(၁)
အေဒီ ၂ဝ၅ဝ ရန်ကုန်မြို့..။
သူ့နောက်ကျောပိုးအိတ် အတွင်းရှိ လောင် စာဆီ ထည့်ထားသော ဘူး ကို စမ်းလိုက်သည်။
နောက် ကျည်ကာ အင်္ကျီကိုကောက်စွပ်ပြီး ကျည်ကာ အင်္ကျီ ဘယ်ဘက် အိတ်အတွင်း မှ ဇစ်ပို မီးခြစ် ရှိ မရှိ စစ်ဆေးလိုက်သည်။
စပါယ်ရှယ် မဂ္ဂနက်ပစ္စတို ကို ပခုံးလွယ် အိတ် အတွင်း သေသေသပ်သပ် ထိုးထည့်သည်။
ဂျပန်နိုင်ငံ လုပ် မိန်းမကိုင် ကင်ဒို ဓားနှစ်လက် ကို ခါးတစ်ဖက် တစ်ချက် တွင်
ချိတ် လိုက်ပြီး ခိုင်မခိုင် စစ်ဆေးလိုက်သည်။
စားပွဲပေါ် တွင်
နောက်ဆုံး ကျန်ရှိသည့် အမဲလိုက် ဓားမြှောင် ကို ဘယ်ဘက်ခြေထောက် ရှိ
လည်ရှည် ဖိနပ် အ တွင်း သေသပ် စွာ ညှပ်ထည့် လိုက်သည်။ အားလုံး အိုကေပြီဖြစ်သည်။
သူ့ကိုယ်သူ မှန်ထဲ သေချာကြည့် လိုက်တော့ ချပ်ဝတ်တန်ဆာ အပြည့်အစုံဖြင့် ဟိုး ရောမ ခေတ် သူရဲကောင်း တစ်ယောက် လို ဖြစ်နေ သည်။
အခန်း တံခါးကို ဖွင့်ပြီး မနက်စာ စားရန် ဧည့်ခန်းသို့ ဆင်းသွားလိုက်သည်။
ဝတ်စုံ အပြည့် ဖြင့် ဆင်းလာသော သူ့ကို မေမေ က ကော်ဖီ အိုး ကို ကိုင်ရင်း
သေချာကြည့်သည်။
”အောင်မယ်..ငါ့သား ဒီနေ့ လက်နက် အပြည့်အစုံနဲ့ ပါလား..ဧကန္တ ကောင်မလေး နဲ့ ချိန်းထားပြီ ထင်တယ်”
မေမေ့ အမေး ကို သူ အသာလေး ခေါင်း ညိတ်ပြ လိုက်သည်။ သူဝတ် ထားသည့် ဝတ်စုံ နှင့်
သူ့ခန္ဓာကိုယ်ပေါ် က လက်နက် များကို မြင် ကတည်းက မေမေ ဒီလိုပြောမယ် ဆိုတာ
သူသိပြီး ဖြစ်သည်။
ရည်းစားနှင့် ချိန်းတွေ့ သည့် လူငယ်တိုင်း ဒီလို
လက်နက် အပြည့်အစုံ ဆောင်သွားသည့် ဓလေ့က အခု အေဒီ၂ဝ၅ဝ မှ ခေတ်စားသည် မဟုတ်။
လွန်ခဲ့သည့်နှစ်ပေါင်း ၃ဝ ကျော် ကတည်း က စခဲ့ခြင်းဖြစ်သည် ဟု မေမေ ကိုယ်တိုင်
သူ့ကိုပြောပြဖူးသည်။
လွန် ခဲ့သည့်နှစ်ပေါင်း ၃ဝ အေဒီ ၂ဝ၁၄ ခုနှစ် က စတင်ပြီးကောင်လေး များ က ရည်းစားစကား လိုက်ပြော မရ လျှင် ဓားဖြင့် ထိုးသည်။ ရေနှစ်
သတ်သည်။ သမီးရည်းစားချင်း စကားများ လျှင် ဓာတ်ဆီဖြန်း မီးရှို့သည်၊ စကေဘာ ဟူ သော
လက်နက်ဖြင့် ထိုးသည့်ဖြစ်ရပ် များ စတင်ပေါ်ပေါက်ခဲ့သည် ဟု သမိုင်း သင်ခန်း
စာများတွင် သူသင်ကြား ခဲ့ရဖူးသည်။
ထိုအချိန်မှ စတင်ပြီး ကောင်လေး များက ကောင်မလေးများ ကို ရည်းစား စကားပြောလျှင်
