(ဘဝ ရဲ့ကဗျာတွေ ကို ဘဝတွေ ထဲရောက်စေလိုရုံ သက်သက်သာ)
ပြန်ပြောပြလို့မရတဲ့
အမြင်ရိုင်းဘဝတွေကို
စကားလုံးတွေနဲ့အချိုသပ်ပြီး
ခေါင်းစဉ်တပ်တောင်ပံဆင်ခဲ့လဲ
အဲဒီဘဝတွေဆီမရောက်ခဲ့ဘူး ။
တကယ်ဆိုရင်
ကဗျာတစ်ပုဒ်ဖွဲ့လိုက်ခြင်းဟာ
စိတ်တစ်ခုအတွက်
ဘဝအလပ်တွေအတွက်
ညှိုးငယ်မှုတွေရဲ့လန်းဆန်းခြင်းမိုးရေ
အဲဒီကဗျာတွေဟာ
အဲဒီဘဝတွေဆီမှမရောက်ခဲ့တာ
ရေးခွင့်သာရခဲ့တယ်
ကြားနာခွင့်မရှိတဲ့စာနာခံဘဝတွေထဲ
ထပ်တူကျခံစားမှုတွေမစီးဝင်သရွေ့
ကလောင်တစ်လက်ဟာ
ကဗျာကိုညာရေးသလိုဖြစ်ခဲ့ပေါ့
ပို့ဆောင်ပေးကြပါ
ဘဝကဗျာတွေကိုဘဝတွေထဲ
တွဲထူပေးကြပါ
စိတ်ခံစားမှုတွေကိုစိတ်တွေထဲ
လင်းလက်ခွင့်ပေးကြပါ
ကလောင်တစ်လက်ရှင်သန်ခြင်းအတွက်
သေဆုံးနေတဲ့ဘဝတွေထဲ ။
လေသွေးညို
From...Facebook
No comments:
Post a Comment