မလေးရှား
အထူးသတင်း (18.12.2014)
လွန်ခဲ့သော 2011 က စတင်အကောင် ထည်ဖော်ခဲ့ သည့် မလေးရှား အစိုးရ ၏ 6P
အစီအစဉ် တွင် အလုပ်ရှင် များဖြင့် တရားဝင် ပါမစ်လျှောက်ထားသူများ အတွက်
နောက်ထပ် တစ်နှစ် ထပ်မံခွင့်ပြုသွား မည်ဖြစ်ကြောင်း ယနေ့ ထုတ်
မလေးရှား သတင်းစာ များတွင် ညနေသတင်း အဖြစ်ဖော်ပြ ထားခဲ့သည် ။
မလေးရှား အစိုးရ မှ လက်ရှိ အလုပ်သမားပြတ်လပ်မှု ပြဿ နာ များ စတင်ကြုံတွေ့လာနေရသောကြောင့် စုစုပေါင်း အလုပ် သမား ၃ သိန်း ၅ သောင်း ၂ ထောင် (အလုပ်ရှင် နှင့် အလုပ် သမားမှန်ကန် စွာလျှောက် ထား သူများ) ကို နောက်ထပ် တစ်နှစ် ပါမစ် သက်တမ်း တိုးခွင့် တရားဝင် ခွင့်ပြုလိုက်ကြောင်း ယနေ့ သတင်း များတွင် တရားဝင်ဖော်ပြ ပါရှိပါသည် ။
ပြည်ထဲရေး ဝန်ကြီး ဌာနမှ ဆက်လက်ပြီး အဆိုပါ အလုပ်သမားများ အနေဖြင့် 2015 တွင် ပါမစ် ကုန် ဆုံး မည်ဖြစ်ကြောင်း အသိပေး ထားပြီဖြစ်ကြောင်းနှင့် လက်ရှိ တိုင်းပြည် တွင်း အလုပ်သမား ရှားပါး လာမှုကို ထိန်းချုပ် ရန် နှင့် စီပွားရေး မကျဆင်းရန် ဆက်လက် ခွင့်ပြု ရကြောင်းပြောကြားခဲ့သည် ။
သို့ကြောင့် 6P အစီ အစဉ် တွင် ပါမစ် လုပ်ထားသူများ သည် အလုပ်သမား လိုအပ်ချက် အရ အထောက် အထား မှန်ကုန်မှု ၊ လုပ်ငန်းရှင် ၏ ထောက်ခံမှု နှင့် လိုအပ်သောနေရာ များ အတွက် ပါမစ် သက်တမ်းတိုးခွင့် တစ်နှစ် ထပ်မံ ရရှိမည်ဖြစ်ကြောင်း ယနေ့တရားဝင်ကြော်ငြာခြင်း ကို မလေးရှားရောက် မြန်မာနိုင်ငံသား များ အထူး သဖြင့် 6P ပါမစ် သမားများ အတွက် ဝမ်းမြောက်စေရန် ဘာသာပြန် တင်ဆက်ပေးလိုက်ပါသည် ။
Ref : Thestar Online
မလေးရှားရောက်မြန်မာများ Official Facebook Page www.facebook.com/mmrinmy

No comments:
Post a Comment