တုတ်များ၊ ဓားများ ကိုင်သွားကြ သည်။ မိန်း ကလေးများ ကလည်း သံချပ်ကာ အင်္ကျီ များ
ဝတ်ကြပြီး ရဲတင်း၊ ပုဆိန် စသည်တို့ ကိုဆောင် လာကြ သည်။
သူ့ဖေဖေ ပင် သူ့မေမေ ကို ချစ်ရေးဆိုစဉ် က လွှစက်ကြီး တကား ကားနှင့် စကား လိုက်
ပြော သဖြင့် မေမေ က ကြောက်ကြောက်နှင့် အဖြေပေးခဲ့သည် ဟု သိရသည်။
ဘာပဲဖြစ်ဖြစ် နှစ်ပေါင်း သုံးဆယ် အကြာ ယခု အေဒီ ၂ဝ၅ဝ အထိ သမီးရည်းစားတွေ
ချိန်းတွေ့ တိုင်း ဒီလို ကိုယ့် ကိုယ်ကိုယ် ကာ ကွယ်သည့် ပစ္စည်း များ
ဆောင်သွားရသည် က ထုံးစံဖြစ်နေပြီ။
ကော်ဖီနှင့်မုန့် ကို စားပြီးနောက် သူအပြင် ထွက်ဖို့ပြင်လိုက် စဉ် မေမေ က လှမ်းပြောသည်။
”သားရေ… အောက်ဆင်း ရင် သတိထား ဆင်းဦး.. ပြီးတော့ အမေတို့လေအိမ် ချည်တဲ့
ငုတ်တိုင်က တိုင်ခွန်ဆောင် ဖို့ ရက်ပြည့်နေပြီ သားရဲ့၊
အဲဒါမြို့တော် စည်ပင်ရုံး သွားပြီး တိုင် ခွန် ဝင်ဆောင်လိုက်ဦး။ ပြီးတော့
လှည်းတန်း ဈေးရောက်ရင် ဟိုက်ဒရိုဂျင် သုံးသောင်းဖိုး လောက်ပါ ဆွဲခဲ့ စမ်းပါ။
လေအိမ်က..လေ နည်းနေပြီ သားရဲ့ အောက်ပြန်ပြန် အိကျနေ ပြီ.. မေမေ
ဘဏ် အကောင့် မှတ်မိတယ် နော် သား”
မေမေ၏ မပြီးဆုံးနိုင်သော မှာတမ်း များ ကို သူခေါင်းညိတ်ပြပြီး သူတို့နေသော လေ အိမ် တံခါးဝမှ ကြိုးလှေ ကားလေး ချကာ သူ ဆင်းလာ လိုက်သည်။
(၂)
လမ်းမပေါ်ရောက် သည်နှင့် မေမေ မှာ သည့် အတိုင်း သူတို့ လေအိမ် ကို ချည်ထား သည့်မြေငုတ် ကို ခဏသွား ကြည့်သည်။
မြေငုတ်မှာ က အခွန်ဆောင်ရန် ရက်ပြည့်ပြီဖြစ်ကြောင်း မီးနီ အမှတ်အသား ပြနေ၏။
သူ့ခေါင်းပေါ်က သူတို့ သားအမိ နေသောလေအိမ်လေး ကို တစ်ချက် မော့ကြည့် လိုက်သည်။
မြောက် မြားလှ စွာသော မိုးပျံ ပူပေါင်း များနှင့်
ချိတ်ဆက် ထားသော အိမ်ကလေး များ လေထဲတွင် တလူလူ လွင့်နေသည်။ သူ သက်ပြင်း
ချလိုက်သည်။
”အမေ မသေခင်တော့ မြေကြီး ထဲက အိမ်လေးနဲ့ ပြန်နေချင်တယ် သား ရယ်” ဟူသော အမေ့ အသံ ကို ပြန်ကြားမိသည်။
မေမေတို့ ငယ် ငယ်တုန်း က ဘိုး ဘိုး တို့ လက်ထက် တွင် ဒီရွှေပြည်ကြီး က လူတွေက မြေ ကြီးပေါ် မှာ နေနိုင် ခဲ့ ကြဖူးသည် တဲ့..။
မေမေတို့ ဆို မြေကြီးပေါ် မှာ သစ်ပင်တွေကြား ဆော့ကစား ရင်း သိပ်ပျော် ခဲ့ကြသည်
တဲ့.. ဘွားဘွား မဆုံးခင် က အိပ်ရာ ဝင်ပုံပြင် တစ်ခု လို သူ အမြဲ တအံ့တ
