၂၀၁၂ ခုနှစ်တုန်းကလည်း လိင်အကြမ်းဖက်မှုပေါင်း ၁၃၅ မှုဖြစ်ပွားခဲ့ပြီး၂၀၁၃ ခုနှစ်မှာတော့ ဇူလိုင် လကုန် ထိ စုစုပေါင်း ၈၀ ၀န်းကျင်ထိဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရဲ့ သတင်း ထုတ်ပြန် ချက် အရသိရပါတယ်။
၂၀၁၃ ခုနှစ်တွင်းမှာ အရွယ် မရောက်သေးတဲ့ အသက် ၁၈ နှစ်အောက် မိ န်းကလေးတွေ လိင် အကြမ်းဖက် ခံရမှု ၃၃ မှုနဲ့ အသက် ၁၀ နှစ်အောက် ကလေး လိင်အကြမ်းဖက် ခံရမှု ၁၀ မှု ရှိတယ် လို့ ကြား သိရပါတယ်။
မြန်မာပြည်မှာ ဘယ်တုန်းကမှ မကြားဘူးခဲ့တဲ့ အသက် ၃ နှစ်အရွယ် အသက် ၅နှစ်အရွယ် လူမမည်အရွယ် ကလေးငယ်တွေ လိင်အကြမ်းဖက်ခံနေရတဲ့ ကိစ္စဟာ ၂၀၁၃နှစ်မှာတော့ မကြာခဏကြားနေရတဲ့ သတင်းဆိုးတွေ ဖြစ်နေပါပြီ။
ဒီလို အကြမ်းဖက်မှုမျိုးကို ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ် အချို့မှာ ဖြစ်ပွားလေ့ ရှိတတ် တာ ကိုလည်း သိရပါတယ်။ ဘာကြောင့်များ ဒီလို ဥမမယ် စာမမြောက် လူမမည် အရွယ် ကလေးငယ်တွေ ကို ကျူးလွန်ကြ သလဲဆိုတဲ့ အဖြေရဲ့ပုစ္ဆာကို ရှာဖွေဖော် ထုတ်ပြီး ထိထိရောက်ရောက် အပြစ်ပေး အရေးယူသင့်နေပါပြီ။
တိုင်းပြည်ရဲ့ အနာဂတ်ကလေးတွေ မုဒိမ်းကောင်တွေရဲ့အောက်မှာ မွမွကြေရတဲ့အဖြစ်ဆိုးတွေ ဆက်လျက် မဖြစ်ပွားစေဖို့အတွက် အစိုးရမှာ အဓိကတာဝန်ရှိပါတယ်၊ ဒါ့အပြင်မိဘမှာလည်း တာဝန်ရှိတယ်၊ လူ့အသိုင်းအ၀ိုင်း တစ်ခုလုံး အနေနဲ့လည်း တာဝန်ရှိပါတယ်။
တိုင်းပြည်ရဲ့ အနာဂတ်ကလေးတွေ မုဒိမ်းကောင်တွေရဲ့အောက်မှာ မွမွကြေရတဲ့အဖြစ်ဆိုးတွေ ဆက်လျက် မဖြစ်ပွားစေဖို့အတွက် အစိုးရမှာ အဓိကတာဝန်ရှိပါတယ်၊ ဒါ့အပြင်မိဘမှာလည်း တာဝန်ရှိတယ်၊ လူ့အသိုင်းအ၀ိုင်း တစ်ခုလုံး အနေနဲ့လည်း တာဝန်ရှိပါတယ်။
အစိုးရ အနေနဲ့လည်း ဒီလိုဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းတွေကို သေသေချာချာဖော်ထုတ်ဖို့ လိုအပ် သလို၊ ကျူးလွန် သူတွေ ကိုလည်း ထိထိရောက်ရောက် အနေနဲ့ သေဒဏ်ပေးတဲ့အထိ အရေး ယူသင့်ပါတယ်။ မီဒီယာတွေအနေနဲ့ မုဒိမ်းမှုတွေဖြစ်နေတယ် ဆို တာလောက် ဖော်ပြပေးနေ ရုံ နဲ့တာဝန် မကျေနိုင်ပါဘူး။
