
ကွန်ပျူ တာ ကို ပေါ့စေချင်ရင် မဖြစ်မနေ နေ့ စဉ် လုပ်ပေးသင့်တာလေးတွေ ရှိတယ် ။ ဒါလေးတွေ သိထား ဘို့ လိုပါ တယ် ။ မော်နီတာ Screen ပေါ်မှာ Right Click နှိပ်ပြီး Refresh လုပ်ပေးတာမျိုးတို့  F5 ကိုလေးငါး ဆယ်ခါနှိပ်ပေးတာမျိုး တို့  နေ့ စဉ် လုပ်ပေးသင့်ပါတယ်။
ဒီအပြင် Windows Logs များကို လည်း ရှင်းပေး သင့်ပါ ဒီနည်းတွေ က ဆိုဒ်တော်တော်များများ မှာ ကိုယ်တိုင်ရေး ထားတာရော Share ပေးထားကြတာရော များနေ ပါပြီ ဒါပေမဲ့ မသိသေး သူများကို အသိပေး လို တာကြောင့်ရေး တင်ပေးလိုက်တာပါ။
Windows Logs များကို ရှင်းဖို့  Windows 8 ထဲမှာ ဆိုရင်တော့ ဘယ်ဘက်ဘောက်နားလေး က Windows ကိုပြောင်းပေးနိုင် တဲ့ Start Icon လေး ရှိပါတယ် မောစ်ရဲ့ ပွိုင့်တာလေးတင်ကြည့်မှာ ပေါ်လာတာပါ။

အဲဒီ Start Icon လေးပေါ် မှာ Right Click နှိပ်ပြီးပေး လိုက်ရင် ပေါ်လာတဲ့ Pop Up Menu လေးထဲမှာ Computer Management ကိုရွေးပေးလိုက်ပါ။

အောက်မှာမြင်ရ တာကတော့ Computer Management ဖြစ်ပါတယ်။

ဒီအထဲ ဝင်ပြီးရင် ဘယ်ဘက် ထဲမှာ Icon လေးတွေ နဲ့ ပြထားတဲ့ အထဲက Event Viewer ရဲ့ဘေးက မျှားလေး ကိုနှိပ်ပေး လိုက်ပါ။ အောက်ပါပုံကိုကြည့်ပါ။

အထက်က ပုံကိုကြည့်ပါ မျှားနဲ့ ပြပေးထားတဲ့နေရာလေးကို နှိပ်ဝင်ပါ နောက်ထပ်ပေါ်လာတဲ့ Icons တွေထဲမှာ Custom Views အောက်က Windows Logs ဘေးကိုနှိပ် လိုက်ပါ အောက်က ပုံ ကိုကြည့်ပါ။

အပေါ်က ပုံထဲမှာ မြင်နေရ တဲ့ Application, Security, Setup, System နဲ့  Forwarded Event တိုတဲ့ Icons တွေရဲ့ အပေါ် ကနေ တစ်ခုချင်း ဆီကို ရှင်းပေးရမှာဖြစ်ပါတယ်။ ပထမ အနေနဲ့  Application Icon ပေါ်မှာ Pointer တင်ပြီး Right Click နှိပ်လိုက်ရင် အောက်က ပုံလိုမျိုးပေါ်လာမှာဖြစ်ပါတယ်။

ဒီတော့ အထက်မှာကြည့်ပါ မျှားပြထားတဲ့နေရာမှာမြင်နေရတဲ့ Clear Log... ကိုနှိပ်ပြီးရှင်းပေးလိုက်ရုံပါဘဲ ပြီးရင်အောက်ပုံပေါ်လာပါမယ်။

အပေါ်က ပုံမှာမြင်ရတဲ့ အတိုင်း Clear ကိုနှိပ်ပေးလိုက် ပါ ဒီလိုမျိုး အာလုံး ကို လုပ်ပေးနိုင်ပါတယ်။ Windows 7 ဖြစ်ဖြစ် Windows 8 ဖြစ်ဖြစ် ဝင်တာပဲ ကွာတာပါ ကျန်တာေ တွ အတူတူပါဘဲ ။
ပုံလေးတွေယူပြီးပြချင်တာ သူတို က သူတို့ ဆိုဒ်နာမည်တွေ ထဲ့ထားကြတော့ ခက်သား လား ဒါပေမဲ့ တစ်ပုံ နှစ် ပုံလောက်တော့ ယူလိုက်ပါအုန်း မယ်။ အောက်က ပုံတွေ က လွင်မင်းဗိုလ် ဆိုဒ်ထဲက မလာတာပါ။ အောက်က ပုံတွေ ကလည်း အတူတူပါဘဲ Windows 7 သမားတွေ မကြောင်သွားရလေအောင် လုပ်ပေးတာပါ။


ဒါလောက်ပါဘဲ သင်တို့ ရဲ့ ကွန်ပျူတာ ကို ဖျက်မဲ့ လူကတော့ သင်တို့ ကိုယ်တိုင်ဖြစ်တယ် ဆိုတာ မမေ့နဲ့ နော် ။
အားလုံး ကျမ်းမာ ချမ်းသာစွာ ပညာ ရှာဖွေနိုင်ကြပါစေ။
From...http://thesupernaturalmyanmar.blogspot.com/
No comments:
Post a Comment