
(၁) ပီကေ ဝါးပါ
သစ်ကြံပိုးခေါက် (cinnamon) ပါဝင်သည့် ပီကေ သည် ပါးစပ်အတွင်းရှိ ဘက်တီးရီးယားများကို သေစေ သည်။ cinnamic aldehyde ဓါတ်သည် သစ်ပင်မှရသည့် အဆီ ဖြစ်ပြီးသွားပိုးစားစေသည့် ဘက်တီးရီးယား များကို နှိမ် နင်းနိုင်သည်။
(၂)သွားကို တိုက်ချွတ် သန့်စင်နိုင် သည့် အစာများ စားပါ
ကြွပ်ဆတ်သည့်အစာများသည် သွားကိုတိုက်ချွတ်သန့်စင်ပေးနိုင်သည်။ ပန်းသီး၊ မုန်လာဥ၊ တရုတ်နံနံ ၊ ပြောင်းဖူးပေါက်ပေါက် စသည့် အစားအစာများသည် လည်း သွားကို သန့်စင်ပေးနိုင်သည်။
(၃) လက်ဖက်ရည်သောက်ပါ
လက်ဖက်ရည်တွင်ပါဝင်သည့် flavanoid ဓါတ်များ သည် သွားတွင်ကပ်ငြိနေသည့် ဘက်တီးရီးယားများကို သန့်စင်ပေးနိုင်သည်။ သွားများကို ခိုင်မာစေသည့် fluoride ဓါတ်များသည် လက်ဖက်ရည် တွင် ပေါ များစွာ ပါဝင်သည်။
(၄) ရေသောက်ပါ
တစ်နာရီ တစ်ကြိမ်ခန့် ရေသောက်ပါ။ မကြာခဏ ရေအနည်းငယ်စီ သောက်ခြင်းကြောင့် ခံတွင်းရောဂါပိုး များ နည်းပါးစေပြီး သွားပေါက်ခြင်း၊ ပိုးစားခြင်း၊ သွားဖုံး ရောဂါများနှင့် ခံတွင်းနံ့ ဆိုးခြင်းတို့ကို ကာကွယ်နိုင် သည်။
သီဟ RD
From...Myanmar Forward
No comments:
Post a Comment