Wednesday, September 11, 2013

ကပ္ပိတိန် ဂျက်စပဲရိုး (Captain Jack Sparrow) ခေါင်းပေါ် က မြန်မာ့ ငါးပြားစေ့



Pirate of the Carribean ဇာတ်ကားတွေထဲက ဇာတ်လိုက်ကျော်  ပင်လယ်ဓားပြကြီး ကပ္ပိတိန်ဂျက်စပဲရိုးCaptain Jack Sparrow  (Jonny Deep) နဖူးပေါ်မှာ တွဲလောင်းဆွဲထားတဲ့ သူ့ရဲ့အဆောင်လေးကိုလည်း မိတ်ဆွေ တို့ သတိထားမိမှာပါ ။





 


 


အဲ့သည့်အဆောင်လေးမှာ ပစ္စည်း ၈ မျိုးပါတဲ့အတွက်Jack Sparrow's piece of eight လို့ခေါ်ပါတယ်
ဒဂါ င်္းလေး တစ်ပြားပါပြီး ပုတီးစိလေးတွေ သီထားပါတယ် Jack ပထမဆုံး ဓါးပြတိုက်ခဲ့တဲ့ ပြင်သစ် သင်္ဘောက ရရှိတာဖြစ်ပြီး ဒဂါ င်္းလေးကို ကံကောင်းစေတဲ့ အဆောင်အဖြစ် Jack က သူ့နဖူးခေါင်းစီးမှာ အမြတ်တနိုး ဆွဲထားပါသတဲ့ ။

ဒါမရှိရင် Jack Sparrow ဘုန်းနိမ့်မယ်ဆိုတာ သိတဲ့သူ့ရန်သူတွေဟာ အဲ့သည့် အဆောင်လေးကို မရမက လိုက်လုပါတယ် Captain Jolly Roger ဆိုရင် လောင်းကစားလုပ်ပြီး လုဖူးပါတယ် ။
 

ဒါပေမယ့် သူမရခဲ့ပါဘူးနောက် ဆုံးတော့ At World's End ထဲမှာ Jack ရဲ့ အဆောင်လေးကို Hector Barbossa က ဖြတ်ထုတ်လိုက်တာကြောင့်Jack ကံဆိုးသွားပြီးရေဘဝဲကြီး ခံတွင်းထဲကို သက်ဆင်းသွားရပါတော့တယ် ။
ဒါက piece of eight အကြောင်းပါ

စကားမစပ်!!!
မိတ်ဆွေတို့ သတိထားမိပါသလား  သေချာကြည့်ကြည့်ပါ
 

အဲ့သည့် ဒဂါ င်္းလေးဟာ ၁၉၆၂ ခုနှစ်ထုတ် မြန်မာငွေ ငါးပြား ဖြစ်နေပါတယ်ခင်ဗျာ ။
 



ကျွန်တော်လည်း တစ် လောက HD ကြည့်မိမှ သတိထားမိတာပါ ဒါနဲ့ internet မှာရှာကြည့်ပါတယ် Disney က ဘာပြော ထားသလဲဆိုတော့ ဒဂါ င်္းလေးက ထိုင်းက ရှေးဟောင်း ဒဂါ င်္လေးဖြစ်ပြီး ပုတီး စေ့ လေးတွေ ကတော့ မော်ရိုကို ကဖြစ် ပါတယ်တဲ့ ။

ကျွန်တော်လည်း တတ်စွမ်းသမျှ ယိုးဒယား ဒဂါ င်္းတွေ ရှာကြည့်ပါတယ် ပုံစံတူလုံးဝ မရှိပါခင်ဗျာ ။ သူတို့ ပိုက်ဆံတွေ မှာ ထိုင်းဘုရင်ပုံနဲ့ စေတီပုထိုးပုံတွေသာ သွန်းလောင်းပါတယ် ကေသရာဇာ ခြင်္သေ့ပုံ မရှိပါဘူးသေချာ တိုက်ကြည့်ပါ ။ ဒါ ၁၉၆၂ ထုတ် မြန်မာ့ ပိုက်ဆံ ငါးပြားသာဖြစ်ပါတယ်  ။



  


ဒါကြောင့် ကမ္ဘာကျော် Captain Jack Sparrow ဟာမြန်မာ့ငါးပြားကို တရိုတသေ ချိတ်ဆွဲ တိုက်ပွဲဝင်ခဲ့ တာဖြစ် ပြီးမြန်မာ့ငါးပြားမရှိတော့တဲ့ အတွက် သူကံဆိုးသွားရတာဖြစ်ကြောင်း ပြောပြရင်းငါးပြားရှင် မြန်မာ လူမျိုး တစ်ယောက် အနေနဲ့သင်လည်း ဂုဏ်ယူနိုင်ကြောင်း တင်ဆက် လိုက်ရပါတယ်ခင်ဗျာ ။


 


ကိုဆေး 

Ko Ko Oo

.လေ့လာရန်လင့် > http://pirates.wikia.com./wiki/Jack_Sparrow%27s_piece_of_eight
လေလွင့်နေတဲ့ လူ မျှဝေပါသည်။

No comments:

Post a Comment