သြ နားထောင် ခဲ့ဖူးသည်။
နောက်တော့ ရွှေပြည်ကြီး က မြေကြီး မှန်သမျှကို ဟိုပိုင်၊ ဒီပိုင် ဆိုပြီး
မြေသိမ်း ပွဲကြီး စကြသတဲ့..။ အဲဒီခေတ် က ပြည်သူတွေ မှာလည်း မြေကြီးပေါ်မှာ နေနေ
သမျှ တစ်ခု မဟုတ် တစ်ခု လာသိမ်း မှာပဲဆိုပြီး အခု လို မြေကြီး မှာမနေတော့ဘဲ
ဟိုက်ဒရို ဂျင် ဘောလုံးတွေအောက် မှာ ကြိုးနဲ့ ဆွဲပြီး အိမ်ဖွဲ့နေ လာကြတာ ဟု
ကျောင်းသင်ခန်း စာ မှာ သူတို့ သင်ခဲ့ကြ ရသည်။
အခုတော့ မြေကြီးပေါ် မှာ နေနိုင်သူတွေ ဆိုတာ အရာရှိကြီးတွေ၊ ၄င်းတို့နှင့် နီးစပ်သည့် စီးပွားရေး သမားတွေပဲ ရှိတော့သည်။ သူတို့ လို
လူလတ်တန်းစားတွေ အဖို့ မိုးပျံ အိမ်လေး ကို ချည်ထားမည့် ငုတ်တိုင် ကိုတောင် လာ
သိမ်းမည် စိုးသဖြင့် မှန်မှန် အခွန်ဆောင်ပြီး နေနေကြရသည်။
မိုးပျံအိမ် မှာနေသည် ဆိုတော့ ဟိုက်ဒရို ဂျင် ဖိုးတော့ တစ်လ တစ်ခါ ကုန်ရသည်။နောက်ပိုင်း သူတို့ စွန့်သည့် မစင် ကနေ ကာဗွန် မိုနောက်ဆိုဒ် ဓာတ်နှင့်
ဓာတ်ပြုပြီး ဟိုက်ဒရိုဂျင် ထုတ်သည့် စနစ်ပေါ် လာတော့ ဟိုက်ဒရိုဂျင် ဖိုး
နည်းနည်း သက်သာ သွားသည်။
သူတို့ အိမ်တွင်တော့ အမေနှင့် သူသာ ရှိသည့် အတွက်
မစင်က နည်းသဖြင့်ဟိုက်ဒရိုဂျင် သိပ်မထွက်..။ ဒီတော့ ဝယ်သုံးရသည်။ အမေ့ ကိုတော့
မသေခင် မြေကြီးပေါ် က အိမ် လေးတစ်လုံး တွင် ပြန်နေနိုင်အောင် သူကြိုး
စားပေးချင်သည်။ ဒါကြောင့် သူက အခု စာ ကို ကြိုးစား သင်နေသည်။
သူ သင်နေသည့်
ဘာသာရပ်က ပင်လယ်ကူး သင်္ဘောများ ရေဒါ တပ်ဆင်သည့် ဘာသာရပ်ဖြစ်သည်။
ဒီ ဘာသာရပ်နှင့် ဘွဲ့ရ ပါက ဆိုမာလီ ပင်လယ်ဓားပြ ကုမ္ပဏီတွေ မှာ လစာကောင်း ကောင်းရနိုင်သည်။
သူ့အစ်ကို ဝမ်းကွဲ တစ်ယောက်တောင် ဆိုမာလီ ပင်လယ်ဓားပြ ကုမ္ပဏီတွင် ပြန်ပေး
ဆွဲ သင်္ဘောများ ရာဖြတ်ဌာန ၏ အကြီးအကဲ ဖြစ်နေပြီ။ မကြာမီ မြို့ထဲ
မြို့ထဲအော်ပြီး သူ့ ရှေ့တွင် လာရပ်သော မြေရှပ် ဘတ်စ်ယာဉ် ပေါ်သို့
တက်လိုက်သည်။
(၃)
မြို့တော် စည်ပင်ဌာန က ရှေးမူမပျက် လှပ ခန့်ညားလှသည်။ အဆောက် အအုံရှေ့ တွင်
ရှေးဟောင်း အဆောက် အအုံ အဖြစ် အထိမ်းအမှတ်ပြု ထားသော ကျောက်ပြား အပြာ
ရောင်လေးပင် အရောင်တွေဖျော့ လုနေသည် ကို တွေ့ရသည်။
