ဖတ်မိ သူများ ကျေးဇူးပြုပြီး ပြန်လည် မျှဝေပေးကြပါနော်
***********************************
မိတ်ဆွေ တို့ ရေ မိမိ အနီးနား တစ်နေရာ မှာ ဒီကောင်လေး ကိုတွေ့ ရင်
ယောင်မှား လို့  သွားပြီး လက်နဲ့  ကိုင်ပြီး လွင့်ပစ် တာမျိုး မလုပ်နဲ့ နော် ။
ထိုးမိ ကိုက်မိ ရင် မြင်တဲ့ အတိုင်းပဲ။ တော အခေါ်အရ ပုရွက်ဆိတ် မျိုးနွယ်ဝင်
"ကြင်" ကောင်နဲ့  နည်းနည်း ဆင်တယ် ။
ဒါပေမဲ့ ဒီကောင် က အလျားရှည် တယ် အမြီး လို အဆိပ်ဖူးလေးပါတယ်။ "တော ကြင်" ကောင် ကလည်း
ကိုက်ခံ ရရင် ကလေးတွေ တက် သလို အကြောတွေ ကြင်ပြီး တက် သည် အထိ အဆိပ်ပြင်း တဲ့ အကောင်ညိုတွေ ရှိပါတယ်။
ခု ဒီကောင်ပုံစံ ကိုတော့ သစ်ခေါက်ခွံ ကြားတွေ မှာ အတွေ့ များလေ့ရှိတယ်။ ပျဉ်ခင်း ကြမ်းကြားတွေ မှာနေတတ် ရင်တော့ သတိထားပေါ့။
လူတွေ့ လူမြင်တော့ သိပ်မခံ တဲ့ အကောင်တွေပါ ။ ဖိမိ ထိမိ ကိုင်မိ ရင်တော့ ဆော်ခံ ထိပြီပဲ။
အန္တရာယ်ကင်းကြ ပါစေ မိတ်ဆွေတို့ ရေ။
No comments:
Post a Comment