အသက်အရွယ်အားဖြင့် ၁၃ နှစ်သာရှိသေးတဲ့ အရွယ်ငယ်ငယ် အမျိုးသမီးလေးတစ်ဦးက သူ့ကို မတော် မတရား ပြုကျင့်တဲ့အကြောင်းကို ပြောပြနိုင်ဖို့ ကြိုးစားတဲ့အခါ စကားသံတွေ ထွက်မလာဘဲ မျက် ရည်တွေ တသွင်သွင် စီးကျလာပါတယ်။စီးကျနေတဲ့ မျက်ရည်တွေကို လက်ဖမိုးနဲ့ သုတ်ရင်းထစ်ငေါ့ငေါ့ စကား သံ လေးနဲ့ "သမီးစက်ရုံ ကပြန်တဲ့ အချိန် ပြန်နေ ကျအစ်မကြီးနဲ့ပြန်တဲ့အခါ သူ့အဖော်နဲ့ အတူ နေရာ တစ် နေရာကို ဆွဲခေါ်သွားတယ်။
အိမ်ပြန် မယ် လို့ပြောတော့ မပို့ပေးဘဲ အခန်း ထဲခေါ်သွား တယ်။ သူ နဲ့ ပါတဲ့ အဖော်နှစ်ယောက် ကအပြင် မှာစောင့်နေ တယ်။ အိမ်ပြန် ပို့ ခိုင်းတဲ့ ဟာကို နင့်ကို မပို့ပေး ဘူး လို့ပြောပြီး ကုတင်ပေါ်ဆွဲတင်ပြီးသမီးကို" ----} လို့တိုးလျော့ လျော့ အသံလေး နဲ့ အရာရာ ကို ရင်မဆိုင် ရဲဘဲ ကြောက်ရွံ့ ထိတ်လန့် စွာနဲ့ခေါင်းငုံ့ရင်းပြော ရှာတယ်။
မသူဇာ(အမည်လွှဲ) အလုပ်ပြန်ချိန်ပုံမှန်ထက် နောက်ကျနေတဲ့အခါ မိဘများက လိုက်လံစုံစမ်းရင်း ပတ်ဝန်း ကျင်ရဲ့အကူအညီနဲ့ တည်းခိုခန်းကိုရောက်နေ တယ်လို့ ကြားကြားချင်း ရောက်လာခဲ့ပေမယ့် အချိန် လင့်ခဲ့ရပြီ။ အရွယ် မရောက်သေးတဲ့ အမျိုးသမီးလေး ရဲ့ဘ၀လေး အညွန့်ချိုးခံလိုက်ရတဲ့ ပန်းလေး တစ်ပွင့် နှယ်ဖြစ် ခဲ့ရပါတယ်။
ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့က စက်ရုံမှ အိမ်အပြန်ယုံ ကြည်ရမယ် လို့ထင်ရ တဲ့ အဖော်ကို အား ကိုးမိ ရာမှ နုနယ်ငယ်ရွယ်သေးတဲ့ ဘ၀ကို မတော် မတရား ဖျက်စီးခံ လိုက်ရတဲ့အတွက် အင်းစိန် မြို့နယ် ရဲစခန်း မှာ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ ရဲစခန်း မှ (ပ) ၉၉၅^၁၃ ပုဒ်မ ၃၆၃ဖြင့် အမှုဖွင့်အရေးယူ ထားပေမယ့် အာမခံနဲ့ပေးထားတယ်လို့ သိရပါတယ်။အန်တီတို့က မိသားစုခြောက်ယောက်မှာ သူက အကြီးဆုံးပါ။ ရွာမှာအဆင်မပြေလို့ ရန်ကုန်တက်လာ တာ။
အကြီးဆုံးဖြစ်တဲ့သူ့ကို အလုပ်လုပ်ခိုင်းပြီး သူ့ လုပ်စာကလေးကို မှီခိုနေရတာ။ သူ့ခမျာ သူငယ်တန်း ပဲတက်ခဲ့ရတာပါ။ စာမတတ်ဘူး။ မသွားတတ်မလာ တတ်ဆိုတော့ရင်းနှီးလို့ ယုံကြည်ပြီး ထားခါမှ အခုလို လုပ်လိုက်တာ ကိုတော့ စိတ်ထဲ ဘယ်လိုမှ မကောင်းဖြစ်တယ်။ သမီး အတွက် ရင် ထုမနာဖြစ်ရ တယ်လို့ မသူဇာ ရဲ့ မိခင်ကညှိုးငယ်စွာနဲ့ ပြောပါတယ်။
မသူဇာတို့မိသားစုက မအူပင်မြို့နယ်ထနီးကျေး ရွာအုပ်စုအလန်းကြီးကျေးရွာမှာလယ်လုပ်ရင်း စီးပွား ရေး အရ အဆင်မပြေလို့ အင်းစိန်မြို့နယ်ထဲက အခြေ ခံလူတန်းစားများ အများဆုံး စုစည်းနေ ထိုင်ရာကွက် သစ်မှာ ၁၂ပေ ပတ်လည် ဓနိမိုး ထရံကာ ကလေးနဲ့ နေ ထိုင်ရပြီး မိသားစုဝမ်းစာ ရှာဖွေရာက စာပေဗဟု သုတ နည်းပါးခြင်းကြောင့် လူ့ဘ၀ရဲ့ တစ်ဆစ်ချိုး မရောက် ခင် သူမဘ၀က အမှိုက်မှောင်ထဲ ရုတ်တရက် တွန်းချ ခံခဲ့ရပါတယ်။"