ဒီကျောက်ပြားလေး က အဘိုး တို့ လက် ထက် ကတည်းက ဖြစ်နိုင်လောက်သည် ဟု သူတွေးလိုက်သည်။
ရုံးခန်း ထဲ ဝင်လိုက်တော့ စုံစမ်းရန် စားပွဲ ရှေ့တွင် စည်ပင် ဝတ်စုံဖြင့်
လူဝကြီး တစ်ယောက် ငိုက်မျဉ်းနေ သည်။ သူက မိုးပျံ အိမ်ငုတ်တိုင်
အခွန်ဆောင်ချင်လို့ ပါဟု ပြော လိုက်တော့ လူဝကြီး က မိုးပျံအိမ်ငုတ်
နံပါတ် ကိုမေးသည်။ ထို့နောက် တိုကင် နံပါတ်တစ်ခု သူ့ကိုပေးပြီး
ရှေ့မှ ခုံတန်းလျားကို မေးငေါ့ပြသည်။ ခဏ ထိုင်စောင့်ဆို သည့်သဘော..။
ကွန်ပျူတာ က အခွန်နှုန်း တွက်ချက်နေ စဉ် စတီးလ် ခုံတန်းလျားလေး တွင် ထိုင်ရင်း
ပရိုဂျက်တာ မှ ပြသနေ သည့် အစီအစဉ် ကို သူအပျင်း ပြေငေးကြည့်မိသည်။ ပရိုဂျက်တာ
တွင် ထုတ်လွှင့်နေသည် က လွှတ်တော် အစီ အစဉ်ဖြစ်သည်။
ရွှေပြည်ကြီး ၏ အင်အားကြီး ပါတီကြီး တွေဖြစ်သော ပြည်ထောင်စု တရုတ်နဂါး
ပါတီနှင့် အမျိုးသား ဘင်္ဂါလီ ပါတီ တို့ လွှတ်တော်ထဲ အဆို တစ်ခုကို အ ကြိတ်အနယ်
တင်သွင်းနေကြ သည်။
ခေါင်းပေါင်းနှင့် တိုက်ပုံ ဝတ်ထား သော မျက်လုံးမှေးမှေး တရုတ် အမတ်ကြီး
တစ်ဦးက ဝက်သား ဆီသွပ်ဘူး စက်ရုံများ တိုး ချဲ့ပြီး
အမေရိကန်ဈေးကွက်သို့ တင်ပို့ရန် အဆိုကို တင်သွင်းသည်။ ဒါကို
အတိုက်အခံ ပါတီမှ တိုက်ပုံ ခေါင်းပေါင်းနှင့် မုတ်ဆိတ်မွေး ထူလဗျစ်
အသားမည်းမည်း အ မတ်ကြီး က ကန့်ကွက်နေသည်။
လွှတ်တော် အနောက်ဘက် ချောင် ထဲ တွင်တော့ အင်အားနည်း ပါတီငယ် နှစ်ခု
ညွန့်ပေါင်း ဖွဲ့ထား သည့် ပြည် ခိုင်ဖြိုးနှင့် ဒီမိုကရေစီ အဖွဲ့ချုပ်
ပါတီ တို့မှ မြန်မာစစ်စစ် အ မတ် များက အိုင်ဖုန်း ကိုယ် စီနှင့် ဖဲကစားနေကြ သည်
ကို တွေ့ရသည်။ သူ သက်ပြင်း ချမိလိုက် သည်။
အဘိုး တို့ လက်ထက် တုန်း ကတော့ ဒီခြင်္သေ့ ပါတီ နှင့် ဒေါင်း ပါတီ ဆိုတာ သူ
တို့မြန်မာ အစစ်တွေနှင့် ဖွဲ့ထား ပြီး လျှမ်းလျှမ်းတောက် ဆိုပဲ..။ အခုတော့
ခြင်္သေ့ ပါတီ တွင်း အင် အား များ လာသည့် တရုတ်တွေ က ပြည်ထောင်စု တရုတ် နဂါး ပါတီ
ဆိုပြီး ခွဲထွက်ကာ အင်အားကြီး လာသည်။
ဒေါင်း ပါတီ မှ ဘင်္ဂါ လီတွေ ကလည်း
သီးခြား ခွဲထွက်ပြီး အမျိုးသား ဘင်္ဂါလီ ပါတီ ဆိုပြီး ဖြစ် လာသည်။
