3D Street Art လို့ ခေါ်တဲ့ ဖန်တီးမှု အနုပညာ ဟာ ၁၈၉၀ လောက် က UK မှာ
အစောဆုံး စတင် ခဲ့ကြောင်း သိရှိရပါတယ်။ လန်ဒန် တစ်မြို့တည်း မှာကိုပဲ
ပန်းချီ ပညာရှင် ၅၀၀ ကျော် လောက် ရှိခဲ့ မယ် ဆိုပြီး ခန့်မှန်းကြပါတယ်။
Street Artist လို့ ခေါ်တဲ့ ဒီ ပန်းချီ ပညာရှင်တွေ ဟာ လမ်းဘေး ပလက်ဖောင်းမှာ နေထိုင်ရင်း လက်ရာမွန်တွေ ဖန်တီး ခဲ့ကြတဲ့ အတွက် “screever” လို့လည်း ခေါ်ခဲ့ကြကြောင်း သိရှိရ ပါ တယ်။
အမေရိကန် မှာ Chalk Artists လို့ လည်းခေါ်ကြတဲ့ Street painters တွေ ကို အီတလီ မှာတော့ Madonnari လို့ ခေါ်ခဲ့ကြောင်း သိရှိ ရပါတယ်။ ဘာဖြစ်လို့ Madonnari လို့ ခေါ်ခဲ့ သလဲ ဆိုရင် သူတို့ဟာ Madonna ရဲ့ ရုပ်ပုံတွေ ကို အများဆုံး ရေးဆွဲ ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။
Madonna ဆိုတာက “မယ်တော် မာရီ ”ကို အီတလီ ဘာသာ စကားနဲ့ ခေါ်တွင် တာ ဖြစ်ပါ တယ် ။ အီတလီ ဘာသာ စကားနဲ့ ma donna ဆိုတာ က “my lady” လို့ အဓိပ္ပါယ် ရပါတယ်။
၁၆ ရာစု ကတည်းက အီတလီ မှာ Madonnari တွေ ရှိနေခဲ့ ပါပြီ။ ၁၉၇၃ ခုနှစ် မှာတော့ မီလန်မြို့တော် ရဲ့ အရှေ့တောင်ဘက် ၈၁ မိုင် အကွာမှာ ရှိတဲ့ မန်တူအာ ပြည်နယ် မှာ Street painting ပွဲတော် ကို (၂)ရက်ကြာ စတင် ကျင်းပ လာခဲ့ပါတယ်။
၁၉၈၀ ကျော်ရောက်တဲ့ အချိန် မှာတော့ Kurt Wenner ဆိုတဲ့ ပန်းချီ ပညာရှင်ကြီး တစ်ဦးက ’3-D pavement art’ ကို စတင်ရေးဆွဲ ခဲ့ပါတယ်။ သူ့ကို 3D Street Art ကို တီထွင်သူ အဖြစ် အများ က သိရှိ ထားကြပါတယ်။ အမေရိကန်နိုင်ငံသား Kurt Wenner ဟာ အီတလီနိုင်ငံ မှာ အနေ များခဲ့ ပါတယ်။
ခုချိန်မှာတော့ ’3-D pavement art’ ဟာ ကမ္ဘာ့နိုင်ငံ အတော်များများ မှာ ဖန်တီး လာခဲ့ကြ ပါပြီ။ ပန်းချီ ပညာရှင်တွေ ရဲ့ အသက်ဝင် လှတဲ့ သရီးဒီ ဖန်တီးမှု အနုပညာတွေ ဟာ ပြည် သူတွေ ရဲ့ စိတ်ပြေ လန်းဆန်းမှု ကို အထောက် အကူပြု သလို ပြည်ပ ခရီးသွားတွေ အတွက် လည်း ဆွဲဆောင်မှု ဖြစ်စေနိုင်တယ် လို့ ဆိုပါတယ်။
ပန်းချီ ဆေးသား ကြာရှည် တည်တံ့ရေး အတွက် အတော် များများ ကတော့ လူအများ သွား လာကြ တဲ့ လမ်းကြားတွေ ထဲ အရိပ်ကောင်းကောင်း ရတဲ့ ပလက်ဖောင်းတွေ မှာ ရေးဆွဲလေ့ ရှိကြောင်း သိရှိရပါတယ်။
မြန်မာနိုင်ငံ မှာတော့ သရီးဒီ ပန်းချီ အနုပညာ မှာ ဒါက ပထမဆုံး လို့ ဆိုနိုင်ပါတယ်။
ဒီ ပထမဆုံး ဖန်တီးမှု ကနေ အစပြုပြီး ကမ္ဘာလှည့် ခရီးသည်တွေ အများဆုံး လာရောက် တတ် တဲ့နေရာတွေ ၊ နေရာ အသစ်တွေ မှာ ဒီလိုမျိုး ဖန်တီးမှုတွေ ဆက်လက် ထွက်ပေါ်လာဖို့ ရှိနေ ပါတယ်။
သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ နဲ့ နားလည်မှု ရှိရှိ ပူးပေါင်းပြီး ဆောင်ရွက်ကြမယ် ဆိုရင်တော့ ’3-D pavement art’ ထွန်းကား လာမှာ သေချာပါတယ်။

opposite eye
From...Search Myanmar
No comments:
Post a Comment