မြို့ပြနေ အမျိုးသမီး ငါးဦးလျှင် လေးဦး မှာ အပျိုစင် မဟုတ်ဟု
စစ်တမ်း တစ်ရပ် က ထုတ်ပြန် လိုက် ပြီးနောက် ထို သတင်း က မြန်မာ အမျိုးသမီး များကြား
ပွက်လော ရိုက် သွားခဲ့ သည်။
မည်သို့သော အခြေအနေ များက ၎င်း စစ်တမ်းထွက်ရှိ ရန်
အထောက် အကူ ပြုခဲ့ သနည်း။
မည် သူ တို့ ကို မေးမြန်း ခဲ့သနည်း။
မည်သည့်အတွက်ကြောင့် ယင်း စစ်တမ်း ကို ကောက်ခံ ခဲ့ ကြ သနည်း ဟူ သည့်
မေးခွန်းများ က အမျိုးသမီး များတွင် သာမက အမျိုးသား များကြား တွင် ပါ
ငြင်းခုံ တီးတိုး ဆိုစရာဖြစ်လာခဲ့သည်။
အထူး သဖြင့် မိဘ အုပ်ထိန်းမှုဖြင့်
ကြီးပြင်းနေရဆဲ၊ လက်မထပ်မီ အတူနေခြင်းကို လက် မခံသော
ယဉ်ကျေး မှု စံနှုန်း များနှင့် အပျိုစင် တန်ဖိုးကို အလေးထားနေ ဆဲ မြန်မာ အ
မျိုးသမီး အများ စု က မူ ထိုစစ်တမ်း ကို ပြင်းပြင်း ထန်ထန်
ဝေဖန်လိုက်ကြသောကြောင့်ပင်။
အသက် ၂၆ နှစ်ရှိ ကုမ္ပဏီ ဝန်ထမ်း
အမျိုးသမီးတစ်ဦး က ပြည် တွင်း ဂျာနယ် တစ် ခု၏ မျက်နှာ ဖုံးပေါ် မှ
ထို စစ်တမ်းသတင်း ကို ဖတ်ပြီး ပြီးချင်း ”ဒါ စော်ကားတာ ပဲ”ဟု
ဒေါသ ထွက်သွား ဟန်ဖြင့် ခပ်တင်းတင်းပြောဆို လိုက်သည်။