အဘိုး မသေခင် က ခဏခဏ ရွတ်သည့် ”ယာရှင် ကို မျောက် မောင်း၊ အိမ်ရှင် ကို ဧည့်ထောင်း”ဆိုသည့် ကဗျာ လေး ကို သူအရင် က သိပ်နားမလည်ခဲ့..။
အခုတော့ ငွေ အင်အားဖြင့် လွှတ်တော် တွင်း ပြည်ထောင်စုသား တရုတ် များနှင့် ပြည်
ထောင်စု သား ဘင်္ဂါလီ များ ကြီးစိုး သွားခဲ့ ပြီ…။ ဒါတောင် K Pop မှ ကိုရီးယားေ
ခတ် ဟောင်း အဆိုတော်ကြီး များက အစားချောင် သော ရွှေပြည်ကြီးသို့ လာပြီး
ရွေးကောက်ပွဲဝင် ပါတီထောင်မည် ဟု သတင်းက ထွက်နေ သည်။
အသက် ၄ဝ အရွယ် ကိုရီးယားယဉ်ကျေး မှု လွှမ်းမိုးခံ ခဲ့ဖူးသော
အမျိုးသမီးများ ကလည်း မြန်မာနိုင်ငံသား ခံယူပြီး နိုင်ငံ
ရေးလုပ်မယ် ဆိုလျှင် ၉ဝ ရာခိုင်နှုန်း မဲထည့် မည်ဟု
အင်တာနက် စစ်တမ်း တစ်ရပ် ကဖော် ပြထားသည်။
”တီ ….Flying Home No 363 …..”
သူတို့ အိမ်နံပါတ် ခေါ်သံကြား သဖြင့် သူကောင်တာ သို့ ထသွားလိုက်သည်။ မေမေ
ဘဏ် အကောင့် နံပါတ် ကို ကွန်ပျူတာတွင် သူရိုက်ထည့် လိုက်တော့ တစ်ဖက်က အခွန်
ဆောင်ပြီးကြောင်း ပြေ စာပြန် ထွက် လာသည်။ ပြေစာ ကို
အိတ်ကပ်ထဲ ထိုးထည့်ပြီး သူ့လက် မှ I Phone 14 မှ နာရီကို ထုတ်ကြည့်တော့ ၁၁
နာရီ ထိုးတော့မည်။
သူချစ်သော မိုးကလျာ အင်းလျားကန် တွင် စောင့်နေရော့မည်။
(၄)
အင်းလျားကန်ပေါင်ပေါ် ရောက်သည်နှင့် လတ်ဆတ်သောလေ က သူ့ရင် ကို လန်းဆန်း စေသည်။
ကန်ပေါင် တက်သည့် လှေကား နား တွင် ကောင်မလေး တစ်ယောက် က သူ့ကောင်
လေးကို စိတ်ဆိုးပြီး ရဲဒင်းနှင့် လိုက်ခုတ်နေ သ ဖြင့် ကောင်လေး က လက်ထဲ မှ
ငှက်ကြီး တောင် ဓားဖြင့် ကာရင်း လိုက်ချော့နေ သည်။
ကန်ပေါင်လျှောက်လမ်း တွင်တော့ နောက်ဆုံး
ပေါ် သံချပ်ကာ ကား တစ်စီးဘေးတွင် အာ ပီဂျီများ ၊ လောင်ချာ များ ကိုင်ထားသော ချာ
တိတ် အချို့က ဝိုင်းအုံ လိုက်ပြီး စကားပြောနေ ကြသည်။
ဒီ သံချပ်ကာ ကားထဲတွင်တော့ ရန် ကုန် တက္ကသိုလ်မှ နာမည်ကြီး အလှ ဘုရင်မ တစ်ယောက် ပါလာမည် မှာ သေချာသည်..။ကြိုက်သူ လိုက်သူပေါသော အလှဘု ရင်မ များ အနေဖြင့် ခပ်ကြမ်းကြမ်း ချစ်ရေးဆို
နည်း များက ကာကွယ်ရန် အတွက် သံချပ် ကာ ကားဖြင့် ကျောင်းတက် ရသည်မှာ ဒီခေတ် တွင်
မထူးဆန်းတော့..။
