒုန်း ´´ `` ပလုတ်တုပ် ´´ အသံကြားရာကို ဖျက်ကနဲ ကြည့်မိလိုက်တော့ သံသေတ္တာကြီး နားလေးမှာ ရှာနေသည့် သားငယ်လေးက တစ်ဦးတည်း ပက်လက်ကလေး။ `` ဒုန်း ´´ သံသေတ္တာကို သားငယ်လေးမှ ကန်နေခြင်းပါလား။ အို တော်ပါသေးရဲ့ ကလေးများလည်း ဘာမှ မဖြစ်ပါ။ အခြားသူများလည်း မသိခဲ့ပါ။ ကျွန်မဘ၀တွင်တော့ မမေ့နိုင်သော ဖြစ်ရပ်များအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါသည်။
ထိုအကြောင်းများသည် ကျွန်တော်၏ အစ်မမှ ကျွန်တော့်အား ထိုအိမ်ကြီးနှင့် ပတ်သက်၍ ပြန် လည် ပြောပြသော အကြောင်းအရာများ ဖြစ်ပါသည်။ ကျွန်တော်မှာ ကိုယ်တိုင်ကြုံရခြင်း မဟုတ်သေြာေ ကာင့် တကယ်ဖြစ်သောအရာမှန်သော်လည်း ပေါ်လွင်အောင် ရေးသားနိုင်ခြင်း ရှိချင်မှ ရှိလိမ့်မည်။ သို့သော် ဘ၀တွင် မမေ့နိုင်သော အကြောင်းများသာဖြစ်ကြောင်း အာမခံ ပါသည်။
``ငါလေ အရင်က နင်ပြောပြထားလို့ ရောက်ကတည်းက ကြောက်ကို နေတာ ဒါပေမယ့် ဒီမှာ မနေလို့ အခြားမှာ အိပ်လို့မှ မဖြစ်တာ။ တစ်ရက်နှစ်ရက်နဲ့ ဆိုတော့ ဘာမှ မဖြစ်ပါဘူး လို့ တွေး တာဟာ၊ ´´ `` အင်း ၊ ခု တွေ့ပြီလား အဲဒီအိမ်က ´´ .... `` မနေဘူးဟေ့ .... ဒီနေ့ အပြီးပြောင်းမယ် .... ´´ `` မဟုတ်လည်း နောက်နေ့ကျတော့ ၆ လပြည့်မှာပဲကို အဲနေ့ကျ .... ´´ `` အာ .... မဖြစ်ပါဘူး ခုပြောင်းမယ် ´´ `` အင်း ... ပြောပြဦးလေ ´´ ...
ည ပိုင်း လူခြေတိတ်ချိန် ..... ကျွန်မ၏ မောင်ငယ်ပြောပြထားသော အကြောင်းအရာများသည် ကျွန်မကို နေ့ခင်းကတည်းက ခြောက်လှန့်လျက်ရှိနေသည်။ ထိုအိမ်ကြီးသည် တကယ့် မကောင်းဆိုးဝါး မကြီး ရှိနေသည်ဟုလည်း ယုံကြည်မိသည်။ နေ့ခင်းက ရှင်းလင်းစရာရှိ သည်များကို အတက်နိုင်ဆုံးလုပ်ပြီးနောက် ညပိုင်းရောက်တော့ အတော်ပင် နွမ်းချိနေပြီ။
သို့သော် စိတ်က ခြောက်လှန့်လျက်ရှိနေခြင်းကြောင
ဂျစ်စ်စ် ၊ ဂျစ်စ်စ် ...... ကြောက်စိတ်ကြောင့် အိပ်မပျော်နိုင်သူမှာ အသံတစ်ခုကြောင့် ပိုမို လန့်သွားသည်။ တံခါးကို လက်သည်းနှင့် လာခြစ်သည်ဟုထင်သည် ။ ကြောင်လည်း မဟုတ်နိုင်ပေ။ ခြစ်သည့် လက်ချောင်းမှာလည်း တစ်ချောင်းတည်းနှင့် ခြစ်နေ သည်ဟုတွေး မိသည်။
`` အီး .... ဂတ် ဂတ် .... ဂတ် ....´´
