ကွန်ပြူတာ အတွက် Viber ထွက်လာတာ ကြာပါပြီ တချို့သော သူငယ်ချင်းတွေက အဆင် မပြေကြ ပါဘူး။ Install ပြီး တာနဲ့ ဖုန်း နံပါတ်ထည့်ပြီး အဲဒီ အဆင့်ကနေ ထပ်မတက် တော့ပဲ တစ်နေကြပါတယ်။ ကျနော် ရှင်းပြ ပါမယ်။ အောက်က ကျနော့် ပေးထားတဲ့ viber ကိုဒေါင်းလိုက်ပါ။
ကွန်ပြူတာ တွင် install မ လုပ်ခင် ကိုယ် ထည့် မဲ့ ဖုန်းနံပါတ် အတွက် ဖုန်းတလုံး ရှိဖို့လိုအပ်ပါတယ်။ အချိန် မရ တာကြောင့် ပုံနဲ့ မပြနိုင် တာ ခွင့်လွှတ်ပေးပါဗျာ။ ကျနော့် စက်မှာ တည့်နည်းလေး အတိုင်းရေးပေး လိုက် ပါမယ်...
- အရင်ဆုံး ဖုန်းမှာ viber အရင် ထည့်ပါ။ ပြီးရင် ဖုန်းက အင်တာနက် ကို ဖွင့်ထားပါ။
- ကွန်ပြူတာ တွင် install လုပ်ပါ။
- ပြီးရင် ခုနက ဖုန်းမှာ Viber ထည့် ထားတဲ့ ဖုန်းနံပါတ် ကိုပဲ ကွန်ပြူတာ Viber မှာ ထည့်ပေး လိုက်ပါ။
- Code ဖြည့် ရန် ပြလာ ပါမယ်။ ခနနေရင် မိမိဖုန်း ရဲ့ Viber ထဲ ကို ကုတ် နံပါတ် ပို့ပေးပါမယ် အဲဒီက ကုတ် နံပါတ် ကို ကွန်ပြူတာ တွင်ဖြည့်လိုက်ပါ....ဒီ အဆင့်ပြီးရင်တော့ အဆင်ပြေပါပြီ...) ....
ကဲ သူငယ်ချင်း တို့ ဒီလောက် ဆို လုပ်လို့ အဆင်ပြေမယ် ထင်ပါတယ်..။ အဆင်မပြေသော သူငယ်ချင်း များ ရှိပါက ကျနော့် အကောင့် (zawmintan@gmail.com) ကို အက်လာ ပါဗျာ Teamviewer ချိတ်ပြီး လုပ်ပေးပါမယ်။
Teamviewer သာ ကွန်ပြူတာ မှာ install ထားပါ...။ PC အတွက် Viber ရဲ့ ပိုထူးခြား တာက Video Call ပါ free ခေါ် ဆိုနိုင် ပါတယ်...။
အောက်ကလင့် မှာ စိတ်ကြိုက် ဒေါင်းယူနိုင် ပါပြီ ဗျာ....။
>>>>>Download Viber For PC<<<<<
အားလုံးအဆင်ပြေပါစေ.......။
No comments:
Post a Comment