Painite လို့ အမည်ရပြီး ကမ္ဘာ့အရှားပါး ဆုံး ကျောက်မျက်ရတနာ ၁၀မျိုး စာရင်းထဲမှာ အဆင့် ၅ ဝင် တဲ့ ကျောက် မျက်ရတနာ တစ်မျိုး ဖြစ်ပါတယ်။
ရှာဖွေတွေ့ရှိခဲ့သူ ကတော့ အင်္ဂလိပ်လူမျိုး သတ္တုဗေဒ ပညာရှင် Arthur C.D.Pain ဖြစ်ပါတယ်။ ၁၉၅၀ ခုနှစ်နောင်းပိုင်း က မြန်မာနိုင်ငံ အထက်ပိုင်း၊ မိုးကုတ် ကျောက်တွင်းမှာ တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး သူ့အမည် Pain ကိုအစွဲပြုကာ Painite လို့အမည်ပေးလိုက်ခြင်းဖြစ်ပါတယ်
ကယ်လ်ဆီယံ၊ ဇိုင်ကိုနီယမ်၊ ဘိုရွန်၊ အလူမီနီယံ၊ အောက်ဆီဂျင် စတဲ့ သတ္တုဓာတ်တို့ပါဝင်ပြီး ခရိုမီယံ၊ ဗနေဒီယံ စတဲ့ သတ္တုတို့နည်း အနည်းငယ်ရောစပ် ပါဝင်တယ်လို့ သိရပါတယ်။
ယင်းကျောက် Painite ရဲ့ထူးခြားချက် ကတော့ သူ့သဘာဝကို က ခြောက်မြောင့်သဏ္ဍန် အဖြစ် တည် ရှိနေခြင်း ဖြစ်ပါတယ်။ အနီရောင်၊ကြက်သွေးရောင်၊ လိမ္မော်နီရောင် အဆင်းသဏ္ဍန် ရှိတာကို တွေ့ရ မှာ ဖြစ်ပါတယ်။
နှစ်ပေါင်းကာလအတော်ကြာသည့်တိုင်
သို့ပေမယ့် ယင်းကျောက်အမျိုးအစားဟာ တစ်ကမ္ဘာလုံးမှာ မြန်မာနိုင်ငံမှာ ပဲ တွေ့ရှိသေး တဲ့ ကျောက် အမျိုး အစား ဖြစ်ပြီး ထိပ်တန်း ရှားပါးဈေးကြီး ကျောက်ဖြစ်တယ်လို့ ကမ္ဘာက အသိမှတ်ပြုထားပါတယ်။
၁ကာရက်ကို အမေရိကန်ဒေါ်လာ ၆သောင်းဝန်းကျင်တန်ဖိုးရှိ တဲ့ ကျောက်ဖြစ်တယ်လို့ သိရပါတယ်။ Painite အနည်းငယ်ကို သူဌေးသူကြွယ်အချို့က ပိုင်ဆိုင်ပါတယ်။ Painite အချို့ကိုတော့ ဗြိတိန် သဘာဝ သမိုင်းပြ တိုက် ၊ အမေရိကန် ဘူမိဗေဒသိပ္ပံ၊ ကယ်လီဖိုးနီးယား နည်းပညာသိပ္ပံနဲ့ ဆွစ်ဇာလန် ကျောက်မျက်ရတနာ သုတေသနဓာတ်ခွဲခန်း တို့မှာ ခင်းကျင်းပြသထားတယ်လို့ သိရပါတယ်။
အသေးစိတ်လေ့လာရန်-http://en.wikipedia.org/wiki/
http://www.yoyarlay.com/biz/
No comments:
Post a Comment