ကြောက်လွန်း၍ မေးတစ်ဆတ်ဆတ် တုန်ကာ ဟိုဖက်လှည့်အိပ်သည်။ ခေါင်းမြီးခြုံသည်။ ရသမျှ ဘုရားစာတို့ကို ရွတ်ဖို့ ပြင်သည်။ သို့သော်လည်း ဘုရားစာ ဘုရားစာဟုသာ စိတ်တို့ မှ တွေးတော မိရုံမှ ဘာမှ မရ၊ အားလုံးမေ့ကုန်သည်။ အချိန်အတန်ကြာသည် အထိ ဂျစ်စ်စ် အသံကြီးကို ကြားနေရသည်။ ကြားရသည့် အသံ၏စည်းချက်မှာ မှန်ကန်လှသည်။ ရည်ရွယ်ချက် တစ်ခုခုဖြင့် လုပ်နေခြင်းဟုလည်း ကြောက်နေရင်းမှ သိပြန်ပါသည်။
`` ငါ့မောင်ရေ ၊ ငါ ဒီလိုမှန်း သိရင် ငါဒီည ဒီမှာလာမအိပ်ပါဘူးဟ ´´ `` အင်းပေါ့´´
အဲ ... ဟိုအကောင် ငါကြောက်မှန်းသိလို့ နောက်နေသလားပဲ ..... ကြည့်လိုက်တော့ မောင် အလတ်က နှစ်ခြိုက်စွာ အိပ်မောကျလျက်ရှိနေသည်။ အသံကတော့ တိတ်ဆိတ်လှသော ညအချိန်ဝယ် ပုံမှန် မြည်နေစဲ။ သို့သော် အခန်းအပြင်က ခြစ်နေခြင်းကြောင့် တော်ပါသေးသည်။ အခန်းထဲ မ၀င်ရဲလို့များလား .... ကြံဖန်ပြီး စိတ်ရဲအောင်တွေး လိုက်ပြန်သေးသည်
ထိုသို့ ကျောပေးနေရင်းက မည်သည့်အချိန်တွင် အိပ်ပျော်သွားမှန်း မသိပါ။ ည သန်းခေါင်ကျော်လောက် ဖြစ်လိမ့်မည်။ ဖျက်ဆို နိုးလာသည်။ အကျင့်ပါနေကျအတိုင်း ကလေးများ စောင်လွတ်နေသည်လား သိရန် လက်ဖြင့် စမ်းကြည့်လိုက်သောအခါ .......... (မီးများလည်း မှောင်နေ၍လည်းကောင်း ကြောက်လွန်း၍ ပြတင်းတံခါးများပိတ်ထား သည်ကြောင
ရင်ဘက်မှ ဒုန်းကနဲ ဆောင့်တက်သည်။ အိုး …. လက်ပြတ်ကြီး တစ်ဖက်ပါလား .... စွတ်စိုစေးပြစ်သော အရည်များဖြင့် လက်ဝါးကြီးတစ်ဖက် ကလေးများ၏ ကိုယ်ပေါ်တွင် ကန့်လန့်ဖြတ်တင်ထားသည်။ သွေးတွေများလား …. `` အား ... ´´ အသံအတော် ကျယ်လောင်စွာဖြင့် စိတ်ထဲမှ အော်ပြီး လက်ကို ရုတ်မိသည်။ မူလ စမ်းမိခါစက မိမိ၏ ကလေးတစ်ယောက် လက်ပဲဟုသာ ထင်မိခဲ့သည်။ သို့သော် ယခုလက်မှာ ကြီးသည်။ သွေး အရည်များသဖွယ်လည်း တွေ့ရသည်။ မိမိလက်ဖြင့် ကိုင်တွယ်ပွတ်သပ်ကြည့်သောအခါတွင်
`` ဟာ ….. ဒ ... ဒ .. ဒါဆို ဟိုဟာမကြီးလား .... လက်ကြီးက ချွဲကျိကျိကြီးပဲ၊ ဟုတ်တယ်၊ အား ...... ´´ ဟိုဖက်လှည့်ပြီးတော့သာ ခေါင်းမြီးခြုံနေဖြစ်ခဲ့ပါသည်။ မိမိ၏ ကျောဖက်သို့ ယောင်လို့တောင်မှ မကြည့်ရဲလောက်အောင် ကြောက်ရွံ့တုန်လှုပ် မိပါသည်။ ထိုလက်ကြီးသည် နောက်ထပ် ဘာများ လုပ်ဦးမှာလဲ … လက်ကြီး၏ အနေအထား သည် ကလေးများ၏ ကိုယ်အပေါ်တွင် လက်ပက်လက်အနေအထားဖြင့် တစ်ခုခုတောင်းနေ သည့် သဘောမျိုးဆောင်နေသည်။ မှောင်နှင့်မည်းမည်းမို့ ဘာမှတော့ မမြင်ရပါ။ ကလေးတွေ ကိုများ ဒီလက်ကြီးက ဘာလုပ်မှာလဲ။ လဲပေါင်းများစွာ တွေးရင်းက ဘယ်တော့မိုးလင်းမှာလဲ ….
