လွန်ခဲ့တဲ့
အနှစ်သုံးဆယ် ၊ ကျွန်တော့် အသက် ဆယ့်လေး ၊ ဆယ့်ငါးလောက်မှာ ကျနော် က မီးရထား
ဘူတာ ရုံ နဲ့ ဓါတ်တိုင် ဆယ်တိုင် စာလောက်ဝေးတဲ့ နေရာမှာ နေပါတယ်။ ဘူတာရုံ ရဲ့
အနီးအနား မှာ နေတာ ဆိုတော့ ဘူတာရုံ နဲ့ ပတ်သက်တဲ့ သတင်းစကားတွေ ကလည်း
မကြားချင်ပဲ ကြားနေခဲ့ရတယ်။
စင်္ကြန် ပလက်ဖောင်း နဲ့ တွဲကြားမှာ ကျလို့
တော်ကြာသေပြန်ပြီ။ ရထား အထွက် မရမက လိုက်တက် လို့ ပြုတ် ကျ သေပြန်ပြီ။ ရထား ဝင်လာတာ မသိပဲ လမ်းဖြတ်ကူးလို့ တိုက်မိပြီး သေပြန်ပြီ။
အရက်မူးပြီး ရထား လမ်းပေါ် အိပ်နေလို့ ရထားကြိတ် သေပြန်ပြီ။ ဒီလို ခဏခဏ
သေကြပြီးတဲ့နောက် ဘူတာရုံ မှာ သရဲခြောက်တယ် ဆိုတဲ့ သတင်း ကလည်း
ဟိုးလေး တကြော်ကြော် ဖြစ်လာတယ်။
ကျနော်တို့ ပတ်ဝန်းကျင် မှာ ည ကိုးနာရီကျော်ရင် အိမ် အပြင် မထွက်ရဲကြ သလောက် ဖြစ်လာတယ်။ ဘူတာရုံ သွား လမ်းမကြီး ရဲ့ တစ်ဖက် တစ်ချက်မှာ ကလည်း နှစ်ချို့ ကုက္ကိုလ်ပင်ကြီးတွေ အုပ်ဆိုင်းနေပြီး မိုးကိုမျှော်ကြည့်၍ မမြင်ရလောက်အောင်ပင် ည အခါဆို မှောင်မိုက်ကာ လူသူ ကင်းရှင်းနေတတ်တယ်။
ကျနော်တို့ ပတ်ဝန်းကျင် မှာ ည ကိုးနာရီကျော်ရင် အိမ် အပြင် မထွက်ရဲကြ သလောက် ဖြစ်လာတယ်။ ဘူတာရုံ သွား လမ်းမကြီး ရဲ့ တစ်ဖက် တစ်ချက်မှာ ကလည်း နှစ်ချို့ ကုက္ကိုလ်ပင်ကြီးတွေ အုပ်ဆိုင်းနေပြီး မိုးကိုမျှော်ကြည့်၍ မမြင်ရလောက်အောင်ပင် ည အခါဆို မှောင်မိုက်ကာ လူသူ ကင်းရှင်းနေတတ်တယ်။
အခု .. ဒီ လမ်းမကြီးပေါ်မှာ ကျနော်တစ်ယောက်တည်း လမ်းလျှောက်နေတယ်။ အချိန်က ဆယ့်တစ်နာရီ မတ်တင်း။ ဒီလမ်းပေါ်ကို ကျနော် လျှောက်ချင်လို့ လျှောက်နေတာ မဟုတ်ပဲနဲ့ မလျှောက် မဖြစ် လို့ လျှောက်နေ ရတယ်။ နောက်ပြီး ကျနော် ဦးတည်သွားနေတာက သရဲခြောက်ပါတယ် ဆိုတဲ့ ဘူတာရုံ ဆီကို။