အာပီဂျီ များ၊ လေယာဉ်ပစ် အမြောက် များ ထမ်းပြီး သံချပ်ကာ ကားဘေးက လိုက် စကားပြောနေကြသည့် သကောင့်သား များကို သူ မနည်းရှောင် တိမ်းလာရသည်။ ကန်ပေါင်ထောင့်စွန်း ကုလားထိုင်လေး တွင် ချစ်သူ အရိပ်အရောင် သဲ့သဲ့ ကို သူ တွေ့ လိုက်သည်။ သူ့ကို စိတ်ဆိုးနေရော့မည်။
ချစ်သူ က အလယ်ခေတ် ခရူးဆိတ်မြင်း စီး စစ်သည်များ ဝတ်သည့် သံချပ်ကာကို ဝတ်
ထားသည်။ ချစ်သူနောက်ကျော တွင် လွယ် ထားသည့် အောက်စီဂျင် ဘူးနှင့် မီးသတ်ဆေး
ဘူး ကို ကြည့် ကတည်းက ဒါ သူ့ ချစ်သူ မိုးက လျာ ဆိုတာသူ အတတ်ပြောနိုင်သည်။
ကန်ပေါင်တွင် ချိန်းလိုက်တိုင်း ချစ်သူ က အောက်စီဂျင်ဘူး ကို အနောက် မှာ ထည့်လာ လေ့ရှိသည်။ ဒါက လည်း လွန်ခဲ့ သည့် ၃၆ နှစ်လောက် ကတည်း က ရည်းစား စကားပြော မရလျှင် ရေနှစ် သတ်သည့် ဓလေ့ ထုံးစံကို ကာကွယ် သည့် သဘောမှန်း သူသိပြီးသားပင်။
မီးသတ်ဆေးဘူး ကတော့ ချစ်သူချင်း ဓာတ်ဆီလောင်း မီးရှို့သည့် အဖြစ်မှ ကာကွယ် ရန်
တင်ကြိုဆောင် ထားခြင်း။ သူနောက် က တိတ်တိတ်လေး ချစ်သူဘေး ဝင် ထိုင်လိုက် သည်။
ချစ်သူ က မသိ ချင်ယောင်ဆောင်ပြီး တစ်ဖက် ကို လှည့်သွားသည်။ ချစ်သူ ရဲ့
သံချပ်ကာ ပခုံးပေါ် သူလက်တင် လိုက်တော့ ချစ်သူ က ပုတ်ချသည်။ သူပြုံးလိုက်သည်။
ချစ်သူ သူ့ဘက် လှည့်လာမည့် နည်း ကို သူကြိုတွေး ထားပြီးသား..။ သူ့ကျည် ကာ
အင်္ကျီ ဘယ်ဘက် အိတ်ထဲ မှာ ရှစ်လက်မ ခန့်ရှိ ကိရိယာလေး ကို ထုတ်လိုက်သည်။
ပြီးတော့ ချစ်သူ ၏ သံချပ်ကာ အင်္ကျီ ဘေးနှုတ်ခမ်းစွန်း ကိုထောက်ပြီး ခလုတ်နှိပ် လိုက်သည်။
”ရှစ်…ဖျစ်..ဒတ်..ဒတ်”
သံချပ်ကာအင်္ကျီ မှာ မီးပွင့်လေးတွေ ထွက် လာပြီး ချစ်သူ က သူ့ရင်ခွင်ထဲ ခွေ ညွတ်ကျလာသည်။
ဒီတော့ မှ သံချပ်ကာ ခေါင်းစွပ်ကို ဖယ် ပြီး ချစ်သူ ပါးနုနုလေး ကို သူမွှေးကြူလိုက် တော့သည်။
သူ့လက်ထဲ မှ လျှပ်စစ်ဓာတ် ထွက်သည့် ကျင်စက်လေး ကိုတော့ ထိုင်ခုံအောက် မြက် ခင်းပေါ် အသာ ပစ်ချလိုက်သည်။
မကြာခင် ချစ်သော သူမ သတိပြန်လည် လာလိမ့်မည်..။
ချစ်သူ ပြန် သတိရလာ လျှင်တော့ ချော့ သည့် အနေနှင့် သူမ လိုချင်သည် ဆိုသော
မီးကာ ဝတ်စုံကို ဗိုလ်ချုပ်ဈေး တွင် လိုက်ဝယ် ပေးလိုက်မည် ဟု သူတွေးရင်း
ပြုံးလိုက်မိ သည်။
ဗြိတိသျှ ကိုကိုမောင်
From... http://www.searchmyanmar.com/link/frame/cid/44921
No comments:
Post a Comment