ယနေ့ နိုင်ငံ တိုင်းသည် ထိုနိုင်ငံ၊ ထိုနိုင်ငံရှိ လူမျိုး၏ အကျိုးစီးပွား အပေါ်သာ အခြေခံ ၍ ဆောင် ရွက်နေကြ သည်။ နိုင်ငံရေး စနစ် အမျိုးမျိုး ကွဲပြား ရခြင်း၊ စီးပွားရေး စနစ် ရွေးချယ်မှု ကွဲပြား ကြခြင်း ၊ စနစ်တစ်ခုမှ တစ်ခု ပြောင်းလဲ ကျင့်သုံးကြခြင်း သည် ပိုမိုကောင်းမွန်သော အကျိုး စီးပွား ရရှိရေး အတွက် ကြိုးပမ်းကြခြင်းသာ ဖြစ်သည်။
တစ်ချိန်က ကိုလိုနီချဲ့ရခြင်း၏
အကြောင်းရင်းမှာ ကိုလိုနီနိုင်ငံ၏ သယံဇာတ၊ လုပ်အားများဖြင့် မိမိနိုင်ငံ
အကျိုး စီးပွား တစ်စုံတစ်ရာ ဖြစ်စေရန် အတွက်သာဖြစ်သည်။ မျက်မှောက်ခေတ်တွင်မူ
တစ်နိုင်ငံ ကို တစ်နိုင်ငံ ကျူးကျော် သိမ်းပိုက်၍ ကိုလိုနီပြုခြင်းထက်
ထိုနိုင်ငံများကို နိုင်ငံရေး၊ စီးပွားရေး ၊ ဘာသာရေး သြဇာလွှမ်းမိုး လျက်
သွယ်ဝိုက် ကိုလိုနီပြုသည့် နည်းအား ပိုမိုကျင့် သုံး လာသည်ကို တွေ့ရသည်။
နည်းပညာ၊ အသိပညာ သာလွန်သော နိုင်ငံများအနေဖြင့် တတိယနိုင်ငံများသို့
ဒီမိုကရေစီနှင့် အရင်းရှင်စနစ် တင်ပို့ရန် ကြိုးစားခြင်းမှာလည်း ၎င်းတို့
သာလွန်ထားပြီးသော နည်းပညာ၊ အသိပညာတို့ဖြင့် အသာစီးရယူပြီး
သူတို့နိုင်ငံများ အကျိုးစီးပွား ဖြစ်ထွန်းစေရန် အတွက် သာဖြစ်သည်။
လူ့ အခွင့်အရေး နှင့် အကျိုး စီးပွား
ဒီမိုကရေစီ ကို ကျင့်သုံးစနိုင်ငံ များတွင် လူ့အခွင့်အရေး ကို ရှေ့တန်းတင် တတ်လေ့ ရှိကြ၏။ အာဏာရှင် စနစ်မှ ပြောင်းလဲ လာခဲ့ကြ သည်ဖြစ်ရာ “လူ့အခွင့်အရေး”သည် သည်းခြေ ကြိုက်ဖြစ် ရတော့သည်။
တစ်ဦးချင်း စီ တို့၏ အခွင့်အရေး နောက်တွင် “လူ့ အဖွဲ့အစည်း တစ်ရပ်၏
အခွင့် အရေး”“နိုင် ငံနှင့် လူမျိုး တို့၏ အခွင့် အရေး”ကို ရုတ်တရက်
မမြင်နိုင်ကြ၊ မိသားစု တစ်ခုလေး မှာပင် မိဘ တို့က ကန်စွန်းရွက် ကိုက် ၍
သားသမီး အပေါ် ကျောင်းထားပေးကြရခြင်း မှာ တစ်ဦးချင်း စီ၏ အခွင့်အရေး ကို
စွန့်လွှတ် ၍ “မိသားစု ၏ အခွင့် အရေး”၊“အနာဂတ် အကျိုး စီးပွား”အတွက်
စွန့်လွှတ်ကြခြင်း ဖြစ်သည် ကို ပြန်ပြောင်း သတိရနိုင်ကြ လျှင် “အခွင့် အရေး”၏
သဘော ကို ကောင်းစွာ နားလည် သဘောပေါက် နိုင်ကြပါသည်။
သို့သော်လည်း
“ကိုယ်ကျိုးစီးပွား အခြေခံ”လိုသူတို့က သာမန်ပြည် သူ အားလုံးကို ထိုသို့သော
အမြင် ဖွင့်ပေးခြင်း မရှိကြချေ။ “သာမန်သိ”မျှသာ ရှိသော “သာမန်ပြည်သူ”တို့ကို
လူ့အခွင့် အရေး ဟူသော သည်းခြေကြိုက်ဖြင့် စည်းရုံး ၍ သူတို့ အကျိုးစီးပွား
အတွက်သာ အသုံးချသွား တတ်ကြ သည်ကို ဒီမိုကရေစီ ဖြစ်ထွန်း စနိုင်ငံ များတွင်
အန္တရာယ် နှင့် လွယ်၍ ဖြတ်ကျော် ကြရသည် ကို တွေ့ရသည်။ ဥပမာ အချို့ကို
ချပြရလျှင်...
