အမေရိကန်သမ္မတ
အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏ ဓာတ်ပုံ ကို ရိုက်နှိပ်ပြီး
အိုဘားမား ခရီးစဉ်မတိုင်မီ အမှတ်တရ အင်္ကျီအဖြစ် ရန်ကုန်မြို့ တွင် ရောင်းချနေသော
အထည်ဆို င်မှ အင်္ကျီကို ကြည့်ရှုနေသူနှစ်ဦး (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)
အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်းပြောကြား မည့် ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမ ပြင်ဆင်ခြင်း လုပ်ငန်း တင်ဒါခေါ် ယူရာတွင် Excellent Unity ဆောက်လုပ်ရေး ကုမ္ပဏီက လေလံအော င်သွားကြောင်း သတင်း ရရှိသည်။
အဆိုပါ အဆောက်အအုံ ပြင်ဆင်ရေး အတွက် ကုမ္ပဏီလေးခု ၀င်ရောက် လျှောက်ထား ခဲ့ပြီး Excellent Unity ဆောက် လုပ်ရေး လုပ်ငန်း က တင်ဒါအောင်မြင်ခဲ့ သဖြင့်ပြင်ဆင်ခြင်း လုပ်ငန်းများ နိုဝင်ဘာ ၉ ရက် မှ စတင်ဆောင်ရွက်နေ ပြီဖြစ်ကြောင်း သတင်းရရှိသည်။
အရှေ့တောင်အာရှ လူငယ် ခေါင်းဆောင်မှု စွမ်းရည် အစီအစ ဉ်မှ လူငယ်များအား အမေရိကန် သမ္မတ အိုဘားမား နိုဝင်ဘာ ၁၄ ရက် တွင် တွေ့ဆုံ မိန့်ခွန်းပြောကြား မည်ဖြစ်ပြီး အဆိုပါ အခန်း ကို ပြင်ဆင်နေခြင်းဖြစ်သည်။
ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမ အ၀င် တံခါးတွင် လုံခြုံရေး ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်သုံးဦး ကို နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ်(ဓာတ်ပုံ − နစ်ကီ)
အာဆီယံ ထိပ်သီး အစည်းအဝေး တက်ရောက်မည့် အမေရိကန် သမ္မတ အိုဘားမား သည် မြန်မာနိုင်ငံ သို့ နိုဝင်ဘာ ၁၂ ရက် တွင် ရောက်ရှိ မည်ဖြစ်ပြီး နေပြည် တော်၌ ပြုလုပ် မည့် အာဆီယံထိပ်သီး အစည်းအဝေး တက်ရောက် ပြီးနောက် နိုဝင်ဘာ ၁၄ ရက် တွင် ရန်ကုန်မြို့သို့ လာရောက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ နေအိ မ် တွင် တွေ့ ဆုံကြမည် ဖြစ်သည်။
On
Mon, 2014-11-10 11:39
Location
Issue No.
No comments:
Post a Comment