ဂျစ် အသံတို့လည်း တိတ်ဆိတ်ခဲ့ပြီ။ ရောင်နီလည်း သန်းလုပြီ။ ကျေးငှက်ကလေး တို့ အော်မြည်သံတို့ ကြားလာရတော့မှ သက်ပြင်းကို အားရပါးရ ချနိုင်တော့သည်။ နံနက်ခင်း လင်းပြပြရှိသောအချိန်တွင် ကလေးများကို ကြည့်မိလိုက်တော့ အကြီးကောင်လေး ကတော့ ဘေးနားမှာ ခွေခွေလေးအိပ်နေသည်။ အငယ်ကောင်လေးကိုကား မတွေ့ရချေ။ စိုးရိမ်ပူပန်စိတ်တို့က ကြီးစွာ တိုးလာပြန်ပါသည်။ အငယ်လေးရော …. ဟို လက်ပြတ်ကြီးကများ … ဟား …။ ထိုသို့ဖြင့် မိုးလည်း သိပ်မလင်းသေးလို့ ကောင်းကောင်းလည်း မမြင်ရ၊ ကလေးငယ် ကို ရှာလို့လည်း မတွေ့သည့် ကျွန်မအဖြစ်ကို တွေးကြည့်လှည့်ပါ။ ထိုလက်ပြတ်ကြီးနှင့် တွေ့စဉ် က ဘာကြောင့်များ သူသေကိုယ်သေ ရိုက်ပုတ် ခုတ်ထစ်ရဲသော သတ္တိများက ဘာလို့မဖြစ်ခဲ့ တာလဲဟု ကိုယ့်ကိုယ်ကို အပြစ်တင်မိသည်။
`` ဒုန်း ´´ `` ပလုတ်တုပ် ´´ အသံကြားရာကို ဖျက်ကနဲ ကြည့်မိလိုက်တော့ သံသေတ္တာကြီး နားလေးမှာ ရှာနေသည့် သားငယ်လေးက တစ်ဦးတည်း ပက်လက်ကလေး။ `` ဒုန်း ´´ သံသေတ္တာကို သားငယ်လေးမှ ကန်နေခြင်းပါလား။ အို တော်ပါသေးရဲ့ ကလေးများလည်း ဘာမှ မဖြစ်ပါ။ အခြားသူများလည်း မသိခဲ့ပါ။ ကျွန်မဘ၀တွင်တော့ မမေ့နိုင်သော ဖြစ်ရပ်များအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါသည်။
ထိုအကြောင်းများသည် ကျွန်တော်၏ အစ်မမှ ကျွန်တော့်အား ထိုအိမ်ကြီးနှင့် ပတ်သက်၍ ပြန် လည် ပြောပြသော အကြောင်းအရာများ ဖြစ်ပါသည်။ ကျွန်တော်မှာ ကိုယ်တိုင်ကြုံရခြင်း မဟုတ်သေြာေ
From...ပ ယော ဂ နှင့် ထူး ဆန်း အံ့ ဖွယ် ဖြစ် ရပ် မှန် များ
No comments:
Post a Comment