အီရတ် ကို ဘာကြောင့် စစ်တိုက် ခဲ့သနည်း
အာဖဂန်နစ္စတန် ကို စစ်တိုက် ခဲ့ပြီးသော အမေရိကန် တို့သည် အီရတ် ကို စစ်တိုက် ခဲ့သည်။ မှတ်မှတ် ရရ ပြင်သစ်၊ ဂျာမနီ တို့က အပြင်းအထန် ကန့်ကွက် ခဲ့ကြသည်။ သို့သော်လည်း စစ်တိုက် ဖြစ်ခဲ့ ပါသည်၊

အကြောင်းပြချက် က WMD – Weapon of Mass Destruction ဟူသည့် အစုလိုက်
အပြုံ လိုက် သေစေနိုင်သော လက်နက် များ ပိုင်ဆိုင် ထားသောကြောင့် ဟူ၏။ အီရတ်သည်
အမေရိကန် ကို “ခဲ”တစ်လုံးမျှ ပင် မပစ်ပေါက် ရပါသေးလျက် တစ်နိုင်ငံလုံး
ကျဆုံးသွားခဲ့ ရသည်။ အကြောင်းပြချက်က ..
- ထို အစုလိုက် အပြုံလိုက် သေစေနိုင်သော လက်နက် တို့ဖြင့် အမေရိကန် တို့ အတိုက် ခံနိုင် ရသောကြောင့်
- မိမိနိုင်ငံ ၏ အကျိုးစီးပွား အတွက် ဆိုလျှင် “လက်ဦးမှု ရယူ” တိုက်နိုင် ခွင့် ရှိသည်။
အမှန် တကယ် ရှာဖွေသော အခါ အီရတ် တွင် WMD မတွေ့ခဲ့ ရပါ။ သို့သော်လည်း အီရတ် သည် စစ် အတိုက် ခံလိုက် ရပြီး ယခုထိ ဆယ်စုနှစ် တစ်ခု တိုင်သည့်တိုင် တည်ငြိမ်မှု ပင် ပြန် မရ တတ်သေးပါ။ မေးရန် ဖြစ်လာသော မေးခွန်းမှာ ...
- လူ့ အခွင့်အရေး ကို မည်သည့် ရှုထောင့် မှ လက်ခံ ထား ကြပါသနည်း။
- အမေရိကန် ဘက်မှကြည့် လျှင် WMD ဖြင့် အတိုက် ခံရနိုင်သည်၊
- အီရတ်ဘက်မှ ကြည့် လျှင် အီရတ်နိုင်ငံနှင့် လူမျိုးတို့ ၏ အခွင့် အရေး ဆုံးရှုံးရာ မကျပါ သလော၊
စစ်တပ် မှ အာဏာ သိမ်းခြင်း အပေါ် ကွဲပြားသော ရှုမြင်မှု
ဒီမိုကရေစီနှင့် လူ့ အခွင့်အရေး သည် “တစ်သမတ် သဘော မရှိ” သည် ကိုတွေ့ရ၏။ မိမိ တို့၏ အကျိုး စီးပွား အပေါ် အခြေခံ ၍ တစ်ကျောင်း၊ တစ်ရွာ၊ တစ်ဂါထာ ဖြစ်လျက် ရှိသည် ကို တွေ့ ရသည်။ နိုင်ငံတော်တော် များများ တွင် စစ်အာဏာ သိမ်းခြင်း သည် ဒီမိုကရေစီ စံနှုန်း အရ ဆန့် ကျင် ဘက် ဖြစ်သည်။

ကြီးမားသော ဝေဖန် မှု ရှုတ်ချမှု တို့နှင့်သာ ကြုံတွေ့ ရစမြဲ၊
သို့သော်လည်း အီဂျစ်တွင်မူ တစ် ဘာသာ ဖြစ်နေသည် ကို တွေ့ရ ပါလိမ့်မည်။
အီဂျစ် သည် နတ်ဆာခေတ် နှင့် မူဘာရတ်ခေတ် တစ်လျှောက် လုံး အာဏာရှင် စနစ်ကို
ကျင့်သုံးခဲ့သည်၊ မူဘာရတ် ခေတ်လွန် တွင် ဒီမိုကရေစီ ၏ အခြေခံဖြစ်သော
