Grant Cardone လို့အမည်ရတဲ့ စီးပွားရေးဆိုင်ရာ ဆောင်းပါးနဲ့ စာရေးဆရာ ပြောတဲ့ ရန်သူ ၃ မျိုးပါ။ စီးပွား စွန့်ဦး တီထွင် ကြိုးစားနေသူ (Entrepreneur) များအတွက် ရှောင်ရှားရမယ့် ရန်သူ ၃ မျိုး ဖြစ်ပါတယ်။
အဲဒါတွေ ကတော့ -
စိုးရိမ်ပူပန်စိတ်
စိုးရိမ်ပူပန်စိတ်ဟာလည်း အကြီးမားဆုံး ရန်သူ တစ်ခု ဖြစ်ပါတယ်။ အလုပ်ဖိစီးမှု၊ ပြဿ နာ မဖြေရှင်းနိုင် မှုက စိုးရိမ်စိတ် ဖြစ်ဖို့ အတွက် ထောက် ပံ့တဲ့ အကြောင်းပြချက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် အရာကိစ္စတိုင်း မှာ စိုးရိမ်၊ အပူပင် ကင်းစွာ ဖြေရှင်းနိုင်ခြင်း က ရန်သူ တစ်ပါး ကို တိုက်ထုတ်နိုင်ခြင်း ဖြစ်ပါတယ်။
သက်သောင့် သက်သာ ရှိမှု
သက်သောင့် သက်သာ ရှိတာက သူ့ဘာသူ ရှိတာပါ။ သို့ပေမယ့် အဲ့ဒီအရာကို ကြိုက်နှစ်သက်ပြီး လိုက်လံ စီးမြော ခံစားနေရင် ရန်သူ တစ်ပါးကို ရှုံးနိမ့်လိုက်ပါပြီ။ ထိုင်ခုံ ရာထူး တစ်ခုမှ အေးအေးဆေးဆေး ရှိနေမယ်။
သို့တည်းမဟုတ် လက်ရှိ ဘဝနေထိုင်မှု ပုံစံက ကိုယ့် အတွက် အေးအေးဆေးဆေး ဖြစ်မယ်လို့ သတ် မှတ်ပြီး ရွေးချယ် လိုက်မိပြီ ဆိုရင် ဘယ် အတွေးအခေါ် အိုင်ဒီယာသစ်မှ မထုတ်နိုင်တော့ပါဘူး။ သူငယ်ချင်း မိတ်ဆွေ အရင်းတွေနဲ့ ပဲ အချိန်ဖြုန်းနေမယ့် အစား မိတ်ဆွေ အသစ်၊ Customer အသစ် များ ရှာဖွေလို့ ကွန်ရက် ချဲ့  ထွင် တာမျိုးလို့ လုပ်ဖို့ စိတ်အား ထက်သန်နေရ ပါမယ်။
သက်သောင့် သက်သာ ရှိတဲ့ အရာတွေ ကို သာ ရွေးချယ် လုပ်ကိုင် တတ်ခြင်းဟ
ရောင့်ရဲ တင့်တိမ်မှု
ကိုယ်က အရမ်းကြိုးစားနေတယ်။ ဒါကို သိမြင်တဲ့ ကုမ္မဏီ တစ်ခုက ကိုယ့် ကို ရာထူးကြီးကြီးနဲ့ ခေါ်လိုက်ပြီး သက်လဲ သက်သာတယ်။ လစာ လည်း ကောင်းတယ်။ ရှယ်ပဲ ဆိုပြီး ရွေးလိုက်တာနဲ့ ဘယ်တော့မှ စီးပွားရေး လုပ်ငန်းရှင် မဖြစ်တော့ပါဘူး။ သူတစ်ပါး ခိုင်းဘက် ဘဝနဲ့ တစ်သက်လုံး နေ သွားရမှာပါ။
ဒါကိုလည်း တော်ပါပြီလေ လို့ ရောင့်ရဲ တတ်မှု ကလည်း ရှိပါသေး တယ်။ အချို့  ကျတော့လည်း လုပ် တာတော့ လုပ် လိုက်တယ်။ အခြေအနေ တစ်ခု၊ ပန်းတိုင်တစ်ခုကို ရောက်ပြီးတာနဲ့ အနားယူ သင့်ပြီး ၊ ရောင့်ရဲ သင့်ပြီ လို့ တွေးပြီး နေလိုက်ပြီ ဆိုရင် complacency က ကိုယ့်ကို တိုက်ခိုက်အောင်မြင်သွားပြါ
ဒီတော့ အနှစ်ချုပ် အားဖြင့် စိုးရိမ်စိတ်၊ သက်သောင့် သက်သာနဲ့ ရောင့်ရဲ တတ်စိတ် အစ ရှိတဲ့ ၃ ချက်က Entrepreneur တို့ အတွက် ရန်သူ များဖြစ်တာ မို့ ခွန်အား ရှိသလောက် တွန်းလှံပြီး တိုက်ခိုက် သွားဖို့ လိုအပ် ပါတယ်။
Ref: Entrepreneur.com
အောင်ခမ်း (ရိုးရာလေး)
No comments:
Post a Comment