
ခပ်ငေါ့ငေါ့ပဲ ဖြေလိုက် ပါ့မယ်...
ကျွန်ဖြစ်ဖို့ အတွက် လွယ်တယ် ထင်သလား?
နုပျိုခြင်းတွေ ငွေနဲ့ လဲရဲ မှ။
မိမရှိ ဖမရှိ ဆွေမရှိ မျိုးမရှိနေရာ မှာ နေရဲ တဲ့ ဇရှိမှ။
နေမကောင်း လို့ မထနိုင်တောင် ဖေးမမယ့်သူ မရှိလို့
ဆေးတစ်ခွက်သောက်ဖို့ ကအစ
ကိုယ်ထူ ကိုယ်ထနိုင်အောင် အားရှိမှ။
မြန်မာ ဆိုရင် မချဉ်စေဖို့ နေတတ်အောင်နေရဲတဲ့
နိုင်ငံ့တာဝန်သေးသေးလေး ထမ်းရဲ တဲ့ သိတတ်မှု ရှိမှ။
ဘာသာစကား အခက် အခဲ ချွေးပြန် ရတဲ့ ကြားထဲ
အထင်သေး မျက်လုံးတွေကြား အားခဲ ရဲမှ။
ငွေရရက်လေး တစ်ရက် ပျော်ဖို့ အရေး တစ်လလုံး
ကျိတ်မှိတ် သည်းခံနိုင် စိတ်ရှိမှ။
စားဖို့ ပိုက်ဆံ ရှိတောင် စားချင် တာတွေ ဝယ်မရတဲ့
အာသာမပြေ အရပ်မှာ ငတ်ရဲ မှ။
အဝေးက အယောင်ဆောင် ရိုးရာ ပွဲတွေမှာ
အဆာပြေရုံ ကျေနပ် ရဲမှ။
ဒီ ဇ တွေ မရှိရ င် ကျွန်ဖြစ်ခွင့် မရှိဘူး။
သူများဆီ က ခိုးစား၊ ခေါင်းပုံဖြတ်နေကြတာ လဲ မဟုတ်ဘူး။
ကိုယ့်လုပ်အား နဲ့ ကိုယ် ကြိုးစားတဲ့ ဘဝမှာ
ကျွန် လို့ ခေါ်ရက် သလား???
ငါတို့ ရိုးသားမှု ရှိရင် သခင်ပဲ။
လက်ညှိုး ထိုးတတ်သူသာ.....>>>>>>. ။ ။
Credit to Cho Cherry ရဲ့ ရင်တွင်းဖြစ် ပေါက်ကွဲ မှု အမှန်တရားများ
No comments:
Post a Comment