ရွေးကောက်ပွဲများကို ကျင့်သုံးခဲ့၏။ သမ္မတမော်စီ သည် Muslim Brotherhood
အဖွဲ့ အစည်းကြီးမှ ရွေးကောက်ခံ သမ္မတ ဖြစ်လာသူဖြစ်၏။
(၂) နှစ်မျှသာ ခံမည် ဟု
သုံးသပ် ထားခဲ့ရာ (၁) နှစ်မျှနှင့် ပြုတ်ကျ သွားတော့သည်၊
ဗိုလ်ချုပ်ကြီး စီစီ က အာဏာ သိမ်းလိုက် သည်။ ဤတစ်ခါ အာဏာ သိမ်းမှုကို မူ
အမေရိကန် က “စစ်ဘက်မှ ဒီမိုကရေစီ ကို ထိန်းသိမ်းလိုက် သည်” ဟူ၍
မှတ်ချက်ပြု ခဲ့ရာ အားလုံးက အံ့အား သင့် သွားကြ ရသည်။
ဗိုလ်ချုပ်ကြီးမော်စီ ၏ အာဏာသိမ်း မှုသည် “ဒီမိုကရေစီ ၏ ကင်းလွတ်ခွင့်” ဖြစ်နေပါသလား၊
အမေရိကန် ၏ မဟာဗျူဟာ ကို လေ့လာလျှင်
အမေရိကန် သည် တီထွင်ကြံဆ အားကောင်းသော၊ လူ့ အဖွဲ့အစည်း Civil Society အားကောင်းသော ၊ ဒီမိုကရေစီ ကျင့်သုံးမှု ၌ ရှေ့ဆောင်စံ နမူနာပြ ဖြစ်သောနိုင်ငံ ကြီး ဖြစ် သည်။ သို့သော် လည်း နောက်ကွယ် ၌ အမေရိကန် တို့၏ အကျိုး စီးပွား ကိုသာ အခြေခံတတ် ကြသည် ကို တွေ့ရ ပါလိမ့်မည်။

တစ်ချိန်က ကမ္ဘာတွင် အာဏာရှင်များ အားကောင်းခဲ့ရာ အမေရိကန်သည် သူ့နိုင်ငံ၊
သူ့လူမျိုး အကျိုးစီးပွားအတွက် သမ္မတ အိုက်စင်ဟောင်ဝါ လက်ထက်တွင်
“အိုက်စင်ဟောင်ဝါ”(Eisenhower’s Doctrine) “ Association with friendly
with dictators” ဟူသော မူဝါဒ တစ်ခု ပါဝင် ခဲ့ သည်။
အာဏာရှင် များဖြင့်
မိတ်ဖွဲ့ရန် ဟူသော မူဝါဒ မှာ ဒီမိုကရေစီ ရှေ့ဆောင် နိုင်ငံ အတွက် များစွာ
ထူးဆန်း အံ့အားသင့် စရာ ဖြစ်ရပါလိမ့်မည်။ အာဏာရှင်ကြီးများ ဖြစ်သော နတ်ဆာ၊
ကဒါဖီ၊ နိုရီရေးဂါး၊ အာဆတ်၊ ရှားဘုရင်၊ မားကို့စ်၊ ဆူဟာတိုတို့ နှင့်
အမေရိကန် ရင်းနှီးစွာ ဆက်ဆံ ခဲ့ကြောင်း တွေ့ရပါလိမ့်မည်။
သမ္မတ နစ်ဆင် လက်ထက် တွင် “ ကြားခံ စစ်နယ်မြေများ”(Proxy) ကို ဖန်တီးခဲ့၏။ အီရန်၊ အစ္စရေး၊ ဇိုင်ယာ နိုင်ငံများ ကို ဥပမာ ပေးနိုင် သည်။ ကြားခံ စစ် တလင်းကြောင့် လက်နက်ရောင်း အမေရိကန် တို့ အကျိုးစီးပွား ကြီးမားစွာ ဖြစ်ထွန်း ခဲ့သည်၊ သို့သော်လည်း ထိုနိုင်ငံ များ Failed State ဖြစ်ခဲ့ကြရ၏။

ယနေ့ ယူကရိန်း၊ အီဂျစ်၊ အီရတ်၊ ဆီးရီးယား စသည် တို့ သည် (၂၁)
ရာစု ၏ ကြားခံစစ် တလင်း များ ဖြစ်လာ ခဲ့ကြပြီး၊ တစ်ချိန်က Strong State