ဒီလိုလိင် အကြမ်းဖက်မှုသတင်းတွေ ကို ဖော်ပြရာ မှာလည်းပြစ်ဒဏ် ချခဲ့ရတဲ့ကိစ္စတွေ ကိုပါ ဖော်ပြပေး သင့်တယ်၊ ရေးသားရာမှာ လည်း သတင်းစာ ကျင့်ဝတ် အတိုင်းရေးသား ကြ ပြီး ဒီ လို လိင် အကြမ်းဖက်မှုတွေ ဖြစ်ပွား လာရခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်းတွေ ကို အဓိ ကဖော်ထုတ်ရေးသားစေချင် ကြပါတယ်။ ဒါမှသာ ရှေ့ဆက် မဖြစ်ပွားစေရေး အတွက် ကာ ကွယ် တားဆီးရာ ရောက်ပါမယ်။
ဒီလိုကျူးလွန်ခဲ့တဲ့ အမှုတွေမှာ သတိပြုစရာကောင်းတာကတော့ ဒီလို မုဒိမ်းမှုဖြစ်ပွားတဲ့ တရား ခံတွေကို လေ့လာ ကြည့်တဲ့အခါမှာ အားလုံးနီးပါးကအရက်မူးပြီး ကျူးလွန်ကြတယ် ဆိုတာ ကို တွေ့ ရပါတယ်။ အရက်သောက် တတ်တဲ့သူတိုင်း မုဒိမ်းမှု မကျူးလွန် တတ်ပေ မဲ့၊မုဒိန်းမှု ကျူးလွန် တဲ့ သူတိုင်းမှာတော့ အရက်သောက်ထားတာ ကို တွေ့ရှိရတာပါပဲ။
အရက်ဆိုတဲ့ မူးယစ်စေတဲ့ အရာကို အသိဥာဏ်ရှိတဲ့ သူ သောက်သုံး တာနဲ့ အသိဥာဏ် နည်း ပါးတဲ့ သူ သောက်သုံး တာခြင်း မတူပါဘူး၊ ပညာတတ်၊ အသိဥာဏ်ရှိ သူတွေတောင် မှ သောက်ပြီး ရင် မှားစေနိုင်တဲ့ အရက်ဆိုတာကို ပညာအသိ ဥာဏ်နည်း သူတွေ သောက်သုံး ရင် မုဒိမ်း မှု ၊ လူသတ်မှု၊ ခိုးမှုစတဲ့ ဘာမဆိုဖြစ်နိုင်ပါတယ်။
မြန်မာပြည်မှာ အရက် ထုတ်လုပ်သူတွေ ပေါများလှပြီး အရက်ဈေးနှုန်းက ငွေ ကျပ်၅၀ ၊ ငွေကျပ် ၁၀၀ နှုန်းနဲ့ ရနေ တာ၊ မြို့လယ်ခေါင် မှာသာမက ဆင်ခြေဖုံး အိမ်ကြိုအိမ်ကြားထိ လွယ်လွယ် ကူကူ နဲ့ ၀ယ်ယူရရှိနေတာကလည်း လူတွေ လူငယ်တွေကို မကောင်းမှုကျူးလွန် မိအောင်များ စွဲဆောင်နေ သလား ဆိုတာလည်း စဉ်းစားစရာပါပဲ။
အဲဒီလို ဈေးပေါပြီး နေရာတကာမှာ လွယ်လွယ်ကူကူ ၀ယ်ယူရရှိနိုင်တဲ့အရက်တွေကို အစိုးရ အနေ နဲ့ ထိန်းချုပ် သင့်ပါပြီ၊ အခွန်အခတွေမြှင့်သင့်သလို၊ အရက်ဈေးနှုန်း ကိုလည်း ခုထက် မကမြှင့်ပေး လိုက်ခြင်း အားဖြင့် ထိန်းချုပ်လို့ ရနိုင်ပါတယ်။
နောက် စဉ်းစားသင့်တဲ့ အချက်ကတော့ အပြာကားလို့ ခေါ်ကြတဲ့ လိင်ဆက်ဆံမှုဆိုင်ရာ ဇာတ်ကားတွေ မြန်မာပြည်တွင်းက မြို့ကြီးပြကြီးတွေမှာ သာမကကျေးရွာတွေ အဆုံးဒီလို လိင် ဆက်ဆံမှုကို အသားပေး ရိုက်ပြကြတဲ့ဗီဒီယို ဇာတ်ကားတွေကို အလွယ်တကူ ရရှိနေတာ ကလည်း အချက် တစ်ခု ဖြစ်ပါတယ်။
အထူး သဖြင့် အရက်သောက် (သို့မဟုတ်) မူးယစ်ဆေးတစ်ခုခု သုံးထား တဲ့လူ တစ်ယောက် ဟာ ဒီလို အခွေမျိုးတွေကို ကြည့်ပြီး စိတ်ထကြွနေချိန် ၊ဒီလိုအခွေမျိုးတွေ စိတ် ထဲ ရှိနေ ချိန် မှာ ကိုယ့်ပတ်ဝန်းကျင် အနီးအနားမှာရှိတဲ့ မိန်းကလေးတွေ အပေါ် မှာသော် လည်းကောင်း ၊ ကလေးတွေ အပေါ်မှာသော် လည်းကောင်း သွားရောက်ပေါက်ကွဲပြီး ကျူးလွန် တတ်ကြ တာ တွေ့မြင်ရပါတယ်။