ဒီလိုအရွယ်လေးက ဘာမှမသိသေးတဲ့အရွယ် လေးပါ။ ဒါကို သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးယူစေချင်တယ်။ အတည်ယူတာလည်းမဟုတ် ဘူး။ ၁၈ နှစ်တောင်မပြည့်သေးဘူး။
မိဘအုပ်ထိန်း သူတွေအနေနဲ့လည်းလိုတယ်။ ပြီးတော့အရေးကြီးတာ တည်းခိုခန်းတွေကလည်း အသက်မပြည့်သေးတဲ့ တစ် နည်းအားဖြင့် မှတ်ပုံတင်မပါဘဲ အခုလို စီးပွားရေးတစ် ခုတည်းကိုကြည့်ပြီး လက်မခံသင့်ဘူး။
ဥပဒေမှာ လည်း အခုလို မတရား အဓမ္မကျင့်တဲ့ အမှုကို ထိထိ ရောက်ရောက် အပြစ်ဒဏ်တွေ ဒီထက်ပိုပြီး ချ မှတ်စေ ချင်တယ်"ဟု အထက်တန်းရှေ့နေဒေါ်ခင်သန်းဆွေက အရွယ် မရောက်သေးသူများ အဓမ္မပြု ကျင့် ခံနေ ရတဲ့ အပေါ် မှတ်ချက်ပြုပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှ ကလေးသူငယ်မုဒိမ်းမှု ကျဆင်းရေးလုပ်ငန်းများ သိသင့်သိထိုက်သည့် ဟော ပြောပွဲပြုလုပ်နေသလို မြို့နယ်အသီးသီးမှာလည်း အရွယ်မရောက်သေးသူ ကလေးသူငယ်များအဓမ္မပြု ကျင့်ခံရမှုအပေါ်ရှုတ်ချမှုတွေရှိနေသော်လည်း အရွယ် မရောက်သေးသူများ အဓမ္မပြုကျင့်ခံရမှုများက ဆက် လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
အရင်တုန်း ကလည်း ဒီဖြစ်စဉ်တွေ ရှိခဲ့တယ်။ ရဲကလည်း ပညာပေး လုပ်ငန်းတွေ ကို လိုက်ပြီး ကျေး ရွာ တွေမှာ ဟောပြော ပွဲတွေ လုပ်နေတာပဲ။ အခုနောက် ပိုင်းမှာ တိုင်ရမှန်းသိတော့ တိုင်လာကြတယ်။
ပိုဆိုး တာက တည်းခိုခန်းတွေမှာ မှတ်ပုံတင်မပါဘဲ ခိုးပြီးလက် ခံတာတွေကို မန်နေဂျာက ပိုင်ရှင် မသိပဲ လက်ခံ တာတွေ ရှိတယ်။ အဲဒီ အတွက် ပညာပေး အနေနဲ့ ကြော်ငြာ တွေထုတ်ပြီး အရေးယူသင့်တယ်။၁၄ နှစ် အောက် အသက် မပြည့်သေးတဲ့ ကလေးတွေကို လက်မခံသင့် ဘူး။
ဥပဒေအရ အသက် မပြည့်တဲ့ ကလေးကို သွေး ဆောင်ဖြားယောင်းရင်း ပုဒ်မ ၃၆၃ အလိုမတူဘဲ ခိုး ယူပေါင်းသင်းရင် ပုဒ်မ ၃၇၆ အပြစ်ဒဏ် အနည်း ဆုံး ၁၀ နှစ်အထိ ရှိတယ်ဟုခရိုင်ရဲမှူးကြီး ဦးမြင့်အေး က ပြောသည်။မြို့ပြရဲ့ ရုပ်ပိုင်းဆိုင်ရာမှာ ဖွံ့ဖြိုးတိုး တက်လာပေ မယ့် လူ တချို့ရဲ့ နိမ့်ကျနေတဲ့ အကျင့် စရိုက်တွေ ရှိနေ သေးတယ်ဆိုတာ မသူဇာရဲ့အဖြစ်အပျက်က မီးမောင်း ထိုးပြသလိုဖြစ်နေပါတယ်။
တစ်ဖက် ကလည်း တည်းခို ခန်းတွေအပြိုင်အဆိုင်ပေါ်ထွက်လာပြီး နိုင်ငံ ခြားသားနဲ့ ခရီးသွား ဧည့် သည်တွေ ခဏတာနားခိုဖို့ ရည်ရွယ် ခဲ့ပေမယ့် တကယ့် လက်တွေ့မှာ အသက်မ ပြည့်သေး တဲ့ စုံတွဲတွေ ကို မှတ်ပုံတင် မပါလက်ခံနေ ခြင်း က မဖြစ် သင့်တဲ့ ပြဿနာတွေကို လက်ယပ်ခေါ် နေသလိုဖြစ်နေပါတယ်။
လတ်တလော ကာလတွင် အညွန့်တလူလူ တက်သစ်စ အရွယ် အမျိုးသမီးငယ် လေး၏ ဘ၀မှာ ပန်းကောင်းအညွန့်ချိုးခံရတဲ့ မသူဇာ က "သမီးလူတွေမြင်ရင် အရမ်းကြောက်တာပဲ" လို့ဆို ပါတယ်။
From...Today Myanmar
No comments:
Post a Comment