ဖြစ်ခဲ့သော နိုင်ငံများ မကြာမီ Failed State ဖြစ်သွား ကြသည် ကို
တွေ့ရ ပါလိမ့်မည်။
စစ်အေး လွန် ကာလ တွင် ပြိုင်ဘက် ဆိုဗီယက် ယူနီယံကြီး အစိတ်စိတ် အမြွှာမြွှာ ကွဲပျက် သွားခဲ့ သည်၊ ကမ္ဘာကြီးသည် လည်း Unipolar World ဟူသော “၀င်ရိုး တစ်ချောင်းတည်း ၏ အမောင်းခံ” အဖြစ် ရောက်ခဲ့ သည်။ အမေရိကန် တွင် စီအိုင်အေ အကြီး အကဲဟောင်း Bush (Sr) တက်လာ ၏။

Bush’s Doctrine တွင် “A Strategy of hegemony and global
community” ဟူသော မဟာဗျူဟာ တစ်ရပ်ပါလာသည်။ ကမ္ဘာ့မိသားစုအပေါ် ဗိုလ်ကျ
စိုးမိုးရေးဖြစ်သည်။ ပြိုင်ဘက် ကင်း တစ်စီးတည်း ပြေးနေသောမြင်း ဖြစ်သဖြင့်
လုပ်သမျှ တင့်တယ်သော အချိန်ဖြစ်သည်။ ထို့ကြောင့်လည်း Bush ကိုယ်တိုင်က
အောက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။
“Everybody wants to be my baby now” ဟူ၍ဖြစ်၏။ အားလုံး အခုတော့ ငါ့မျက်နှာ ကြည့်နေရပြီ ဟူ၍ ဖြစ်၏။ မည်သူ့ကိုမျှ ဂရုစိုက်ရန် မလိုတော့သည် ဖြစ်၍ “Breaking away from friendly dictators” ဟူသော မဟာဗျူဟာကို ပြန်လည် ကျင့်သုံးလာခဲ့၏။ ရင်းနှီးသော အာဏာရှင်များနှင့် လမ်းခွဲခြင်း ဖြစ်သည်။
အမေရိကန်သည် အားကျဖွယ်ရာ၊ အတုယူဖွယ်ရာ နိုင်ငံဖြစ်ပါ၏။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး အကျိုးစီးပွား ကိုသာ လုံးလုံး လျားလျား အခြေခံ ထားနိုင်ခြင်းသည် ဒီမိုကရေစီ ဖြစ်ထွန်း စ မြန်မာနိုင်ငံ အတွက် နမူနာ ယူဖွယ်ရာ နိုင်ငံဟုလည်း ဆိုနိုင်ပါလိမ့် မည်။ အခြားနိုင်ငံများ အတွက် မည် သို့ပင် “ဒီမိုကရေစီ”တန်ဖိုးများ၊ “လူ့ အခွင့်အရေး”စံနှုန်းများကို ဆိုစေကာ မူ နောက် ဆုံး၌ သူ့အကျိုးစီးပွားကိုသာ အခြေခံသွားသည်ကို တွေ့ရသည်။
အကျိုး စီးပွား (၂) ပါး

မြန်မာ့ ဒီမိုကရေစီ ခေတ်ဦး သည် စိန်ခေါ်မှု များစွာကို
ဖြတ်သန်း နေရဆဲဖြစ်သည်၊ အမြင် အသိ တို့ ရေချိန် မညှိ နိုင်သေး သမျှ၊
အကျိုးစီးပွား အဆင့် စဉ်းစား ပုံ မတူနိုင်သေး သမျှ နိုင်ငံရေး
အလှုပ် အရမ်းကြီး စွာ ရှိနေ ပါလိမ့်ဦးမည်။
ယဉ်ကျေးမှု အဟောင်း ကို စွန့်ခွာ၍
ယဉ်ကျေးမှု အသစ် ကျင့်သုံးခြင်း အထာ မကျသေးသမျှ အန္တရာယ် ရှိနေဆဲ ဟု
