Sunday, September 8, 2013

Internet လိုင်းမလို..ဖုန်းလိုင်း မလို Wifi Network မိရုံ နဲ့ဖုန်းပြော Message ပို့လို့ရမယ့် APK လေးပါ


  

မင်္ဂလာပါ ကျွန်တော် Myanmar IT Helper ပါခင်မျ..
အခုကျွန်တော် တင်ပေးမှာကတော့ wifi talkie ဆိုတဲ့ Android apk လေးပါ။ သူကဘယ်လို အသုံးဝင်လဲပြောရရင်  Zapya apk နဲ. ပုံစံတူပါတယ် ဒါပေမဲ့ သူက ဖိုင်တစ်ခုနဲ.တစ်ခု လွှဲပြောင်းတဲ့နေရာမှာ သုံးတာမဟုတ်ပါဘူး ဖုန်းပြောလို.ရမယ် မက်ဆေ့ ပို.လို.ရမယ်ဗျာ 


စာသင်ခန်းထဲမှာ ဖြစ်ဖြစ် အလုပ်ထဲမှာဖြစ်ဖြစ် နီးနီးလေးနဲ. မက်ဆေ့ပို.နေရတဲ့ ကြူကြူစိန် ကိုကို မမ များအတွက် အသုံးဝင်ပါလိမ့်မယ် ဖုန်းဘေလ်မကုန်ပါဘူးအင်တာနက်မကုန်ပါဘူး (ကျွန်တော်ကြော်ငြာပေးတာပါ)
ဒါလေးကိုတော့ MMUG က ကိုမင်းမင်းဆီက မလာတာပါ။ ပွားတာများသွားပြီထင်တယ်နော် ....ကဲစလိုက်ကြရအောင်



အသုံးပြုပုံ အဆင့်ဆင့်ကို တတ်နိုင်သလောက် နားလည်အောင်ပြောပြပေးပါမယ် လိုအပ်ချက်များ ရှိခဲ့ရင်လဲ ခွင့်လွှတ်ပေးကြဖို.ကြိုပြောထားပါရစေ နော်....

ဒီ apk လေးကို အသုံးပြုမဲ့ဖုန်းထဲကို အောက်မှာပေးထားတဲ့ လင့်ကနေ ဒေါင်းပြီးအင်စတော လုပ်လိုက်ပါ ဆက်သွယ် ဖို.အတွက် ဖုန်းရဲ. setting>>portable Wlan hotspot ကိုအမှန်ခြစ်ပေး လိုက်ပါ။ ရှင်းအောင်ပြောရရင်တော့ wifi ထောင် လိုက်ပေါ့ဗျာ မသိတဲ့လူတွေ အတွက်သေချာ ရှင်းပြတာပါ။
 

အဲ့ဒီက မသွားခြင် ရင်လဲ အောက်က ပုံလေးအတိုင်း သွားလိုက်ပါ


                                   wi-fi hotspot ဆိုတဲ့နေရာကနေသွားလို.ရပါတယ်
ပြီးသွားရင်တော့ သူ.ကိုသွားချိတ်မဲ့ ဖုန်းကနေ Wlan ဖွင့်ပြီးရှာကြည်.လိုက်ပါ ဒီအဆင့်ကိုတော့ လူတိုင်း လုပ်တတ် မယ်လို. ထင်ပါတယ် ဘာ့ကြောင့်လဲဆိုတော့ coffee ဆိုင်တွေမှာ အင်တာနက်သုံးသလို သူထောင်ထားတာကို ၀င်ချိတ်ယုံပဲ.....password ခံထားရင်တော့ထည်.ပေးပေါ့

ကဲ ဒါဆိုရင်တော့ အိုကေ သွားပြီ နော် ဖုန်းနှစ်လုံး network ချိတ်ပြီးသွားပြီ......ဒီနေရာမှာပြောချင်တာက ဖုန်းနှစ်လုံးအတွက်ပဲရှင်းပြလို. နှစ်လုံးပဲသုံးလို.ရတာမဟုတ်ဘူးနော် 8 ယောက်လောက် အထိရှယ်သုံး လို.ရတယ်.... ပြီးတာနဲ.ဆော့ဝဲလ်လေး ဖွင့်လိုက်ဗျာ အောက်က ပုံလေးလိုဖုန်းအမျိုးအစားအလိုက်ပေါ်နေလိမ့်မယ်


အမျိုးအစားတွေ တူနေလို.ရောကုန်မှာကြောက်ရင်လဲ အောက်မှာပြထား သလို setting ထဲမှာ နာမည်ပြန်ပြင် လိုက်ပေါ့


အားလုံးပြီးသွားရင်တော့ မက်ဆေ့လဲပို.လို.ရပါပြီ ကိုပို.ချင်တဲ့ ဖုန်းကို ထောက်ပြီး မက်ဆေ့ပို.ရုံပဲဗျာ



မက်ဆေ့ပို.လို.အားမရရင် ဖုန်းပါပြောလို.ရတယ် ဗျာ ခေါ်ချင်တဲ့ ဖုန်းမှာဖိလိုက် call ဆိုတာလေးကိုနှိပ်လိုက် ဖုန်းခေါ်နေလိမ့်မယ်


ခေါ်ထားပြီး ဖုန်းဝင်လာရင်တောင် ၀ိုင်ဖိုင်က ဆက်အလုပ်လုပ်နေတဲ့ အတွက် ဖုန်းမကျသွားဘူးဗျာ လိုင်းအားကောင်း ရင် သူဘယ်သူနဲ.ဖုန်းပြောနေလဲဆိုတာ ပါနားထောင်လို.ရသေးတယ် ဘယ်လောက်အဆင်ပြေမလဲ


 ဒီလောက် ဆိုရင်တော့ အဆင်ပြေပြေသုံးတက်သွားလောက်ပြီထင်တယ် အသံလဲ ကြည်လင်ပြတ်သားပါတယ် ....လိုချင်လာပြီ ဆိုရင်တော့အောက်ကပေးထားတဲ့ လင့်မှာဒေါင်းယူနိုင်ပါတယ်။
 


(ထပ်ပြောမယ်နော် mpt ကိုလဲ လုပ်ကျွေးစရာ မလိုဘူး အင်တာနက် လိုင်းလဲမကုန်ဘူး ချစ်သူနဲ.လဲအဆက် အသွယ် မပျက် ဘက်ထရီမကုန် မခြင်းသာ ကြူကြတောဗျာ) :)



Myanmar IT Helper
                       www.mmithelper.com

Download => Dropbox / Solidfiles
မောင် {စွယ်စုံကျမ်း}

No comments:

Post a Comment