အဲဒီကို ကျနော် သွားနေတာ ဆိုတော့ ကျနော်က မကြောက်တတ်လို့လား။ မဟုတ် ပါဘူး ကျနော့ အသက် ဆယ့်လေးနှစ်လောက် ပဲ ရှိသေးတာ ကြောက်တတ် တာပေါ့။ ကြောက်လို့လည်း တစ်လမ်းလုံး သိသမျှ မှတ် သမျှ ဘုရားစာတွေ ဂုဏ်တော်တွေ ရွတ်ဖတ်နေရတာ ပါးစပ်မှာတောင် အမြှုပ်တွေ ထလို့။ မျက်လုံးကလည်း ကျီကန်းတောင်မှောက် ဘေးကြည့်လိုက် ရှေ့ကြည့်လိုက် နောက်ကြည့်လိုက်ပေါ့။
ဗြုန်းဆို အနားကို
ဘာကောင်ကြီးရောက်လာမလဲ ဆိုပြီး တွေးတွေးပြီးလည်း ကြောက်နေမိတယ်။ ကြားဖူး နားဝ
ရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ယုံတမ်း စကားတွေထဲကလို ခွေးသေးသေးလေး
ပေါ်လာပြီး တစ်ဖြည်းဖြည်း ဆင်လောက် အကောင် အကြီးကြီး ဖြစ်လာလေမလား။
ညီလေး
မီးတစ်တို့လောက် ဆိုပြီး လာပြောတဲ့သူက လျှာကြီး တစ်တောင်လောက် ထုတ်ပြလေမလား။
အစ်ကိုကြီး အစ်မကြီးတို့ရယ် ထမင်း ဖိုးလေး သနားပါ ဆိုတဲ့ သူတောင်းစာကြီး က
နားရွက် တစ်ဖက် ခင်း ထိုင်ပြီး နားရွက် တစ်ဖက် ခြုံထားလေ မလား။ သစ်ကိုင်းပေါ်မှာ
တွဲခိုပြီး အနားရောက်မှ ဘွားခနဲ ကိုယ် ထင်ပြမယ့် ညောင်ပင် တစ္ဆေနဲ့များ
တွေ့လေမလား။
ကျနော် လမ်းသာလျှောက်နေရတယ် နောက်ကျောက မလုံဘူး။ ဗြုန်းဆို နောက်က ပုခုံးလာ ပုတ်လို့ လှည့် ကြည့် လိုက်တဲ့ အခါ ထန်းပင်လောက်မြင့်တဲ့ သရဲကြီးများ တွေ့လေမလား ဆိုပြီး ခြေလှမ်းကို အမြန်နှုန်း တင်ပြီး သုတ်ခြေတင် လျှောက်နေရတယ်။
တစ်ကယ်ဆို ဒီ ဘူတာကို လုံးဝ မလာချင်ပါဘူး။ အဖေက သူ့ညီမ
(ကျနော့ဒေါ်လေး) နယ် ကနေ ဒီည ဆယ့် တစ်နာရီခေါက်နဲ့ ပါလာမယ်။ သူက
မျက်စေ့ သိပ်ကောင်းဘူး သွားကြိုပါ ဆိုလို့သာ လာခဲ့ရတယ်။ တစ်ကိုယ် လုံး
ကြောက်စိတ်တွေကြောင့် ချွတ် ခနဲ အသံကြားတာနဲ့ ကြက် သီးတွေ တစ်ဖြန်းဖြန်း
ထထနေတယ်။
ကတ္တရာ လမ်းဆုံးလို့ ဘူတာရုံ သွားရာ မြေနီလမ်းလေး ကို ချိုးဝင်လိုက်တယ် ဆိုရင်ပဲ ဘူတာရုံနဲ့ နီးလာပြီ ဆိုတဲ့ အသိနဲ့ စောစောကကြောက်စိတ်တွေ ပိုပြီးကြီးထွား လာတယ်။ ရှေ့နား ဆီမှာ ဘူတာရုံ ကို လှမ်းမြင်နေ ရပါပြီ။ သို့ပေမယ့် လူသူ အရိပ်အယောင်တော့ လုံးဝ မတွေ့ရ။