မျှော်လင့်နိုင် သည်၊ ဤသို့ရေးခြင်း အတွက် “ခြိမ်းခြောက်”သည်ဟု
ကင်ပွန်း တပ်ခြင်း ထက် “ပညာရှိ များ သတိ လက်လွတ် မဖြစ်စေ ရန်”သတိပေး သည် ဟူသော
ရှုထောင့် မှ မြင်တတ်ရန် လိုသည်။
အယူအဆ မတူ၊ ရှုထောင့်မတူ၍ ဒီမိုကရေစီ ဟု နှုတ် မှ
အော်နေသော် လည်း အခြားတစ်ဖက် ကို မျက် လုံးမှိတ် ၍ တံဆိပ်တပ်ရန်
ကြိုးစားနေခြင်းက ဒီမိုကရေစီ စိတ်ဓာတ် အမှန်ရှိနေ ပါပြီ လား ဟု
ကိုယ့်ကိုယ် ကိုယ် ဦးစွာ ဆန်းစစ်ရန် လိုသည်။
မြန်မာ့ နိုင်ငံရေးများစွာ
မကျယ်ပြန့် သေးသည်ဖြစ် ၍ မည်သူတို့မျှလောက် အရည်အချင်းရှိ ကြသည် ကို
ပရိသတ်များ က သိပြီး၊ ကိုယ်တိုင်လည်း သိပြီးကြသည်ဖြစ်ရာ တံဆိပ်ကပ်တိုင်း
တံဆိပ် ထင်မည် လည်း မဟုတ်ချေ။
မြန်မာ တို့ အကျိုးစီးပွား(၂) ပါး အပေါ် အခြေခံသင့်ကြပြီ၊
- လက်ငင်း အကျိုးစီးပွား
- အနာဂတ် အကျိုးစီးပွား ဟူ၍ဖြစ်သည်။
အချို့သော ဒီမိုကရေစီနှင့် လူ့ အခွင့်အရေး တို့သည် လက်ငင်း အကျိုးစီးပွား အတွက် ဖြစ်ကောင်းဖြစ် တန် သော်လည်း၊ အနာဂတ် အကျိုးစီးပွားကို များစွာ ထိခိုက်နစ် နာစေနိုင်ကြောင်း သတိပြုရန် လိုသည်၊

ဥပမာ အားဖြင့် ဒီမိုကရေစီ ဆရာကြီး နိုင်ငံများက
တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဒီမိုကရေစီ ယဉ်ကျေးမှု ကို သူ့ထက်ငါ အပြိုင်
ကျင့်သုံးလာခဲ့ကြရာ Multiculturalism ဟူသော ယဉ်ကျေး မှုပေါင်းစုံ အတူယှဉ်တွဲ
နေထိုင်နိုင်ကြသည် ဟူသော ကြွေးကြော် သံဖြင့် ကျင့်သုံးကြရာ ယခုအခါ
ဒုက္ခရောက်ပြီး ဆုတ်မရ၊ တက် မရ နိုင်ငံများ ကို တွေ့ရပါလိမ့်မည်။
အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး
အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး
နိုင်ငံတိုင်း နီးပါးမျှ အမျိုးဘာသာ၊ သာသနာစောင့်
ရှောက်ရေး များ ရှိနေပါသည်။ လူ့ အခွင့် အရေး မှာ ယေဘုယျ သဘော သာ ဖြစ်၍
နိုင်ငံ အဆင့်၊ အမျိုးဘာသာ၊ သာသနာ အဆင့်နှင့် ယှဉ် လျှင် စွန့်လွှတ်
ကြရပါ လိမ့်မည်။
လက်ငင်း အကျိုးစီးပွား ဖြစ်သော ရေပန်းစားလူ့အခွင့်အရေးကို
ဦးစားပေးခဲ့ကြလျှင် အနာဂတ်၌ အမျိုးဘာသာ၊ သာသနာ ကွယ်ပျောက်သော
