The world most powerful passport လို့ ဆိုတဲ့ ကမ္ဘာပေါ်မှာ သြဇာ အာဏာ အကြီးဆုံး၊ ပါဝါ အကြီးဆုံး ပိတ်စ်ပို့ သုံးခု ကို ပြောပါ ဆိုရင် ပုံမှာ မြင်တွေ့နေရ တဲ့ ပတ်စ်ပို့ သုံးခုပဲ ဖြစ်ပါတယ်။
ဗြိတိသျှ၊ ဆွီဒင် နဲ့ ဖင်လန် နိုင်ငံသားတို့ ကိုင်တဲ့ ပတ်စ်ပို့ ပဲ ဖြစ်ပါတယ်။ ယင်းနိုင်ငံသားများ ဟာ နိုင်ငံပေါင်း ၁၇၃ နိုင်ငံ ကို VISA မလိုပဲ Passport ပါရုံ နဲ့ သွားလာနိုင် လို့ ဖြစ်ပါတယ်။
အမေရိကန် က ၁၇၂ နိုင်ငံ ပဲ သွားနိုင်တာကြောင့် ထိပ်ဆုံး ၃ ခု စာရင်းမှာ မပါဝင် လိုက် ပါဘူး။ VISA ဆိုတာ Passport ပြီးရင် နိုင်ငံ အသီးသီးရဲ့ ဒေသတွင်း က သံရုံးက ထုတ်ပေးတဲ့ ထောက်ခံချက် (endorsement) စာရွက်တစ်ခု ဆိုလည်း မမှား ပါဘူး။
ကမ္ဘာ့ ပါဝါ အကြီးဆုံး ပတ်စ်ပို့ လို့ ထုတ်ပြန်တဲ့နေရာ မှာ ထားခဲ့လို့ မရတဲ့ နောက်ထပ် ပတ်စ်ပို့ တစ်ခု ကတော့ ဟောင်ကောင် ပတ်စ် ပို့ ဖြစ်ပါတယ်။
သူ့ကို လည်း ကမ္ဘာပေါ် မှာ ပါဝါ အကြီးဆုံး ဖြစ်ကြောင်းလည်း အချို့က
လက်ခံထား ပါတယ်။ အကြောင်း ကတော့ ဟောင်ကောင် ပတ်စ်ပို့ ကိုင်ဆောင်သူ ဟာ
နိုင်ငံ အားဖြင့် ၁၅၂ နိုင်ငံ သာ visa-free သွားနိုင်ပေ မယ့် သူသွားနိုင် တဲ့
နိုင်ငံ ဧရိယာ ဟာ ပိုကျယ်ပြီး သူလည်ပတ် တဲ့ နိုင်ငံ များ ရဲ့ လူဦးရေ ကို
ပေါင်းလိုက်ရင် ကမ္ဘာ မှာ အများဆုံး မို့ ဖြစ်ပါတယ်။
စုစုပေါင်း လူဦးရေ ၃.၈ ဘီလျံ ရှိတဲ့ နိုင်ငံပေါင်း ၁၅၂ နိုင်ငံ ကို ဗီဇာ မလို လည်ရမှာ ဖြစ်ပါတယ်။ အဓိက ကတာ့ တရုတ်ပြည်မ ပါ ပါဝင်သွားခြင်းကြောင့် ဖြစ်ပါတယ်။
၁၉၉၇ ခုနှစ်က ဗြိတိန်သျှ ကိုလိုနီ လက်အောက်ကနေ တရုတ်ပြည်မ ကို လွဲပြောင်းပေး ခဲ့ပေ မယ့် ဟောင်ကောင် က ကိုယ်ပိုင် ပတ်စ်ပို့ ကို ကိုင်ဆောင် ထားဆဲ မို့ ဖြစ်ပါတယ်။ ဒီတော့ ကမ္ဘာ့ အာဏာ အကြီးဆုံး ပတ်စ်ပို့ လေးခု ကို ပြပါ ဆိုရင် ဗြိတိန်သျှ၊၊ ဆွီဒင်၊ ဖင်လန်နဲ့ ဟောင်ကောင် တို့ ဖြစ်ပါတယ်။
နောက်ထပ် နိုင်ငံများကို http://nextshark.com/which-country-has-the-most-powerful-p…/ ထဲမှာ ရှာဖွေ လေ့လာ နိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

No comments:
Post a Comment