အဲလိုအချိန်မျိုးမှာ သူတို့အတွက် အလွယ်ကူဆုံး ပေါက်ကွဲလို့ရတာကတော့မသိနားမလည် ရှာသေးတဲ့ လူမမယ် အရွယ် ကလေးငယ်တွေ ဖြစ်နေတာကတော့စိတ်ထိခိုက်စရာ အကောင်း ဆုံး ပါပဲ။မြန်မာပြည်မှာ မိသားစုဝင်တိုင်း အလုပ်လုပ်မှ ထမင်းနပ် မှန်တဲ့အခြေ အနေ မှာ မိခင်တွေ ဟာ ကိုယ့်ရဲ့ လူမမယ် အရွယ်ကလေးတွေရဲ့ အနားကနေ ခွာပြီး လုပ်ငန်း ခွင်တွေ ဆီ ကို သွားရောက်ကြရပါတယ်။
အခြေ အနေတွေကြောင့်မိခင် ရင်ခွင်နဲ့ ဝေးနေ ရရှာတဲ့ကလေးတွေ အဖို့ အကာအကွယ် မဲ့လှ ပါတယ်။ ဒီလို အခြေ အနေမျိုးမှာ မူးယစ် နေသူ၊ လိင်စိတ် ထကြွနေသူ တစ်ယောက်ယောက် ရဲ့ သားကောင် ဖြစ်သွားကြ ရတာ အင်မတန်မှ စိတ်ထိခိုက် ဖို့ ကောင်း ပါတယ်။
ဒီလို မိဘ အလုပ်သွားချိန် အိမ်မှာကျန်ခဲ့ရတဲ့ ကလေးငယ်တွေ ကိုလည်း ပတ်ဝန်းကျင်က ကာ ကွယ်စောင့်ရှောက်ပေး ဖို့ အထူး လိုအပ် ပါတယ်။ အချို့ဖြစ်စဉ်တွေ မှာတော့ တာဝန် ရှိတဲ့ ဆွေ မျိုးသားချင်းတွေနဲ့ ပတ်ဝန်းကျင် အိမ်နီးချင်းတွေကပဲ ဒီလို ကလေးတွေကို ကျူး လွန် ကြ တာတွေ့ ရပါတယ်။
မိဘတွေရဲ့ အနာဂတ် ကလေးတွေ၊ တိုင်းပြည်ရဲ့ အနာဂတ် ကလေးတွေ ခုလို အလွယ် တကူ ကြေမွ ဖျက်ဆီးခံနေရတဲ့ အဖြစ်အပျက်တွေကြားကနေ ကာကွယ် ကယ်တင်နိုင် ဖို့အား လုံး မှာ တာဝန်ရှိတာပါ။
ခုလိုမကြားချင်မှ အဆုံးကြားနေရတဲ့ သက်ငယ်မုဒိန်းမှုတွေ ကလေးငယ်တွေကို လိင် အကြမ်း ဖက် မှုတွေ နဲ့ ပတ်သက်ပြီး ဖြစ်ပွားရခြင်း အကြောင်းရင်း ဇာတ်မြစ် ကို ဖော်ထုတ် အရေးယူ သင့် သလို၊ ဖြစ်ပွားစေနိုင်တဲ့ အကြောင်းအရင်းတွေကိုလည်း ထိန်းချုပ် ဖို့အတွက် အစိုးရ နဲ့ ပြည်သူ လူထု အားလုံးမှာ တာဝန်ရှိနေ ပါတယ်။
တိုင်းပြည်ရဲ့ အနာဂတ် ကလေးတွေအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက် ပေးကြ ဖို့အတွက် အစိုးရသာမက ရပ်ကွပ်အခြေပြု ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေ မှာ အားလုံးပါဝင် လုပ်ဆောင်ပေးကြဖို့မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်။ မိတ်ဆွေ များ အားလုံး ကို လေးစားခင်မင် လျက်ပါ။
From:မြစ်မခ
www.mmdailystar.com မှမျှဝေဖေါ်ပြသည်..။.
No comments:
Post a Comment