နိုင်ငံဖြစ်သွား ပါလိမ့်မည်။ အရှေ့ အလယ် ပိုင်း နိုင်ငံများ တွင်
“ကျား-မ” အခွင့် အရေးကို ဘာသာရေး အရ ကြီးကြီးမားမား ခွဲခြားထား ပါသည်။
အဘယ့်ကြောင့် လူ့ အခွင့်အရေး စံနှုန်း က မတိုးပေါက် ရပါသနည်း၊ အိန်္ဒိယ တွင်
နှစ်ထောင်ချီ က စွဲမြဲ ခဲ့သော “ဇာတ်နိမ့်-ဇာတ်မြင့်” ကိစ္စကို ထိုနိုင်ငံ တွင်
လူ့အခွင့် အရေးဖြင့် ချေဖျက်နိုင် ခဲ့ပါ သလား၊ မြန်မာ တို့ စဉ်းစားရန်
ကောင်းသည့် အချက် အနည်းငယ် ကို ထောက် ပြခြင်း သာ ဖြစ်သည်။
ခိုးဝင် လာသူ ဘက်မှ အခွင့် အရေးဖြင့် ပြောကြလျှင် နှစ်ပေါင်း ထောင်ချီ ၍ နေခဲ့သော (၁၃၅) မျိုးဖြင့် ဖွဲ့စည်း ထားသည့် ရှိဆဲ တိုင်းရင်းသား တို့ဘက် က အဘယ့်ကြောင့် မကြည့်နိုင် ကြပါ သနည်း ၊ (၂) ချက် ဖြစ်နိုင်ပါသည်။
- လူ့ အခွင့်အရေးနှင့် ဒီမိုကရေစီ ကို သာလိကာ မျှသာ ရွတ်တတ်သောကြောင့် ဖြစ်နိုင်သလို၊
- မိမိ တို့၏ အကျိုးစီးပွား ကိုသာ လူ့အခွင့် အရေး ဗန်းပြ၍ အခြေပြု လိုသောကြောင့် သာ ဖြစ်နိုင် သည် ဟု မြင်တွေး မိပါသည်။
မျှမျှ တတ တွေးခေါ်နိုင်ကြရန် သာ လိုသည်။ တစ်ဖက်စွန်း ကျသော မျိုးချစ်စိတ် သည် အန္တရာယ် ရှိသကဲ့ သို့ မျိုးချစ်စိတ် လုံးဝ မရှိခြင်းသည်လည်း အနာဂတ် အတွက် အန္တရာယ်ကို လက် ကမ်းခြင်း ဖြစ် သည်။

ယေဘုယျ သဘောဖြင့် ဆိုရလျှင် အခြားနိုင်ငံ၊
အခြားလူမျိုး၊ အခြားဘာသာကို စော်ကား ကျူးကျော်ခြင်း မရှိဘဲ မိမိဘာသာ၊
မိမိလူမျိုး၊ မိမိသာသနာ အတွက် ရေရှည် အမြော် အမြင်ဖြင့် ကောင်းစွာ ကာကွယ်
စောင့်ရှောက်နိုင်ရန် လိုသည်ဟုတော့ မြင်သည်။
နိုင်ငံတိုင်း၊ နိုင်ငံခေါင်းဆောင် နှင့် နိုင်ငံခေါင်းဆောင် ဖြစ်ရန်
မျှော်မှန်း ကြိုးစားကြသည့် သူ တိုင်း သည် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊
ကိုယ့် တိုင်းရင်းသားတို့၏ အကျိုးစီးပွားကိုသာ အသေ အချာ အခြေ ခံကြ
ရပါလိမ့်မည်။
ကိုယ့် လူမျိုး အကျိုးစီးပွား ကို အခြေ မခံ နိုင်ကြလျှင် လည်း
အောင်မြင်သော ခေါင်းဆောင်ကောင်း ၊ ပြည် သူကောင်း များ ဖြစ်လာကြမည် မဟုတ် ဘဲ
အမှန် သိသော ပြည်သူ တို့၏ ဆန့်ကျင် မှုကိုသာ ရင်ဆိုင်ကြ ရလိမ့်မည် ဟု
တွေးမိ ရပါ သည်။
No comments:
Post a Comment