အန္ဒိယနိုင်ငံ အရှေ့ ပိုင်း Pali မြို့ မှာ နေထိုင် တဲ့ အသက် ၈၃ နှစ် အရွယ် အဖွားအို ဖြစ်ပါတယ်။
သားတစ်ဦး တည်း ရှိပြီး သားဖြစ်သူ ဟာ နှလုံးရောဂါကြောင့် ကွယ်လွန် သွားပြီ ဖြစ်ပါတယ်။
မကွယ်လွန်ခင် က တောက်လျှောက် သားဘေး မှာ နေပေးခဲ့ ပါတယ်။ ယခုတော့ အလုပ်ပြန်လုပ်နေ ပါပြီ။ Pali မြို့  ကနေ Shila မြို့  ကို ဘတ်စ်ကား တိုး စီးပြီး ယခု လို ဈေးရောင်းစား ပါတယ်။
သာမန်
သူ့ အရွယ် အမျိုးသမီး တစ်ယောက် သူ့ဒေသမှာ ဆိုရင် ဒီလို အားကိုးသူ မရှိရင်
တောင်းစားတဲ့ ဘဝ ကို အများစု ရောက်တယ် လို့ ဆိုပါတယ်။
သူမ ကတော့ အဲ့ဒီလို မဟုတ်ပဲ မြို့ တစ်ခု ကနေ တစ်ခု ကူးပြောင်း လို့ အပင်ပန်း ခံပြီး ဈေးရောင်းပါတယ်။
အစိုးရ အနေနဲ့ သက်ကြီး ရွယ်အိုများ အတွက် ကျန်းမာရေး ပြုစုစောင့်ရှောင့် မှု မတတ်နိုင်သေး တဲ့ ခေတ် ကာလ မှာ ယခုလို ကိုယ်အား ကိုယ်ကိုး ရပ်တည် တဲ့ ၈၃ နှစ် အရွယ် အမျိုးသမီးဟာ အသက် ရှင်တဲ့ ဘဝ တစ်လျှောက် လုံး အလုပ် လုပ်သွားမယ် လို့ ဆိုပါတယ်။
Ref:postivemed
အောင်ခမ်း (ရိုးရာလေး) www.yoyarlay.com
#aungkham_yyl

No comments:
Post a Comment